ဘိုးအင်း ၇၂၇ လေယာဉ်ကြီးပေါ်တွင် နေထိုင်သော အသက် ၇၃ နှစ်အရွယ် အဘိုးအို

ဘိုးအင်း ၇၂၇ လေယာဉ်ကြီးပေါ်တွင် နေထိုင်သော အသက် ၇၃ နှစ်အရွယ် အဘိုးအို - Property News in Myanmar from iMyanmarHouse.com
5 Jan 2023 10:19 am တွင် တင်ခဲ့သည်
2718 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ခရီးသည်တင် ဂျက်လေယာဉ်ကြီးတစ်စီးပေါ်တွင် နေထိုင်နိုင်ရန် အလွန်ချမ်းသာမှရမည်ဟု သင်တွေးကောင်း တွေးနိုင်သည်။

ယင်းသို့မဟုတ်ပါ။ CNBC သတင်းဌာန၏ ဖော်ပြချက်အရ အဘိုးအိုတစ်ဦးသည် ဂျက်လေယာဉ်ဟောင်း တစ်စင်းကို ဒေါ်လာ ၁၀၀၀၀၀ ဖြင့် လေယာဉ်သင်္ချိုင်းမှ ဝယ်ယူကာ နေထိုင်လျက်ရှိကြောင်း ဖော်ပြသည်။

ပထမဆုံးမြင်ရလိုက်သည့်အချိန် (အထူးသဖြင့် အပေါ်စီးမြင်ကွင်း) တွင် လေယာဉ်ကြီးမှာ ပျက်ကျနေသကဲ့သို့ ထင်ရပြီး ရင်သိမ့်တုန် ရုပ်ရှင်ကားများထဲကမြင်ကွင်းမျိုး ဖြစ်သည်။

 

သို့သော် ထိုနေရာသည် အသက် ၇၃ နှစ်အရွယ် ဘရုစ် ကင်းဘဲလ်အမည်ရှိ အဘိုးအို နေထိုင်လျက်ရှိသော နေရာဖြစ်လေသည်။

ကင်းဘဲလ် ၁၅ နှစ်သားအရွယ်က လေယာဉ်သင်္ချိုင်းတစ်ခုကို ရုပ်မြင်သံကြားတွင် တွေ့မြင်ခဲ့ရသည်။

ထိုအချိန်ကတည်းကပင် သူကြီးပြင်းလာပါက လေယာဉ်ကြီးတစ်စင်းပေါ်တွင် နေထိုင်မည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၂၁ ရာစုအတွင်း ကူးပြောင်းဝင်ရောက်လာချိန်တွင် ကင်းဘဲလ်က သူ၏အိပ်မက်ကို လက်တွေ့အကောင်အထည် ဖော်ရန် ဆုံးဖြတ်ခဲ့သည်။

သူ့တွင် မြေနေရာရှိပြီးဖြစ်သည်။

 

အော်ရီဂွန်ပြည်နယ်၊ Portland မြို့ပြင် ဆင်ခြေဖုံးဒေသရှိ မြေ ၁၀ ဧကကို ကန်ဒေါ်လာ ၂၅၈၀၀ ဖြင့် ဝယ်ယူ ထားခြင်း ဖြစ်သည်။

သူ့အနေဖြင့် ထိုမြေကွက်တွင် ထားမည့် လေယာဉ်သာ လိုအပ်သည်။

ကင်းဘဲလ်သည် နောက်ဆုံးတွင် သူ့အတွက် လေယာဉ်တစ်စင်းရှာပေးရန် အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းခဲ့သည်။

လအနည်းငယ် အချိန်ယူပြီးနောက် လေယာဉ်တစ်စင်းရှာတွေ့ခဲ့သည်။ ထိုလေယာဉ်ကြီးတွင် သမိုင်းကြောင်း တစ်ခု ရှိနေသည်။

ကင်းဘဲတို့ ရှာတွေ့ခဲ့သည့် လေယာဉ်ကြီးမှာ ၁၉၇၇ ခုနှစ်ထုတ်၊ ဘိုးအင်း ၇၂၇ လေယာဉ်ကြီးဖြစ်ပြီး ဂရိနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါလေယာဉ်ကို အရစ္စတိုတယ် အိုနာစစ်၏ ရုပ်အလောင်း သယ်ယူရန် အသုံးပြုခဲ့ဖူးသည်ဟု ဆိုသည်။

အရစ္စတိုတယ် အိုနာစစ်သည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ရုံမျှမက အမေရိကန်သမ္မတ ကတော် ဟောင်း ဂျက်ကလင်း ကနေဒီ အိုနာစစ်၏ ခင်ပွန်းလည်း ဖြစ်သည်။

ကင်းဘဲလ်က ထိုလေယာဉ်ကြီးကို ကန်ဒေါ်လာ ၁၀၀၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး Portland မြို့၊ Hillsboro ဆင်ခြေဖုံး အရပ်သို့ သယ်ဆောင်ခဲ့သည်။

လေယာဉ်ကြီး၏ အင်ဂျင်များကို ဖြုတ်ကာ Portland မြို့ လမ်းများတစ်လျှောက် သယ်ယူရေးအတွက် နောက်ထပ် ဒေါ်လာ ၂၀၀၀၀ ခန့် ထပ်မံကုန်ကျခဲ့သည်။

လေယာဉ်ပေါ်တွင် လူနေထိုင်၍ ရနိုင်စေရန် ၂ နှစ်ကြာအချိန်ယူပြင်ဆင်ခဲ့ရပြီး နောက်ထပ် ဒေါ်လာ ၁၅၀၀၀ ခန့် ကုန်ကျခဲ့သည်။

ကင်းဘဲလ်က လေယာဉ်ပေါ်တွင် ယာယီရေပန်း၊ ယာယီ လက်ဆေးကန်၊ ခရီးဆောင် အဝတ်လျှော်စက်၊ ရေခဲသေတ္တာနှင့် အခြားလေယာဉ်တစ်စင်းမှ ရယူထားသော အစားအစာသယ်ဆောင်သည့် တွန်းလှည်းတစ်ခု တို့ ထည့်သွင်းခဲ့သည်။

 

မီးဖိုနေရာတွင် မိုက္ကရိုဝေ့ဖ်တစ်ခုနှင့် ပေါင်မုန့်မီးကင်စက်တစ်ခုတို့ ထားရှိသည်။ သို့သော် ထိုအရာများကို ကင်းဘဲလ်က အသုံးမပြုသလောက် ဖြစ်သည်။

“ကျွန်တော်က ပညာရပ်ရူးသွပ်သူတစ်ဦးပါ။ ချက်ပြုတ်မစားပါဘူး။ ဒါကြောင့် မီးဖိုနေရာက အသေးစားလေးပါပဲ” ဟု ကင်းဘဲလ်က ပြောသည်။

မီးဖိုဆောင်နေရာဘေးတွင် ကင်းဘဲလ်က ဆိုဖာကြီးတစ်ခုထားရှိပြီး သူ၏ အိပ်စက်ရာနေရာနှင့် အလုပ်ခုံတန်းနေရာတို့ထက် ၂ ဆကြီးမားသည်။

 

လေယာဉ်မှူးအခန်းမှ လျှပ်ဖြတ်ကိရိယာ (circuit breaker) အပါအဝင် လေယာဉ်၏ စနစ်များမှာ အလုပ်လုပ်နေဆဲ ဖြစ်သည်။

ယခုအခါ ကင်းဘဲလ်သည် ကွန်ပြူတာဟောင်းများ ပြုပြင်ခြင်း (သို့မဟုတ်) လေယာဉ်ပေါ်တွင် အလုပ်လုပ်ခြင်းတို့ဖြင့် ကုန်လွန်ဖြတ်သန်းလျက်ရှိသည်။ ကင်းဘဲလ်က သူ၏လေယာဉ်အိမ်အတွင်း အခြားသူများ ဝင်ရောက်ကြည့်ရှုလေ့လာခွင့် ပေးသည်။

 

CNBC သတင်းဌာန၏ ဖော်ပြချက်အရ လေယာဉ်အိမ်ပေါ်တွင် နေထိုင်ခြင်းမှာ ကင်းဘဲလ်အတွက် တစ်လလျှင် ဒေါ်လာ ၃၇၀ ခန့် ကုန်ကျကြောင်း၊ ယင်းအနက် ၂၂၀ မှာ အိမ်ခြံမြေအခွန်အခနှင့် မီတာခဖြစ်ပြီး မီတာခမှာ ဒေါ်လာ ၁၀၀ မှ ဒေါ်လာ ၂၅၀ ကြားကုန်ကျသည်ဟု ဆိုသည်။

လေယာဉ်အိမ်တွင် နေထိုင်ရခြင်းတွင် ကင်းဘဲလ်က ကမ္ဘာကြီးအတွက် မျှော်လင့်ချက်အိပ်မက်တစ်ခုလည်း ရှိနေသည်။ ဂျက်လေယာဉ်ဟောင်းပေါ်တွင် နေထိုင်၍ရနိုင်ကြောင်း သိမြင်လာစေရန် သူက မျှော်လင့်သည်။

“ကျွန်တော့်ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်ခဲ့မှုမှာ နောင်တတွေ မရှိပါဘူး။ လူတွေဟာ အသုံးမပြုတော့ဘဲ ရပ်နားလိုက်တဲ့ ဂျက်လေယာဉ်ကြီးတိုင်းကို ကျွန်တော်တို့ အသုံးချနိုင်တယ်ဆိုတာ သိမြင်လာကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ၎င်းက ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet the 73-Year-Old Retired Engineer Who Lives in a Boeing 727 (autos.yahoo)

 

 

[Zawgyi]

ဘိုးအင္း ၇၂၇ ေလယာဥ္ၾကီးေပၚတြင္ ေနထိုင္ေသာ အသက္ ၇၃ ႏွစ္အရြယ္ အဘိုးအို

 

ခရီးသည္တင္ ဂ်က္ေလယာဥ္ၾကီးတစ္စီးေပၚတြင္ ေနထိုင္ႏိုင္ရန္ အလြန္ခ်မ္းသာမွရမည္ဟု သင္ေတြးေကာင္း ေတြးႏိုင္သည္။

ယင္းသို႔မဟုတ္ပါ။ CNBC သတင္းဌာန၏ ေဖာ္ျပခ်က္အရ အဘိုးအိုတစ္ဦးသည္ ဂ်က္ေလယာဥ္ေဟာင္း တစ္စင္းကို ေဒၚလာ ၁၀၀၀၀၀ ျဖင့္ ေလယာဥ္သခၤ်ဳိင္းမွ ဝယ္ယူကာ ေနထိုင္လ်က္ရွိေၾကာင္း ေဖာ္ျပသည္။

ပထမဆံုးျမင္ရလိုက္သည့္အခ်ိန္ (အထူးသျဖင့္ အေပၚစီးျမင္ကြင္း) တြင္ ေလယာဥ္ၾကီးမွာ ပ်က္က်ေနသကဲ့သို႔ ထင္ရျပီး ရင္သိမ့္တုန္ ရုပ္ရွင္ကားမ်ားထဲကျမင္ကြင္းမ်ဳိး ျဖစ္သည္။

သို႔ေသာ္ ထိုေနရာသည္ အသက္ ၇၃ ႏွစ္အရြယ္ ဘရုစ္ ကင္းဘဲလ္အမည္ရွိ အဘိုးအို ေနထိုင္လ်က္ရွိေသာ ေနရာျဖစ္ေလသည္။

ကင္းဘဲလ္ ၁၅ ႏွစ္သားအရြယ္က ေလယာဥ္သခၤ်ဳိင္းတစ္ခုကို ရုပ္ျမင္သံၾကားတြင္ ေတြ႔ျမင္ခဲ့ရသည္။

ထိုအခ်ိန္ကတည္းကပင္ သူၾကီးျပင္းလာပါက ေလယာဥ္ၾကီးတစ္စင္းေပၚတြင္ ေနထုိင္မည္ဟု ဆံုးျဖတ္ခဲ့ျခင္း ျဖစ္သည္။

၂၁ ရာစုအတြင္း ကူးေျပာင္းဝင္ေရာက္လာခ်ိန္တြင္ ကင္းဘဲလ္က သူ၏အိပ္မက္ကို လက္ေတြ႔အေကာင္အထည္ ေဖာ္ရန္ ဆံုးျဖတ္ခဲ့သည္။

သူ႔တြင္ ေျမေနရာရွိျပီးျဖစ္သည္။

ေအာ္ရီဂြန္ျပည္နယ္၊ Portland ျမိဳ႕ျပင္ ဆင္ေျခဖံုးေဒသရွိ ေျမ ၁၀ ဧကကို ကန္ေဒၚလာ ၂၅၈၀၀ ျဖင့္ ဝယ္ယူ ထားျခင္း ျဖစ္သည္။

သူ႔အေနျဖင့္ ထိုေျမကြက္တြင္ ထားမည့္ ေလယာဥ္သာ လိုအပ္သည္။

 

(CNBC make it အစီအစဥ္၏ ဗြီဒီယိုမွ ရယူထားေသာ screenshot ျဖစ္ပါသည္)

ကင္းဘဲလ္သည္ ေနာက္ဆံုးတြင္ သူ႔အတြက္ ေလယာဥ္တစ္စင္းရွာေပးရန္ အဖြဲ႔တစ္ဖြဲ႔ကို ငွားရမ္းခဲ့သည္။

လအနည္းငယ္ အခ်ိန္ယူျပီးေနာက္ ေလယာဥ္တစ္စင္းရွာေတြ႔ခဲ့သည္။ ထိုေလယာဥ္ၾကီးတြင္ သမိုင္းေၾကာင္း တစ္ခု ရွိေနသည္။

ကင္းဘဲတို႔ ရွာေတြ႔ခဲ့သည့္ ေလယာဥ္ၾကီးမွာ ၁၉၇၇ ခုႏွစ္ထုတ္၊ ဘိုးအင္း ၇၂၇ ေလယာဥ္ၾကီးျဖစ္ျပီး ဂရိႏိုင္ငံတြင္ ရွာေဖြေတြ႔ရွိခဲ့ျခင္း ျဖစ္သည္။

အဆိုပါေလယာဥ္ကို အရစၥတိုတယ္ အိုနာစစ္၏ ရုပ္အေလာင္း သယ္ယူရန္ အသံုးျပဳခဲ့ဖူးသည္ဟု ဆိုသည္။

အရစၥတိုတယ္ အိုနာစစ္သည္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္တစ္ဦးျဖစ္ခဲ့ရံုမွ်မက အေမရိကန္သမၼတ ကေတာ္ ေဟာင္း ဂ်က္ကလင္း ကေနဒီ အိုနာစစ္၏ ခင္ပြန္းလည္း ျဖစ္သည္။

ကင္းဘဲလ္က ထိုေလယာဥ္ၾကီးကို ကန္ေဒၚလာ ၁၀၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ျပီး Portland ျမိဳ႕၊ Hillsboro ဆင္ေျခဖံုး အရပ္သို႔ သယ္ေဆာင္ခဲ့သည္။

ေလယာဥ္ၾကီး၏ အင္ဂ်င္မ်ားကို ျဖဳတ္ကာ Portland ျမိဳ႕ လမ္းမ်ားတစ္ေလွ်ာက္ သယ္ယူေရးအတြက္ ေနာက္ထပ္ ေဒၚလာ ၂၀၀၀၀ ခန္႔ ထပ္မံကုန္က်ခဲ့သည္။

 

(CNBC make it အစီအစဥ္၏ ဗြီဒီယိုမွ ရယူထားေသာ screenshot ျဖစ္ပါသည္)

ေလယာဥ္ေပၚတြင္ လူေနထိုင္၍ ရႏိုင္ေစရန္ ၂ ႏွစ္ၾကာအခ်ိန္ယူျပင္ဆင္ခဲ့ရျပီး ေနာက္ထပ္ ေဒၚလာ ၁၅၀၀၀ ခန္႔ ကုန္က်ခဲ့သည္။

ကင္းဘဲလ္က ေလယာဥ္ေပၚတြင္ ယာယီေရပန္း၊ ယာယီ လက္ေဆးကန္၊ ခရီးေဆာင္ အဝတ္ေလွ်ာ္စက္၊ ေရခဲေသတၱာႏွင့္ အျခားေလယာဥ္တစ္စင္းမွ ရယူထားေသာ အစားအစာသယ္ေဆာင္သည့္ တြန္းလွည္းတစ္ခု တို႔ ထည့္သြင္းခဲ့သည္။

မီးဖိုေနရာတြင္ မိုကၠရိုေဝ့ဖ္တစ္ခုႏွင့္ ေပါင္မုန္႔မီးကင္စက္တစ္ခုတို႔ ထားရွိသည္။ သို႔ေသာ္ ထိုအရာမ်ားကို ကင္းဘဲလ္က အသံုးမျပဳသေလာက္ ျဖစ္သည္။ “ကၽြန္ေတာ္က ပညာရပ္ရူးသြပ္သူတစ္ဦးပါ။ ခ်က္ျပဳတ္မစားပါဘူး။ ဒါေၾကာင့္ မီးဖုိေနရာက အေသးစားေလးပါပဲ” ဟု ကင္းဘဲလ္က ေျပာသည္။

မီးဖိုေဆာင္ေနရာေဘးတြင္ ကင္းဘဲလ္က ဆုိဖာၾကီးတစ္ခုထားရွိျပီး သူ၏ အိပ္စက္ရာေနရာႏွင့္ အလုပ္ခံုတန္းေနရာတို႔ထက္ ၂ ဆၾကီးမားသည္။

 

(CNBC make it အစီအစဥ္၏ ဗြီဒီယိုမွ ရယူထားေသာ screenshot ျဖစ္ပါသည္)

ေလယာဥ္မွဴးအခန္းမွ လွ်ပ္ျဖတ္ကိရိယာ (circuit breaker) အပါအဝင္ ေလယာဥ္၏ စနစ္မ်ားမွာ အလုပ္လုပ္ေနဆဲ ျဖစ္သည္။

ယခုအခါ ကင္းဘဲလ္သည္ ကြန္ျပဴတာေဟာင္းမ်ား ျပဳျပင္ျခင္း (သို႔မဟုတ္) ေလယာဥ္ေပၚတြင္ အလုပ္လုပ္ျခင္းတို႔ျဖင့္ ကုန္လြန္ျဖတ္သန္းလ်က္ရွိသည္။ ကင္းဘဲလ္က သူ၏ေလယာဥ္အိမ္အတြင္း အျခားသူမ်ား ဝင္ေရာက္ၾကည့္ရႈေလ့လာခြင့္ ေပးသည္။

CNBC သတင္းဌာန၏ ေဖာ္ျပခ်က္အရ ေလယာဥ္အိမ္ေပၚတြင္ ေနထုိင္ျခင္းမွာ ကင္းဘဲလ္အတြက္ တစ္လလွ်င္ ေဒၚလာ ၃၇၀ ခန္႔ ကုန္က်ေၾကာင္း၊ ယင္းအနက္ ၂၂၀ မွာ အိမ္ျခံေျမအခြန္အခႏွင့္ မီတာချဖစ္ျပီး မီတာခမွာ ေဒၚလာ ၁၀၀ မွ ေဒၚလာ ၂၅၀ ၾကားကုန္က်သည္ဟု ဆိုသည္။

ေလယာဥ္အိမ္တြင္ ေနထိုင္ရျခင္းတြင္ ကင္းဘဲလ္က ကမၻာၾကီးအတြက္ ေမွ်ာ္လင့္ခ်က္အိပ္မက္တစ္ခုလည္း ရွိေနသည္။ ဂ်က္ေလယာဥ္ေဟာင္းေပၚတြင္ ေနထုိင္၍ရႏိုင္ေၾကာင္း သိျမင္လာေစရန္ သူက ေမွ်ာ္လင့္သည္။

“ကၽြန္ေတာ့္ရဲ႕ အိပ္မက္ကို အေကာင္အထည္ေဖာ္ခဲ့မႈမွာ ေနာင္တေတြ မရွိပါဘူး။ လူေတြဟာ အသံုးမျပဳေတာ့ဘဲ ရပ္နားလိုက္တဲ့ ဂ်က္ေလယာဥ္ၾကီးတိုင္းကို ကၽြန္ေတာ္တို႔ အသံုးခ်ႏိုင္တယ္ဆိုတာ သိျမင္လာၾကမယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္”ဟု ၎က ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet the 73-Year-Old Retired Engineer Who Lives in a Boeing 727 (autos.yahoo)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service