ဘာလီကျွန်းမှ ချောက်ကမ်းပါးထိပ်ရှိ စွန့်ပစ်ထားသော ဘိုးအင်း 737 လေယာဉ်ကြီးကို တစ်ညလျှင် ပေါင် ၆၀၀၀ ဖြင့် တည်းခိုနိုင်မည့်နေရာအဖြစ် ပြောင်းလဲ

ဘာလီကျွန်းမှ ချောက်ကမ်းပါးထိပ်ရှိ စွန့်ပစ်ထားသော ဘိုးအင်း 737 လေယာဉ်ကြီးကို တစ်ညလျှင် ပေါင် ၆၀၀၀ ဖြင့် တည်းခိုနိုင်မည့်နေရာအဖြစ် ပြောင်းလဲ - Property News in Myanmar from iMyanmarHouse.com
19 Jan 2023 11:54 am တွင် တင်ခဲ့သည်
901 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှ Nyang Nyang ကမ်းခြေအနီးရှိ ၁၅၀ မီတာ (၄၉၂ ပေ) မြင့်မားသော ချောက်ကမ်းပါးထိပ်တွင် စွန့်ပစ်ခံ ဘိုးအင်း 737 လေယာဉ်ကြီးတစ်စင်းကို အားလပ်ရက်အပန်းဖြေ နားနေနိုင်မည့် နေရာတစ်ခုအဖြစ် ပြောင်းလဲခဲ့ကြသည်။

အငှားဈေးကွက်တင်မှတ်တမ်းများအရ လေယာဉ်ကြီးတွင် မျက်စိကျဖွယ် အင်္ဂါရပ်များပါဝင်ရာ ရေကူးကန်တစ်ခု ပါကာ လေယာဉ်တောင်ပံပေါ်တွင် မှန်သားလျှောက်လမ်းပြုလုပ်ထားပြီး ချောက်ကမ်းပါးမှ တစိတ်တပိုင်း ထိုးထွက်လျက် ရှိသည်။

ကိုယ်ပိုင်ဂျက်လေယာဉ်စံအိမ် (Private Jet Villa by Hanging Gardens Air) ဟု အမည်ပေးထားပြီး Booking.com ဝက်ဘ်ဆိုက်မှတဆင့် တစ်ညလျှင် ပေါင် ၆၀၀၀ (ကန်ဒေါ်လာ ၇၂၈၀) ဖြင့် အငှားဈေးကွက် တင်ထားသည်။

 

(ဘိုးအင်း ၇၃၇ လေယာဉ်ကြီးကို အားလပ်ရက်အပန်းဖြေနေရာအဖြစ် ပြောင်းလဲထားသည်။ တည်နေရာမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းရှိ Nyang Nyang ကမ်းခြေအနီးမှ ချောက်ကမ်းပါးကြီးတစ်ခုတွင် တည်ရှိသည်)

 

(ဈေးကွက်တင်မှတ်တမ်းအရ လေယာဉ်နှုတ်သီးအနီး လေယာဉ်မှူးခန်းမှ ပြတင်းပေါက်များအောက်ဘက်တွင် ကျောက်တုံးကို ထွင်းထားသည့် ရေစိမ်ကန်တစ်ခုထားရှိသည်ကို တွေ့ရသည်)

 

(လေယာဉ်တောင်ပံပေါ်တွင် လျှောက်လမ်းတစ်ခု ပြုလုပ်ထားသည်ကိုတွေ့ရပြီး ချောက်ကမ်းပါးစွန်းမှ ထိုးထွက် နေသည်ကို ကျောချမ်းစရာတွေ့ရသည်။

 

 

(တမူထူးသော လေယာဉ်အိမ်ကြီးကို တစ်ညလျှင် ဒေါ်လာ ၇၀၀၀ ကျော်ဖြင့် အငှားဈေးကွက်တင်ထားသည်)

လေယာဉ်ကို မူလက ပိုင်ဆိုင်ခဲ့သည်မှာ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုဖြစ်သော Mandala Airlines မှ ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် လုပ်ငန်းများ ရပ်ဆိုင်းခဲ့သည်။

စွန့်ပစ်ထားသော ထိုလေယာဉ်ကြီးကို ရုရှားစီးပွားရေးလုပ်ငန်းရှင် Felix Demin က ပြီးခဲ့သောနှစ်အတွင်း ဝယ်ယူခဲ့ပြီး ထရပ်ကားတစ်စီးဖြင့် ဆွဲယူကာ ယခုချောက်ကမ်းပါးနေရာသို့ ကရိန်းဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် တင်ဆောင်ခဲ့သည်။

လိုအပ်သည့် ခွင့်ပြုချက်များ ရယူပြီးနောက် ချောက်ကမ်းပါးရှိရာသို့ လေယာဉ်ကြီးကို တစ်ပတ်ခန့် အချိန်ယူကာ သယ်ဆောင်ခဲ့ရကြောင်း Felix က ပြောသည်။

ဘာလီကျွန်းတွင် နေထိုင်သူ Felix က ပြောသည်မှာ လေယာဉ်ကြီးကို သူဝယ်ယူသည့်အချိန်တွင် တရုတ်ပြည် သို့ သံတိုသံစအဖြစ် ရောင်းတော့မည့်အချိန်ဖြစ်ကြောင်း ပြောသည်။

Felix က ယခုနေရာသည် ဓာတ်ပုံသမားတို့အကြား ကျော်ကြားသည့်နေရာတစ်ခုဖြစ်လာမည်ဟု မျှော်မှန်းထား သည်။

 

(ရုရှားစီးပွားရေးလုပ်ငန်းရှင် Felix Demin က ဝယ်ယူကာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် ချောက်ကမ်းပါး တစ်ခု နေရာတွင် ကရိန်းဖြင့် ထားရှိခဲ့သည်)

 

(လေယာဉ်ကို သယ်ဆောင်ရန် ရက်သတ္တပတ်ခန့် ကြာမြင့်ခဲ့သည်)

 

(တရုတ်ပြည်သို့ သံတိုသံစအဖြစ် ရောင်းချမည့်အချိန်တွင် Felix က ဝယ်ယူခဲ့ခြင်း ဖြစ်သည်)

 

 

ဧည့်သည်များသည် သစ်သားမုဒ်ဦးတစ်ခုမှ ဝင်လာလျှင် ကျောက်ပြားလှေကားတစ်ခုမှတဆင့် လေယာဉ်အိမ် ရှိရာသို့ ရောက်ရှိမည် ဖြစ်သည်။

လေယာဉ်အိမ်အတွင်း ဝါညိုနုရောင်၊ ကျောက်တုံးရောင် ပရိဘောဂများ ထည့်သွင်းထားသည့် အိပ်ခန်း ၂ ခန်း၊ ကုတင်များဘေးတွင် ခန်းစီးစတပ်ဆင်ထားကာ သစ်သားကြမ်းခင်းများလည်း ရှိသည်။

ထို့အပြင် နို့နှစ်ရောင် ဧည့်ခန်းနေရာ၊ ပစ္စည်းအပြည့်အစုံ ထည့်သွင်းထားသော မီးဖိုဆောင်တို့အပြင် ရေချိုးခန်း ၂ ခန်းလည်း ပါဝင်သည်။

 

 

(သစ်သားမုဒ်ဦးမှတဆင့် လေယာဉ်အိမ်ကြီးရှိရာ ခြံဝန်းနေရာသို့ ရောက်သည်)

 

(လေယာဉ်အိမ်ဆီသို့ ဦးတည်ထားသည့် ကျောက်ပြားလှေကား)

 

(နို့နှစ်ရောင် ဧည့်ခန်းနေရာနှင့် ပစ္စည်းအပြည့်အစုံထည့်သွင်းထားသော မီးဖိုဆောင်)

 

(ဝါညိုနုရောင်နှင့် ကျောက်တုံးရောင် ပရိဘောဂများ ထည့်သွင်းထားသော အိပ်ခန်း ၂ ခန်း)

 

(အိပ်ခန်းများရှိ ကုတင်များဘေးတွင် ခန်းစီးစများ တပ်ဆင်ပေးထားပြီး ကြမ်းပြင်မှာ သစ်သားကြမ်းခင်း ဖြစ်သည်)

 

(ရေကူးကန်မှတဆင့် ပင်လယ်ဆီသို့ လှမ်းမျှော်တွေ့မြင်နိုင်သည်)

 

(လေယာဉ်အိမ်တွင် တည်းခိုမည့်သူများအတွက် အခမဲ့ယာဉ်ရပ်နားနေရာပါဝင်သည်)

 

(လေယာဉ်အိမ်ကို လာမည့် ဧပြီလ၊ ၂၀၂၃ တွင် စတင်ငှားရမ်းတည်းခိုနိုင်မည် ဖြစ်သည်)

ဓာတ်ပုံများတွင် တွေ့မြင်ရမှုအရ လေယာဉ်နှုတ်သီးအနီး လေယာဉ်မှူးပြတင်းများအောက်တွင် ကျောက်သား ရေစိမ်ကန်တစ်ခုထားရှိသည်ကို တွေ့ရသည်။

လေယာဉ်အိမ်ရှိ အရက်ဘားတွင် ဧည့်သည်များအနေဖြင့် ကော့တေးများ သောက်နိုင်မည်ဖြစ်ကာ ရွေးချယ်စရာ များပြားသော မနက်စာ၊ အခမဲ့ ဝိုင်ဖိုင်နှင့် အခမဲ့ ယာဉ်ရပ်နားနေရာတို့ ရှိသည်။

အပြင်ဘက်တွင် မွမ်းမံထိန်းသိမ်းမှုများ ပြုလုပ်ထားသော ပန်းဥယျာဉ်များ၊ L ပုံသဏ္ဍာန် ဆိုဖာတစ်ခုပါသော ခေတ်ဆန်သော နားနေရန်နေရာနှင့် မီးဖိုတွင်းတစ်ခုတို့လည်း ရှိသည်။

ထို့အပြင် နေစာလှုံထိုင်ခုံများ၊ ရေကူးကန်တို့လည်းရှိပြီး ရေကူးကန်မှတဆင့် အိန္ဒိယသမုဒ္ဒရာ၏ ရှုမျှော်ခင်း များကို တွေ့မြင်ရမည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Abandoned Boeing 737 on a Bali clifftop transformed into a stunning £6k-a-night holiday villa with a glass-edged walkway on the wing and a swimming pool (dailymail)

 

 

 

[Zawgyi]

 

ဘာလီကၽြန္းမွ ေခ်ာက္ကမ္းပါးထိပ္ရွိ စြန္႔ပစ္ထားေသာ ဘိုးအင္း 737 ေလယာဥ္ၾကီးကို တစ္ညလွ်င္ ေပါင္ ၆၀၀၀ ျဖင့္ တည္းခိုႏိုင္မည့္ေနရာအျဖစ္ ေျပာင္းလဲ

 

 

 

အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္းမွ Nyang Nyang ကမ္းေျခအနီးရွိ ၁၅၀ မီတာ (၄၉၂ ေပ) ျမင့္မားေသာ ေခ်ာက္ကမ္းပါးထိပ္တြင္ စြန္႔ပစ္ခံ ဘိုးအင္း 737 ေလယာဥ္ၾကီးတစ္စင္းကို အားလပ္ရက္အပန္းေျဖ နားေနႏိုင္မည့္ ေနရာတစ္ခုအျဖစ္ ေျပာင္းလဲခဲ့ၾကသည္။

အငွားေစ်းကြက္တင္မွတ္တမ္းမ်ားအရ ေလယာဥ္ၾကီးတြင္ မ်က္စိက်ဖြယ္ အဂၤါရပ္မ်ားပါဝင္ရာ ေရကူးကန္တစ္ခု ပါကာ ေလယာဥ္ေတာင္ပံေပၚတြင္ မွန္သားေလွွ်ာက္လမ္းျပဳလုပ္ထားျပီး ေခ်ာက္ကမ္းပါးမွ တစိတ္တပိုင္း ထိုးထြက္လ်က္ ရွိသည္။

ကိုယ္ပိုင္ဂ်က္ေလယာဥ္စံအိမ္ (Private Jet Villa by Hanging Gardens Air) ဟု အမည္ေပးထားျပီး Booking.com ဝက္ဘ္ဆိုက္မွတဆင့္ တစ္ညလွ်င္ ေပါင္ ၆၀၀၀ (ကန္ေဒၚလာ ၇၂၈၀) ျဖင့္ အငွားေစ်းကြက္ တင္ထားသည္။

(ဘိုးအင္း ၇၃၇ ေလယာဥ္ၾကီးကို အားလပ္ရက္အပန္းေျဖေနရာအျဖစ္ ေျပာင္းလဲထားသည္။ တည္ေနရာမွာ အင္ဒိုနီးရွားႏိုင္ငံ၊ ဘာလီကၽြန္းရွိ Nyang Nyang ကမ္းေျခအနီးမွ ေခ်ာက္ကမ္းပါးၾကီးတစ္ခုတြင္ တည္ရွိသည္)

(ေစ်းကြက္တင္မွတ္တမ္းအရ ေလယာဥ္ႏႈတ္သီးအနီး ေလယာဥ္မွဴးခန္းမွ ျပတင္းေပါက္မ်ားေအာက္ဘက္တြင္ ေက်ာက္တံုးကို ထြင္းထားသည့္ ေရစိမ္ကန္တစ္ခုထားရွိသည္ကို ေတြ႔ရသည္)

(ေလယာဥ္ေတာင္ပံေပၚတြင္ ေလွ်ာက္လမ္းတစ္ခု ျပဳလုပ္ထားသည္ကိုေတြ႔ရျပီး ေခ်ာက္ကမ္းပါးစြန္းမွ ထိုးထြက္ ေနသည္ကို ေက်ာခ်မ္းစရာေတြ႔ရသည္။

(တမူထူးေသာ ေလယာဥ္အိမ္ၾကီးကို တစ္ညလွ်င္ ေဒၚလာ ၇၀၀၀ ေက်ာ္ျဖင့္ အငွားေစ်းကြက္တင္ထားသည္)

ေလယာဥ္ကို မူလက ပိုင္ဆိုင္ခဲ့သည္မွာ အင္ဒိုနီးရွားကုမၸဏီတစ္ခုျဖစ္ေသာ Mandala Airlines မွ ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္ျပီး ၂၀၁၄ ခုႏွစ္တြင္ လုပ္ငန္းမ်ား ရပ္ဆိုင္းခဲ့သည္။

စြန္႔ပစ္ထားေသာ ထိုေလယာဥ္ၾကီးကို ရုရွားစီးပြားေရးလုပ္ငန္းရွင္ Felix Demin က ျပီးခဲ့ေသာႏွစ္အတြင္း ဝယ္ယူခဲ့ျပီး ထရပ္ကားတစ္စီးျဖင့္ ဆြဲယူကာ ယခုေခ်ာက္ကမ္းပါးေနရာသို႔ ကရိန္းျဖင့္ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလတြင္ တင္ေဆာင္ခဲ့သည္။

လိုအပ္သည့္ ခြင့္ျပဳခ်က္မ်ား ရယူျပီးေနာက္ ေခ်ာက္ကမ္းပါးရွိရာသို႔ ေလယာဥ္ၾကီးကို တစ္ပတ္ခန္႔ အခ်ိန္ယူကာ သယ္ေဆာင္ခဲ့ရေၾကာင္း Felix က ေျပာသည္။

ဘာလီကၽြန္းတြင္ ေနထုိင္သူ Felix က ေျပာသည္မွာ ေလယာဥ္ၾကီးကို သူဝယ္ယူသည့္အခ်ိန္တြင္ တရုတ္ျပည္ သို႔ သံတိုသံစအျဖစ္ ေရာင္းေတာ့မည့္အခ်ိန္ျဖစ္ေၾကာင္း ေျပာသည္။

Felix က ယခုေနရာသည္ ဓာတ္ပံုသမားတု႔ိအၾကား ေက်ာ္ၾကားသည့္ေနရာတစ္ခုျဖစ္လာမည္ဟု ေမွ်ာ္မွန္းထား သည္။

(ရုရွားစီးပြားေရးလုပ္ငန္းရွင္ Felix Demin က ဝယ္ယူကာ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလတြင္ ေခ်ာက္ကမ္းပါး တစ္ခု ေနရာတြင္ ကရိန္းျဖင့္ ထားရွိခဲ့သည္)

(ေလယာဥ္ကို သယ္ေဆာင္ရန္ ရက္သတၱပတ္ခန္႔ ၾကာျမင့္ခဲ့သည္)

(တရုတ္ျပည္သို႔ သံတိုသံစအျဖစ္ ေရာင္းခ်မည့္အခ်ိန္တြင္ Felix က ဝယ္ယူခဲ့ျခင္း ျဖစ္သည္)

ဧည့္သည္မ်ားသည္ သစ္သားမုဒ္ဦးတစ္ခုမွ ဝင္လာလွ်င္ ေက်ာက္ျပားေလွကားတစ္ခုမွတဆင့္ ေလယာဥ္အိမ္ ရွိရာသို႔ ေရာက္ရွိမည္ ျဖစ္သည္။

ေလယာဥ္အိမ္အတြင္း ဝါညိဳႏုေရာင္၊ ေက်ာက္တံုးေရာင္ ပရိေဘာဂမ်ား ထည့္သြင္းထားသည့္ အိပ္ခန္း ၂ ခန္း၊ ကုတင္မ်ားေဘးတြင္ ခန္းစီးစတပ္ဆင္ထားကာ သစ္သားၾကမ္းခင္းမ်ားလည္း ရွိသည္။

ထို႔အျပင္ ႏုိ႔ႏွစ္ေရာင္ ဧည့္ခန္းေနရာ၊ ပစၥည္းအျပည့္အစံု ထည့္သြင္းထားေသာ မီးဖိုေဆာင္တို႔အျပင္ ေရခ်ဳိးခန္း ၂ ခန္းလည္း ပါဝင္သည္။

(သစ္သားမုဒ္ဦးမွတဆင့္ ေလယာဥ္အိမ္ၾကီးရွိရာ ျခံဝန္းေနရာသို႔ ေရာက္သည္)

(ေလယာဥ္အိမ္ဆီသို႔ ဦးတည္ထားသည့္ ေက်ာက္ျပားေလွကား)

(ႏို႔ႏွစ္ေရာင္ ဧည့္ခန္းေနရာႏွင့္ ပစၥည္းအျပည့္အစံုထည့္သြင္းထားေသာ မီးဖိုေဆာင္)

(ဝါညိဳႏုေရာင္ႏွင့္ ေက်ာက္တံုးေရာင္ ပရိေဘာဂမ်ား ထည့္သြင္းထားေသာ အိပ္ခန္း ၂ ခန္း)

(အိပ္ခန္းမ်ားရွိ ကုတင္မ်ားေဘးတြင္ ခန္းစီးစမ်ား တပ္ဆင္ေပးထားျပီး ၾကမ္းျပင္မွာ သစ္သားၾကမ္းခင္း ျဖစ္သည္)

(ေရကူးကန္မွတဆင့္ ပင္လယ္ဆီသို႔ လွမ္းေမွ်ာ္ေတြ႔ျမင္ႏိုင္သည္)

(ေလယာဥ္အိမ္တြင္ တည္းခိုမည့္သူမ်ားအတြက္ အခမဲ့ယာဥ္ရပ္နားေနရာပါဝင္သည္)

(ေလယာဥ္အိမ္ကို လာမည့္ ဧျပီလ၊ ၂၀၂၃ တြင္ စတင္ငွားရမ္းတည္းခိုႏိုင္မည္ ျဖစ္သည္)

ဓာတ္ပံုမ်ားတြင္ ေတြ႔ျမင္ရမႈအရ ေလယာဥ္ႏႈတ္သီးအနီး ေလယာဥ္မွဴးျပတင္းမ်ားေအာက္တြင္ ေက်ာက္သား ေရစိမ္ကန္တစ္ခုထားရွိသည္ကို ေတြ႔ရသည္။

ေလယာဥ္အိမ္ရွိ အရက္ဘားတြင္ ဧည့္သည္မ်ားအေနျဖင့္ ေကာ့ေတးမ်ား ေသာက္ႏိုင္မည္ျဖစ္ကာ ေရြးခ်ယ္စရာ မ်ားျပားေသာ မနက္စာ၊ အခမဲ့ ဝိုင္ဖိုင္ႏွင့္ အခမဲ့ ယာဥ္ရပ္နားေနရာတို႔ ရွိသည္။

အျပင္ဘက္တြင္ မြမ္းမံထိန္းသိမ္းမႈမ်ား ျပဳလုပ္ထားေသာ ပန္းဥယ်ာဥ္မ်ား၊ L ပံုသ႑ာန္ ဆိုဖာတစ္ခုပါေသာ ေခတ္ဆန္ေသာ နားေနရန္ေနရာႏွင့္ မီးဖိုတြင္းတစ္ခုတို႔လည္း ရွိသည္။

ထို႔အျပင္ ေနစာလံႈထိုင္ခံုမ်ား၊ ေရကူးကန္တို႔လည္းရွိျပီး ေရကူးကန္မွတဆင့္ အိႏိၵယသမုဒၵရာ၏ ရႈေမွ်ာ္ခင္း မ်ားကို ေတြ႔ျမင္ရမည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Abandoned Boeing 737 on a Bali clifftop transformed into a stunning £6k-a-night holiday villa with a glass-edged walkway on the wing and a swimming pool (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
42 Mini Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service