အင်္ဂလန်က လဘက်ရည်အိုး ၈၀၀၀ ကျော်ပြသထားတဲ့ လဘက်ရည်အိုးကျွန်း

အင်္ဂလန်က လဘက်ရည်အိုး ၈၀၀၀ ကျော်ပြသထားတဲ့ လဘက်ရည်အိုးကျွန်း - Property News in Myanmar from iMyanmarHouse.com
16 Jan 2023 11:26 am တွင် တင်ခဲ့သည်
652 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

စတင်ဖွင့်လှစ်ခဲ့သည့်ကာလ- ၂၀၀၃ ခုနှစ်

တည်နေရာ- အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်၊ Yalding ကျေးရွာ

ကိုသြဒိနိတ်- 51°13′18″N 0°25′05″

စုဆောင်းထားမှုပမာဏ- လဘက်ရည်အိုး ၈၀၀၀

တရားဝင်ဝက်ဘ်ဆိုက်-  https://www.teapotisland.co.uk/

အင်္ဂလန်နိုင်ငံ၊ ကန့် ခရိုင်တွင် လဘက်ရည်အိုးကျွန်း (Teapot Island) တည်ရှိပြီး လဘက်ရည်အိုးများကို ပြသ ထားသည့် ပြတိုက်တစ်ခု ဖြစ်သည်။

ပိုင်ရှင်ဖြစ်သူ Sue Blazye ၏ ကိုယ်ပိုင်စုဆောင်းမှုမှတဆင့် ပြတိုက်အဖြစ် ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။

၁၉၈၃ ခုနှစ်တွင် Sue ကို သူ့အဘွားက လဘက်ရည်အိုးတစ်လုံး လက်ဆောင်ပေးခဲ့ပြီး နောက်ပိုင်းတွင် အခြား မိသားစုဝင်များနှင့် သူငယ်ချင်းများကလည်း Sue အား လဘက်ရည်အိုးများ လက်ဆောင်ပေးလာကြ သည်။

စုဆောင်းထားမှုများ တစထက်တစ များပြားလာသောကြောင့် လဘက်ရည်အိုးများ ထားရန် ကျယ်ဝန်းသည့် နေရာတစ်ခု လိုအပ်လာသည်။ သို့အတွက် လဘက်ရည်ကျွန်းကို အင်္ဂလန်နိုင်ငံ၊ ကန့်ခရိုင်၊ Yalding ကျေးရွာ တွင် ၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလတွင် တည်ထောင်ခဲ့သည်။

လဘက်ရည်အိုးများ ထားရှိသည့် အဆောက်အအုံသည် ယခင်က ကော်ဖီဆိုင်အဖြစ်လည်း ဖွင့်လှစ်ခဲ့သည့် Riverside Diner ဟု အမည်ပေးထားကာ ၁၉၅၀ ပြည့်လွန်ကာလများကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လဘက်ရည်ကျွန်းသည် ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့အများဆုံး လဘက်ရည်အိုး စုဆောင်းမှုအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့သည်။

လဘက်ရည်အိုးပြတိုက်မှာ အလွန်ကျယ်ဝန်းခြင်းကားမရှိ။ မိနစ်ပိုင်းအတွင်း လမ်းလျှောက် ကြည့်ရှုနိုင်သည်။

သို့သော် ကမ္ဘာ့အများဆုံး လဘက်ရည်အိုးများကို တစ်နေရာတည်းတွင် တွေ့ရမည် ဖြစ်၏။

ကန့်၊ ဆာရေးနှင့် ဆပ်ဆက်စ်ခရိုင် ၃ ခုကို ရဟတ်ယာဉ်ဖြင့် အရေးပေါ်ကျန်းမာရေးကူညီမှုများ ပြုလုပ်ပေးနေ သည့် Air Ambulance အဖွဲ့အတွက် ရန်ပုံငွေ ရှာပေးခြင်းလည်း ဖြစ်ပြီး ချားလ်စ်မင်းသားနှင့် ကြင်ယာတော် ကမီလာတို့ လာရောက်လည်ပတ်ကြည့်ရှုခဲ့ကြဖူးသည်။

 

(ရောင်းရန် လဘက်ရည်အိုးများအနက်မှ အချို့ကို ပြတိုက်ထဲသို့ မရောက်မီ တွေ့ရပုံ။ ဓာတ်ပုံ - Laura Reynolds/Londonist)

ပြတိုက်တံခါးကိုဖွင့်ကာဝင်လိုက်လျှင် ကောင်တာနောက်တွင် ထိုင်နေသည့်အမျိုးသမီးကို ရုတ်တရက် မတွေ့ရ။ လဘက်ရည်အိုးများ ပြသထားသည့် နောက်ခံနံရံနှင့် ရောနှောကာ ပျောက်ကွယ်သကဲ့သို့ ဖြစ်နေသည်။

စင်စစ်ကား ပြတိုက်ဟုလည်း မဆိုသာ။ အရောင်းဆိုင်တစ်ခုဟု ဆိုနိုင်ပြီး လဘက်ရည်အိုးများကို ၇ ဒသမ ၉၉ ပေါင်မှ စတင်ကာ ဝယ်ယူနိုင်သည်။

 

(လဘက်ရည်အိုးများအနက်မှ အချို့။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

 

 

(ဓာတ်ပုံ - Laura Reynolds/Londonist)

 

(ဓာတ်ပုံ - Laura Reynolds/Londonist)

 

(ဓာတ်ပုံ - Laura Reynolds/Londonist)

ကြွေလဘက်ရည်အိုးများကို အမျိုးမျိုးပုံဖော်ထားရာ လူပုဂ္ဂိုလ်များ၊ နေရာဒေသများ၊ အဆောက်အအုံများ၊ ကာတွန်းဇာတ်ကောင်များ၊ ရုပ်သံအစီအစဉ်များ၊ သမိုင်းဝင်အခိုက်အတန့်များ ပုံဖော်ထားပြီး လဘက်ရည်အိုး အားလုံးတွင် လက်ကိုင်နှင့် နှုတ်သီးတပ်ဆင်ထားကာ ဘေးချင်းကပ်လျက် တန်းစီ ပြသထားသည်။

လကမ္ဘာသို့ဆင်းသက်ခြင်းအား ပုံဖော်ထားသည့် လဘက်ရည်အိုးဘေးတွင် ဝေလမင်းသမီး ဒိုင်ယာနာမျက်နှာ ပုံဖော်ထားသည့် လဘက်ရည်အိုး (ချားလ်စ်မင်းသားနှင့် ကမီလာတို့၏ ရုပ်ပုံ လဘက်ရည်အိုးများ အောက်တည့်တည့်တွင် ထားရှိသည်) ၊ င်းနောက် ဒေးဗစ် ဘိုဝီ၊ မာ့ခ် ဘိုလန်၊ လေဘာတီရုပ်တု အစရှိသည်တို့ တွေ့ရမည် ဖြစ်သည်။

 

 

(ချားလ်စ်မင်းသားနှင့် ကမီလာပုံ လဘက်ရည်အိုး။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

(အမှတ် ၁၀ ၊ ဒေါင်းနင်းလမ်း အဆောက်အအုံ။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

 

(ဓာတ်ပုံ - Laura Reynolds/Londonist)

လဘက်ရည်အိုးပြတိုက်တွင် ဝင်စတန်ချာချီရုပ်ပုံ လဘက်ရည်အိုး ၅ လုံး၊ အခြားဝန်ကြီးချုပ်များနှင့် အမေရိကန်သမ္မတ ဘီလ်ကလင်တန်ပုံ ၂ လုံး၊ Winnie the Pooch ဇာတ်ကောင်ရုပ်များစွာ၊ Laurel and Hardys ၃ ခု တွေ့ရသော်လည်း အဲလ်ဗစ် ပရက်စလေရုပ်တစ်ခုသာ တွေ့ရရာ ဗြိတိသျှတို့ လွှမ်းမိုးသည်ဟု ဆိုနိုင်သည်။

 

(ဓာတ်ပုံ - Laura Reynolds/Londonist)

 

(Tower of London နှင့် ပိုတူနေသည်။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

(ဓာတ်ပုံ - Laura Reynolds/Londonist)

 

(ဘုရင်မကြီးပုံ။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

(ဝင်စတန်ချာချီပုံ များစွာရှိသည်။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

 

(ဗုံးဒဏ်ခံခဲ့ရသည့် သတ္တုလဘက်ရည်အိုးတစ်လုံး။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

(ဓာတ်ပုံ - Laura Reynolds/Londonist)

 

(Yalding ကျေးရွာလေး ရေကြီးခဲ့စဉ်က လဘက်ရည်အိုးပြတိုက်မှာလည်း ဆိုးရွားစွာ ထိခိုက်ခဲ့သည်။ ဓာတ်ပုံ - Laura Reynolds/Londonist)

 

လဘက်ရည်ကျွန်းသည် ပြတိုက်ဖြစ်သည့်အပြင် ကော်ဖီဆိုင်လည်းဖြစ်ပြီး ပြတိုက်အတွင်း လည်ပတ်ကြည့်ရှု ပြီးပါက အပန်းဖြေရန် ကော်ဖီအေး၊ ကော်ဖီပူ၊ သွားရေစာများနှင့် နေ့လယ်စာများ ရရှိသည်။

ဘေးတစ်ဘက်တွင် ကလေးကစားရန်နေရာတစ်ခု ရှိသည်။

ထို့အပြင် ရေခဲမုန့်အရောင်းဆိုင်ရုံလေးတစ်ခုလည်းရှိရာ စက်ဘီးသမားများနှင့် လမ်းသွားလမ်းလာများ ခေတ္တ ရပ်နားလေ့ရှိသည့်နေရာလည်း ဖြစ်သည်။

ရာသီဥတုကောင်းပါက ပြတိုက်ဘေးမှ လူသွားလမ်းကလေးတွင် Medway မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်နိုင်သည်။

(လဘက်ရည်ကျွန်းသို့ သွားမည်ဆိုလျှင်………)

 

 

(ဓာတ်ပုံ- Laura Reynolds/Londonist)

 

လဘက်ရည်ကျွန်းသည် အင်္ဂလန်နိုင်ငံ ၊ ကန့်ခရိုင်၊ Maidstone အနီး၊ Yalding ကျေးရွာမှ Medway နှင့် Teise မြစ်များ ဆုံရာတွင် တည်ရှိသည်။

Yalding ဘူတာရုံမှ ခြေလျင်ခရီး မိနစ် ၂၀ အကွာတွင် တည်ရှိသည်။

ကားဖြင့်သွားမည်ဆိုပါက Lees Car Park တွင် ကားရပ်နားနိုင်မည်ဖြစ်ပြီး ကားရပ်နားခပေးရသည်။

ကားရပ်နားခမှာ အဝင်ဂိတ်တွင် ပေးရမည် ဖြစ်ပြီး အကြွေစေ့ (သို့မဟုတ်) ကတ်ဖြင့် ပေးချေနိုင်သည်။

ကားရပ်နားခအတွက် ကြိုတင်စီစဉ်သွားသင့်သည်။ သို့မဟုတ်ပါက တစ်လမ်းသွား တံတားတွင် ယာဉ်ကြောပိတ်ဆို့သွားနိုင်သည်။ ယာဉ်ပိတ်ဆို့မှုများကိုလည်း မကြာခဏ တွေ့ရလေ့ရှိသည်။

 

 

(လဘက်ရည်ကျွန်းမှ မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်နိုင်ပါသည်။ ဓာတ်ပုံ- Laura Reynolds/Londonist)

 

လိပ်စာ- Teapot Island, Hampstead Lane, Yalding, Maidstone, Kent, ME18 6HG.

လဘက်ရည်ပြတိုက်ဝင်ကြေး- လူကြီးတစ်ဦးလျှင် ၃ ပေါင်

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Secluded Island Is Home To More Than 8,000 Teapots (londonist, wikipedia)

 

 

 

 

 

[Zawgyi]

အဂၤလန္က လဘက္ရည္အိုး ၈၀၀၀ ေက်ာ္ျပသထားတဲ့ လဘက္ရည္အိုးကၽြန္း

 

စတင္ဖြင့္လွစ္ခဲ့သည့္ကာလ- ၂၀၀၃ ခုႏွစ္

တည္ေနရာ- အဂၤလန္ႏိုင္ငံ၊ ကန္႔ခရိုင္၊ Yalding ေက်းရြာ

ကိုၾသဒိနိတ္- 51°13′18″N 0°25′05″

စုေဆာင္းထားမႈပမာဏ- လဘက္ရည္အိုး ၈၀၀၀

တရားဝင္ဝက္ဘ္ဆိုက္- https://www.teapotisland.co.uk/

အဂၤလန္ႏိုင္ငံ၊ ကန္႔ ခရိုင္တြင္ လဘက္ရည္အိုးကၽြန္း (Teapot Island) တည္ရွိျပီး လဘက္ရည္အိုးမ်ားကို ျပသ ထားသည့္ ျပတိုက္တစ္ခု ျဖစ္သည္။

ပိုင္ရွင္ျဖစ္သူ Sue Blazye ၏ ကိုယ္ပိုင္စုေဆာင္းမႈမွတဆင့္ ျပတုိက္အျဖစ္ ၾကီးထြားလာခဲ့ျခင္း ျဖစ္သည္။

၁၉၈၃ ခုႏွစ္တြင္ Sue ကို သူ႔အဘြားက လဘက္ရည္အိုးတစ္လံုး လက္ေဆာင္ေပးခဲ့ျပီး ေနာက္ပိုင္းတြင္ အျခား မိသားစုဝင္မ်ားႏွင့္ သူငယ္ခ်င္းမ်ားကလည္း Sue အား လဘက္ရည္အိုးမ်ား လက္ေဆာင္ေပးလာၾက သည္။

စုေဆာင္းထားမႈမ်ား တစထက္တစ မ်ားျပားလာေသာေၾကာင့္ လဘက္ရည္အိုးမ်ား ထားရန္ က်ယ္ဝန္းသည့္ ေနရာတစ္ခု လိုအပ္လာသည္။ သို႔အတြက္ လဘက္ရည္ကၽြန္းကို အဂၤလန္ႏိုင္ငံ၊ ကန္႔ခရိုင္၊ Yalding ေက်းရြာ တြင္ ၂၀၀၂ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ တည္ေထာင္ခဲ့သည္။

လဘက္ရည္အိုးမ်ား ထားရွိသည့္ အေဆာက္အအံုသည္ ယခင္က ေကာ္ဖီဆိုင္အျဖစ္လည္း ဖြင့္လွစ္ခဲ့သည့္ Riverside Diner ဟု အမည္ေပးထားကာ ၁၉၅၀ ျပည့္လြန္ကာလမ်ားကတည္းက ဖြင့္လွစ္ခဲ့ျခင္းျဖစ္သည္။

လဘက္ရည္ကၽြန္းသည္ ၂၀၀၄ ခုႏွစ္တြင္ ကမၻာ့အမ်ားဆံုး လဘက္ရည္အိုး စုေဆာင္းမႈအျဖစ္ ဂင္းနက္စ္စံခ်ိန္ တင္ခဲ့သည္။

လဘက္ရည္အိုးျပတိုက္မွာ အလြန္က်ယ္ဝန္းျခင္းကားမရွိ။ မိနစ္ပိုင္းအတြင္း လမ္းေလွ်ာက္ ၾကည့္ရႈႏိုင္သည္။

သို႔ေသာ္ ကမၻာ့အမ်ားဆံုး လဘက္ရည္အိုးမ်ားကို တစ္ေနရာတည္းတြင္ ေတြ႔ရမည္ ျဖစ္၏။

ကန္႔၊ ဆာေရးႏွင့္ ဆပ္ဆက္စ္ခရိုင္ ၃ ခုကို ရဟတ္ယာဥ္ျဖင့္ အေရးေပၚက်န္းမာေရးကူညီမႈမ်ား ျပဳလုပ္ေပးေန သည့္ Air Ambulance အဖြဲ႔အတြက္ ရန္ပံုေငြ ရွာေပးျခင္းလည္း ျဖစ္ျပီး ခ်ားလ္စ္မင္းသားႏွင့္ ၾကင္ယာေတာ္ ကမီလာတို႔ လာေရာက္လည္ပတ္ၾကည့္ရႈခဲ့ၾကဖူးသည္။

(ေရာင္းရန္ လဘက္ရည္အိုးမ်ားအနက္မွ အခ်ဳိ႕ကို ျပတိုက္ထဲသို႔ မေရာက္မီ ေတြ႔ရပံု။ ဓာတ္ပံု - Laura Reynolds/Londonist)

ျပတိုက္တံခါးကိုဖြင့္ကာဝင္လိုက္လွ်င္ ေကာင္တာေနာက္တြင္ ထုိင္ေနသည့္အမ်ဳိးသမီးကို ရုတ္တရက္ မေတြ႔ရ။ လဘက္ရည္အိုးမ်ား ျပသထားသည့္ ေနာက္ခံနံရံႏွင့္ ေရာေႏွာကာ ေပ်ာက္ကြယ္သကဲ့သို႔ ျဖစ္ေနသည္။

စင္စစ္ကား ျပတိုက္ဟုလည္း မဆိုသာ။ အေရာင္းဆိုင္တစ္ခုဟု ဆိုႏိုင္ျပီး လဘက္ရည္အိုးမ်ားကို ၇ ဒသမ ၉၉ ေပါင္မွ စတင္ကာ ဝယ္ယူႏိုင္သည္။

(လဘက္ရည္အုိးမ်ားအနက္မွ အခ်ဳိ႕။ ဓာတ္ပံု - Laura Reynolds/Londonist)

(ဓာတ္ပံု - Laura Reynolds/Londonist)

(ဓာတ္ပံု - Laura Reynolds/Londonist)

(ဓာတ္ပံု - Laura Reynolds/Londonist)

ေၾကြလဘက္ရည္အိုးမ်ားကို အမ်ဳိးမ်ဳိးပံုေဖာ္ထားရာ လူပုဂၢိဳလ္မ်ား၊ ေနရာေဒသမ်ား၊ အေဆာက္အအံုမ်ား၊ ကာတြန္းဇာတ္ေကာင္မ်ား၊ ရုပ္သံအစီအစဥ္မ်ား၊ သမိုင္းဝင္အခိုက္အတန္႔မ်ား ပံုေဖာ္ထားျပီး လဘက္ရည္အိုး အားလံုးတြင္ လက္ကိုင္ႏွင့္ ႏႈတ္သီးတပ္ဆင္ထားကာ ေဘးခ်င္းကပ္လ်က္ တန္းစီ ျပသထားသည္။

လကမၻာသို႔ဆင္းသက္ျခင္းအား ပံုေဖာ္ထားသည့္ လဘက္ရည္အိုးေဘးတြင္ ေဝလမင္းသမီး ဒိုင္ယာနာမ်က္ႏွာ ပံုေဖာ္ထားသည့္ လဘက္ရည္အိုး (ခ်ားလ္စ္မင္းသားႏွင့္ ကမီလာတို႔၏ ရုပ္ပံု လဘက္ရည္အိုးမ်ား ေအာက္တည့္တည့္တြင္ ထားရွိသည္) ၊ င္းေနာက္ ေဒးဗစ္ ဘိုဝီ၊ မာ့ခ္ ဘိုလန္၊ ေလဘာတီရုပ္တု အစရွိသည္တု႔ိ ေတြ႔ရမည္ ျဖစ္သည္။

(ခ်ားလ္စ္မင္းသားႏွင့္ ကမီလာပံု လဘက္ရည္အိုး။ ဓာတ္ပံု - Laura Reynolds/Londonist)

(အမွတ္ ၁၀ ၊ ေဒါင္းနင္းလမ္း အေဆာက္အအံု။ ဓာတ္ပံု - Laura Reynolds/Londonist)

(ဓာတ္ပံု - Laura Reynolds/Londonist)

လဘက္ရည္အိုးျပတိုက္တြင္ ဝင္စတန္ခ်ာခ်ီရုပ္ပံု လဘက္ရည္အိုး ၅ လံုး၊ အျခားဝန္ၾကီးခ်ဳပ္မ်ားႏွင့္ အေမရိကန္သမၼတ ဘီလ္ကလင္တန္ပံု ၂ လံုး၊ Winnie the Pooch ဇာတ္ေကာင္ရုပ္မ်ားစြာ၊ Laurel and Hardys ၃ ခု ေတြ႔ရေသာ္လည္း အဲလ္ဗစ္ ပရက္စေလရုပ္တစ္ခုသာ ေတြ႔ရရာ ျဗိတိသွ်တို႔ လႊမ္းမိုးသည္ဟု ဆိုႏိုင္သည္။

(ဓာတ္ပံု - Laura Reynolds/Londonist)

(Tower of London ႏွင့္ ပိုတူေနသည္။ ဓာတ္ပံု - Laura Reynolds/Londonist) (ဓာတ္ပံု - Laura Reynolds/Londonist)

(ဘုရင္မၾကီးပံု။ ဓာတ္ပံု - Laura Reynolds/Londonist)

(ဝင္စတန္ခ်ာခ်ီပံု မ်ားစြာရွိသည္။ ဓာတ္ပံု - Laura Reynolds/Londonist)

(ဗံုးဒဏ္ခံခဲ့ရသည့္ သတၱဳလဘက္ရည္အိုးတစ္လံုး။ ဓာတ္ပံု - Laura Reynolds/Londonist)

(ဓာတ္ပံု - Laura Reynolds/Londonist)

(Yalding ေက်းရြာေလး ေရၾကီးခဲ့စဥ္က လဘက္ရည္အိုးျပတိုက္မွာလည္း ဆိုးရြားစြာ ထိခိုက္ခဲ့သည္။ ဓာတ္ပံု - Laura Reynolds/Londonist)

(ဓာတ္ပံု - Laura Reynolds/Londonist)

လဘက္ရည္ကၽြန္းသည္ ျပတိုက္ျဖစ္သည့္အျပင္ ေကာ္ဖီဆိုင္လည္းျဖစ္ျပီး ျပတိုက္အတြင္း လည္ပတ္ၾကည့္ရႈ ျပီးပါက အပန္းေျဖရန္ ေကာ္ဖီေအး၊ ေကာ္ဖီပူ၊ သြားေရစာမ်ားႏွင့္ ေန႔လယ္စာမ်ား ရရွိသည္။

ေဘးတစ္ဘက္တြင္ ကေလးကစားရန္ေနရာတစ္ခု ရွိသည္။

ထို႔အျပင္ ေရခဲမုန္႔အေရာင္းဆိုင္ရံုေလးတစ္ခုလည္းရွိရာ စက္ဘီးသမားမ်ားႏွင့္ လမ္းသြားလမ္းလာမ်ား ေခတၱ ရပ္နားေလ့ရွိသည့္ေနရာလည္း ျဖစ္သည္။

ရာသီဥတုေကာင္းပါက ျပတိုက္ေဘးမွ လူသြားလမ္းကေလးတြင္ Medway ျမစ္ကမ္းတစ္ေလွ်ာက္ လမ္းေလွ်ာက္ႏိုင္သည္။

(လဘက္ရည္ကၽြန္းသို႔ သြားမည္ဆိုလွ်င္………)

(ဓာတ္ပံု- Laura Reynolds/Londonist)

လဘက္ရည္ကၽြန္းသည္ အဂၤလန္ႏိုင္ငံ ၊ ကန္႔ခရိုင္၊ Maidstone အနီး၊ Yalding ေက်းရြာမွ Medway ႏွင့္ Teise ျမစ္မ်ား ဆံုရာတြင္ တည္ရွိသည္။

Yalding ဘူတာရံုမွ ေျခလ်င္ခရီး မိနစ္ ၂၀ အကြာတြင္ တည္ရွိသည္။

ကားျဖင့္သြားမည္ဆိုပါက Lees Car Park တြင္ ကားရပ္နားႏိုင္မည္ျဖစ္ျပီး ကားရပ္နားခေပးရသည္။

ကားရပ္နားခမွာ အဝင္ဂိတ္တြင္ ေပးရမည္ ျဖစ္ျပီး အေၾကြေစ့ (သို႔မဟုတ္) ကတ္ျဖင့္ ေပးေခ်ႏိုင္သည္။

ကားရပ္နားခအတြက္ ၾကိဳတင္စီစဥ္သြားသင့္သည္။ သို႔မဟုတ္ပါက တစ္လမ္းသြား တံတားတြင္ ယာဥ္ေၾကာပိတ္ဆို႔သြားႏိုင္သည္။ ယာဥ္ပိတ္ဆို႔မႈမ်ားကိုလည္း မၾကာခဏ ေတြ႔ရေလ့ရွိသည္။

(လဘက္ရည္ကၽြန္းမွ ျမစ္ကမ္းတစ္ေလွ်ာက္ လမ္းေလွ်ာက္ႏိုင္ပါသည္။ ဓာတ္ပံု- Laura Reynolds/Londonist)

လိပ္စာ- Teapot Island, Hampstead Lane, Yalding, Maidstone, Kent, ME18 6HG.

လဘက္ရည္ျပတိုက္ဝင္ေၾကး- လူၾကီးတစ္ဦးလွ်င္ ၃ ေပါင္

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This Secluded Island Is Home To More Than 8,000 Teapots (londonist, wikipedia)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service