၁၈ နှစ်သမီးအရွယ်က လေယာဉ်မယ်ဖြစ်ချင်ခဲ့သော်လည်း ကိုယ်အလေးချိန်များသောကြောင့် ရွေးချယ်ခြင်း မခံရသူ လော်ရန် ဆန်းချက်ဇ် (ယခု Jeff Bezos ၏ ချစ်သူ) ဟာဝိုင်အီရှိ စံအိမ်တစ်လုံးကို ဒေါ်လာ ၇၈ သန်းဖြင့် ဝယ်ယူ

၁၈ နှစ်သမီးအရွယ်က လေယာဉ်မယ်ဖြစ်ချင်ခဲ့သော်လည်း ကိုယ်အလေးချိန်များသောကြောင့် ရွေးချယ်ခြင်း မခံရသူ လော်ရန် ဆန်းချက်ဇ် (ယခု Jeff Bezos ၏ ချစ်သူ) ဟာဝိုင်အီရှိ စံအိမ်တစ်လုံးကို ဒေါ်လာ ၇၈ သန်းဖြင့် ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
2 Feb 2023 10:49 am တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Amazon တည်ထောင်သူ ဂျက်ဘေးဇော့ (Jeff Bezos) ၏ လက်တွဲဖော် လော်ရန်ဆန်းချက်ဇ်က ငယ်စဉ်က ကြုံတွေ့ခဲ့ရသော စိတ်ပျက်ဖွယ် အတွေ့အကြုံတစ်ရပ်ကို ပွင့်လင်းစွာ ထုတ်ဖော်ပြောကြားလာသည်။

Emmy ဆုရှင် သတင်းသမား၊ ရဟတ်ယာဉ်မှူးတစ်ဦးဖြစ်သူ လော်ရန်ဆန်းချက်ဇ်က Wall Street Journal နှင့် မကြာသေးမီက ပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခုတွင် ပြောပြသည်မှာ အသက် ၁၈ နှစ်အရွယ်က လေယာဉ်မယ်တစ်ဦး ဖြစ်ချင်ခဲ့ကြောင်း ပြောသည်။

သို့သော် ၁၉၈၉ ခုနှစ်တွင် Southwest လေကြောင်းလိုင်းတွင် လေယာဉ်မယ်နေရာအတွက် ဝင်ရောက် လျှောက်ထားခဲ့ရာ ကိုယ်အလေးချိန်ကြောင့် ရွေးချယ်မခံခဲ့ရကြောင်း သူမက ပြောသည်။

 

“အဲဒီတုန်းက သူတို့က ကျွန်မကို ကိုယ်အလေးချိန် ချိန်ကြည့်တော့ ၁၂၁ ပေါင်ရှိနေတယ်။ သူတို့ပြောတာက.. ၁၁၅ ပေါင်ရှိမှ ရမှာဖြစ်တယ်လို့ ပြောပါတယ်”

Southwest လေကြောင်းလိုင်း၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် လေယာဉ်မယ်လျှောက်ထားသူများ၏ လိုအပ်ချက်များကို ဖော်ပြထားရာ ကြည့်ကောင်းသည့် ကိုယ်နေဟန်ထားရှိရန်အတွက် ကိုယ်အလေးချိန်သည် အရပ်အမြင့်နှင့် ဆီလျော်သည့် အလေးချိန်ဖြစ်ရမည်ဟု ဖော်ပြသည်။

ထိုသို့ အရပ်အမြင့်နှင့် ကိုယ်အလေးချိန်မျှတမှသာလျှင် လုပ်ငန်းဆောင်တာများကို မနှောင့်နှေးစေဘဲ လုပ်ဆောင်နိုင်မည့် ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ရှိမည်ဖြစ်သည်ဟုလည်း ဖော်ပြသည်။

ထို့အပြင် လျှောက်ထားမည့်သူသည် အနည်းဆုံး အသက် ၂၀ အရွယ်ရှိရမည်ဖြစ်ကာ အလေးချိန် ပေါင် ၅၀ ကို ပုခုံးအမြင့်သို့ မ,နိုင်သူဖြစ်ရမည်ဟူသောအချက်လည်း ပါဝင်သည်။

ယင်းနောက်ပိုင်းတွင် လော်ရန်ဆန်းချက်ဇ်မှာ Fox Sports၊ Extra နှင့် Good Day သတင်းဌာနများအတွက် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည်။

သို့သော် ဆန်းချက်ဇ်၏ မိဘနှစ်ပါးလုံးမှာ လေယာဉ်မှူးများဖြစ်ကြရာ ဆန်းချက်ဇ်သည်လည်း လေယာဉ်မှူး ဖြစ်လိုသောကြောင့် လော့စ်အိန်ဂျလိရှိ လေယာဉ်မောင်းသင်တန်းတစ်ခုတွင် တက်ရောက်ကာ ရဟတ်ယာဉ်မှူးလိုင်စင်ရယူခဲ့သည်။

 

(ဂျက်ဘေးဇော့နှင့် ချစ်သူမိန်းကလေး လော်ရန် ဆန်းချက်ဇ်တို့ ၁၄ ဧကကျယ်သော ဟာဝိုင်အီမှ ကမ်းခြေစံအိမ်ကို ဒေါ်လာ ၇၈ သန်းဖြင့် ဝယ်ယူခြင်း )

 

အကယ်၍ သင်သည် ကမ္ဘာ့အအချမ်းသာဆုံး ပုဂ္ဂိုလ်များတွင် ပါဝင်သူတစ်ဦးဆိုပါက ဟာဝိုင်အီရှိ လူသူ အလှမ်းကွာဝေးလှသော နေအိမ်ကြီးတစ်လုံးကို ဝယ်ရန် အတော်စဉ်းစားလိမ့်မည်ဖြစ်သည်။

သို့သော် ဂျက်ဘေးဇော့နှင့် ချစ်သူမိန်းကလေး လော်ရန် ဆန်းချက်ဇ်တို့သည်ကာ ဝယ်ယူခဲ့၏။

ဂျက်ဘေးဇော့တို့ စုံတွဲသည် ဟာဝိုင်အီမှ Maui ကျွန်းပေါ်မှ La Perouse Bay ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၇၈ သန်းအထိပေးကာ ဝယ်ယူခဲ့သည်။

စံအိမ်ကြီးမှာ အထီးကျန်ဆန်ကာ လူသူအလှမ်းကွာဝေးလှပြီး ၁၄ ဧကကျယ်သော ခြံဝန်းကြီးအတွင်း တည်ရှိသည်။

 

ပင်မစံအိမ်မှာ စတုရန်းပေ ၄၅၀၀ ခန့်ကျယ်ဝန်းပြီး သမုဒ္ဒရာ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် နေအိမ်ပြင်ပ မီးဖိုဆောင်တစ်ခု ပါဝင်သည်။

 

ထို့အပြင် စတုရန်းပေ ၁၇၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ် ၁ လုံး ၊ မည်သို့အသုံးပြုသည် မသိရသော အဆောက်အအုံငယ်များစွာအပြင် စတုရန်းပေ ၇၀၀ ရှိသော ရေကူးကန်ကြီး ၁ ခုလည်းပါဝင်သည်။

 

အဆောက်အအုံအားလုံးမှာ တစ်ထပ်အဆောက်အအုံများဖြစ်ပြီး အဆောက်အအုံများဘေးတွင် မြက်ခင်းများနှင့် အုန်းပင်များ ဝန်းပတ်တည်ရှိသည်။

Maui ကျွန်း၏ အနောက်တောင်ဘက် လူသူနေထိုင်မှု ကျဲပါးသောနေရာတွင် တည်ရှိသည့် ကမ်းခြေစံအိမ်ကြီး ဖြစ်သည်။

Maui ကျွန်း၏ အကြီးမားဆုံးမြို့ကြီး Kahului မြို့၊ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရာနေရာများမှ အလှမ်းကွာသည်။

အနီးဆုံးမြို့ဖြစ်သော Kihei ၏ တောင်ဘက် ၉ မိုင်ခန့်ဝေးကွာသည်။

သတင်းများအရ နေအိမ်ကို ယခင်ကပိုင်ဆိုင်ခဲ့သူမှာ ကော်လိုရာဒို အခြေစိုက်စွမ်းအင်လုပ်ငန်းရှင် Doug Schatz ဖြစ်သည်ဟု ဆိုသည်။

 

Doug Schatz က သူ၏ စီးပွားဖက်များနှင့်အတူ ၁၉၉၆ ခုနှစ်အတွင်း ယခုစံအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၂ သန်းဖြင့် ဝယ်ယူခဲ့သည်။

၁၉၉၉ ခုနှစ်တွင် Doug Schatz နှင့်ဇနီးက စံအိမ်ဝန်းတစ်ခုလုံးကို ဝယ်ယူလိုက်ကာ ငွေများစွာ သုံးစွဲပြီး စိတ်ကြိုက်ပြန်လည် မွမ်းမံခဲ့သည်။

 

 

((ဂျက်ဘေးဇော့စ်နှင့် ဆန်းချက်ဇ်တို့၏ အချစ်ရေး))

 

 

ဂျက်ဘေးဇော့စ်သည် ဇနီးဟောင်း မက္ကင်ဇီ ဘေးဇော့စ်နှင့် အိမ်ထောင်သက် ၂၅ နှစ်အကြာတွင် ကွာရှင်းပြတ်စဲခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် မိတ်ဆွေမိန်းကလေး ဆန်းချက်ဇ်နှင့် ချစ်ကြိုက်ခဲ့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jeff Bezos and girlfriend Lauren Sanchez have dropped $78 million for a gorgeous beachfront home spread across 14 acres in Maui, Hawaii (people)

 

 

 

 

[Zawgyi]

၁၈ ႏွစ္သမီးအရြယ္က ေလယာဥ္မယ္ျဖစ္ခ်င္ခဲ့ေသာ္လည္း ကိုယ္အေလးခ်ိန္မ်ားေသာေၾကာင့္ ေရြးခ်ယ္ျခင္း မခံရသူ ေလာ္ရန္ ဆန္းခ်က္ဇ္ (ယခု Jeff Bezos ၏ ခ်စ္သူ) ဟာဝိုင္အီရွိ စံအိမ္တစ္လံုးကို ေဒၚလာ ၇၈ သန္းျဖင့္ ဝယ္ယူ

 

Amazon တည္ေထာင္သူ ဂ်က္ေဘးေဇာ့ (Jeff Bezos) ၏ လက္တြဲေဖာ္ ေလာ္ရန္ဆန္းခ်က္ဇ္က ငယ္စဥ္က ၾကံဳေတြ႔ခဲ့ရေသာ စိတ္ပ်က္ဖြယ္ အေတြ႔အၾကံဳတစ္ရပ္ကို ပြင့္လင္းစြာ ထုတ္ေဖာ္ေျပာၾကားလာသည္။

Emmy ဆုရွင္ သတင္းသမား၊ ရဟတ္ယာဥ္မွဴးတစ္ဦးျဖစ္သူ ေလာ္ရန္ဆန္းခ်က္ဇ္က Wall Street Journal ႏွင့္ မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ အင္တာဗ်ဴးတစ္ခုတြင္ ေျပာျပသည္မွာ အသက္ ၁၈ ႏွစ္အရြယ္က ေလယာဥ္မယ္တစ္ဦး ျဖစ္ခ်င္ခဲ့ေၾကာင္း ေျပာသည္။

သို႔ေသာ္ ၁၉၈၉ ခုႏွစ္တြင္ Southwest ေလေၾကာင္းလိုင္းတြင္ ေလယာဥ္မယ္ေနရာအတြက္ ဝင္ေရာက္ ေလွ်ာက္ထားခဲ့ရာ ကိုယ္အေလးခ်ိန္ေၾကာင့္ ေရြးခ်ယ္မခံခဲ့ရေၾကာင္း သူမက ေျပာသည္။

“အဲဒီတုန္းက သူတုိ႔က ကၽြန္မကို ကိုယ္အေလးခ်ိန္ ခ်ိန္ၾကည့္ေတာ့ ၁၂၁ ေပါင္ရွိေနတယ္။ သူတို႔ေျပာတာက.. ၁၁၅ ေပါင္ရွိမွ ရမွာျဖစ္တယ္လို႔ ေျပာပါတယ္”

Southwest ေလေၾကာင္းလိုင္း၏ ဝက္ဘ္ဆိုက္စာမ်က္ႏွာတြင္ ေလယာဥ္မယ္ေလွ်ာက္ထားသူမ်ား၏ လိုအပ္ခ်က္မ်ားကို ေဖာ္ျပထားရာ ၾကည့္ေကာင္းသည့္ ကိုယ္ေနဟန္ထားရွိရန္အတြက္ ကိုယ္အေလးခ်ိန္သည္ အရပ္အျမင့္ႏွင့္ ဆီေလ်ာ္သည့္ အေလးခ်ိန္ျဖစ္ရမည္ဟု ေဖာ္ျပသည္။

ထိုသို႔ အရပ္အျမင့္ႏွင့္ ကိုယ္အေလးခ်ိန္မွ်တမွသာလွ်င္ လုပ္ငန္းေဆာင္တာမ်ားကို မေႏွာင့္ေႏွးေစဘဲ လုပ္ေဆာင္ႏိုင္မည့္ ရုပ္ပိုင္းဆိုင္ရာ စြမ္းရည္ရွိမည္ျဖစ္သည္ဟုလည္း ေဖာ္ျပသည္။

ထို႔အျပင္ ေလွ်ာက္ထားမည့္သူသည္ အနည္းဆံုး အသက္ ၂၀ အရြယ္ရွိရမည္ျဖစ္ကာ အေလးခ်ိန္ ေပါင္ ၅၀ ကို ပုခံုးအျမင့္သို႔ မ,ႏိုင္သူျဖစ္ရမည္ဟူေသာအခ်က္လည္း ပါဝင္သည္။

ယင္းေနာက္ပိုင္းတြင္ ေလာ္ရန္ဆန္းခ်က္ဇ္မွာ Fox Sports၊ Extra ႏွင့္ Good Day သတင္းဌာနမ်ားအတြက္ သတင္းေထာက္အျဖစ္ လုပ္ကိုင္ခဲ့သည္။

သို႔ေသာ္ ဆန္းခ်က္ဇ္၏ မိဘႏွစ္ပါးလံုးမွာ ေလယာဥ္မွဴးမ်ားျဖစ္ၾကရာ ဆန္းခ်က္ဇ္သည္လည္း ေလယာဥ္မွဴး ျဖစ္လိုေသာေၾကာင့္ ေလာ့စ္အိန္ဂ်လိရွိ ေလယာဥ္ေမာင္းသင္တန္းတစ္ခုတြင္ တက္ေရာက္ကာ ရဟတ္ယာဥ္မွဴးလိုင္စင္ရယူခဲ့သည္။

(ဂ်က္ေဘးေဇာ့ႏွင့္ ခ်စ္သူမိန္းကေလး ေလာ္ရန္ ဆန္းခ်က္ဇ္တို႔ ၁၄ ဧကက်ယ္ေသာ ဟာဝိုင္အီမွ ကမ္းေျခစံအိမ္ကို ေဒၚလာ ၇၈ သန္းျဖင့္ ဝယ္ယူျခင္း )

အကယ္၍ သင္သည္ ကမၻာ့အအခ်မ္းသာဆံုး ပုဂၢိဳလ္မ်ားတြင္ ပါဝင္သူတစ္ဦးဆိုပါက ဟာဝိုင္အီရွိ လူသူ အလွမ္းကြာေဝးလွေသာ ေနအိမ္ၾကီးတစ္လုံးကို ဝယ္ရန္ အေတာ္စဥ္းစားလိမ့္မည္ျဖစ္သည္။

သို႔ေသာ္ ဂ်က္ေဘးေဇာ့ႏွင့္ ခ်စ္သူမိန္းကေလး ေလာ္ရန္ ဆန္းခ်က္ဇ္တို႔သည္ကာ ဝယ္ယူခဲ့၏။

ဂ်က္ေဘးေဇာ့တို႔ စံုတြဲသည္ ဟာဝိုင္အီမွ Maui ကၽြန္းေပၚမွ La Perouse Bay ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၇၈ သန္းအထိေပးကာ ဝယ္ယူခဲ့သည္။

စံအိမ္ၾကီးမွာ အထီးက်န္ဆန္ကာ လူသူအလွမ္းကြာေဝးလွျပီး ၁၄ ဧကက်ယ္ေသာ ျခံဝန္းၾကီးအတြင္း တည္ရွိသည္။

ပင္မစံအိမ္မွာ စတုရန္းေပ ၄၅၀၀ ခန္႔က်ယ္ဝန္းျပီး သမုဒၵရာ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ ေနအိမ္ျပင္ပ မီးဖိုေဆာင္တစ္ခု ပါဝင္သည္။

ထို႔အျပင္ စတုရန္းေပ ၁၇၀၀ က်ယ္ဝန္းေသာ ဧည့္ေဂဟာအိမ္ ၁ လံုး ၊ မည္သို႔အသံုးျပဳသည္ မသိရေသာ အေဆာက္အအံုငယ္မ်ားစြာအျပင္ စတုရန္းေပ ၇၀၀ ရွိေသာ ေရကူးကန္ၾကီး ၁ ခုလည္းပါဝင္သည္။

အေဆာက္အအံုအားလံုးမွာ တစ္ထပ္အေဆာက္အအံုမ်ားျဖစ္ျပီး အေဆာက္အအံုမ်ားေဘးတြင္ ျမက္ခင္းမ်ားႏွင့္ အုန္းပင္မ်ား ဝန္းပတ္တည္ရွိသည္။

Maui ကၽြန္း၏ အေနာက္ေတာင္ဘက္ လူသူေနထုိင္မႈ က်ဲပါးေသာေနရာတြင္ တည္ရွိသည့္ ကမ္းေျခစံအိမ္ၾကီး ျဖစ္သည္။

Maui ကၽြန္း၏ အၾကီးမားဆံုးျမိဳ႕ၾကီး Kahului ျမိဳ႕၊ ကမၻာလွည့္ခရီးသြားမ်ား လာေရာက္ရာေနရာမ်ားမွ အလွမ္းကြာသည္။

အနီးဆံုးျမိဳ႕ျဖစ္ေသာ Kihei ၏ ေတာင္ဘက္ ၉ မိုင္ခန္႔ေဝးကြာသည္။

သတင္းမ်ားအရ ေနအိမ္ကို ယခင္ကပိုင္ဆိုင္ခဲ့သူမွာ ေကာ္လုိရာဒို အေျခစိုက္စြမ္းအင္လုပ္ငန္းရွင္ Doug Schatz ျဖစ္သည္ဟု ဆုိသည္။

Doug Schatz က သူ၏ စီးပြားဖက္မ်ားႏွင့္အတူ ၁၉၉၆ ခုႏွစ္အတြင္း ယခုစံအိမ္ကို ကန္ေဒၚလာ ၄ ဒသမ ၂ သန္းျဖင့္ ဝယ္ယူခဲ့သည္။

၁၉၉၉ ခုႏွစ္တြင္ Doug Schatz ႏွင့္ဇနီးက စံအိမ္ဝန္းတစ္ခုလံုးကို ဝယ္ယူလိုက္ကာ ေငြမ်ားစြာ သံုးစြဲျပီး စိတ္ၾကိဳက္ျပန္လည္ မြမ္းမံခဲ့သည္။

((ဂ်က္ေဘးေဇာ့စ္ႏွင့္ ဆန္းခ်က္ဇ္တို႔၏ အခ်စ္ေရး))

ဂ်က္ေဘးေဇာ့စ္သည္ ဇနီးေဟာင္း မကၠင္ဇီ ေဘးေဇာ့စ္ႏွင့္ အိမ္ေထာင္သက္ ၂၅ ႏွစ္အၾကာတြင္ ကြာရွင္းျပတ္စဲခဲ့ျပီးေနာက္ ၂၀၁၉ ခုႏွစ္တြင္ မိတ္ေဆြမိန္းကေလး ဆန္းခ်က္ဇ္ႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jeff Bezos and girlfriend Lauren Sanchez have dropped $78 million for a gorgeous beachfront home spread across 14 acres in Maui, Hawaii (people)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service