စစ္စလီကျွန်းက ခရုပတ် ဝင်္ကပါ
စစ္စလီကျွန်းက ခရုပတ် ဝင်္ကပါ - Property News in Myanmar from iMyanmarHouse.com
6 Jan 2023 11:08 am တွင် တင်ခဲ့သည်
993 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
စစ္စလီတောင်တန်းများ၏အလယ်တွင် တမူထူးခြား ကြီးမားလှသော ပန်းလိမ္မော်ရောင် ခရုပတ်ဝင်္ကပါကြီး တစ်ခုရှိသည်ဟုပြောလျှင် သင်ယုံနိုင်ပါမည်လော။
မယုံကြည်၍ မရပါ။
အီတလီနိုင်ငံ စစ္စလီကျွန်းတွင် ထူးခြားသော ခရုပတ် ဝင်္ကပါကြီးတစ်ခု အမှန်တကယ် တည်ရှိနေခြင်း ဖြစ်သည်။
The Labyrinth of Arianna အမည်ရှိ ခေတ်ပြိုင်အနုပညာလက်ရာ ဝင်္ကပါကို ပန်းပုဆရာ Italo Lanfredini က အီတလီနိုင်ငံ စစ္စလီကျွန်းတွင် ၁၉၉၀ ပြည့်နှစ်၌ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဂရိဒဏ္ဍာရီတစ်ခုဖြစ်သော Ariana နှင့် Minotaur တို့တွင် ပါဝင်မှုကို စိတ်ကူးပုံဖော်ထားခြင်းလည်း ဖြစ်သည်။
(ဂရိဒဏ္ဍာရီ)
Arianna သည် ဂရိဒဏ္ဍာရီအရ နတ်သမီးတစ်ပါး ဖြစ်ပြီး နတ်ဘုရား Dionysius ၏ ဇနီးဖြစ်သည်။
ဘုရင်ကြီး Minos က လက်မှုပညာရှင် Daedalus နှင့် သားတော် Lcarus တို့အား Minotaur ကို ထားရှိရန်အတွက် ဝင်္ကပါကြီးတစ်ခု ဆောက်လုပ်စေခဲ့သည်။
ယင်းနောက် ဝင်္ကပါထဲမှMinotaur ကို နှစ်စဉ် လူငယ်လူရွယ်များ၊ မိန်းမပျိုများ စေလွှတ်ကာ အစားခံစေခဲ့သည်။
အဆိုပါ Minotaur ကို အေသင်သူရဲကောင်း Theseus က သုတ်သင်ခဲ့၏။ Theseus ကို Minotaur ၏ ဝင်္ကပါထဲမှ ထွက်နိုင်ရန် Arianna က အပ်ချည်မျှင်ပေးကာ ကူညီခဲ့သည်ဟု ဆိုသည်။
(ဝင်္ကပါ တည်နေရာ)
အဆိုပါ ဝင်္ကပါသည် "Fiumara d'Arte" အမည်ရှိ လဟာပြင်ပြတိုက်တွင် တည်ရှိခြင်း ဖြစ်သည်။
ထိုလဟာပြင် ပြတိုက်တွင် ကြီးမားသည့် installation art လက်ရာ ၁၂ ခုရှိသည်။
လဟာပြင် ပြတိုက်တည်နေရာမှာ စစ္စလီကျွန်း၏ တောင်ပေါ်ဒေသဖြစ်သော Nebrodi တောင်တန်းများအကြား တည်ရှိပြီး Messina ပြည်နယ်၊ Castel di Lucio အမည်ရှိ မြို့ငယ်လေးနှင့် နီးသည်။
ဝင်္ကပါမှာ တောင်ကုန်းထိပ်တစ်ခုတွင် တည်ရှိပြီး ကွန်ကရစ်ဖြင့် ပြုလုပ်ထားကာ နီညိုရောင် ဖြစ်သည်။
(ဝင်္ကပါဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်)
ဝင်္ကပါဆောက်လုပ်ရခြင်း၏ နောက်ကွယ်မှရည်ရွယ်ချက်မှာ အလွန်စိတ်ဝင်စားစရာကောင်းသည်။
ဝင်္ကပါသည် လူသားတို့၏ ဘဝခရီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။
လူသားတို့၏ ဘဝမှာ မွေးဖွားမှုမှ စတင်သည်။
ထို့ကြောင့် ဝင်္ကပါထဲသို့ ဝင်လိုက်လျှင် လူ့ဘဝခရီးကို တွေ့မြင်ရသည့်ပမာလည်း ဖြစ်၏။
(ဝင်္ကပါအတွင်း ဝင်လိုက်မည်ဆိုလျှင်…..)
လူ့ဘဝနှင့်တူသော ဝင်္ကပါတွင် သင်သည် ခေတ္တမျှ လမ်းပျောက်သွားနိုင်သော်လည်း မကြာမီတွင် သင်၏လမ်းကြောင်းကို ပြန်လည်ရှာဖွေတွေ့ရှိမည် ဖြစ်သည်။
ဝင်္ကပါကို ဝင်လိုက်လျှင် အမျိုးသမီးမအင်္ဂါနှင့် ပုံသဏ္ဍန်တူသော အမိုးခုံး မုဒ်ဦးတစ်ခု တွေ့ရမည် ဖြစ်သည်။
မုဒ်ဦးမှ ဝင်သွားလျှင် လမ်းကလေးတစ်ခု တွေ့ရမည်ဖြစ်ပြီး ထိုလမ်းအတွင်း ဝင်ရောက်ရသည်မှာ သားအိမ်အတွင်း ဝင်သွားသကဲ့သို့ ခံစားရမည် ဖြစ်သည်။
ယင်းနောက် ခရုပတ်လမ်းကြောင်းတစ်ခုအတိုင်း ဆက်သွားလျှင် အလယ်ဗဟိုတွင် သံလွင်ပင်တစ်ပင်ကို တွေ့ရမည် ဖြစ်သည်။
သံလွင်ပင်သည် ဂရိတို့၏ ယုံကြည်မှုအရ ဉာဏ်ပညာနှင့် ဗဟုသုတတို့ကို ကိုယ်စားပြုသည်။
ဝင်္ကပါအတွင်း လမ်းဆုံများ ၊ လမ်းပိတ်များ မရှိဘဲ ဝင်ပေါက်နှင့် ထွက်ပေါက်မှာ အတူတူဖြစ်ကာ လမ်းပျောက်ရန် မစိုးရိမ်ကြချေ။
ဤအရာသည် ဝင်္ကပါတစ်ခုသက်သက်မျှသာမဟုတ်၊ ဘာသာရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်၏။
သင်ထွက်သွားသည်နှင့် တဖန်ပြန်လည်မွေးဖွားခြင်း ဖြစ်လိမ့်မည် ဖြစ်သည်။ ဝင်္ကပါသို့ ဝင်ကြေးမှာ အခမဲ့ဖြစ်ပြီး နေ့ဘက်တွင် မည်သည့်အချိန်မဆို သွားရောက်လည်ပတ်နိုင်သည်။
ထိုနေရာသို့ ရောက်ရှိနိုင်မည့် ပို့ဆောင်ဆက်သွယ်ရေးလမ်းကြောင်းမှာ တစ်ခုတည်းသာရှိပြီး မော်တော်ကားဖြင့်သာ ရောက်ရှိနိုင်သည်။
ဝင်္ကပါမှ ခပ်လှမ်းလှမ်းတွင် ကားရပ်ခဲ့ပြီး သာယာလှပသော သဘာဝရှုမျှော်ခင်းများကို ခံစားရင်း လမ်းလျှောက်သွားရမည် ဖြစ်သည်။
စစ္စလီကျွန်းသည် တောရိုင်းပင်များ၊ ကျောက်တုံးများဖြင့် တမူထူးပါသည်။
အနွေးထည်ဝတ်သွားရန် မမေ့ပါနှင့်။ ထိုဒေသမှာ အတော်အေးပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: ARIANNA'S LABYRINTH, AN ENDLESS SPIRAL IN THE HEART OF SICILY (herotraveler, experiencesicily, mybestplace )
[Zawgyi]
မယုံကြည်၍ မရပါ။
(ဂရိဒဏ္ဍာရီ)
(ဝင်္ကပါ တည်နေရာ)
သံလွင်ပင်သည် ဂရိတို့၏ ယုံကြည်မှုအရ ဥာဏ်ပညာနှင့် ဗဟုသုတတို့ကို ကိုယ်စားပြုသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
imyanmarmarket
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service