တိုက်တန်းနစ်ဇာတ်ကားထွက်ရှိပြီး ၂ နှစ်အကြာတွင် မွေးသည့် မိန်းကလေးနှင့်ချစ်ကြိုက်နေသူ လီယိုနာဒို ဒီကာပရီယို၊ အော်စကာဆုရ Revenant ဇာတ်ကားရိုက်ကူးစဉ် ဒီကာပရီယို နေထိုင်ခဲ့သော စံအိမ်

တိုက်တန်းနစ်ဇာတ်ကားထွက်ရှိပြီး ၂ နှစ်အကြာတွင် မွေးသည့် မိန်းကလေးနှင့်ချစ်ကြိုက်နေသူ လီယိုနာဒို ဒီကာပရီယို၊ အော်စကာဆုရ Revenant ဇာတ်ကားရိုက်ကူးစဉ် ဒီကာပရီယို နေထိုင်ခဲ့သော စံအိမ် - Property News in Myanmar from iMyanmarHouse.com
30 Jan 2023 9:56 am တွင် တင်ခဲ့သည်
2024 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် ရုပ်ရှင်မင်းသမီး ဗစ်တိုးရီးယား လားမားစ် (၂၃ နှစ်) နှင့် ဟောလိဝုဒ်တွင် အတူချိန်းတွေ့သွားလာနေသည်ကို တွေ့ခဲ့ကြရသည်။

ဒီကာပရီယိုသည် အသက် ၂၇ နှစ်အရွယ်ရှိ စူပါမော်ဒယ် Gigi Hadid နှင့် ချစ်ကြိုက်နေသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေစဉ်တွင်ပင် ဗစ်တိုးရီးယားနှင့် တွဲနေသည်ကို တွေ့လိုက်ရခြင်းလည်း ဖြစ်သည်။

ဗစ်တိုးရီးယား၏ ဖခင်က ပြောသည်မှာ သမီးဖြစ်သူသည် လီယိုနာဒို ဒီကာပရီယိုကို အလွန် ကြွေနေကြောင်း ပြောကြားခဲ့ဖူးသည်။

အော်စကာဆုရှင် ဒီကာပရီယိုသည် မကြာသေးမီနှစ်ပိုင်းအတွင်း အသက် ၂၅ နှစ်ထက်ကြီးသည့် မိန်းကလေး များကို မည်သည့်အခါမှ မတွဲတော့သူအဖြစ်လည်း နာမည်ကြီးသည်။

ပြီးခဲ့သော ဒီဇင်ဘာလကုန်ပိုင်းတွင် ဒီကာပရီယိုနှင့် ဗစ်တိုးရီးယားတို့ ကားတစ်စီးအတွင်း နှစ်ယောက်အတူ ဝင်သွားသည်ကို တွေ့ခဲ့ကြရသည်။

ဗစ်တိုးရီးယားသည် ရုပ်ရှင်သရုပ်ဆောင် Lorenzo Lamas ၏ သမီးဖြစ်ပြီး ကမ္ဘာကျော် တိုက်တန်းနစ် ဇာတ်ကားကြီး (၁၉၉၇ ခုနှစ်) ထွက်ရှိအပြီး ၂ နှစ်အကြာတွင် မွေးဖွားသူ ဖြစ်သည်။

ဒီကာပရီယိုနှင့် ဗစ်တိုးရီးယားတို့သည် The Birds Street ကလပ်ထဲမှ သီးခြားစီထွက်လာခဲ့ပြီးနောက် ကားတစ်စီးပေါ် ၂ ဦးအတူ တက်သွားကြပြီး ကားထဲတွင် ဒီကာပရီယိုမှာ ရယ်မောနောက်ပြောင်နေပုံများလည်း တွေ့ရသည်။

 

 

(အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဟောလိဝုဒ်ကြယ်ပွင့် လီယိုနာဒို ဒီကာပရီယိုသည် ရုပ်ရှင်မင်းသမီး ဗစ်တိုးရီးယား လားမားစ် (၂၃ နှစ်) နှင့် တွဲနေသည်ကို တွေ့ခဲ့ကြရသည်)

 

 

 

 

(ဗစ်တိုးရီးယားသည် ရုပ်ရှင်သရုပ်ဆောင် Lorenzo Lamas ၏ သမီးဖြစ်ပြီး ကမ္ဘာကျော် တိုက်တန်းနစ် ဇာတ်ကားကြီး (၁၉၉၇ ခုနှစ်) ထွက်ရှိအပြီး ၂ နှစ်အကြာတွင် မွေးဖွားသူ ဖြစ်သည်။)

ဒီကာပရီယိုသည် အနက်ရောင်တီရှပ် ၊ အဟောင်းပုံဖြစ်စေရန် ကျောက်ဖြင့်ပွတ်တိုက်ထားသည့်ဟန် ဂျင်းဘောင်းဘီ ၊ အနက်ရောင်ဂျာကင်အင်္ကျီတို့ဖြင့် ထသွားထလာဟန် ဝတ်ဆင်ထားပြီး ကားတစ်စီးပေါ်သို့ ဗစ်တိုးရီးယားနှင့်အတူ တက်သွားခဲ့သည်။

 

(လီယိုနာဒိုနှင့် ဗစ်တိုးရီးယားတို့ ကားတစ်စီးပေါ်တက်သွားခဲ့ပြီး ကားအတွင်း လီယိုနာဒိုမှာ ရယ်မောနောက်ပြောင်နေပုံ တွေ့ရသည်။)

 

(လီယိုနာဒိုကို သူ၏ ဝတ်စားဆင်ယင်ဟန်ဖြစ်သော ဘေ့စ်ဘောဦးထုပ်နှင့်အတူ တွေ့ရသည်။)

 

(ဗစ်တိုးရီးယားကို အနားပွဘောင်းဘီ ၊ အနက်ရောင်ဂျာကင်တို့နှင့်အတူ တွေ့ရသည်။)

 

 

(၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့သော တိုက်တန်းနစ်ဇာတ်ကားကြီးတွင် လီယိုနာဒိုက ဂျက်ခ် ဒေါ်ဆင်အဖြစ် ပါဝင်သရုပ်ဆောင်ကာ ပရိသတ်များကို ဖမ်းစားခဲ့ချိန်က ဗစ်တိုးရီးယားမှာ မွေးပင်မမွေးသေးချေ။)

 

(ကားတစ်စီးပေါ်သို့ လီယိုနာဒိုနှင့်အတူ ဗစ်တိုးရီးယားတက်သွားပုံ။)

 

 

 

(ဗစ်တိုးရီးယားသည် အင်စတာဂရမ်တွင် ဖော်လိုဝါ ၂၂၀၀၀ ရှိသော ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်သည်။)

 

(လီယိုနာဒိုနှင့် ဗစ်တိုးရီးယားတို့သည် ကလပ်ထဲမှ သီးခြားစီ ထွက်လာခဲ့ကြခြင်း ဖြစ်သည်။)

 

 

(အော်စကာ ၃ ဆုရ The Revenant ဇာတ်ကားရိုက်ကူးခဲ့ချိန်က လီယိုနာဒို နေထိုင်ခဲ့သော စံအိမ် )

 

((အော်စကာ ၃ ဆုရ The Revenant ဇာတ်ကား))

The Revenant သည် ၂၀၁၆ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သော ရုပ်ရှင်ဖြစ်ပြီး စီးပွားရေးအရသာမက အနုပညာအရလည်း အောင်မြင်ခဲ့သော ဇာတ်ကားဖြစ်သည်။

ကမ္ဘာတစ်ဝန်းပြသရာတွင် ကန်ဒေါ်လာ ၅၃၃ သန်း ထိရရှိထားသည်။ ၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် အဆိုပါ ဇာတ်ကားမှာ ဆုပေါင်း ၁၂ ဆုအတွက် ဇကာတင်စာရင်းဝင် ခဲ့ပြီး အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု (လီယိုနာဒို) ၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆုနှင့် အကောင်းဆုံး ဒါရိုက်တာဆုများ ရရှိခဲ့သည်။

((ဇာတ်ကားရိုက်ကူးစဉ် ဒီကာပရီယို နေထိုင်ခဲ့သောစံအိမ်))

 

အဆိုပါ ဇာတ်ကားရိုက်ကူးစဉ် လီယိုနာဒို နေထိုင်ခဲ့သော စံအိမ်မှာ ကနေဒါနိုင်ငံရှိ တောင်တန်းများထူထပ်သော Alberta ပြည်နယ်တွင် တည်ရှိပြီး ၂၀၀၉ ခုနှစ်က ဆောက်လုပ်ခဲ့သည့် စံအိမ်ဖြစ်သည်။

ရင်သပ်ရှုမောဖွယ် တောင်ပေါ်ရှုခင်းများ ပိုင်ဆိုင်ထားသော စံအိမ်၏ ခြံအကျယ်မှာ ၂ ဧကရှိပြီး တန်ကြေးမှာ ဒေါ်လာ ၆ ဒသမ ၉ သန်းခန့် ရှိသည်။

 

စံအိမ်အတွင်း အိပ်ခန်း ၇ ခန်း ၊ ရေချိုးခန်း ၈ ခန်း ၊ အားကစားလေ့ကျင့်ခန်းမ ၊ ရုပ်ရှင်ရုံတစ်ခုနှင့် ဓာတ်လှေကားတစ်စင်းတို့ ပါဝင်သည်။

အဆိုပါ စံအိမ်သည် ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် အရောင်းဈေးကွက် ဝင်ခဲ့ဖူးသည်။

 

ခြံဝန်းအတွင်း ဘတ်စကတ်ဘောကွင်းတစ်ခုနှင့် တင်းနစ်ကွင်းတစ်ခုတို့ ရှိသည်။

အဆိုပါ စံအိမ်အတွင်း Fargo ဇာတ်လမ်းတွဲလည်း ရိုက်ကူးခဲ့ဖူးသည်။ ပင်မအိပ်ခန်းတွင် စာဖတ်ခန်းတစ်ခန်းလည်း ပါဝင်သည်။

အောက်ထပ်တွင် အလျား ၂၅ မီတာရှိသော ရေကူးကန်နှင့် Spa အသွင် ရေပူကန်တစ်ခုတို့ ရှိသည်။

 

ခြံဝန်းအတွင်း လေနှင့် ရေတို့တိုက်စားထားသည့် သဲကျောက်တုံးကြီးများ ၊ ပန်းဥယျာဉ်များ ရှိသည်။

အဆိုပါ ခြံဝန်းသည် ပွဲလမ်းများနှင့် ပါတီပွဲများ ကျင်းပရန် ပြီးပြည့်စုံသော နေရာတစ်ခု ဖြစ်သည်။

 

မီးဖိုဆောင်တွင် စကျင်ကျောက်ပြား မျက်နှာပြင်ခင်း ချက်ပြုတ်ခုံများ ၊ စတီးမီးဖိုဆောင်သုံး ပစ္စည်းများ ပါဝင်ပြီး စံအိမ်အလယ် မြေကွက်ဆီသို့ ပေါက်သည်။

ထို့အပြင် ကား ၆ စီးဆန့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်သေးသည်။

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: Sorry Gigi! Leonardo DiCaprio, 48, has a new girl as he enjoys cozy date with actress Victoria Lamas, 23, who was born TWO YEARS after Titanic was released - following ex Camila Morrone getting 'aged out' at 25(dailymail)

 

 

 

[Zawgyi]

 

တိုက္တန္းနစ္ဇာတ္ကားထြက္ရွိျပီး ၂ ႏွစ္အၾကာတြင္ ေမြးသည့္ မိန္းကေလးႏွင့္ခ်စ္ၾကိဳက္ေနသူ လီယိုနာဒို ဒီကာပရီယို၊ ေအာ္စကာဆုရ Revenant ဇာတ္ကားရိုက္ကူးစဥ္ ဒီကာပရီယို ေနထိုင္ခဲ့ေသာ စံအိမ္

 

အသက္ ၄၈ ႏွစ္ရွိျပီျဖစ္ေသာ ေဟာလိဝုဒ္ၾကယ္ပြင့္ လီယိုနာဒို ဒီကာပရီယိုသည္ ရုပ္ရွင္မင္းသမီး ဗစ္တိုးရီးယား လားမားစ္ (၂၃ ႏွစ္) ႏွင့္ ေဟာလိဝုဒ္တြင္ အတူခ်ိန္းေတြ႔သြားလာေနသည္ကို ေတြ႔ခဲ့ၾကရသည္။

ဒီကာပရီယိုသည္ အသက္ ၂၇ ႏွစ္အရြယ္ရွိ စူပါေမာ္ဒယ္ Gigi Hadid ႏွင့္ ခ်စ္ၾကိဳက္ေနသည္ဟူေသာ ခန္႔မွန္းခ်က္မ်ား ထြက္ေပၚေနစဥ္တြင္ပင္ ဗစ္တိုးရီးယားႏွင့္ တြဲေနသည္ကို ေတြ႔လုိက္ရျခင္းလည္း ျဖစ္သည္။

ဗစ္တိုးရီးယား၏ ဖခင္က ေျပာသည္မွာ သမီးျဖစ္သူသည္ လီယိုနာဒို ဒီကာပရီယိုကို အလြန္ ေၾကြေနေၾကာင္း ေျပာၾကားခဲ့ဖူးသည္။

ေအာ္စကာဆုရွင္ ဒီကာပရီယိုသည္ မၾကာေသးမီႏွစ္ပိုင္းအတြင္း အသက္ ၂၅ ႏွစ္ထက္ၾကီးသည့္ မိန္းကေလး မ်ားကို မည္သည့္အခါမွ မတြဲေတာ့သူအျဖစ္လည္း နာမည္ၾကီးသည္။

ျပီးခဲ့ေသာ ဒီဇင္ဘာလကုန္ပုိင္းတြင္ ဒီကာပရီယိုႏွင့္ ဗစ္တိုးရီးယားတို႔ ကားတစ္စီးအတြင္း ႏွစ္ေယာက္အတူ ဝင္သြားသည္ကို ေတြ႔ခဲ့ၾကရသည္။

ဗစ္တိုးရီးယားသည္ ရုပ္ရွင္သရုပ္ေဆာင္ Lorenzo Lamas ၏ သမီးျဖစ္ျပီး ကမၻာေက်ာ္ တိုက္တန္းနစ္ ဇာတ္ကားၾကီး (၁၉၉၇ ခုႏွစ္) ထြက္ရွိအျပီး ၂ ႏွစ္အၾကာတြင္ ေမြးဖြားသူ ျဖစ္သည္။

ဒီကာပရီယိုႏွင့္ ဗစ္တိုးရီးယားတို႔သည္ The Birds Street ကလပ္ထဲမွ သီးျခားစီထြက္လာခဲ့ျပီးေနာက္ ကားတစ္စီးေပၚ ၂ ဦးအတူ တက္သြားၾကျပီး ကားထဲတြင္ ဒီကာပရီယိုမွာ ရယ္ေမာေနာက္ေျပာင္ေနပံုမ်ားလည္း ေတြ႔ရသည္။

(အသက္ ၄၈ ႏွစ္ရွိျပီျဖစ္ေသာ ေဟာလိဝုဒ္ၾကယ္ပြင့္ လီယိုနာဒို ဒီကာပရီယိုသည္ ရုပ္ရွင္မင္းသမီး ဗစ္တိုးရီးယား လားမားစ္ (၂၃ ႏွစ္) ႏွင့္ တြဲေနသည္ကို ေတြ႔ခဲ့ၾကရသည္)

(ဗစ္တိုးရီးယားသည္ ရုပ္ရွင္သရုပ္ေဆာင္ Lorenzo Lamas ၏ သမီးျဖစ္ျပီး ကမၻာေက်ာ္ တိုက္တန္းနစ္ ဇာတ္ကားၾကီး (၁၉၉၇ ခုႏွစ္) ထြက္ရွိအျပီး ၂ ႏွစ္အၾကာတြင္ ေမြးဖြားသူ ျဖစ္သည္။)

ဒီကာပရီယိုသည္ အနက္ေရာင္တီရွပ္ ၊ အေဟာင္းပံုျဖစ္ေစရန္ ေက်ာက္ျဖင့္ပြတ္တိုက္ထားသည့္ဟန္ ဂ်င္းေဘာင္းဘီ ၊ အနက္ေရာင္ဂ်ာကင္အကၤ်ီတို႔ျဖင့္ ထသြားထလာဟန္ ဝတ္ဆင္ထားျပီး ကားတစ္စီးေပၚသုိ႔ ဗစ္တိုးရီးယားႏွင့္အတူ တက္သြားခဲ့သည္။

(လီယိုနာဒိုႏွင့္ ဗစ္တိုးရီးယားတို႔ ကားတစ္စီးေပၚတက္သြားခဲ့ျပီး ကားအတြင္း လီယိုနာဒုိမွာ ရယ္ေမာေနာက္ေျပာင္ေနပံု ေတြ႔ရသည္။)

(လီယိုနာဒိုကို သူ၏ ဝတ္စားဆင္ယင္ဟန္ျဖစ္ေသာ ေဘ့စ္ေဘာဦးထုပ္ႏွင့္အတူ ေတြ႔ရသည္။)

(ဗစ္တုိးရီးယားကို အနားပြေဘာင္းဘီ ၊ အနက္ေရာင္ဂ်ာကင္တို႔ႏွင့္အတူ ေတြ႔ရသည္။)

(၁၉၉၇ ခုႏွစ္က ထြက္ရွိခဲ့ေသာ တုိက္တန္းနစ္ဇာတ္ကားၾကီးတြင္ လီယိုနာဒိုက ဂ်က္ခ္ ေဒၚဆင္အျဖစ္ ပါဝင္သရုပ္ေဆာင္ကာ ပရိသတ္မ်ားကို ဖမ္းစားခဲ့ခ်ိန္က ဗစ္တိုးရီးယားမွာ ေမြးပင္မေမြးေသးေခ်။)

(ကားတစ္စီးေပၚသို႔ လီယိုနာဒိုႏွင့္အတူ ဗစ္တိုးရီးယားတက္သြားပံု။)

(ဗစ္တိုးရီးယားသည္ အင္စတာဂရမ္တြင္ ေဖာ္လုိဝါ ၂၂၀၀၀ ရွိေသာ ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္သည္။)

(လီယိုနာဒိုႏွင့္ ဗစ္တိုးရီးယားတို႔သည္ ကလပ္ထဲမွ သီးျခားစီ ထြက္လာခဲ့ၾကျခင္း ျဖစ္သည္။)

(ေအာ္စကာ ၃ ဆုရ The Revenant ဇာတ္ကားရုိက္ကူးခဲ့ခ်ိန္က လီယိုနာဒို ေနထုိင္ခဲ့ေသာ စံအိမ္ )

((ေအာ္စကာ ၃ ဆုရ The Revenant ဇာတ္ကား))

The Revenant သည္ ၂၀၁၆ ခုႏွစ္က ရိုက္ကူးထုတ္လုပ္ခဲ့ေသာ ရုပ္ရွင္ျဖစ္ျပီး စီးပြားေရးအရသာမက အႏုပညာအရလည္း ေအာင္ျမင္ခဲ့ေသာ ဇာတ္ကားျဖစ္သည္။

ကမၻာတစ္ဝန္းျပသရာတြင္ ကန္ေဒၚလာ ၅၃၃ သန္း ထိရရွိထားသည္။ ၈၈ ၾကိမ္ေျမာက္ ေအာ္စကာဆုေပးပြဲတြင္ အဆုိပါ ဇာတ္ကားမွာ ဆုေပါင္း ၁၂ ဆုအတြက္ ဇကာတင္စာရင္းဝင္ ခဲ့ျပီး အေကာင္းဆံုးဇာတ္ေဆာင္မင္းသားဆု (လီယိုနာဒို) ၊ အေကာင္းဆံုးရုပ္ရွင္ဓာတ္ပံုဆုႏွင့္ အေကာင္းဆံုး ဒါရိုက္တာဆုမ်ား ရရွိခဲ့သည္။

((ဇာတ္ကားရိုက္ကူးစဥ္ ဒီကာပရီယို ေနထိုင္ခဲ့ေသာစံအိမ္))

အဆိုပါ ဇာတ္ကားရုိက္ကူးစဥ္ လီယိုနာဒို ေနထုိင္ခဲ့ေသာ စံအိမ္မွာ ကေနဒါႏိုင္ငံရွိ ေတာင္တန္းမ်ားထူထပ္ေသာ Alberta ျပည္နယ္တြင္ တည္ရွိျပီး ၂၀၀၉ ခုႏွစ္က ေဆာက္လုပ္ခဲ့သည့္ စံအိမ္ျဖစ္သည္။

ရင္သပ္ရႈေမာဖြယ္ ေတာင္ေပၚရႈခင္းမ်ား ပိုင္ဆုိင္ထားေသာ စံအိမ္၏ ျခံအက်ယ္မွာ ၂ ဧကရွိျပီး တန္ေၾကးမွာ ေဒၚလာ ၆ ဒသမ ၉ သန္းခန္႔ ရွိသည္။

စံအိမ္အတြင္း အိပ္ခန္း ၇ ခန္း ၊ ေရခ်ိဳးခန္း ၈ ခန္း ၊ အားကစားေလ့က်င့္ခန္းမ ၊ ရုပ္ရွင္ရံုတစ္ခုႏွင့္ ဓာတ္ေလွကားတစ္စင္းတို႔ ပါဝင္သည္။

အဆိုပါ စံအိမ္သည္ ေဒၚလာ ၆ ဒသမ ၂ သန္းျဖင့္ အေရာင္းေစ်းကြက္ ဝင္ခဲ့ဖူးသည္။

ျခံဝန္းအတြင္း ဘတ္စကတ္ေဘာကြင္းတစ္ခုႏွင့္ တင္းနစ္ကြင္းတစ္ခုတို႔ ရွိသည္။

အဆိုပါ စံအိမ္အတြင္း Fargo ဇာတ္လမ္းတြဲလည္း ရုိက္ကူးခဲ့ဖူးသည္။ ပင္မအိပ္ခန္းတြင္ စာဖတ္ခန္းတစ္ခန္းလည္း ပါဝင္သည္။

ေအာက္ထပ္တြင္ အလ်ား ၂၅ မီတာရွိေသာ ေရကူးကန္ႏွင့္ Spa အသြင္ ေရပူကန္တစ္ခုတို႔ ရွိသည္။

ျခံဝန္းအတြင္း ေလႏွင့္ ေရတို႔တိုက္စားထားသည့္ သဲေက်ာက္တံုးၾကီးမ်ား ၊ ပန္းဥယ်ာဥ္မ်ား ရွိသည္။

အဆိုပါ ျခံဝန္းသည္ ပြဲလမ္းမ်ားႏွင့္ ပါတီပြဲမ်ား က်င္းပရန္ ျပီးျပည့္စံုေသာ ေနရာတစ္ခု ျဖစ္သည္။

မီးဖိုေဆာင္တြင္ စက်င္ေက်ာက္ျပား မ်က္ႏွာျပင္ခင္း ခ်က္ျပဳတ္ခံုမ်ား ၊ စတီးမီးဖိုေဆာင္သံုး ပစၥည္းမ်ား ပါဝင္ျပီး စံအိမ္အလယ္ ေျမကြက္ဆီသို႔ ေပါက္သည္။

ထို႔အျပင္ ကား ၆ စီးဆန္႔ ဂိုေဒါင္တစ္လံုးလည္း ပါဝင္ေသးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: EXCLUSIVE: Sorry Gigi! Leonardo DiCaprio, 48, has a new girl as he enjoys cozy date with actress Victoria Lamas, 23, who was born TWO YEARS after Titanic was released - following ex Camila Morrone getting 'aged out' at 25(dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service