ထိုင်းရုပ်ရှင်မင်းသား အိမ်ယာမဲ့ဖြစ်ကာ လမ်းဘေးတွင် အိပ်နေရပြီး အဟောင်းဈေးတွင် လမ်းဘေးဈေးသည် ဖြစ်သွားရသည့် သံဝေဂရဖွယ်ဖြစ်ရပ်

ထိုင်းရုပ်ရှင်မင်းသား အိမ်ယာမဲ့ဖြစ်ကာ လမ်းဘေးတွင် အိပ်နေရပြီး အဟောင်းဈေးတွင် လမ်းဘေးဈေးသည် ဖြစ်သွားရသည့် သံဝေဂရဖွယ်ဖြစ်ရပ် - Property News in Myanmar from iMyanmarHouse.com
16 Feb 2023 11:14 am တွင် တင်ခဲ့သည်
3325 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ထိုင်းနိုင်ငံတွင် ၁၉၉၀ ပြည့်လွန်ကာလများအတွင်း ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးများ၏ အသည်းစွဲဖြစ်ခဲ့ ဖူးသူ ရုပ်ရှင်မင်းသား Arthit Taongsawatrat (Ryu Athit ဟု လူသိများ) သည် လွန်ခဲ့သော ၁၅ နှစ်က အနုပညာလောကကို ကျောခိုင်းခဲ့သည်။

Ryu Athit သည် သရုပ်ဆောင်လောကသို့ အသက် ၁၄ နှစ်အရွယ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ထိုင်းဒရာမာ ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ကာ ၁၉၉၀ ပြည့်လွန်ကာလများအတွင်း နာမည်ကျော်ခဲ့သူဖြစ်သည်။

Ryu Athit သည် ပြည်သူများအကြားတွင်သာမက စီးပွားရေးလုပ်ငန်းရှင်များကြားတွင်လည်း လူကြိုက်များသူ ဖြစ်ပြီး ကုန်စည်အမှတ်တံဆိပ်များစွာ ကြော်ငြာပေးခဲ့ရသည်။

ယင်းနောက်ပိုင်း ကံမကောင်းစွာဖြင့်ပင် Ryu Athit သည် စိတ်ကျန်းမာရေးပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီး စိတ်အတက်အကျ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

Ryu Athit နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့သည်မှာ ၂၀၀၅ ခုနှစ်က ဒရာမာဇာတ်ကားဖြစ်သော Theptida Long Ngan တွင်ဖြစ်ပြီး ထိုဇာတ်ကားနောက်ပိုင်းတွင် သူ၏စိတ်ကျန်းမာရေးကို ကုသရန် သရုပ်ဆောင် လောကမှ ထွက်ခွာခဲ့သည်။

 

(Ryu သည် သူ့ခေတ်သူ့အခါက အလွန်ကျော်ကြားခဲ့သူ ဖြစ်သည်)

Ryu Athit သည် ဆေးရုံများသို့ ၁၀ နှစ်ခန့် ဝင်ချည်ထွက်ချည် ဖြစ်နေခဲ့သည်။

သူ၏ စိတ်ကျန်းမာရေးကို ကုသရန်အတွက် ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ်လည်း ခံယူခဲ့သေးသည်။

ထိုအချိန်က Ryu Athit သည် ၂ ကြိမ် လက်ထပ်ထားပြီးဖြစ်ကာ ၂ ကြိမ်လုံး ကွာရှင်းပြတ်စဲမှုဖြင့် အဆုံးသတ် ထားခဲ့သည်။

Ryu Athit တွင် သား ၂ ဦးရှိပြီး Pham (၂၃ နှစ်) နှင့် Phao (၂၂ နှစ်) တို့ဖြစ်ကာ ပထမဇနီးနှင့် ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဒုတိယဇနီးနှင့် Link အမည်ရှိ အသက် ၁၅ နှစ်အရွယ် သမီးတစ်ဦးလည်း ထွန်းကားသည်။

လက်ရှိတွင် Ryu သည် သူ၏ သားသမီးများနှင့် အဆက်အသွယ် မရှိတော့ဟု ဆိုသည်။

 

(တပတ်ရစ်ပစ္စည်းများ ရောင်းနေသည့် Ryu Athit ကို တွေ့ရပုံ)

လက်ရှိအချိန်တွင် Ryu Athit မှာ အိမ်ရာမဲ့တစ်ဦးဖြစ်နေကာ ပစ္စည်းအဟောင်းဈေးတွင် လမ်းဘေး ဈေးရောင်းသူတစ်ဦး ဖြစ်နေပြီ ဖြစ်ကာ ပျံကျဈေးခင်းကာ ဈေးရောင်းနေသည့် ဓာတ်ပုံများ ပေါ်ထွက်လာသည်။

Ryu Athit သည် ငယ်စဉ်က ရရှိလာသည့် ဝင်ငွေအားလုံးကို သုံးဖြုန်းကာ ကုန်ခမ်းသွားခဲ့ခြင်းဖြစ်သည်။

 

 

 

ယခုအခါ လမ်းဘေးတွင် အိပ်စက်ရလျက်ရှိပြီး ရေချိုးလိုပါက လမ်းဘေးရေပိုက်ခေါင်းမှ ရေဖြင့် ရေချိုးရကြောင်း Ryu Athit က ပြောသည်။

သို့သော် Ryu Athit တွင် အကောင်းမြင်စိတ်များ ရှိနေဆဲဖြစ်ပြီး အလုပ်ကြိုးစားကာ ကောင်းမွန်သည့် အနာဂတ် ရလာရန် မျှော်လင့်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Photos: Sanook, 8world

Ref: Thai ‘90s Idol Ryu Athit Is Now Homeless And Selling Second-Hand Goods By The Roadside (8days)

 

 

[Zawgyi]

ထိုင္းရုပ္ရွင္မင္းသား အိမ္ယာမဲ့ျဖစ္ကာ လမ္းေဘးတြင္ အိပ္ေနရျပီး အေဟာင္းေစ်းတြင္ လမ္းေဘးေစ်းသည္ ျဖစ္သြားရသည့္ သံေဝဂရဖြယ္ျဖစ္ရပ္

 

ထိုင္းႏိုင္ငံတြင္ ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း ဆယ္ေက်ာ္သက္ ႏႈတ္ခမ္းနီမေလးမ်ား၏ အသည္းစြဲျဖစ္ခဲ့ ဖူးသူ ရုပ္ရွင္မင္းသား Arthit Taongsawatrat (Ryu Athit ဟု လူသိမ်ား) သည္ လြန္ခဲ့ေသာ ၁၅ ႏွစ္က အႏုပညာေလာကကို ေက်ာခိုင္းခဲ့သည္။

Ryu Athit သည္ သရုပ္ေဆာင္ေလာကသို႔ အသက္ ၁၄ ႏွစ္အရြယ္တြင္ စတင္ဝင္ေရာက္ခဲ့ျပီး ထိုင္းဒရာမာ ဇာတ္ကားမ်ားတြင္ ပါဝင္သရုပ္ေဆာင္ကာ ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြင္း နာမည္ေက်ာ္ခဲ့သူျဖစ္သည္။

Ryu Athit သည္ ျပည္သူမ်ားအၾကားတြင္သာမက စီးပြားေရးလုပ္ငန္းရွင္မ်ားၾကားတြင္လည္း လူၾကိဳက္မ်ားသူ ျဖစ္ျပီး ကုန္စည္အမွတ္တံဆိပ္မ်ားစြာ ေၾကာ္ျငာေပးခဲ့ရသည္။

ယင္းေနာက္ပိုင္း ကံမေကာင္းစြာျဖင့္ပင္ Ryu Athit သည္ စိတ္က်န္းမာေရးျပႆနာႏွင့္ ရင္ဆိုင္ခဲ့ရျပီး စိတ္အတက္အက် ေရာဂါရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

Ryu Athit ေနာက္ဆံုးပါဝင္သရုပ္ေဆာင္ခဲ့သည္မွာ ၂၀၀၅ ခုႏွစ္က ဒရာမာဇာတ္ကားျဖစ္ေသာ Theptida Long Ngan တြင္ျဖစ္ျပီး ထိုဇာတ္ကားေနာက္ပိုင္းတြင္ သူ၏စိတ္က်န္းမာေရးကို ကုသရန္ သရုပ္ေဆာင္ ေလာကမွ ထြက္ခြာခဲ့သည္။

(Ryu သည္ သူ႔ေခတ္သူ႔အခါက အလြန္ေက်ာ္ၾကားခဲ့သူ ျဖစ္သည္)

Ryu Athit သည္ ေဆးရံုမ်ားသို႔ ၁၀ ႏွစ္ခန္႔ ဝင္ခ်ည္ထြက္ခ်ည္ ျဖစ္ေနခဲ့သည္။

သူ၏ စိတ္က်န္းမာေရးကို ကုသရန္အတြက္ ဗုဒၶဘာသာဝင္တစ္ဦးအျဖစ္လည္း ခံယူခဲ့ေသးသည္။

ထိုအခ်ိန္က Ryu Athit သည္ ၂ ၾကိမ္ လက္ထပ္ထားျပီးျဖစ္ကာ ၂ ၾကိမ္လံုး ကြာရွင္းျပတ္စဲမႈျဖင့္ အဆံုးသတ္ ထားခဲ့သည္။

Ryu Athit တြင္ သား ၂ ဦးရွိျပီး Pham (၂၃ ႏွစ္) ႏွင့္ Phao (၂၂ ႏွစ္) တို႔ျဖစ္ကာ ပထမဇနီးႏွင့္ ရရွိခဲ့ျခင္း ျဖစ္သည္။

ထို႔အျပင္ ဒုတိယဇနီးႏွင့္ Link အမည္ရွိ အသက္ ၁၅ ႏွစ္အရြယ္ သမီးတစ္ဦးလည္း ထြန္းကားသည္။

လက္ရွိတြင္ Ryu သည္ သူ၏ သားသမီးမ်ားႏွင့္ အဆက္အသြယ္ မရွိေတာ့ဟု ဆိုသည္။

 

(တပတ္ရစ္ပစၥည္းမ်ား ေရာင္းေနသည့္ Ryu Athit ကို ေတြ႔ရပံု)

လက္ရွိအခ်ိန္တြင္ Ryu Athit မွာ အိမ္ရာမဲ့တစ္ဦးျဖစ္ေနကာ ပစၥည္းအေဟာင္းေစ်းတြင္ လမ္းေဘး ေစ်းေရာင္းသူတစ္ဦး ျဖစ္ေနျပီ ျဖစ္ကာ ပ်ံက်ေစ်းခင္းကာ ေစ်းေရာင္းေနသည့္ ဓာတ္ပံုမ်ား ေပၚထြက္လာသည္။

Ryu Athit သည္ ငယ္စဥ္က ရရွိလာသည့္ ဝင္ေငြအားလံုးကို သံုးျဖဳန္းကာ ကုန္ခမ္းသြားခဲ့ျခင္းျဖစ္သည္။

ယခုအခါ လမ္းေဘးတြင္ အိပ္စက္ရလ်က္ရွိျပီး ေရခ်ဳိးလိုပါက လမ္းေဘးေရပိုက္ေခါင္းမွ ေရျဖင့္ ေရခ်ဳိးရေၾကာင္း Ryu Athit က ေျပာသည္။

သို႔ေသာ္ Ryu Athit တြင္ အေကာင္းျမင္စိတ္မ်ား ရွိေနဆဲျဖစ္ျပီး အလုပ္ၾကိဳးစားကာ ေကာင္းမြန္သည့္ အနာဂတ္ ရလာရန္ ေမွ်ာ္လင့္ထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Photos: Sanook, 8world

Ref: Thai ‘90s Idol Ryu Athit Is Now Homeless And Selling Second-Hand Goods By The Roadside (8days)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နေအိမ်၊ အလုပ်အကိုင် အားလုံးဆုံးရှုံးခဲ့ရပြီး အိမ်ရာမဲ့ ဘဝရောက်သွားသူဟာ အမီတာဘဂျမ်းရဲ့ အအောင်မြင်ဆုံးရုပ်ရှင် Sholay ကို ရိုက်ကူးပေးခဲ့ပြီး သူဌေးပြန်ဖြစ်လာပုံ...
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
နှစ်ရာထောင်ချီ နေ့တိုင်း မိုးကြိုးပစ်ခံနေရတဲ့ ဗင်နီဇွဲလားက ရေကန်ကြီး
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service