ယွမ် ၁၀ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း) ထီပေါက်မှုကို ဇနီးမသိအောင် ဖုံးကွယ်ထားကာ ဇနီးဟောင်းအား တိုက်ခန်းတစ်ခန်း ဝယ်ပေးသော အမျိုးသား

ယွမ် ၁၀ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း) ထီပေါက်မှုကို ဇနီးမသိအောင် ဖုံးကွယ်ထားကာ ဇနီးဟောင်းအား တိုက်ခန်းတစ်ခန်း ဝယ်ပေးသော အမျိုးသား - Property News in Myanmar from iMyanmarHouse.com
10 Feb 2023 11:20 am တွင် တင်ခဲ့သည်
846 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တရုတ်နိုင်ငံတွင် အမျိုးသားတစ်ဦးသည် ယွမ် ၁၀ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း) ထီပေါက်မှုကို ဇနီးမသိအောင် ဖုံးကွယ်ထားကာ ဇနီးဟောင်းအား တိုက်ခန်းတစ်ခန်း ဝယ်ပေးမှုနှင့် ပတ်သက်၍ လျော်ကြေး ယွမ် သန်းပေါင်းများစွာ ဇနီးအားပေးစေရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

အဆိုပါ အမျိုးသား၏ ဇနီးက အဖြစ်မှန်ကိုသိပြီးနောက်ပိုင်း ကွာရှင်းပြတ်စဲရန်နှင့် အဆိုပါထီဆုမှ ဝေစုပေးရန် တရားရုံးအား တိုင်တန်းခဲ့ရာ တရုတ်ပြည်အရှေ့ပိုင်း Zhejiang ပြည်နယ်၊ Wenzhou မြို့ရှိ တရားရုံးက ဖေဖော်ဝါရီ ၁ ရက်တွင် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း Hangzhou Daily သတင်းဌာနက ဖော်ပြသည်။

Zhou ဟူသည့်အမည်သာ သိရသော အမျိုးသားသည် လွန်ခဲ့သော ၂ နှစ်က ယွမ်ငွေ ၁၀ သန်းဆု ထီပေါက်ခဲ့ပြီး အခွန်ဆောင်ပြီး ကျန်ငွေ ယွမ် ၈ ဒသမ ၄၃ သန်းရရှိခဲ့သည်။

Zhou က ထီပေါက်သည့် အကြောင်းကို Lin ဟူသည့် အမည်သာသိရသော ဇနီးကို မပြောပဲ ဖုံးကွယ်ထား ခဲ့သည်။

သူ၏ ဘဏ်စာရင်းသို့ ထီဆုငွေ ဝင်လာသောနေ့တွင် အဆိုပါ ငွေမှ ယွမ် ၂ သန်းကို အစ်မဖြစ်သူထံ လွှဲပြောင်းပေးခဲ့သည်။

ယင်းနောက် ရက်အနည်းငယ်အကြာတွင် ယွမ် ၇၀၀,၀၀၀ (ကန်ဒေါ်လာ ၁၀၃၀၀၀) ထုတ်ယူကာ ယခင်ဇနီးအား တိုက်ခန်းတစ်ခန်း ဝယ်ရန် ကူညီပေးခဲ့သည်။

(တရားရုံး၏ တွေ့ရှိချက်အရ ဖုံးကွယ်ထားသော ငွေများမှ အစ်မအားပေးခြင်း ၊ ယခင်ဇနီးဟောင်းအား တိုက်ခန်းတစ်ခန်း ဝယ်နိုင်ရန် ကူညီပေးခြင်းတို့မှာ တရုတ်ပြည်၏ ဥပဒေအရ နှစ်ဦးပိုင်ပစ္စည်းကို အလွဲသုံးစားလုပ်မှုအဖြစ် ဆုံးဖြတ်ခဲ့သည်။ ဓာတ်ပုံ- Shutterstock)

ဇနီးဖြစ်သူ Lin သည် Zhou ၏ ဖုံးကွယ်ထားမှုကို သိလာချိန်တွင် ကွာရှင်းပြတ်စဲရန် လျှောက်ထားခဲ့သည်။

Lin က ဇနီးမောင်နှံ ၂ ဦးပိုင် ပစ္စည်းများကို ခွဲဝေပေးရန်အပြင် အစ်မဖြစ်သူနှင့် ဇနီးဟောင်းတို့ကို ပေးခဲ့သော ယွမ် ၂ ဒသမ ၇ သန်း၏ သုံးပုံနှစ်ပုံကို ပေးရန်လည်း တောင်းဆိုခဲ့သည်။

Zhou က ထီပေါက်သောငွေမှ အစ်မနှင့် ဇနီးဟောင်းတို့ကို လွှဲပြောင်းပေးခဲ့သောငွေသည် နှစ်ဦးပိုင်ပစ္စည်းဥစ္စာ ဖြစ်ကြောင်း တရားရုံးက တွေ့ရှိခဲ့သည်။

ဇနီးဖြစ်သူ Lin က ခင်ပွန်းဖုံးကွယ်ထားသော ထီဆုငွေ၏ ၆၀ ရာခိုင်နှုန်း တောင်းဆိုမှုကို တရားရုံးက သဘောတူခဲ့သည်။

တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် မည်သူကမှ အယူခံမဝင်ခဲ့ကြောင်း Hangzhou Daily သတင်းဌာနက ဖော်ပြသည်။

(၎င်းတို့ စုံတွဲ၏ အဖြစ်အပျက်မှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့သည်။ ဓာတ်ပုံ- Shutterstock)

ဤအဖြစ်အပျက်မှာ တရုတ်လူမှုကွန်ရက်တွင် များစွာကျော်ကြားနေပြီး Douyin တစ်ခုတည်းတွင်ပင်လျှင် comment ပေါင်း ထောင်သောင်းချီနေသည်။

“သူက နှစ်ဦးပိုင်ငွေနဲ့ ထီလက်မှတ်ဝယ်ပြီး ထီပေါက်တယ်။ ထီပေါက်လာတော့ တစ်ယောက်ထဲ ခံစားချင်တာလား။”ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

အခြားတစ်ဦးက ပြောသည်မှာ “ယွမ်ငွေ ၁၀ သန်း ထီပေါက်တာက သူတို့ ၂ ဦးကို စိတ်ဝမ်းကွဲစေခဲ့တာပါ”ဟု ဆိုသည်။

(တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ကြမှု မရှိကြောင်း ဒေသတွင်း သတင်းမီဒီယာက ဖော်ပြသည်။ ဓာတ်ပုံ- Shutterstock)

တတိယတစ်ဦးက ပြောသည်မှာ “အဲဒါကြောင့် အိမ်ထောင်မပြုချင်တာပဲ”ဟုဆိုသည်။

တရုတ်ပြည်တွင် ယခင်ကလည်း ထီနှင့်ပတ်သက်သည့် အခြားဖြစ်ရပ်တစ်ခု ရှိခဲ့သေးသည်။

ပြီးခဲ့သောနှစ် အောက်တိုဘာလက တရုတ်ပြည်တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ယွမ်ငွေ သန်း ၂၂၀ (ကန်ဒေါ်လာ ၃၂ သန်း ) ထီပေါက်သော အမျိုးသားက သတင်းမီဒီယာများသို့ ပြောသည်မှာ မိမိအနေဖြင့် ထီပေါက်ခြင်းကို ဇနီးနှင့် ကလေးများအား ပြောမည်မဟုတ်ကြောင်း ၊ ဘဝင်မြင့်မည် စိုးရိမ်သောကြောင့်ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: He wants to enjoy it alone’: lottery winner in China who hid US$1.5 million win from wife and bought ex a flat ordered to pay compensation in divorce (scmp)

[Zawgyi]

ယြမ္ ၁၀ သန္း (ကန္ေဒၚလာ ၁ ဒသမ ၅ သန္း) ထီေပါက္မႈကို ဇနီးမသိေအာင္ ဖံုးကြယ္ထားကာ ဇနီးေဟာင္းအား တိုက္ခန္းတစ္ခန္း ဝယ္ေပးေသာ အမ်ဳိးသား

တရုတ္ႏိုင္ငံတြင္ အမ်ဳိးသားတစ္ဦးသည္ ယြမ္ ၁၀ သန္း (ကန္ေဒၚလာ ၁ ဒသမ ၅ သန္း) ထီေပါက္မႈကို ဇနီးမသိေအာင္ ဖံုးကြယ္ထားကာ ဇနီးေဟာင္းအား တိုက္ခန္းတစ္ခန္း ဝယ္ေပးမႈႏွင့္ ပတ္သက္၍ ေလ်ာ္ေၾကး ယြမ္ သန္းေပါင္းမ်ားစြာ ဇနီးအားေပးေစရန္ တရားရံုးက အမိန္႔ခ်မွတ္လုိက္သည္။

အဆိုပါ အမ်ဳိးသား၏ ဇနီးက အျဖစ္မွန္ကိုသိျပီးေနာက္ပိုင္း ကြာရွင္းျပတ္စဲရန္ႏွင့္ အဆိုပါထီဆုမွ ေဝစုေပးရန္ တရားရံုးအား တုိင္တန္းခဲ့ရာ တရုတ္ျပည္အေရွ႕ပိုင္း Zhejiang ျပည္နယ္၊ Wenzhou ျမိဳ႕ရွိ တရားရံုးက ေဖေဖာ္ဝါရီ ၁ ရက္တြင္ အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း Hangzhou Daily သတင္းဌာနက ေဖာ္ျပသည္။

Zhou ဟူသည့္အမည္သာ သိရေသာ အမ်ဳိးသားသည္ လြန္ခဲ့ေသာ ၂ ႏွစ္က ယြမ္ေငြ ၁၀ သန္းဆု ထီေပါက္ခဲ့ျပီး အခြန္ေဆာင္ျပီး က်န္ေငြ ယြမ္ ၈ ဒသမ ၄၃ သန္းရရွိခဲ့သည္။

Zhou က ထီေပါက္သည့္ အေၾကာင္းကို Lin ဟူသည့္ အမည္သာသိရေသာ ဇနီးကို မေျပာပဲ ဖံုးကြယ္ထား ခဲ့သည္။

သူ၏ ဘဏ္စာရင္းသို႔ ထီဆုေငြ ဝင္လာေသာေန႔တြင္ အဆိုပါ ေငြမွ ယြမ္ ၂ သန္းကို အစ္မျဖစ္သူထံ လႊဲေျပာင္းေပးခဲ့သည္။

ယင္းေနာက္ ရက္အနည္းငယ္အၾကာတြင္ ယြမ္ ၇၀၀,၀၀၀ (ကန္ေဒၚလာ ၁၀၃၀၀၀) ထုတ္ယူကာ ယခင္ဇနီးအား တိုက္ခန္းတစ္ခန္း ဝယ္ရန္ ကူညီေပးခဲ့သည္။

(တရားရံုး၏ ေတြ႔ရွိခ်က္အရ ဖံုးကြယ္ထားေသာ ေငြမ်ားမွ အစ္မအားေပးျခင္း ၊ ယခင္ဇနီးေဟာင္းအား တိုက္ခန္းတစ္ခန္း ဝယ္ႏိုင္ရန္ ကူညီေပးျခင္းတို႔မွာ တရုတ္ျပည္၏ ဥပေဒအရ ႏွစ္ဦးပိုင္ပစၥည္းကို အလြဲသံုးစားလုပ္မႈအျဖစ္ ဆံုးျဖတ္ခဲ့သည္။ ဓာတ္ပံု- Shutterstock)

ဇနီးျဖစ္သူ Lin သည္ Zhou ၏ ဖံုးကြယ္ထားမႈကို သိလာခ်ိန္တြင္ ကြာရွင္းျပတ္စဲရန္ ေလွ်ာက္ထားခဲ့သည္။

Lin က ဇနီးေမာင္ႏွံ ၂ ဦးပိုင္ ပစၥည္းမ်ားကို ခြဲေဝေပးရန္အျပင္ အစ္မျဖစ္သူႏွင့္ ဇနီးေဟာင္းတုိ႔ကို ေပးခဲ့ေသာ ယြမ္ ၂ ဒသမ ၇ သန္း၏ သံုးပံုႏွစ္ပံုကို ေပးရန္လည္း ေတာင္းဆိုခဲ့သည္။

Zhou က ထီေပါက္ေသာေငြမွ အစ္မႏွင့္ ဇနီးေဟာင္းတို႔ကို လႊဲေျပာင္းေပးခဲ့ေသာေငြသည္ ႏွစ္ဦးပိုင္ပစၥည္းဥစၥာ ျဖစ္ေၾကာင္း တရားရံုးက ေတြ႔ရွိခဲ့သည္။

ဇနီးျဖစ္သူ Lin က ခင္ပြန္းဖံုးကြယ္ထားေသာ ထီဆုေငြ၏ ၆၀ ရာခုိင္ႏႈန္း ေတာင္းဆိုမႈကို တရားရံုးက သေဘာတူခဲ့သည္။

တရားရံုး၏ ဆံုးျဖတ္ခ်က္အေပၚ မည္သူကမွ အယူခံမဝင္ခဲ့ေၾကာင္း Hangzhou Daily သတင္းဌာနက ေဖာ္ျပသည္။

(၎တို႔ စံုတြဲ၏ အျဖစ္အပ်က္မွာ တရုတ္ျပည္မၾကီး လူမႈကြန္ရက္တြင္ ဂယက္ရုိက္ခဲ့သည္။ ဓာတ္ပံု- Shutterstock)

ဤအျဖစ္အပ်က္မွာ တရုတ္လူမႈကြန္ရက္တြင္ မ်ားစြာေက်ာ္ၾကားေနျပီး Douyin တစ္ခုတည္းတြင္ပင္လွ်င္ comment ေပါင္း ေထာင္ေသာင္းခ်ီေနသည္။

“သူက ႏွစ္ဦးပိုင္ေငြနဲ႔ ထီလက္မွတ္ဝယ္ျပီး ထီေပါက္တယ္။ ထီေပါက္လာေတာ့ တစ္ေယာက္ထဲ ခံစားခ်င္တာလား။”ဟု လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက မွတ္ခ်က္ျပဳသည္။

အျခားတစ္ဦးက ေျပာသည္မွာ “ယြမ္ေငြ ၁၀ သန္း ထီေပါက္တာက သူတို႔ ၂ ဦးကို စိတ္ဝမ္းကြဲေစခဲ့တာပါ”ဟု ဆိုသည္။

(တရားရံုး၏ ဆံုးျဖတ္ခ်က္အေပၚ အယူခံဝင္ၾကမႈ မရွိေၾကာင္း ေဒသတြင္း သတင္းမီဒီယာက ေဖာ္ျပသည္။ ဓာတ္ပံု- Shutterstock)

တတိယတစ္ဦးက ေျပာသည္မွာ “အဲဒါေၾကာင့္ အိမ္ေထာင္မျပဳခ်င္တာပဲ”ဟုဆိုသည္။

တရုတ္ျပည္တြင္ ယခင္ကလည္း ထီႏွင့္ပတ္သက္သည့္ အျခားျဖစ္ရပ္တစ္ခု ရွိခဲ့ေသးသည္။

ျပီးခဲ့ေသာႏွစ္ ေအာက္တိုဘာလက တရုတ္ျပည္ေတာင္ပိုင္း Guangxi Zhuang ကိုယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဒသတြင္ ယြမ္ေငြ သန္း ၂၂၀ (ကန္ေဒၚလာ ၃၂ သန္း ) ထီေပါက္ေသာ အမ်ဳိးသားက သတင္းမီဒီယာမ်ားသို႔ ေျပာသည္မွာ မိမိအေနျဖင့္ ထီေပါက္ျခင္းကို ဇနီးႏွင့္ ကေလးမ်ားအား ေျပာမည္မဟုတ္ေၾကာင္း ၊ ဘဝင္ျမင့္မည္ စိုးရိမ္ေသာေၾကာင့္ျဖစ္ေၾကာင္း ေျပာၾကားသည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: He wants to enjoy it alone’: lottery winner in China who hid US$1.5 million win from wife and bought ex a flat ordered to pay compensation in divorce (scmp)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရှောင်ကွန်နရီ၏ ပြင်သစ်နိုင်ငံမှစံအိမ် ယူရို ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
မလေးရှားတွင် အမျိုးသမီးတစ်ဦးက ဘွဲ့ရပညာတတ်များမှာ အထက်တန်းကျောင်းသာ တက်ခဲ့ဖူးသူများထက် ပိုမိုယဉ်ကျေးသိမ်မွေ့မှုရှိကြောင်း၊ မိမိအနေဖြင့် ဘွဲ့ရပညာတတ်များနှင့်သာ တွဲကြောင်း လူမှုကွန်ရက်တွင် ပြောဆိုခဲ့မှု ဂယက်ထကာ ပွဲဖြစ်နေ...

ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်ဒေါ်လာ ၃၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service