အိန္ဒိယတွင် ဒေါ်လာ ၆၁ သန်းတန် စိန်လုပ်ငန်းကြီးကို အမွေဆက်ခံရမည့် ၈ နှစ်သမီးကလေး ပိုင်ဆိုင်ရမည် များကို စွန့်လွှတ်ကာ သီလရှင်ဝတ်

အိန္ဒိယတွင် ဒေါ်လာ ၆၁ သန်းတန် စိန်လုပ်ငန်းကြီးကို အမွေဆက်ခံရမည့် ၈ နှစ်သမီးကလေး ပိုင်ဆိုင်ရမည် များကို စွန့်လွှတ်ကာ သီလရှင်ဝတ် - Property News in Myanmar from iMyanmarHouse.com
23 Jan 2023 10:25 am တွင် တင်ခဲ့သည်
1387 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အိန္ဒိယနိုင်ငံတွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် ဂျိန်းဘာသာဝင်သီလရှင်တစ်ပါး ဖြစ်လာရေးအတွက် ပိုင်ဆိုင်ရမည့်အရာများကို ယခုရက်သတ္တပတ်အတွင်း စွန့်လွှတ်သွားခဲ့သည်။

[မှတ်ချက်။ ဂျိန်းဘာသာ၏ ဘုရားမှာ မဟာဝီရဖြစ်သည်။ အဓိက ဘာသာရေးယုံကြည်ချက်များမှာ အဟိံသဝါဒ (မညှင်းဆဲခြင်း)၊ အနေကန္တဝါဒ (ဘက်ပေါင်းစုံမှ ရှုမြင်ခြင်း)၊ အပါရိဂရာဟ (သံယောဇဉ်၊ တွယ်တာမှု မရှိခြင်း)၊ ခြိုးခြံစွာကျင့်ခြင်း (ကာမဂုဏ်မမှီဝဲခြင်း) အစရှိသည်တို့ ဖြစ်သည်။

 

 

ဘာသာရေးကိုင်းရှိုင်းသော ဂျိန်းဘာသာဝင်တို့သည် အောက်ပါအချက် ၅ ခုကို လိုက်နာကြသည်။ ၁- အဟိံသ၊ ၂- အမှန်တရား (သစ္စာ)၊ ၃- အစေယ (မခိုးယူခြင်း)၊ ၄-ဗြဟ္မစာရီအကျင့်နှင့် ၅-အပါရိဂရာဟ (ပိုင်ဆိုင်မှု မရှိခြင်း) အစရှိသည်တို့ ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဂျိန်းဘာသာဝင်ပေါင်း ၄ ဒသမ ၅ သန်းခန့် ရှိသည်။]

ဒီဗန်းရှီး ဆန်ဂဗီ (Devanshi Sanghvi) အမည်ရှိ ၈ နှစ်သမီးကလေးသည် အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ် ပြည်နယ်ရှိ Sanghvi and Sons အမည်ရှိ မိသားစု ရတနာလုပ်ငန်းကို အမွေဆက်ခံရမည့်သူ ဖြစ်သည်။

 

 

သို့သော် ဒီဗန်းရှီးသည် လောကီစည်းစိမ်များကို တရားဝင်စွန့်ပစ်ကာ ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ဘာသာရေးနယ်သို့ ဝင်သွားကြောင်း AFP သတင်းဌာနက ဖော်ပြသည်။

အိန္ဒိယသတင်းဌာနတစ်ခုဖြစ်သော ICRA ၏ ဖော်ပြချက်အရ ဒီဗန်းရှီး၏ မိသားစုလုပ်ငန်းမှာ ကန်ဒေါ်လာ ၆၁ သန်းခန့် တန်ကြေးရှိကြောင်း ဖော်ပြသည်။

ဒီဗန်းရှီး သီလရှင်ဝတ်သော အခမ်းအနားကို ၅ ရက်တိုင် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ကြောင်း အင်စတာဂရမ် တွင် Follower ၉၄၀၀ ကျော်ရှိသော အကောင့်တစ်ခုက ဖော်ပြခဲ့သည်။

အဆိုပါအကောင့်မှ ဖော်ပြခဲ့သော ဓာတ်ပုံပေါင်း ၁၀၀ ကျော်တွင် ယခုရက်သတ္တပတ်အတွင်း မိန်းကလေးငယ် သည် လှပသော ဝတ်စုံနှင့် လက်ဝတ်ရတနာတို့ ဝတ်ဆင်ထားကာ မိဘများ၊ ညီအစ်မနှင့်အတူ ဘာသာရေး အခမ်းအနားတွင် ပါဝင်ဆင်နွှဲနေပုံ တွေ့ရသည်။

 

ထိုပွဲမတိုင်မီကတည်းက ထိုအင်စတာဂရမ်စာမျက်နှာက ဒီဗန်းရှီး သီလရှင်ဝတ်မည့် အလားအလာရှိမှုကို စက်တင်ဘာလ ကတည်းက ဖော်ပြခဲ့သည်။

ထို့အပြင် ဂျိန်းဘာသာ၏ ကောင်းခြင်းများနှင့် ထင်ရှားသော ဂျိန်းဘာသာရေးခေါင်းဆောင်များအကြောင်းလည်း ဖော်ပြခဲ့သည်။

“ဒီနေ့မှာ ဒီဗန်းရှီးဟာ ဘာသာရေးလမ်းမှာ နေထိုင်ဖို့ ရွေးချယ်သွားခဲ့ပါပြီ” ဟု လူမှုကွန်ရက် ပို့စ်တစ်ခုတွင် ရေးသားထားသည်ကို တွေ့ရပြီး သူမ၏ မိဘများ ရေးသားခြင်းဖြစ်ဖွယ်ရာ ရှိသည်။

“ဒါက ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ဒီဗန်ရှီးဟာ ကျွန်တော်တို့ ပေးနိုင်တဲ့ဘဝမျိုးထက် ပိုမိုပျော်ရွှင်စရာကောင်းမယ့် ဘဝမျိုးရမယ်ဆိုတာ ကျွန်တော်တို့ သတိမူမိပါတယ်”

အဆိုပါ စာမျက်နှာတွင် ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သော ဓာတ်ပုံများအရ ဒီဗန်းရှီးကို သီလရှင်ဝတ်ပြီးနောက် မြင်ကွင်းများ တွေ့ရသည်။

ဒီဗန်းရှီးသည် ဦးခေါင်းအထိ လွှမ်းသော အဖြူရောင်ဝါဂွမ်းဝတ်စုံဖြင့် ပြုံးရွှင်စွာတွေ့ရပြီး သူ၏ဘေးတွင် အခြားသီလရှင်များနှင့် ဂျိန်းဘာသာဝင်များကို တွေ့ရသည်။

 

 

သူ၏ မိသားစုမှာလည်း ဂျိန်းဘာသာဝင်များဖြစ်ကြောင်း AFP သတင်းက ဖော်ပြသည်။

ဂျိန်းဘာသာသည် ကမ္ဘာ့သက်တမ်းအရင့်ဆုံးဘာသာများတွင် ပါဝင်ပြီး အိန္ဒိယတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ခန့်က စတင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဒီဗန်းရှီးသည် လောကီပိုင်ဆိုင်မှုများကို စွန့်လွှတ်ကာ ဂျိန်းဘာသာဝင် သီလရှင်အဖြစ် ဝင်ရောက်ခဲ့သည့် အသက်အငယ်ဆုံးများတွင် တစ်ဦးအပါအဝင် ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြသည်။

သီလရှင်ဘဝရောက်သွားပါက ဂျိန်းသီလရှင်များသည် ၎င်းတို့၏ မိဘဆွေမျိုးများကို မိသားစုဝင်များအဖြစ် သတ်မှတ်မှု ရပ်ဆိုင်းသွားပြီး ကိုယ်တိုင်ဆံပင်ဖြတ်ကာ၊ မည်သည့်အခါမျှ ရေမချိုးဘဲ လမ်းလျှောက်လျှင်လည်း ခြေဗလာသာလျှောက်ကြပြီး အလှူခံရရှိသည်ကိုသာ စားသောက်ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြခဲ့ဖူးသည်။

 

မွန်ဘိုင်းတက္ကသိုလ်တွင် ဂျိန်းဘာသာသင်ကြားပို့ချပေးသူ Bipin Doshi က BBC သို့ပြောသည်မှာ လူတစ်ဦးသည် ဂျိန်းဘာသာဝင် သီလရှင်ဖြစ်လာပြီဆိုသည်နှင့် ထိုသူ၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုအဆင့်တို့သည်လည်း မြင့်မားသွားကြောင်း၊ အချမ်းသာဆုံးသူများသည်ပင်လျှင် လာရောက်ဂါရဝပြုရကြောင်း ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: An 8-year-old girl meant to inherit a $61 million diamond business in India has renounced her fortune to become a nun (insider)

 

 

 

[Zawgyi]

အိႏိၵယတြင္ ေဒၚလာ ၆၁ သန္းတန္ စိန္လုပ္ငန္းၾကီးကို အေမြဆက္ခံရမည့္ ၈ ႏွစ္သမီးကေလး ပိုင္ဆိုင္ရမည္ မ်ားကို စြန္႔လႊတ္ကာ သီလရွင္ဝတ္

 

အိႏိၵယႏိုင္ငံတြင္ အသက္ ၈ ႏွစ္အရြယ္ မိန္းကေလးငယ္တစ္ဦးသည္ ဂ်ိန္းဘာသာဝင္သီလရွင္တစ္ပါး ျဖစ္လာ ေရးအတြက္ ပိုင္ဆိုင္ရမည့္အရာမ်ားကို ယခုရက္သတၱပတ္အတြင္း စြန္႔လႊတ္သြားခဲ့သည္။

[မွတ္ခ်က္။ ဂ်ိန္းဘာသာ၏ ဘုရားမွာ မဟာဝီရျဖစ္သည္။ အဓိက ဘာသာေရးယံုၾကည္ခ်က္မ်ားမွာ အဟိ ံသဝါဒ (မညွင္းဆဲျခင္း)၊ အေနကႏ ၱဝါဒ (ဘက္ေပါင္းစံုမွ ရႈျမင္ျခင္း)၊ အပါရိဂရာဟ (သံေယာဇဥ္၊ တြယ္တာမႈ မရွိျခင္း)၊ ျခိဳးျခံစြာက်င့္ျခင္း (ကာမဂုဏ္မမွီဝဲျခင္း) အစရွိသည္တု႔ိ ျဖစ္သည္။

ဘာသာေရးကိုင္းရႈိင္းေသာ ဂ်ိန္းဘာသာဝင္တို႔သည္ ေအာက္ပါအခ်က္ ၅ ခုကို လိုက္နာၾကသည္။ ၁- အဟိ ံသ၊ ၂- အမွန္တရား (သစၥာ)၊ ၃- အေစယ (မခိုးယူျခင္း)၊ ၄-ျဗဟၼစာရီအက်င့္ႏွင့္ ၅-အပါရိဂရာဟ (ပိုင္ဆိုင္မႈ မရွိျခင္း) အစရွိသည္တို႔ ျဖစ္သည္။ အိႏိၵယႏိုင္ငံတြင္ ဂ်ိန္းဘာသာဝင္ေပါင္း ၄ ဒသမ ၅ သန္းခန္႔ ရွိသည္။]

ဒီဗန္းရွီး ဆန္ဂဗီ (Devanshi Sanghvi) အမည္ရွိ ၈ ႏွစ္သမီးကေလးသည္ အိႏိၵယႏိုင္ငံအေနာက္ပိုင္း ဂူဂ်ာရတ္ ျပည္နယ္ရွိ Sanghvi and Sons အမည္ရွိ မိသားစု ရတနာလုပ္ငန္းကို အေမြဆက္ခံရမည့္သူ ျဖစ္သည္။

သို႔ေသာ္ ဒီဗန္းရွီးသည္ ေလာကီစည္းစိမ္မ်ားကို တရားဝင္စြန္႔ပစ္ကာ ျပီးခဲ့ေသာ ဗုဒၶဟူးေန႔က ဘာသာေရးနယ္ သို႔ ဝင္သြားေၾကာင္း AFP သတင္းဌာနက ေဖာ္ျပသည္။

အိႏၵိယသတင္းဌာနတစ္ခုျဖစ္ေသာ ICRA ၏ ေဖာ္ျပခ်က္အရ ဒီဗန္း႐ွီး၏ မိသားစုလုပ္ငန္းမွာ ကန္ေဒၚလာ ၆၁ သန္းခန္႔ တန္ေၾကး႐ွိေၾကာင္း ေဖာ္ျပသည္။

ဒီဗန္းရွီး သီလရွင္ဝတ္ေသာ အခမ္းအနားကို ၅ ရက္တိုင္ ၾကီးက်ယ္ခမ္းနားစြာ ျပဳလုပ္ခဲ့ေၾကာင္း အင္စတာဂရမ္ တြင္ Follower ၉၄၀၀ ေက်ာ္ရွိေသာ အေကာင့္တစ္ခုက ေဖာ္ျပခဲ့သည္။

အဆိုပါအေကာင့္မွ ေဖာ္ျပခဲ့ေသာ ဓာတ္ပံုေပါင္း ၁၀၀ ေက်ာ္တြင္ ယခုရက္သတၱပတ္အတြင္း မိန္းကေလးငယ္ သည္ လွပေသာ ဝတ္စံုႏွင့္ လက္ဝတ္ရတနာတို႔ ဝတ္ဆင္ထားကာ မိဘမ်ား၊ ညီအစ္မႏွင့္အတူ ဘာသာေရး အခမ္းအနားတြင္ ပါဝင္ဆင္ႏႊဲေနပံု ေတြ႔ရသည္။

ထိုပြဲမတိုင္မီကတည္းက ထိုအင္စတာဂရမ္စာမ်က္ႏွာက ဒီဗန္းရွီး သီလရွင္ဝတ္မည့္ အလားအလာရွိမႈကို စက္တင္ဘာလ ကတည္းက ေဖာ္ျပခဲ့သည္။

ထို႔အျပင္ ဂ်ိန္းဘာသာ၏ ေကာင္းျခင္းမ်ားႏွင့္ ထင္ရွားေသာ ဂ်ိန္းဘာသာေရးေခါင္းေဆာင္မ်ားအေၾကာင္း လည္း ေဖာ္ျပခဲ့သည္။

“ဒီေန႔မွာ ဒီဗန္းရွီးဟာ ဘာသာေရးလမ္းမွာ ေနထိုင္ဖို႔ ေရြးခ်ယ္သြားခဲ့ပါျပီ” ဟု လူမႈကြန္ရက္ ပို႔စ္တစ္ခုတြင္ ေရးသားထားသည္ကို ေတြ႔ရျပီး သူမ၏ မိဘမ်ား ေရးသားျခင္းျဖစ္ဖြယ္ရာ ရွိသည္။

“ဒါက ခက္ခဲတယ္ဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ဒါေပမယ့္ ဒီဗန္ရွီးဟာ ကၽြန္ေတာ္တို႔ ေပးႏိုင္တဲ့ဘဝမ်ဳိး ထက္ ပိုမိုေပ်ာ္ရႊင္စရာေကာင္းမယ့္ ဘဝမ်ဳိးရမယ္ဆိုတာ ကၽြန္ေတာ္တို႔ သတိမူမိပါတယ္”

အဆိုပါစာမ်က္ႏွာတြင္ ဗုဒၶဟူးေန႔က ေဖာ္ျပခဲ့ေသာ ဓာတ္ပံုမ်ားအရ ဒီဗန္းရွီးကို သီလရွင္ဝတ္ျပီးေနာက္ ျမင္ကြင္းမ်ား ေတြ႔ရသည္။

ဒီဗန္းရွီးသည္ ဦးေခါင္းအထိ လႊမ္းေသာ အျဖဴေရာင္ဝါဂြမ္းဝတ္စံုျဖင့္ ျပံဳးရႊင္စြာေတြ႔ရျပီး သူ၏ေဘးတြင္ အျခားသီလရွင္မ်ားႏွင့္ ဂ်ိန္းဘာသာဝင္မ်ားကို ေတြ႔ရသည္။

သူ၏ မိသားစုမွာလည္း ဂ်ိန္းဘာသာဝင္မ်ားျဖစ္ေၾကာင္း AFP သတင္းက ေဖာ္ျပသည္။

ဂ်ိန္းဘာသာသည္ ကမၻာ့သက္တမ္းအရင့္ဆံုးဘာသာမ်ားတြင္ ပါဝင္ျပီး အိႏိၵယတြင္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၅၀၀ ခန္႔က စတင္ေပၚေပါက္ခဲ့ျခင္း ျဖစ္သည္။

ဒီဗန္းရွီးသည္ ေလာကီပိုင္ဆိုင္မႈမ်ားကို စြန္႔လႊတ္ကာ ဂ်ိန္းဘာသာဝင္ သီလရွင္အျဖစ္ ဝင္ေရာက္ခဲ့သည့္ အသက္အငယ္ဆံုးမ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္ေၾကာင္း AFP သတင္းတြင္ ေဖာ္ျပသည္။

သီလရွင္ဘဝေရာက္သြားပါက ဂ်ိန္းသီလရွင္မ်ားသည္ ၎တို႔၏ မိဘေဆြမ်ဳိးမ်ားကို မိသားစုဝင္မ်ားအျဖစ္ သတ္မွတ္မႈ ရပ္ဆိုင္းသြားျပီး ကိုယ္တိုင္ဆံပင္ျဖတ္ကာ၊ မည္သည့္အခါမွ် ေရမခ်ဳိးဘဲ လမ္းေလွ်ာက္လွ်င္လည္း ေျခဗလာသာေလွ်ာက္ၾကျပီး အလွဴခံရရွိသည္ကိုသာ စားေသာက္ေၾကာင္း ဘီဘီစီသတင္းဌာနက ေဖာ္ျပခဲ့ဖူးသည္။

မြန္ဘိုင္းတကၠသိုလ္တြင္ ဂ်ိန္းဘာသာသင္ၾကားပို႔ခ်ေပးသူ Bipin Doshi က BBC သို႔ေျပာသည္မွာ လူတစ္ဦး သည္ ဂ်ိန္းဘာသာဝင္ သီလရွင္ျဖစ္လာျပီဆိုသည္ႏွင့္ ထိုသူ၏ စိတ္ပိုင္းဆိုင္ရာ၊ လူမႈအဆင့္တို႔သည္လည္း ျမင့္မားသြားေၾကာင္း၊ အခ်မ္းသာဆံုးသူမ်ားသည္ပင္လွ်င္ လာေရာက္ဂါရဝျပဳရေၾကာင္း ေျပာၾကားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: An 8-year-old girl meant to inherit a $61 million diamond business in India has renounced her fortune to become a nun (insider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တွင် ဂယက်ရိုက်...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်ခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါး ရရှိခဲ့...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီ ငှားရမ်းနေထိုင်သော ဖလော်ရီဒါမှ စံအိမ်ကြီးတွင် သွားရောက် နေထိုင်...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ကမ္ဘာ့အပူပြင်းဆုံး သဲကန္တာရကြီးအလယ်က အမြဲအေးနေတဲ့ ထူးဆန်းသော ပန်းရောင်ရေခဲသေတ္တာ တစ်လုံးအကြောင်း...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service