နေအိမ်တွင် သရဲရှိသည့် လက္ခဏာ ၁၀ ရပ်ကို ပရလောက သုတေသီ ဒေါက်တာ ဂျော့ဖ် အဲလစ်စ်၏ သုတေသနပြုချက်တွင် တွေ့ရှိ

နေအိမ်တွင် သရဲရှိသည့် လက္ခဏာ ၁၀ ရပ်ကို ပရလောက သုတေသီ ဒေါက်တာ ဂျော့ဖ် အဲလစ်စ်၏ သုတေသနပြုချက်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
17 Jan 2023 9:55 am တွင် တင်ခဲ့သည်
2512 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

သင့်ကို တစ်စုံတစ်ဦး စောင့်ကြည့်နေသည်ဟူသည့် ခံစားချက်မျိုး ဖြစ်ပေါ်ဖူးပါသလား။ သို့မဟုတ် ရုတ်တရက် အပူချိန်ပြောင်းလဲသွားခြင်းမျိုး ခံစားဖူးပါသလား။

ပရလောက သုတေသီတို့၏ အဆိုအရ ယင်းလက္ခဏာများသည် သင်၏နေအိမ်တွင် တစ္ဆေ သရဲရှိနေခြင်းကို ပြသသည့် လက္ခဏာရပ်များ ဖြစ်သည်ဟု ဆိုသည်။

လေ့လာချက်တစ်ရပ်အရ လူ ၁၀ ဦးလျှင် ၆ ဦးမှာ တစ္ဆေ သရဲရှိကြောင်း လက်ခံယုံကြည်ကြသည်ဟု ဆိုသည်။

ပရလောက သုတေသီ ဘာရီ ဂိုင်း၊ ဆန်ဒီ လက်ခ်ဒါနှင့် ခရစ် ဖလဲမင်းတို့၏ သုတေသနပြုချက်များအရ အောက်ပါအချက်များမှာ သင်၏ နေအိမ်တွင် သရဲရှိသည်ကို ပြသနေသည့် လက္ခဏာရပ်များ ဖြစ်ကြသည်။

အဆိုပါလေ့လာချက်ကို ဒေါက်တာ ဂျော့ဖ် အဲလစ်စ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

 

 

 

၁။ အိမ်တွင် တစ်ဦးတည်းရှိနေချိန်များ၌ စောင့်ကြည့်ခံနေရသည်ဟု ခံစားရခြင်း

၂။ အခန်းတွင်း အပူချိန်ထူးဆန်းစွာ ရုတ်တရက်ပြောင်းလဲသွားသကဲ့သို့ ခံစားရခြင်း

၃။ အိမ်အသုံးအဆောင်ပစ္စည်းများ ထူးဆန်းစွာ ပျောက်ဆုံးသွားကာ မူလထားသည့်နေရာမဟုတ်ဘဲ အခြား တစ်နေရာတွင် ပြန်တွေ့ခြင်း

၄။ လျှပ်စစ်မီး ပြဿနာများ ကြုံတွေ့ရခြင်း (ဥပမာ- မီးများအလိုအလျောက် ဖွင့်၊ ပိတ်ခြင်း) ၊ လျှပ်စစ်ပစ္စည်းများ အလုပ်မလုပ်ခြင်း (သို့မဟုတ်) တလွဲတချော် အလုပ်လုပ်ခြင်း (ဥပမာ- မီးဖွင့်လျှင် ပိတ်ခြင်း၊ ပိတ်လျှင် ပွင့်ခြင်း)

၅။ လေချွန်သံများ၊ လမ်းလျှောက်သံများ၊ တစ်ခုခုပြုတ်ကျသံ၊ သင်၏အမည်ကို ခေါ်လိုက်သံမျိုး ကြားရခြင်း

၆။ မျက်လုံးထောင့်တွင် အရိပ် (သို့မဟုတ်) လှုပ်ရှားမှု တစ်ခုခုတွေ့လိုက်ခြင်း

၇။ လက်ဖြင့် တစ်ယောက်ယောက် ထိကိုင်လိုက်သကဲ့သို့ ခံစားရခြင်း

၈။ အိမ်အတွင်း ရနေကျမဟုတ်သည့် ရေမွှေးနံ့၊ ပန်းနံ့၊ စီးကရက်နံ့၊ အစားအသောက်နံ့၊ အပုပ်နံ့ရခြင်း

၉။ နံနက်လင်းအားကြီး ၃ နာရီမှ ၄ နာရီအကြား ရုတ်တရက်လန့်နိုးလာကာ ထိတ်လန့်ခြောက်ခြားနေတတ်ခြင်း (သို့မဟုတ်) တစ်ယောက်ယောက်၏ စောင့်ကြည့်ခံရသလို ခံစားရခြင်း

၁၀။ နေအိမ်၏ နေရာတစ်ခုသို့ ရောက်လျှင် အကြောင်းမရှိဘဲ ဝမ်းနည်းသလိုလို၊ သောကရောက်နေသလို ခံစားရခြင်း

ယခု သုတေသနကို စာရင်းအင်းပညာရှင် ဒေါက်တာ ဂျော့ဖ် အဲလစ်စ်က ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့မှုတွင် လေ့လာခဲ့သူများအနက် ၃၉ ရာခိုင်နှုန်းမှာ သရဲကို တွေ့မြင်ရ သည်ဟု ပြောကြပြီး ၆၇ ရာခိုင်နှုန်းမှာ ၎င်းတို့မြင်သော သရဲသည် ၎င်းတို့နှင့် သိကျွမ်းသူဖြစ်ကြောင်း ပြောကြ သည်ဟု ဆိုသည်။

ဆန်းကြယ်သည်မှာ ၆၄ ရာခိုင်နှုန်းက ၎င်းတို့၏ အိမ်မွေးတိရ စ္ဆာန်များသည် တစ္ဆေသရဲများကို မြင်နိုင်သည်ဟု ယုံကြည်ကြခြင်း ဖြစ်သည်။

ဒေါက်တာ အဲလစ်စ်တို့ အဖွဲ့သည် ဗြိတိန်မှ လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း ရောင်းချခဲ့သော သရဲခြောက် သည့် နေအိမ် ၂၅ လုံး၏ ဈေးနှုန်းနှင့် အလားတူ အကျယ်အဝန်းရှိပြီး ခြောက်လှန့်မှု သမိုင်းမရှိသော နေအိမ်များ ၏ ရောင်းဈေးများကို နှိုင်းယှဉ်စမ်းစစ်ခဲ့ကြသည်။

လေ့လာချက်အရ တွေ့ရသည်မှာ ဗြိတိန်အိမ်ဝယ်လက်များအနက် ၅၅ ရာခိုင်နှုန်းက သရဲခြောက်သော နေအိမ်တစ်လုံးဆိုလျှင် ဝယ်ယူမည်မဟုတ်ကြောင်း ပြောကြသည်ဟု ဆိုသည်။

ပရလောကသုတေသီ ဘာရီဂိုင်းက “ပရလောကသုတေသီတစ်ဦးအနေနဲ့ ကျွန်တော်တွေ့လာရတာက သရဲရှိနေတာဟာ နေအိမ်ရဲ့ တန်ဖိုးအပေါ်ထိခိုက်မှုရှိလာနိုင်တာ တွေ့ရပါတယ်။ အချို့အိမ်တွေဆိုရင် ရောင်းမရနိုင်တာမျိုးအထိတောင် ရှိပါတယ်”ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 10 signs your house is haunted, according to a paranormal investigator (mirror.co.uk)

 

 

[Zawgyi]

ေနအိမ္တြင္ သရဲရွိသည့္ လကၡဏာ ၁၀ ရပ္ကို ပရေလာက သုေတသီ ေဒါက္တာ ေဂ်ာ့ဖ္ အဲလစ္စ္၏ သုေတသနျပဳခ်က္တြင္ ေတြ႔ရွိ

 

သင့္ကို တစ္စံုတစ္ဦး ေစာင့္ၾကည့္ေနသည္ဟူသည့္ ခံစားခ်က္မ်ဳိး ျဖစ္ေပၚဖူးပါသလား။ သို႔မဟုတ္ ရုတ္တရက္ အပူခ်ိန္ေျပာင္းလဲသြားျခင္းမ်ဳိး ခံစားဖူးပါသလား။

ပရေလာက သုေတသီတို႔၏ အဆိုအရ ယင္းလကၡဏာမ်ားသည္ သင္၏ေနအိမ္တြင္ တေစၦ သရဲရွိေနျခင္းကို ျပသသည့္ လကၡဏာရပ္မ်ား ျဖစ္သည္ဟု ဆိုသည္။

ေလ့လာခ်က္တစ္ရပ္အရ လူ ၁၀ ဦးလွ်င္ ၆ ဦးမွာ တေစၦ သရဲရွိေၾကာင္း လက္ခံယံုၾကည္ၾကသည္ဟု ဆိုသည္။

ပရေလာက သုေတသီ ဘာရီ ဂိုင္း၊ ဆန္ဒီ လက္ခ္ဒါႏွင့္ ခရစ္ ဖလဲမင္းတို႔၏ သုေတသနျပဳခ်က္မ်ားအရ ေအာက္ပါအခ်က္မ်ားမွာ သင္၏ ေနအိမ္တြင္ သရဲရွိသည္ကို ျပသေနသည့္ လကၡဏာရပ္မ်ား ျဖစ္ၾကသည္။

အဆိုပါေလ့လာခ်က္ကို ေဒါက္တာ ေဂ်ာ့ဖ္ အဲလစ္စ္က ဦးေဆာင္ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။ ၁။ အိမ္တြင္ တစ္ဦးတည္းရွိေနခ်ိန္မ်ား၌ ေစာင့္ၾကည့္ခံေနရသည္ဟု ခံစားရျခင္း ၂။ အခန္းတြင္း အပူခ်ိန္ထူးဆန္းစြာ ရုတ္တရက္ေျပာင္းလဲသြားသကဲ့သို႔ ခံစားရျခင္း ၃။ အိမ္အသံုးအေဆာင္ပစၥည္းမ်ား ထူးဆန္းစြာ ေပ်ာက္ဆံုးသြားကာ မူလထားသည့္ေနရာမဟုတ္ဘဲ အျခား တစ္ေနရာတြင္ ျပန္ေတြ႔ျခင္း

၄။ လွ်ပ္စစ္မီး ျပႆနာမ်ား ၾကံဳေတြ႔ရျခင္း (ဥပမာ- မီးမ်ားအလိုအေလ်ာက္ ဖြင့္၊ ပိတ္ျခင္း) ၊ လွ်ပ္စစ္ပစၥည္းမ်ား အလုပ္မလုပ္ျခင္း (သို႔မဟုတ္) တလြဲတေခ်ာ္ အလုပ္လုပ္ျခင္း (ဥပမာ- မီးဖြင့္လွ်င္ ပိတ္ျခင္း၊ ပိတ္လွ်င္ ပြင့္ျခင္း)

၅။ ေလခၽြန္သံမ်ား၊ လမ္းေလွ်ာက္သံမ်ား၊ တစ္ခုခုျပဳတ္က်သံ၊ သင္၏အမည္ကို ေခၚလိုက္သံမ်ဳိး ၾကားရျခင္း

၆။ မ်က္လံုးေထာင့္တြင္ အရိပ္ (သို႔မဟုတ္) လႈပ္ရွားမႈ တစ္ခုခုေတြ႔လိုက္ျခင္း

၇။ လက္ျဖင့္ တစ္ေယာက္ေယာက္ ထိကိုင္လိုက္သကဲ့သို႔ ခံစားရျခင္း

၈။ အိမ္အတြင္း ရေနက်မဟုတ္သည့္ ေရေမႊးနံ႔၊ ပန္းန႔ံ၊ စီးကရက္နံ႔၊ အစားအေသာက္နံ႔၊ အပုပ္နံ႔ရျခင္း

၉။ နံနက္လင္းအားၾကီး ၃ နာရီမွ ၄ နာရီအၾကား ရုတ္တရက္လန္႔ႏိုးလာကာ ထိတ္လန္႔ေျခာက္ျခားေနတတ္ျခင္း (သုိ႔မဟုတ္) တစ္ေယာက္ေယာက္၏ ေစာင့္ၾကည့္ခံရသလို ခံစားရျခင္း

၁၀။ ေနအိမ္၏ ေနရာတစ္ခုသို႔ ေရာက္လွ်င္ အေၾကာင္းမရိွဘဲ ဝမ္းနည္းသလိုလို၊ ေသာကေရာက္ေနသလို ခံစားရျခင္း

ယခု သုေတသနကို စာရင္းအင္းပညာရွင္ ေဒါက္တာ ေဂ်ာ့ဖ္ အဲလစ္စ္က ဦးေဆာင္ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

အဆိုပါေလ့လာေတြ႔ရွိခ်က္ကို ထုတ္ျပန္ခဲ့မႈတြင္ ေလ့လာခဲ့သူမ်ားအနက္ ၃၉ ရာခိုင္ႏႈန္းမွာ သရဲကို ေတြ႔ျမင္ရ သည္ဟု ေျပာၾကျပီး ၆၇ ရာခိုင္ႏႈန္းမွာ ၎တုိ႔ျမင္ေသာ သရဲသည္ ၎တို႔ႏွင့္ သိကၽြမ္းသူျဖစ္ေၾကာင္း ေျပာၾက သည္ဟု ဆိုသည္။

ဆန္းၾကယ္သည္မွာ ၆၄ ရာခိုင္ႏႈန္းက ၎တို႔၏ အိမ္ေမြးတိရ စၦာန္မ်ားသည္ တေစၦသရဲမ်ားကို ျမင္ႏိုင္သည္ဟု ယံုၾကည္ၾကျခင္း ျဖစ္သည္။

ေဒါက္တာ အဲလစ္စ္တို႔ အဖြဲ႔သည္ ျဗိတိန္မွ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၅၀ အတြင္း ေရာင္းခ်ခဲ့ေသာ သရဲေျခာက္ သည့္ ေနအိမ္ ၂၅ လံုး၏ ေစ်းႏႈန္းႏွင့္ အလားတူ အက်ယ္အဝန္းရွိျပီး ေျခာက္လွန္႔မႈ သမိုင္းမရွိေသာ ေနအိမ္မ်ား ၏ ေရာင္းေစ်းမ်ားကို ႏႈိင္းယွဥ္စမ္းစစ္ခဲ့ၾကသည္။

ေလ့လာခ်က္အရ ေတြ႔ရသည္မွာ ျဗိတိန္အိမ္ဝယ္လက္မ်ားအနက္ ၅၅ ရာခိုင္ႏႈန္းက သရဲေျခာက္ေသာ ေနအိမ္တစ္လံုးဆိုလွ်င္ ဝယ္ယူမည္မဟုတ္ေၾကာင္း ေျပာၾကသည္ဟု ဆိုသည္။

ပရေလာကသုေတသီ ဘာရီဂိုင္းက “ပရေလာကသုေတသီတစ္ဦးအေနနဲ႔ ကၽြန္ေတာ္ေတြ႔လာရတာက သရဲရွိေနတာဟာ ေနအိမ္ရဲ႕ တန္ဖိုးအေပၚထိခိုက္မႈရွိလာႏိုင္တာ ေတြ႔ရပါတယ္။ အခ်ဳိ႕အိမ္ေတြဆိုရင္ ေရာင္းမရႏိုင္တာမ်ဳိးအထိေတာင္ ရွိပါတယ္”ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 10 signs your house is haunted, according to a paranormal investigator (mirror.co.uk)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service