ဝန်ထမ်းပေါင်းထောင်နှင့်ချီကာ အလုပ်ထုတ်ခဲ့သူ Elon Musk က တွစ်တာ ရုံးချုပ်ရှိ ရုံးသုံးပစ္စည်းပေါင်း ၆၀၀ ကျော်ကို လေလံတင်ရောင်းချလာပြန်

ဝန်ထမ်းပေါင်းထောင်နှင့်ချီကာ အလုပ်ထုတ်ခဲ့သူ Elon Musk က တွစ်တာ ရုံးချုပ်ရှိ ရုံးသုံးပစ္စည်းပေါင်း ၆၀၀ ကျော်ကို လေလံတင်ရောင်းချလာပြန် - Property News in Myanmar from iMyanmarHouse.com
20 Jan 2023 11:32 am တွင် တင်ခဲ့သည်
966 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

Elon Musk သည် တွစ်တာကုမ္ပဏီကို ဝယ်ယူပြီးနောက်ပိုင်း ဝန်ထမ်းပေါင်း ၇၅၀၀ ကျော်ကို အလုပ်ထုတ်ခဲ့သည့်အပြင် ယခုအခါ တွစ်တာ၏ အမှတ်တံဆိပ်ဖြစ်သော ငှက်ရုပ်ကြီး (ဒေါ်လာ ၁၆၀၀၀ ခန့် တန်ကြေး) အပါအဝင် ရုံးသုံးပစ္စည်းပေါင်း ၆၀၀ ကျော်ကို လေလံတင်ရောင်းချလျက်ရှိသည်။

Elon Musk သည် တွစ်တာကုမ္ပဏီ၏ ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် ရုံးချုပ်မှ ပရိဘောဂနှင့် အခြားပစ္စည်းများကို ရောင်းထုတ်လျက်ရှိခြင်း ဖြစ်သည်။

ရုံးပစ္စည်းပေါင်း ၆၀၀ ကျော်ကို “ကုမ္ပဏီ၏ ပိုလျှံသော ရုံးသုံးပစ္စည်းများ”ဟု သတ်မှတ်ကာ ရောင်းထုတ်လာခြင်းဖြစ်ပြီး Heritage Global Partners အမည်ရှိ လေလံကုမ္ပဏီက စီစဉ်ပေးခဲ့သည်။

 

တွစ်တာကုမ္ပဏီ၏ ထောင်နှင့်ချီသော ဝန်ထမ်းများကို အလုပ်ဖြုတ်ခြင်း၊ ရုံးချုပ်နေရာချုံ့ခြင်းများ ပြုလုပ်ပြီးနောက်ပိုင်း လအနည်းငယ်အကြာတွင် ရုံးသုံးပစ္စည်းများကို ယခုကဲ့သို့ ရောင်းထုတ်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Elon Musk သည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း တွစ်တာကို ကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

တွစ်တာသည် အမှတ် ၁၃၅၅၊ Market လမ်းရှိ ရုံးချုပ်နေရာကို ၃ ပုံ ၂ ပုံ လျှော့ချခဲ့သည်။

 

 

ရောင်းချမည့် ပစ္စည်းများတွင် တွစ်တာ၏ အမှတ်တံဆိပ် ငှက်ရုပ်တစ်ရုပ် (အချို့က ဒေါ်လာ ၁၆၀၀၀ ပေးကာ ဝယ်ယူလိုနေကြသည်)၊ တွစ်တာအပြာရောင်လိုဂိုပါ နီယွန်ဒီဂျစ်တယ် ဆိုင်းဘုတ် (ဒေါ်လာ ၂၃၀၀၀) နှင့် ဝှိုက်ဘုတ်များ (ဒေါ်လာ ၁၅၀၀) တို့ ပါဝင်သည်။

အခြားပါဝင်သော ပစ္စည်းများမှာ လေဆာ ပရိုဂျက်တာများ (ဒေါ်လာ ၂၁၀၀)၊ ကွန်ဖရင့်ဖုန်းတစ်လုံး (ဒေါ်လာ ၂၅၀) ၊ ခုံတန်းများ (ဒေါ်လာ ၁၅၅၀)၊ အလွယ်တကူသယ်နိုင်သော မတ်တပ်စားပွဲ (ဒေါ်လာ ၃၁၀၀) တို့ ပါဝင်သည်။

 

 

 

(ပစ္စည်းအမျိုးပေါင်း ၆၀၀ ကျော် လေလံတင်ရောင်းချခြင်းခံရသည်။ ဓာတ်ပုံ-Heritage Global Partners)

 

(ရောင်းထုတ်ခြင်းခံရသည့် ပစ္စည်းများ။ ဓာတ်ပုံ-Heritage Global Partners)

 

(ဓာတ်ပုံ-Heritage Global Partners)

 

 

(ဓာတ်ပုံ-Heritage Global Partners)

 

(ဓာတ်ပုံ-Heritage Global Partners)

 

အသံလုံ ရုံးတွင်းဖုံးပြောရုံမှာလည်း ဒေါ်လာ ၄၅၀၀ ဖြင့် လေလံတင်ခြင်းခံရသည်။

လမ်းလျှောက်ဝင်နိုင်သော ရေခဲသေတ္တာ၊ oven များနှင့် freezer များကဲ့သို့ မီးဖိုဆောင်သုံးပစ္စည်းများသည်ပင် လေလံတင်မည့်စာရင်းတွင် ပါဝင်သည်။ တစိတ်တပိုင်းအလိုအလျောက်စနစ် အက်စ်ပရက်ဆို ကော်ဖီစက်မှာလည်း ဒေါ်လာ ၄၇၀၀ ဖြင့် လေလံတင်မည် ဖြစ်သည်။

အသက် ၅၁ နှစ်အရွယ်ရှိ Elon Musk သည် ဝန်ထမ်းများ အလုံးအရင်းလျှော့ချခြင်း၊ အခမဲ့ကျွေးမွေးမှုကိုပါ ဖျက်သိမ်းခဲ့ပြီးနောက် ယခုကဲ့သို့ ရုံးပစ္စည်းများပါ ရောင်းထုတ်လာခြင်းလည်း ဖြစ်သည်။

တွစ်တာသည် ဘဏ္ဍာရေးအရ မလုံခြုံသေးကြောင်း၊ လုပ်ဆောင်စရာများစွာရှိသေးကြောင်း Elon Musk က ပြောသည်။

ရုံးချုပ်နေရာငှားရမ်းခ ပေးဆောင်ရန် ပျက်ကွက်မှုများလည်း ဖြစ်ပေါ်ခဲ့ပြီးနောက် ယခင်က ရုံးချုပ်ကို အလွှာ ၆ လွှာတွင် ဖြန့်ကျက်ထားခဲ့ရာမှ ယခုအခါ ၂ လွှာသာ ထားရှိတော့သည်။

တွစ်တာသည် Elon Musk ၏ စရိတ်လျှော့ချရေး အစီအစဉ်အရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ အစောပိုင်းက တစ်ကမ္ဘာလုံးမှ ဝန်ထမ်းပေါင်း ၇၅၀၀ ကျော်အနက် ထက်ဝက်ခန့်ကို အလုပ်ဖြုတ်ခဲ့သည်။

အလုပ်ဖြုတ်သည့် ဝန်ထမ်းများတွင် ဆန်ဖရန်စစ္စကို ရုံးချုပ်မှ ဝန်ထမ်း ၈၀၀ လည်း ပါဝင်သည်။

တွစ်တာသည် စရိတ်လျှော့ချရန်အတွက် ဆီယက်တဲနှင့် နယူးယောက်တို့မှ ရုံးများကိုလည်း ဆက်လက်ပိတ်သိမ်းသွားဖွယ်ရှိသည်ဟု သတင်းများရှိသည်။

 

(ဆက်စပ်သတင်း)

တွစ်တာကုမ္ပဏီ ဆန်ဖရန်စစ္စကို ရုံးချုပ်နေရာ ငှားရမ်းခ မပေးသောကြောင့် တရားစွဲခံရ

https://www.imyanmarhouse.com/news/read/1049437

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Ref: Elon Musk auctions off 600 Twitter items at HQ, including $16K bird (nypost)

 

 

[Zawgyi]


 




















 

(ဆက်စပ်သတင်း)



 




 


 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service