ဂင်္ဂါမြစ်မှ ဘဝများ- ဒဏ္ဍာရီများ၊ ဗာရာဏသီမှ ဂတ်များ၊ လမ်းပေါ်မှကလေးများနှင့် အိန္ဒိယ၏ အထွတ်အမြတ် မြစ်ကမ်းပေါ်တွင် နေထိုင်ဖြတ်သန်းကြသော ဆာဒူးကြီးများ

ဂင်္ဂါမြစ်မှ ဘဝများ- ဒဏ္ဍာရီများ၊ ဗာရာဏသီမှ ဂတ်များ၊ လမ်းပေါ်မှကလေးများနှင့် အိန္ဒိယ၏ အထွတ်အမြတ် မြစ်ကမ်းပေါ်တွင် နေထိုင်ဖြတ်သန်းကြသော ဆာဒူးကြီးများ - Property News in Myanmar from iMyanmarHouse.com
27 Jan 2023 11:28 am တွင် တင်ခဲ့သည်
951 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(မှတ်ချက်။ Daily Mail တွင်ဖော်ပြသော Life on the Ganges ကို ဆီလျော်အောင်မြန်မာပြန်ဆိုပါသည်။ iMyanmarHouse.com Team)

♦ အထွတ်အမြတ်ထားသော ဂင်္ဂါမြစ်၏ ရေပြင်ဆီ ဦးတည်သောဆင်းသွားသော လှေကားထစ်များကို အိန္ဒိယတွင် ဂတ်ဟုခေါ်ကြသည်။

♦ ဂတ်ဟူသော လှေကားထစ်များပေါ်တွင် ခြိုးခြံသောအကျင့်ရှိသည့် ဟိန္ဒူဆာဒူးကြီးများကို ကမ္ဘာတစ်ဝန်းမှ ဘုရားဖူးခရီးသည်များနှင့်အတူ တွေ့ရမည် ဖြစ်သည်။

♦ ဒေသခံများနှင့် ၎င်းတို့၏ ကလေးငယ်များသည်လည်း ဂတ်များပေါ်တွင် ဘုရားဝတ်ပြုခြင်း၊ အလုပ်လုပ်ခြင်း များလုပ်ကာ အချိန်ကုန်လွန်ဖြတ်သန်းကြသည်။

♦ ဆောင်းပါးပါဓာတ်ပုံများမှာ အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ် ၊ ဗာရာဏသီမြို့သို့ ခရီးထွက်ခဲ့သည့် အမေရိကန်ဓာတ်ပုံဆရာ Vicente Pamparo ရိုက်ကူးခဲ့သော ဓာတ်ပုံများ ဖြစ်သည်။

♦ ဗာရာဏသီသည် ဟိန္ဒူတို့၏ အထွတ်အမြတ်မြို့ ၇ ခုတွင် အပါအဝင်ဖြစ်ပြီး သီဝဘုရားက တည်ထောင်ခဲ့ သည့်မြို့ဖြစ်သည်ဟု ယုံကြည်ကြသည်။

ငွေကြေးပြဿနာများအတွက်၊ ကလေးများ၏ ရောဂါဘယများ ပျောက်ကင်းရေးနှင့် မကောင်းမှုများ ဆေးကြောရေးအတွက် အိန္ဒိယနိုင်ငံ ၊ ဗာရာဏသီမြို့သို့ လာရောက်ကြသူများ အမြဲမပြတ်ရှိသည်။ သို့သော် ၎င်းတို့လာကြသည့်နေရာကား နတ်ကွန်းတစ်ခုခုသို့ မဟုတ်။

၎င်းတို့လာကြသည်မှာ ဗာရာဏသီမြို့မှ ဂင်္ဂါမြစ်နှင့် ဂင်္ဂါမြစ်ကမ်းတွင် နေထိုင်ကြသော ဆာဒူးကြီးများထံသို့ ဖြစ်၏။

ဟိန္ဒူဘာသာ၏ မြင့်မြတ်သောမြို့ ၇ ခုအနက်မှ အမြင့်မြတ်ဆုံးနေရာ၊ ဂင်္ဂါမြစ်ဆီသို့ ဦးတည်ဆင်းသွားသည့် ဂတ်များသည် အိန္ဒိယရှိ မည်သည့်နေရာထက်မဆို ပိုမိုမြင့်မြတ်သူများ၏ နေရာဖြစ်သည်။

ရေစပ်မှ ၎င်းတို့၏ ခြိုးခြံသော ဘဝနေဟန်မှာ အမေရိကန်ဓာတ်ပုံဆရာ Vicente Pamparo ရိုက်ကူးခဲ့သော အံ့အားသင့်ဖွယ် ဓာတ်ပုံများ၏ အဓိကအကြောင်းအရာလည်း ဖြစ်သည်။

 

 

(အိန္ဒိယနိုင်ငံ၊ ဥတာ ပရာဒက်ရှ်ပြည်နယ်၊ ဗာရာဏသီမြို့မှ အထွတ်အမြတ်ဖြစ်သော ဂင်္ဂါမြစ်ဆီသို့ ဦးတည်ဆင်းသွားသည့် ဂတ် -သို့မဟုတ် လှေကားထစ်များမှ တစ်ခုတွင် တရားအားထုတ်နေသည့် ဆာဒူးကြီး တစ်ပါး)

 

(မျက်နှာတွင် ရိုးရာဓလေ့ ဆေးတို့ထားသည့် ဆာဒူးကြီးတစ်ပါး)

 

 

(ဆာဒူးကြီးအများစုသည် သီဝဘုရားကို ရည်စူးသည့် ရွှေဝါရောင် -သို့မဟုတ် ဗိဿနိုးကို ရည်စူးသည့် အဖြူရောင်တို့ ဆင်မြန်းလေ့ရှိကြသည်။)

 

(ဗာရာဏသီမြို့သည် ဂင်္ဂါမြစ်ကမ်းတွင် တည်ရှိပြီး ဟိန္ဒူဘုရား သီဝက ခရစ်တော်မပေါ်မီ ထောင်စုနှစ် ၃ ခုခန့်၌ တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြသည်)

 

(ဂတ်များဘေးတွင် ဆိုက်ကပ်ထားသော လှေတစ်စင်းပေါ်၌ သက်ကြီးပိုင်းအမျိုးသားတစ်ဦးကို တွေ့ရပုံ)

 

(ဗာရာဏသီရှိ ဂတ်များပေါ်တွင် နေထိုင်သော သီဝကိုးကွယ်သူတစ်ဦး)

 

 

“ဘာသာရေးဝတ်ပြုသူတွေ၊ တရားအားထုတ်သူတွေ အများစုရဲ့ နေ့စဉ်ဘဝဟာ ဂတ်တွေနားမှာ ကျင်လည်ပေါ်ပေါက်ပါတယ်။ ကျွန်တော်က ဂတ်တွေတစ်လျှောက် ရက်သတ္တပတ်ပေါင်းများစွာ လမ်းလျှောက် ကုန်လွန်ရင်း ဒီဒေသမှာ ပေါ်ပေါက်သမျှအရာတိုင်းကို မှတ်တမ်းတင်ပါတယ်”ဟု အမေရိကန်ဓာတ်ပုံဆရာ Pamparo က ပြောသည်။

သို့သော် Pamparo ကို တကယ်စိတ်ဝင်စားစေသည်ကား ဆာဒူးကြီးများ ဖြစ်သည်။

“ဗာရာဏသီဟာ ဟိန္ဒူဘာသာရ့ အထွတ်အမြတ်မြို့ ၇ မြို့အနက် အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်တဲ့နေရာဖြစ်ပါတယ်”ဟု ဟု ၎င်းက ရှင်းပြသည်။

“ဒီဒေသကိုလာတဲ့ ဆာဒူးကြီးတွေဟာ ပုံမှန်လူနေမှုဘဝကို စွန့်လွှတ်ပြီး ခြိုးခြံတဲ့အကျင့်ကျင့်သူတွေဖြစ်ပါတယ်။ သူတို့ဟာ သာသနာ့ဘောင် နေထိုင်မှုပုံစံမျိုးနဲ့ နေထိုင်ပြီး ဘာသာရေးခြေသလုံးအိမ်တိုင် နေထိုင်သူတွေ ဖြစ်ပါတယ်”

“ယေဘုယျအားဖြင့် ဒီလိုခြိုးခြံတဲ့အကျင့်ကျင့်သူတွေဟာ ဆင်းဆင်းရဲရဲနေထိုင်ကြပြီး အိမ်ထောင်မပြုသူ (ဗြဟ္မစရိယကျင့်သူ) တွေဖြစ်ပါတယ်။ အသက်ရှင်ရပ်တည်ဖို့အတွက် လှူဖွယ်ပစ္စည်းတွေအပေါ် အဓိက မှီခိုနေထိုင်ကြတယ်။ သူတို့ကို အများအားဖြင့် တောင်ဝှေးတစ်ချောင်း၊ ရေအိုးတစ်လုံး၊ အလှူခံဖလားတစ်ခု၊ တခါတရံမှာ လူခေါင်ခွံတစ်ခုနဲ့ တွေ့ရလေ့ရှိပါတယ်”

 

 

 

(သီဝကိုးကွယ်သူတစ်ဦးကို ရွှေဝါရောင်ဝတ်စုံဖြင့် တွေ့ရပုံ)

 

 

(ဂင်္ဂါမြစ်ကမ်းတွင် နေထိုင်သော ဆာဒူးငယ်တစ်ဦး)

 

(လူငယ်ဘုရားဖူးစုံတွဲ ဝတ်ပြုမှုမှ အနားယူစဉ် တရားထိုင်ခြင်း၊ ကျောက်တုံးလှေကားထစ်များပေါ် ဖျာခင်းကာ အိပ်စက်အနားယူခြင်းများ ပြုလုပ်ကြသည်)

 

(ဂင်္ဂါမြစ်ကမ်းသို့ လာရောက်သော ဘုရားဖူးများ)

 

(ဂင်္ဂါမြစ်ကမ်းမှ ဂတ်များသည် အမြဲလူသူရှုပ်ထွေးနေလေ့ရှိ)

 

(ဂင်္ဂါမြစ်ကမ်းရှိ ဂတ်တစ်ခုပေါ်တွင် စွန့်ပစ်ထားသော စက်ဘီးတစ်စင်း)

 

(မြူထုရစ်သိုင်းထားသော ဂင်္ဂါမြစ်ဆီသို့ သွားရောက်နေသည့် ဘုရားဖူးတစ်ဦး)

 

(မြင့်မြတ်သော အထွတ်အမြတ်နေရာဖြစ်သော ဂင်္ဂါမြစ်ကမ်းမှာ လူသူပြတ်သည်ဟု မရှိချေ)

 

(ဂင်္ဂါမြစ်၏ ဖြူလွလွသဲသောင်ပြင်တွင် မြင်းစီးနေသော ကလေးငယ် ၂ ဦး)

 

လူဦးခေါင်းခွံများနှင့်အတူ တွေ့ရသူများကို Aghori ဟုလူသိများပြီး ဆာဒူးများတွင် ပါဝင်ပြီး ခြိုးခြံမှုထက်ပိုမိုသော အကျင့်သီလရှိကာ ကျင့်ကြံအားထုတ်မှုမျိုး ပြုလုပ်ကြသည်။

Aghori တို့သည် လူသေအလောင်းများပေါ် တရားအားထုတ်ခြင်းများ၊ တခါတရံတွင် လူသားစားခြင်းများပါ ပြုလုပ်ကြသည်ဟု ဆိုသည်။

Pamparo က ပြောသည်မှာ ၎င်း၏ စိတ်အစဉ်ကို ဆာဒူးကြီးများက ဆွဲဆောင်သော်လည်း ဒေသတွင်းကလေးငယ်များကို အထူးသဘောကျမိကြောင်း ပြောသည်။

ကလေးငယ်များစွာသည် ကျောင်းအားချိန်တွင် ကိုယ်ပိုင်အလုပ်ငယ်များလုပ်ကိုင်ကြလေ့ရှိသည်။

“ဂတ်တွေတစ်လျှောက် ကျွန်တော်တို့ လမ်းလျှောက်တဲ့အချိန်မှာ ပလတ်စတစ်ဘူးတွေလိုက်ကောက်နေတဲ့ ကလေးငယ်တချို့ကို သတိပြုမိပါတယ်”ဟု Pamparo က သတိတရ ပြောပြသည်။

“ကျွန်တော်တို့က သူတို့ဆီကို ချဉ်းကပ်သွားပြီး စကားပြန်ကတဆင့် သိလာရတာက သူတို့ဟာ ညီအစ်မတွေဖြစ်ပြီး ပလတ်စတစ်ဘူးတွေကို ပြန်ရောင်းဖို့အတွက် လိုက်ကောက်နေတာဖြစ်တယ်လို့ သိရပါတယ်”

“သူတို့ရဲ့ ရည်မှန်းချက်တွေနဲ့ ဘူးခွံတွေရောင်းတာ ဘယ်လောက်ရတယ်ဆိုတာ ကျွန်တော်တို့ကို ပြောပြ ပါတယ်။ အခြေအနေကောင်းတဲ့အခါတွေဆိုရင် တစ်ပတ်ကို ၂ ဒေါ်လာ ဝန်းကျင်လောက်ရတယ်လို့ ပြောပါ တယ်။ သူ့ကို ဓာတ်ပုံတစ်ပုံလောက်ရိုက်ယူလို့ရမလားလို့ ကျွန်တော်မေးခဲ့ပါတယ်”

“သူက ဘူးခွံထည့်ထားတဲ့သူ့အိတ်နဲ့အတူ ရိုက်ချင်တယ်လို့ ကျွန်တော့်ကို လက်ဟန်ပြပါတယ်။ အဲဒီ အခိုက်အတန့်လေးအတွင်း သူ့မျက်နှာမှာ နှိမ်ချမှုကို တွေ့ရတော့ ကျွန်တော်လည်း စိတ်ထိခိုက်သွားခဲ့ မိတယ်”

 

(ဤမိန်းကလေးသည် သူ၏ ဘူးခွံကောက်အလုပ်မှ တစ်ပတ်လျှင် ၂ ဒေါ်လာခန့်ရသည်)

 

(အခြားသူများစွာနည်းတူ ဤသူသည်လည်း သူ၏ဘဝကို သီဝအတွက် မြှုပ်နှံထားသည်)

 

 

(တစ်ခါသုံးကင်မရာတစ်လုံးနှင့် ဆော့ကစားနေသော ကလေးငယ်တစ်ဦး)

 

(ဒေသခံကလေးငယ်များမှာ ဓာတ်ပုံရိုက်ခံရခြင်းကို အလွန်နှစ်သက်ကြကြောင်း Pamparo က ပြောသည်)

 

 

 

(ဗာရာဏသီမြို့၏ တည်နေရာပြမြေပုံ)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: Life on the Ganges: The mystics, street children and pilgrims who spend their lives on the banks of India's most sacred river (dailymail)

 

 

 

[Zawgyi]

ဂဂၤါျမစ္မွ ဘဝမ်ား- ဒ႑ာရီမ်ား၊ ဗာရာဏသီမွ ဂတ္မ်ား၊ လမ္းေပၚမွကေလးမ်ားႏွင့္ အိႏိၵယ၏ အထြတ္အျမတ္ ျမစ္ကမ္းေပၚတြင္ ေနထိုင္ျဖတ္သန္းၾကေသာ ဆာဒူးၾကီးမ်ား

 

(မွတ္ခ်က္။ Daily Mail တြင္ေဖာ္ျပေသာ Life on the Ganges ကို ဆီေလ်ာ္ေအာင္ျမန္မာျပန္ဆိုပါသည္။ iMyanmarHouse.com Team)

♦ အထြတ္အျမတ္ထားေသာ ဂဂၤါျမစ္၏ ေရျပင္ဆီ ဦးတည္ေသာဆင္းသြားေသာ ေလွကားထစ္မ်ားကို အိႏိၵယတြင္ ဂတ္ဟုေခၚၾကသည္။

♦ ဂတ္ဟူေသာ ေလွကားထစ္မ်ားေပၚတြင္ ျခိဳးျခံေသာအက်င့္ရွိသည့္ ဟိႏၵဴဆာဒူးၾကီးမ်ားကို ကမၻာတစ္ဝန္းမွ ဘုရားဖူးခရီးသည္မ်ားႏွင့္အတူ ေတြ႔ရမည္ ျဖစ္သည္။

♦ ေဒသခံမ်ားႏွင့္ ၎တို႔၏ ကေလးငယ္မ်ားသည္္လည္း ဂတ္မ်ားေပၚတြင္ ဘုရားဝတ္ျပဳျခင္း၊ အလုပ္လုပ္ျခင္း မ်ားလုပ္ကာ အခ်ိန္ကုန္လြန္ျဖတ္သန္းၾကသည္။

♦ ေဆာင္းပါးပါဓာတ္ပံုမ်ားမွာ အိႏိၵယႏိုင္ငံ၊ ဥတာ ပရာဒက္ရွ္ျပည္နယ္ ၊ ဗာရာဏသီျမိဳ႕သို႔ ခရီးထြက္ခဲ့သည့္ အေမရိကန္ဓာတ္ပံုဆရာ Vicente Pamparo ရိုက္ကူးခဲ့ေသာ ဓာတ္ပံုမ်ား ျဖစ္သည္။

♦ ဗာရာဏသီသည္ ဟိႏၵဴတို႔၏ အထြတ္အျမတ္ျမိဳ႕ ၇ ခုတြင္ အပါအဝင္ျဖစ္ျပီး သီဝဘုရားက တည္ေထာင္ခဲ့ သည့္ျမဳိ႕ျဖစ္သည္ဟု ယံုၾကည္ၾကသည္။

ေငြေၾကးျပႆနာမ်ားအတြက္၊ ကေလးမ်ား၏ ေရာဂါဘယမ်ား ေပ်ာက္ကင္းေရးႏွင့္ မေကာင္းမႈမ်ား ေဆးေၾကာေရးအတြက္ အိႏိၵယႏိုင္ငံ ၊ ဗာရာဏသီျမဳိ႕သို႔ လာေရာက္ၾကသူမ်ား အျမဲမျပတ္ရွိသည္။ သို႔ေသာ္ ၎တို႔လာၾကသည့္ေနရာကား နတ္ကြန္းတစ္ခုခုသို႔ မဟုတ္။

၎တို႔လာၾကသည္မွာ ဗာရာဏသီျမိဳ႕မွ ဂဂၤါျမစ္ႏွင့္ ဂဂၤါျမစ္ကမ္းတြင္ ေနထိုင္ၾကေသာ ဆာဒူးၾကီးမ်ားထံသို႔ ျဖစ္၏။

ဟိႏၵဴဘာသာ၏ ျမင့္ျမတ္ေသာျမိဳ႕ ၇ ခုအနက္မွ အျမင့္ျမတ္ဆံုးေနရာ၊ ဂဂၤါျမစ္ဆီသို႔ ဦးတည္ဆင္းသြားသည့္ ဂတ္မ်ားသည္ အိႏိၵယရွိ မည္သည့္ေနရာထက္မဆို ပိုမိုျမင့္ျမတ္သူမ်ား၏ ေနရာျဖစ္သည္။

ေရစပ္မွ ၎တို႔၏ ျခိဳးျခံေသာ ဘဝေနဟန္မွာ အေမရိကန္ဓာတ္ပံုဆရာ Vicente Pamparo ရိုက္ကူးခဲ့ေသာ အံ့အားသင့္ဖြယ္ ဓာတ္ပံုမ်ား၏ အဓိကအေၾကာင္းအရာလည္း ျဖစ္သည္။

(အိႏိၵယႏိုင္ငံ၊ ဥတာ ပရာဒက္ရွ္ျပည္နယ္၊ ဗာရာဏသီျမိဳ႕မွ အထြတ္အျမတ္ျဖစ္ေသာ ဂဂၤါျမစ္ဆီသို႔ ဦးတည္ဆင္းသြားသည့္ ဂတ္ -သို႔မဟုတ္ ေလွကားထစ္မ်ားမွ တစ္ခုတြင္ တရားအားထုတ္ေနသည့္ ဆာဒူးၾကီး တစ္ပါး)

(မ်က္ႏွာတြင္ ရိုးရာဓေလ့ ေဆးတို႔ထားသည့္ ဆာဒူးၾကီးတစ္ပါး)

(ဆာဒူးၾကီးအမ်ားစုသည္ သီဝဘုရားကို ရည္စူးသည့္ ေရႊဝါေရာင္ -သို႔မဟုတ္ ဗိႆႏိုးကို ရည္စူးသည့္ အျဖဴေရာင္တို႔ ဆင္ျမန္းေလ့ရွိၾကသည္။)

(ဗာရာဏသီျမိဳ႕သည္ ဂဂၤါျမစ္ကမ္းတြင္ တည္ရွိျပီး ဟိႏၵဴဘုရား သီဝက ခရစ္ေတာ္မေပၚမီ ေထာင္စုႏွစ္ ၃ ခုခန္႔၌ တည္ေထာင္ခဲ့ျခင္းျဖစ္သည္ဟု ယူဆၾကသည္)

(ဂတ္မ်ားေဘးတြင္ ဆိုက္ကပ္ထားေသာ ေလွတစ္စင္းေပၚ၌ သက္ၾကီးပိုင္းအမ်ဳိးသားတစ္ဦးကို ေတြ႔ရပံု)

(ဗာရာဏသီရွိ ဂတ္မ်ားေပၚတြင္ ေနထုိင္ေသာ သီဝကိုးကြယ္သူတစ္ဦး)

“ဘာသာေရးဝတ္ျပဳသူေတြ၊ တရားအားထုတ္သူေတြ အမ်ားစုရဲ႕ ေန႔စဥ္ဘဝဟာ ဂတ္ေတြနားမွာ က်င္လည္ေပၚေပါက္ပါတယ္။ ကၽြန္ေတာ္က ဂတ္ေတြတစ္ေလွ်ာက္ ရက္သတၱပတ္ေပါင္းမ်ားစြာ လမ္းေလွ်ာက္ ကုန္လြန္ရင္း ဒီေဒသမွာ ေပၚေပါက္သမွ်အရာတိုင္းကို မွတ္တမ္းတင္ပါတယ္”ဟု အေမရိကန္ဓာတ္ပံုဆရာ Pamparo က ေျပာသည္။

သို႔ေသာ္ Pamparo ကို တကယ္စိတ္ဝင္စားေစသည္ကား ဆာဒူးၾကီးမ်ား ျဖစ္သည္။

“ဗာရာဏသီဟာ ဟိႏၵဴဘာသာရ႕ အထြတ္အျမတ္ျမိဳ႕ ၇ ျမိဳ႕အနက္ အျမင့္ျမတ္ဆံုးေနရာျဖစ္တဲ့အျပင္ ဗုဒၶဘာသာရဲ႕ အေရးၾကီးတဲ့အခန္းက႑ကေန ပါဝင္တဲ့ေနရာျဖစ္ပါတယ္”ဟု ဟု ၎က ရွင္းျပသည္။

“ဒီေဒသကိုလာတဲ့ ဆာဒူးၾကီးေတြဟာ ပံုမွန္လူေနမႈဘဝကို စြန္႔လႊတ္ျပီး ျခိဳးျခံတဲ့အက်င့္က်င့္သူေတြျဖစ္ပါတယ္။ သူတို႔ဟာ သာသနာ့ေဘာင္ ေနထိုင္မႈပံုစံမ်ဳိးနဲ႔ ေနထုိင္ျပီး ဘာသာေရးေျခသလံုးအိမ္တိုင္ ေနထိုင္သူေတြ ျဖစ္ပါတယ္”

“ေယဘုယ်အားျဖင့္ ဒီလိုျခိဳးျခံတဲ့အက်င့္က်င့္သူေတြဟာ ဆင္းဆင္းရဲရဲေနထိုင္ၾကျပီး အိမ္ေထာင္မျပဳသူ (ျဗဟၼစရိယက်င့္သူ) ေတြျဖစ္ပါတယ္။ အသက္ရွင္ရပ္တည္ဖို႔အတြက္ လွဴဖြယ္ပစၥည္းေတြအေပၚ အဓိက မွီခိုေနထိုင္ၾကတယ္။ သူတို႔ကို အမ်ားအားျဖင့္ ေတာင္ေဝွးတစ္ေခ်ာင္း၊ ေရအိုးတစ္လံုး၊ အလွဴခံဖလားတစ္ခု၊ တခါတရံမွာ လူေခါင္ခြံတစ္ခုနဲ႔ ေတြ႔ရေလ့ရွိပါတယ္”

 

 

(သီဝကိုးကြယ္သူတစ္ဦးကို ေရႊဝါေရာင္ဝတ္စံုျဖင့္ ေတြ႔ရပံု)

(ဂဂၤါျမစ္ကမ္းတြင္ ေနထိုင္ေသာ ဆာဒူးငယ္တစ္ဦး)

(လူငယ္ဘုရားဖူးစုံတြဲ ဝတ္ျပဳမႈမွ အနားယူစဥ္ တရားထိုင္ျခင္း၊ ေက်ာက္တုံးေလွကားထစ္မ်ားေပၚ ဖ်ာခင္းကာ အိပ္စက္အနားယူျခင္းမ်ား ျပဳလုပ္ၾကသည္)

(ဂဂၤါျမစ္ကမ္းသို႔ လာေရာက္ေသာ ဘုရားဖူးမ်ား)

(ဂဂၤါျမစ္ကမ္းမွ ဂတ္မ်ားသည္ အျမဲလူသူရႈပ္ေထြးေနေလ့ရွိ)

(ဂဂၤါျမစ္ကမ္းရွိ ဂတ္တစ္ခုေပၚတြင္ စြန္႔ပစ္ထားေသာ စက္ဘီးတစ္စင္း)

(ျမဴထုရစ္သိုင္းထားေသာ ဂဂၤါျမစ္ဆီသို႔ သြားေရာက္ေနသည့္ ဘုရားဖူးတစ္ဦး)

(ျမင့္ျမတ္ေသာ အထြတ္အျမတ္ေနရာျဖစ္ေသာ ဂဂၤါျမစ္ကမ္းမွာ လူသူျပတ္သည္ဟု မရွိေခ်)

(ဂဂၤါျမစ္၏ ျဖဴလြလြသဲေသာင္ျပင္တြင္ ျမင္းစီးေနေသာ ကေလးငယ္ ၂ ဦး)

 

လူဦးေခါင္းခြံမ်ားႏွင့္အတူ ေတြ႔ရသူမ်ားကို Aghori ဟုလူသိမ်ားျပီး ဆာဒူးမ်ားတြင္ ပါဝင္ျပီး ျခိဳးျခံမႈထက္ပိုမိုေသာ အက်င့္သီလရွိကာ က်င့္ၾကံအားထုတ္မႈမ်ဳိး ျပဳလုပ္ၾကသည္။

Aghori တို႔သည္ လူေသအေလာင္းမ်ားေပၚ တရားအားထုတ္ျခင္းမ်ား၊ တခါတရံတြင္ လူသားစားျခင္းမ်ားပါ ျပဳလုပ္ၾကသည္ဟု ဆိုသည္။

Pamparo က ေျပာသည္မွာ ၎၏ စိတ္အစဥ္ကို ဆာဒူးၾကီးမ်ားက ဆြဲေဆာင္ေသာ္လည္း ေဒသတြင္းကေလးငယ္မ်ားကို အထူးသေဘာက်မိေၾကာင္း ေျပာသည္။

ကေလးငယ္မ်ားစြာသည္ ေက်ာင္းအားခ်ိန္တြင္ ကိုယ္ပိုင္အလုပ္ငယ္မ်ားလုပ္ကိုင္ၾကေလ့ရွိသည္။

“ဂတ္ေတြတစ္ေလွ်ာက္ ကၽြန္ေတာ္တို႔ လမ္းေလွ်ာက္တဲ့အခ်ိန္မွာ ပလတ္စတစ္ဘူးေတြလိုက္ေကာက္ေနတဲ့ ကေလးငယ္တခ်ဳိ႕ကို သတိျပဳမိပါတယ္”ဟု Pamparo က သတိတရ ေျပာျပသည္။

“ကၽြန္ေတာ္တို႔က သူတို႔ဆီကို ခ်ဥ္းကပ္သြားျပီး စကားျပန္ကတဆင့္ သိလာရတာက သူတို႔ဟာ ညီအစ္မေတြျဖစ္ျပီး ပလတ္စတစ္ဘူးေတြကို ျပန္ေရာင္းဖို႔အတြက္ လိုက္ေကာက္ေနတာျဖစ္တယ္လို႔ သိရပါတယ္”

“သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ ဘူးခြံေတြေရာင္းတာ ဘယ္ေလာက္ရတယ္ဆိုတာ ကၽြန္ေတာ္တို႔ကို ေျပာျပ ပါတယ္။ အေျခအေနေကာင္းတဲ့အခါေတြဆိုရင္ တစ္ပတ္ကို ၂ ေဒၚလာ ဝန္းက်င္ေလာက္ရတယ္လို႔ ေျပာပါ တယ္။ သူ႔ကို ဓာတ္ပံုတစ္ပံုေလာက္ရိုက္ယူလို႔ရမလားလို႔ ကၽြန္ေတာ္ေမးခဲ့ပါတယ္”

“သူက ဘူးခြံထည့္ထားတဲ့သူ႔အိတ္နဲ႔အတူ ရိုက္ခ်င္တယ္လို႔ ကၽြန္ေတာ့္ကို လက္ဟန္ျပပါတယ္။ အဲဒီ အခိုက္အတန္႔ေလးအတြင္း သူ႔မ်က္ႏွာမွာ ႏွိမ္ခ်မႈကို ေတြ႔ရေတာ့ ကၽြန္ေတာ္လည္း စိတ္ထိခိုက္သြားခဲ့ မိတယ္”

 

(ဤမိန္းကေလးသည္ သူ၏ ဘူးခြံေကာက္အလုပ္မွ တစ္ပတ္လွ်င္ ၂ ေဒၚလာခန္႔ရသည္)

(အျခားသူမ်ားစြာနည္းတူ ဤသူသည္လည္း သူ၏ဘဝကို သီဝအတြက္ ျမွဳပ္ႏွံထားသည္)

(တစ္ခါသံုးကင္မရာတစ္လံုးႏွင့္ ေဆာ့ကစားေနေသာ ကေလးငယ္တစ္ဦး)

(ေဒသခံကေလးငယ္မ်ားမွာ ဓာတ္ပံုရိုက္ခံရျခင္းကို အလြန္ႏွစ္သက္ၾကေၾကာင္း Pamparo က ေျပာသည္)

(ဗာရာဏသီျမိဳ႕၏ တည္ေနရာျပေျမပံု)

 

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Life on the Ganges: The mystics, street children and pilgrims who spend their lives on the banks of India's most sacred river (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service