မိန်းကလေးပေါင်း ၁၀၀၀၀ ကျော်နှင့် ချစ်ကြိုက်ခဲ့သူ အသက် ၈၆ နှစ်အရွယ် ဟောင်ကောင်အိမ်ခြံမြေဘီလျံနာ ကြီး စီဆဲလ်ချောင်
မိန်းကလေးပေါင်း ၁၀၀၀၀ ကျော်နှင့် ချစ်ကြိုက်ခဲ့သူ အသက် ၈၆ နှစ်အရွယ် ဟောင်ကောင်အိမ်ခြံမြေဘီလျံနာ ကြီး စီဆဲလ်ချောင် - Property News in Myanmar from iMyanmarHouse.com
8 Feb 2023 10:41 am တွင် တင်ခဲ့သည်
2373 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(အသက် ၃၀ အရွယ် မိန်းကလေးတစ်ဦးနဲ့ တွဲနေပြန်)
အသက် ၈၆ နှစ်အရွယ် ဟောင်ကောင်ဘီလျံနာကြီး စီဆဲလ်ချောင် စီဆန်း (Cecil Chao Sze-Tsung) သည် Cheuk Nang (Holdings) Ltd ၏ ပိုင်ရှင်ဖြစ်သည်။
စီဆဲလ်ချောင်သည် သူ့ဘဝတစ်လျှောက် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတို့မှ မိန်းကလေးပေါင်း ၁၀၀၀၀ ကျော်နှင့် ချစ်ကြိုက်ခဲ့ဖူးသည်ဟု ဆိုသည်။
မကြာသေးမီကလည်း ဘီလျံနာကြီး စီဆဲလ်ချောင်ကို ဟောင်ကောင်ရှိ Causeway Bay အရပ်တွင် သူ၏ ချစ်သူသစ်မိန်းကလေးငယ်တစ်ဦးနှင့်အတူ တွဲကာသွားလာနေပုံကို တွေ့မြင်သူတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ အင်တာနက်တွင် လွှင့်တင်ခဲ့သည်။
စီဆဲလ်ချောင်တို့နှစ်ဦးကို အနီရောင်ဆင်တူ အပေါ်အင်္ကျီများဖြင့် တွေ့ရသည်။
စီဆဲလ်ချောင်၏ ရိုးရွိုက်စ်ကားဆီသို့ ဦးတည်ကာ လမ်းလျှောက်သွားနေကြခြင်းဖြစ်သည်။
စီဆဲလ်ချောင်၏ဘေးမှ မိန်းကလေးမှာ Christian Dior ထုတ် လည်စီးပုဝါ၊ ဒီဇိုင်နာတစ်ဦး ထုတ်လုပ်ထားသော အိတ်တစ်လုံးတို့ဖြင့်တွေ့ရပြီး အသက် ၃၀ ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။
စီဆဲလ်ချောင်တို့နှစ်ဦးသည် ထိုပတ်ဝန်းကျင်တွင် ဈေးဝယ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
စီဆဲလ်ချောင်သည် သူတွဲခဲ့သော အမျိုးသမီးများအနက် ၃ ဦးဖြင့် ကလေး ၃ ဦးရထားပြီး လက်ရှိချိန်အထိ single တစ်ဦး ဖြစ်နေဆဲပင်။
သူ၏ ကလေး ၃ ဦးကား Gigi Chao (Wai Yiu အမည်ရှိ မိန်းကလေးဖြင့်ရရှိ) ၊ Howard (Ying Ying အမည်ရှိ မိန်းကလေးဖြင့်ရရှိ)နှင့်  Roman (Terri Holladay အမည်ရှိ မိန်းကလေးဖြင့်ရရှိ) တို့ဖြစ်သည်။
(မိန်းကလေးချင်း ချစ်ကြိုက်နေသော သမီးဖြစ်သူအား ချစ်ရေးဆိုနိုင်သည့် မည်သည့် ယောက်ျားလေးကိုမဆို ဒေါ်လာ သန်း ၈၀ ပေးမည်))
၂၀၁၂ ခုနှစ်အတွင်း စီဆဲလ်ချောင်၏ နာမည်ကို တစ်ကမ္ဘာလုံးသိသွားသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သည်။
စီဆဲလ်ချောင်၏ သမီးဖြစ်သူ Gigi Chao သည် Lesbian (မိန်းကလေးချင်း ချစ်ကြိုက်သူ) တစ်ဦးဖြစ်ရာ သမီးကို လက်ထပ်ရန် ဆွဲဆောင်နိုင်သည့် မည်သည့်ယောက်ျားလေးကိုမဆို ဟောင်ကောင်ဒေါ်လာ ၆၅ သန်းပေးမည်ဟု စီဆဲလ်ချောင်က ကြေညာလိုက်ရာ ကမ္ဘာတစ်ဝန်း ဟိုးလေးတကြော်ဖြစ်ခဲ့သည်။
ထိုသို့လုပ်ရပ်အပေါ် LGBT အသိုက်အဝန်း၏ ဝေဖန်မှုများခံရသော်လည်း စီဆဲလ်ချောင်က နောက်မဆုတ်။
၂၀၁၄ ခုနှစ်တွင် စီဆဲလ်ချောင်က ပေးအပ်မည့်ငွေပမာဏကို ဟောင်ကောင်ဒေါ်လာ သန်း ၁၈၀ အထိ တိုးမြှင့်လိုက်သည်။
((စီဆဲလ်ချောင်ဟူသည်….))
မနက်ခင်းတိုင်း အလုပ်စတင်ရာ သူ၏ အလုပ်စားပွဲမှ ခလုတ်တစ်ခုကို စီဆဲလ်ချောင် နှိပ်လိုက်သည်။
သူ့အသံမှာ မော်ဒန်ဗိသုကာဟန် ၄ ထပ်အဆောက်အအုံတစ်လွှား ပဲ့တင်ဂယက်ရိုက်သွား၏။
ဟောင်ကောင်အနောက်ပိုင်း Pok Fu Lam အရပ်ရှိ ထိုစံအိမ်ကို လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်က စီဆဲလ်ချောင် ကိုယ်တိုင် ဒီဇိုင်းရေးဆွဲကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
“ရေခဲမုန့်နဲ့ ဇွန်းတစ်ချောင်းယူခဲ့ပေးပါ” ဟု စီဆဲလ်ချောင်က အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
စက္ကန့်ပိုင်းအတွင်း ရွှေလင်ပန်းတစ်ချပ်ဖြင့် သူ၏ဝန်ထမ်းများ ရောက်လာကြသည်။
အသက် ၈၃ နှစ်အရွယ် အိမ်ခြံမြေသူဌေးကြီးက သူ၏သားရေဂျာကင် အင်္ကျီလက်ကို ပင့်တင်လိုက်ရာ ဝဲဘက် လက်ကောက်ဝတ်တွင် Piaget အမျိုးအစားနာရီတစ်လုံး ထင်းခနဲပေါ်လာသည်။ နာရီတစ်ခုလုံးကို စိန်စီထားသည်။ သားရေဂျာကင်မှာ လိမ္မော်ရောင်ဖြစ်ပြီး စပါးအုံးအရေခွံဖြစ်ဖွယ်ရာရှိပြီး အီတလီမှ Fabio Caviglia ကုမ္ပဏီထုတ်ဖြစ်သည်။
ယင်းနောက် tatlerasia သတင်းဌာနက မေးမြန်းသော သူ၏ အမွေခံကိစ္စအကြောင်း မေးခွန်းကို ဖြေရန် စဉ်းစားရင်း စီဆဲလ်ချောင်က အမေရိကန်ထုတ် Häagen-Dazs ရေခဲမုန့်ကို အနည်းငယ်မြည်းစမ်းလိုက်၏။
“ကျွန်တော့်ရဲ့ဘဝနဲ့ ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်တဲ့လူတိုင်းရဲ့ဘဝဟာ ကျွန်တော်ထင်ပါတယ်…ရည်ရွယ်ချက် တစ်ခုတည်းအတွက်ပါပဲ။ အဲဒါက ပျော်ရွှင်မှုပါ”
(ပျော်ရွှင်မှုသာ ပထမ))
ပျော်ရွှင်မှုဂေဟာ (Happy Lodge )ဟု အမည်ပေးထားသော သူ၏စံအိမ်သည် ဟောင်ကောင်၏ အနောက်ပိုင်း ဝိတိုရိယလမ်းတစ်လျှောက် ဖြတ်သန်းသွားလာသော ဟောင်ကောင်သားများအဖို့ မှတ်မိလွယ်သော အဆောက်အအုံလည်း ဖြစ်သည်။
ထိုအဆောက်အအုံတွင် စီဆဲလ်ချောင်၏ မိသားစုဝင်များစွာ နေထိုင်ကြသည်။ အဆောက်အအုံဝန်းကျင်တွင်ကား Villa Cecil အမည်ရှိ ကွန်ဒိုမီနီယံကြီး တည်ရှိသည်။
Villa Cecil ကွန်ဒိုကို Cheuk Nang Holdings ကုမ္ပဏီက ပိုင်ဆိုင်ပြီး စီဆဲလ်ချောင်မှာ ထိုကုမ္ပဏီ၏ အမှုဆောင် ဥက္ကဌဖြစ်သည်။
ကားရပ်နားရာနေရာတွင် CECIL ဟု သူ့အမည်ကို တံဆိပ်ပြားတပ်ထားသော အနီရောင်နှင့် အဖြူရောင် ရိုးရွိုက်စ်ကားများကို အလွယ်တကူ တွေ့နိုင်သည်။
ဟောင်ကောင်၏ အခမ်းနားထည်ဝါဆုံး၊ ငွေအသုံးဖြုန်းဆုံးပုဂ္ဂိုလ်အဖြစ် ပုံရိပ်တည်ဆောက်နေစဉ် ကာလများအတွင်း စီဆဲလ်ချောင်သည် ယခုအဆောက်အအုံရှိရာသို့ ရဟတ်ယာဉ်ဖြင့် ကြိမ်ဖန်များစွာ လာရောက်ခဲ့ဖူးသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: 86-year-old HK billionaire Cecil Chao who claims to have dated more than 10,000 women in his life spotted in matching outfits with a new girlfriend in Causeway Bay (dimsumdaily, tatlerasia)
[Zawgyi]
((စီဆဲလ်ချောင်ဟူသည်….))
“ရေခဲမုန့်နဲ့ ဇွန်းတစ်ချောင်းယူခဲ့ပေးပါ” ဟု စီဆဲလ်ချောင်က အမိန့််ပေးလိုက်ခြင်းဖြစ်သည်။
(ပျော်ရွှင်မှုသာ ပထမ))
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service