ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
ဗြိတိသျှကိုလိုနီခေတ် မြန်မာပြည်၏ မည်သူမျှ မမြင်ဖူးသေးသော ရှားပါးဓာတ်ပုံများမှာ နှစ်ပေါင်း ၁၅၀ ဖြတ်သန်းခဲ့အပြီး ပေါ်ပေါက်လာခဲ့သည်။
သမိုင်းဝင်ဓာတ်ပုံများကို ရိုက်ကူးခဲ့သော ကာလမှာ ၁၈၆၀ ပြည့်လွန်ကာလများမှသည် ၁၈၇၀ ပြည့်လွန် ကာလ များ အထိဖြစ်ပြီး ဓာတ်ပုံတွင် တွေ့ရသူများမှာ မြန်မာတိုင်းရင်းသားများနှင့် ဗြိတိသျှ အရာရှိများ ၂ မျိုးလုံး ပါဝင်သည်။
(မှတ်ချက်။ ၁၈၆၀ မှ ၁၈၇၀ ကြားသည် မြန်မာပြည်အောက်ပိုင်းသာ အင်္ဂလိပ်တို့လက်အောက် ကျရောက်သေး ချိန် ဖြစ်သည်)
ဓာတ်ပုံတစ်ပုံတွင် ရိုးရာအဝတ်အစား ဝတ်ဆင်ထားသော မြန်မာမိန်းကလေးတစ်ဦးကို တွေ့ရပြီး အခြားဓာတ်ပုံ တစ်ခုတွင်မူ ပြည်တွင်းရုပ်ရှင်သရုပ်ဆောင်များ ကော်ဇောတစ်ခုပေါ်တွင် အုပ်စုလိုက်ထိုင်နေကြသည်ကို တွေ့ရသည်။
(ဗြိတိသျှအရာရှိများက ပိုလိုကစားသည့်တုတ်များ ကိုင်ဆောင်ထားပုံ ဓာတ်ပုံမှာ ယခင်က မည်သူမျှ မတွေ့ဖူး သေးသည့် ကိုလိုနီခေတ်မြန်မာပြည်ဓာတ်ပုံတစ်ခုဖြစ်သည်။ ဗြိတိသျှတို့ အုပ်စိုးပြီးနောက်ပိုင်း မြန်မာ့ လူ့အသိုက်အဝန်းမှာ ကြီးမားစွာပြောင်းလဲသွားစေခဲ့သည်။)
(ပဲခူးမြို့အနီးမှ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်တစ်ဆူ)
(ဝတ်စုံပြည့် ဆင်မြန်းထားသော မြန်မာမိန်းကလေးတစ်ဦး)
(ဗြိတိန်သည် မြန်မာပြည်ကို တိုက်ရိုက်အုပ်ချုပ်သည့်စနစ် ကျင့်သုံးခဲ့ပြီး အမြဲတမ်းစစ်တပ် ချထားခဲ့သည်။ ဓာတ်ပုံမှာ ဗြိတိသျှအရာရှိများ နေစာလှုံနေပုံ ဖြစ်သည်)
ဓာတ်ပုံတစ်ပုံတွင် ဗြိတိသျှ ပိုလိုကစားသမားများက ပိုလိုတုတ်များ တင်းတင်းဆုပ်ကိုင်ထားပြီး နှုတ်ခမ်းမွှေးနှင့် တော်ဝင်စကော့ ပြောင်းချောကိုင်စစ်သည်တို့က မြက်ခင်းတစ်ခုပေါ်တွင် အနားယူနေပုံကိုလည်း တွေ့ရသည်။
ပေါ်ပေါက်လာသော ဓာတ်ပုံအယ်လ်ဘမ်တွင် ဆင်တပ်ဖွဲ့တစ်ခု၏ ပုံများနှင့် မြန်မာမင်းတို့၏ လောင်းလှေကြီးကို လူဦးရေ ၃၀ ခန့်က လှော်ခတ်နေသည့်ပုံများလည်း ပါဝင်သည်။
ထို့အပြင် ဗြိတိသျှကိုလိုနီ ဗိသုကာဟန် အဆောက်အအုံများနှင့် ရွှေရောင်ဝင်းသော စေတီများရှိရာ ရန်ကုန်မြို့ကြီး၏ ဓာတ်ပုံများလည်း ပါဝင်သည်။
ရန်ကုန်သည် ဗြိတိသျှခေတ်တွင် မြန်မာပြည်၏ မြို့တော်ဖြစ်လာပြီး ကလကတ္တားနှင့် စင်္ကာပူတို့အကြား အရေးပါသော ဆိပ်ကမ်းတစ်ခုလည်း ဖြစ်လာသည်။
ဓာတ်ပုံပေါင်း ၆၆ ပုံပါဝင်သော အဆိုပါဓာတ်ပုံအယ်လ်ဘမ်တွင် မြန်မာပြည်၏ ရင်သပ်ရှုမောဖွယ်ရှုမျှော်ခင်းများ အပြင် ချမ်းမြေ့သာယာသော အန်ဒမန်ကျွန်းစုများ၏ ဓာတ်ပုံများလည်း ပါရှိသည်။
(တောင်ငူ မြေပြင်တပ်ဖွဲ့ကို ၎င်းတို့၏ ဆင်အုပ်စုနှင့်အတူ တွေ့ရပုံ။ ဗြိတိသျှတို့က တောနက်ကြီးများအတွင်း လက်နက်ကြီးများသယ်ရန်နှင့် ခရီးလမ်းပန်းကြမ်းတမ်းသော ပြည်နယ်များတွင် ဆင်များကို အသုံးပြုခဲ့ကြသည်)
(ရန်ကုန်မြို့တွင် တည်ရှိသော သာမန်တင်းနစ်ကွင်းလေးတစ်ခုပါဝင်သော အရာရှိ စားရိပ်သာ။ မြန်မာပြည် သည် ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီက စကော့ကိုလိုနီဟု လူသိများခဲ့သည်။ မြန်မာပြည်ကို စီမံခန့်ခွဲအုပ်ချုပ်ရေး တွင် စကော့လူမျိုးများ၏ သြဇာလွှမ်းမှုများ ကြီးမားသောကြောင့် ဖြစ်သည်)
အဆိုပါ ဓာတ်ပုံအယ်လ်ဘမ်သည် အင်္ဂလန်နိုင်ငံ၊ ဂလော်ဆက်စတာရှိုင်းယားခရိုင်၊ လန်ဒန်မြို့၏ အနောက်ဘက် မိုင် ၈၀ အကွာရှိ Cirencester မြို့ အခြေစိုက် Dominic Winter လေလံအဖွဲ့က လေလံတင်ရောင်းချရာတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး လေလံတင်မှုတွင် ကနဦးမျှော်မှန်းခဲ့သည်မှာ ပေါင် ၁၅၀၀ ခန့်ရရှိရန် ခန့်မှန်းခဲ့ပြီး ဈေးနှုန်းမည်မျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကိုမူ မသိရချေ။
Dominic Winter မှ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်သူ Chris Albury က “စိတ်ဝင်စားဖို့ကောင်းတဲ့ ဓာတ်ပုံအယ်လ်ဘမ်တစ်ခုပါ။ မြန်မာပြည်သူပြည်သားတွေနဲ့ ဗြိတိသျှအရာရှိတွေ၊ စေတီပုထိုးတွေနဲ့ အန်ဒမန်ကျွန်းဓာတ်ပုံတွေ ပါဝင်ပါတယ်” ဟု ပြောသည်။
“၁၈၆၀ ပြည့်လွန်ခေတ်လောက်တုန်းက အပျော်တမ်းဓာတ်ပုံဆရာဆိုတာ မရှိသေးသလောက်ပဲ။ ဒါကြောင့် ဒီဓာတ်ပုံတွေဟာ အပျော်တမ်းဓာတ်ပုံနယ်ပယ်မှာ အစောဆုံးဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီဓာတ်ပုံအယ်လ်ဘမ်ကို ပိုင်ရှင်တစ်ဦးက ရောင်းချပေးဖို့ အပ်နှံထားတာဖြစ်ပါတယ်” ဟု Chris က ပြောသည်။
ဗြိတိန်နှင့် မြန်မာတို့သည် ၁၉ ရာစုအတွင်း အင်္ဂလိပ်-မြန်မာ စစ်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ၁၈၈၆ ခုနှစ်တွင် ဗြိတိသျှလက်အောက်သို့ ကျရောက်ကာ အဆုံးသတ်ခဲ့သည်။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ပြန်လည်ပေးအပ်ခဲ့သည်။
အင်္ဂလိပ်-မြန်မာ စစ်ပွဲ ၃ ကြိမ်ကား - ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၂၄ မှ ၁၈၂၆ အထိ)၊ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၅၂ မှ ၁၈၅၃ အထိ) ၊ တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၈၅) တို့ ဖြစ်သည်။
ဗြိတိသျှတို့သည် ဘုရင်စနစ်ကို ဖျက်သိမ်းလိုက်ပြီး သီပေါဘုရင်ကို အိန္ဒိယသို့ ပြည်နှင်ဒဏ်ပေးခဲ့သည်။
၁၉၄၂ ခုနှစ်တွင် ဂျပန်တို့ဝင်ရောက်လာချိန်တွင် ဗြိတိသျှအုပ်ချုပ်ရေး ရပ်ဆိုင်းသွားခဲ့သည်။
သို့သော် ၁၉၄၅ ခုနှစ်တွင် ဗြိတိသျှတို့၏ တပ်များ၊ အထူးသဖြင့် ဗြိတိသျှအိန္ဒိယတပ်များ ပြန်လည်ဝင်ရောက် လာခဲ့သည်။
ယင်းနောက်ပိုင်း မြန်မာပြည်တွင် လွတ်လပ်ရေးကြိုးပမ်းမှုများ အလွန်အားကောင်းလာခဲ့ပြီး လွတ်လပ်ရေးရမည့် အရိပ်လက္ခဏာများ ပေါ်ပေါက်လာခဲ့သည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးအပြည့်အဝ ရရှိခဲ့သည်။
(မြန်မာမင်းတို့၏ လောင်းလှေကို ရန်ကုန်မြစ်အတွင်း တွေ့ရသည့် ဓာတ်ပုံ။ )
(ရွှေတိဂုံစေတီတော်၏ မုဒ်တစ်ခု။ ဗြိတိသျှတို့ မြန်မာပြည်အောက်ပိုင်းကို သိမ်းပိုက်ပြီးနောက် ရွှေတိဂုံစေတီတော်ကို ခံတပ်နေရာအဖြစ် ၂ နှစ်ခန့် အသုံးပြုခဲ့သည်)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: From polo to patrolling on elephants: Rare photos of Burma under British colonial rule have emerged after 150 years(dailymail)
[Zawgyi]
Daily Mail သတင္းဌာနက ေဖာ္ထုတ္တင္ျပေသာ ကိုလိုနီေခတ္ ျမန္မာျပည္၏ ႏွစ္ေပါင္း ၁၅၀ သက္တမ္းရွိ ရွားပါးဓာတ္ပံုမ်ား
ျဗိတိသွ်ကိုလိုနီေခတ္ ျမန္မာျပည္၏ မည္သူမွ် မျမင္ဖူးေသးေသာ ရွားပါးဓာတ္ပံုမ်ားမွာ ႏွစ္ေပါင္း ၁၅၀ ျဖတ္သန္းခဲ့အျပီး ေပၚေပါက္လာခဲ့သည္။
သမိုင္းဝင္ဓာတ္ပံုမ်ားကို ရိုက္ကူးခဲ့ေသာ ကာလမွာ ၁၈၆၀ ျပည့္လြန္ကာလမ်ားမွသည္ ၁၈၇၀ ျပည့္လြန္ ကာလ မ်ား အထိျဖစ္ျပီး ဓာတ္ပံုတြင္ ေတြ႔ရသူမ်ားမွာ ျမန္မာတိုင္းရင္းသားမ်ားႏွင့္ ျဗိတိသွ် အရာရွိမ်ား ၂ မ်ဳိးလံုး ပါဝင္သည္။
(မွတ္ခ်က္။ ၁၈၆၀ မွ ၁၈၇၀ ၾကားသည္ ျမန္မာျပည္ေအာက္ပိုင္းသာ အဂၤလိပ္တို႔လက္ေအာက္ က်ေရာက္ေသး ခ်ိန္ ျဖစ္သည္)
ဓာတ္ပံုတစ္ပံုတြင္ ရိုးရာအဝတ္အစား ဝတ္ဆင္ထားေသာ ျမန္မာမိန္းကေလးတစ္ဦးကို ေတြ႔ရျပီး အျခားဓာတ္ပံု တစ္ခုတြင္မူ ျပည္တြင္းရုပ္ရွင္သရုပ္ေဆာင္မ်ား ေကာ္ေဇာတစ္ခုေပၚတြင္ အုပ္စုလိုက္ထိုင္ေနၾကသည္ကို ေတြ႔ရသည္။
(ျဗိတိသွ်အရာရွိမ်ားက ပိုလိုကစားသည့္တုတ္မ်ား ကိုင္ေဆာင္ထားပံု ဓာတ္ပံုမွာ ယခင္က မည္သူမွ် မေတြ႔ဖူး ေသးသည့္ ကိုလိုနီေခတ္ျမန္မာျပည္ဓာတ္ပံုတစ္ခုျဖစ္သည္။ ျဗိတိသွ်တို႔ အုပ္စိုးျပီးေနာက္ပိုင္း ျမန္မာ့ လူ႔အသိုက္အဝန္းမွာ ၾကီးမားစြာေျပာင္းလဲသြားေစခဲ့သည္။)
(ပဲခူးျမိဳ႕အနီးမွ ေရွးေဟာင္း ဗုဒၶဆင္းတုေတာ္တစ္ဆူ)
(ဝတ္စံုျပည့္ ဆင္ျမန္းထားေသာ ျမန္မာမိန္းကေလးတစ္ဦး)
(ျဗိတိန္သည္ ျမန္မာျပည္ကို တိုက္ရိုက္အုပ္ခ်ဳပ္သည့္စနစ္ က်င့္သံုးခဲ့ျပီး အျမဲတမ္းစစ္တပ္ ခ်ထားခဲ့သည္။ ဓာတ္ပံုမွာ ျဗိတိသွ်အရာရွိမ်ား ေနစာလံႈေနပံု ျဖစ္သည္)
ဓာတ္ပံုတစ္ပံုတြင္ ျဗိတိသွ် ပိုလိုကစားသမားမ်ားက ပိုလိုတုတ္မ်ား တင္းတင္းဆုပ္ကိုင္ထားျပီး ႏႈတ္ခမ္းေမႊးႏွင့္ ေတာ္ဝင္စေကာ့ ေျပာင္းေခ်ာကိုင္စစ္သည္တို႔က ျမက္ခင္းတစ္ခုေပၚတြင္ အနားယူေနပံုကိုလည္း ေတြ႔ရသည္။
ေပၚေပါက္လာေသာ ဓာတ္ပံုအယ္လ္ဘမ္တြင္ ဆင္တပ္ဖြဲ႔တစ္ခု၏ ပံုမ်ားႏွင့္ ျမန္မာမင္းတို႔၏ ေလာင္းေလွၾကီးကို လူဦးေရ ၃၀ ခန္႔က ေလွာ္ခတ္ေနသည့္ပံုမ်ားလည္း ပါဝင္သည္။
ထို႔အျပင္ ျဗိတိသွ်ကိုလိုနီ ဗိသုကာဟန္ အေဆာက္အအံုမ်ားႏွင့္ ေရႊေရာင္ဝင္းေသာ ေစတီမ်ားရွိရာ ရန္ကုန္ျမိဳ႕ၾကီး၏ ဓာတ္ပံုမ်ားလည္း ပါဝင္သည္။
ရန္ကုန္သည္ ျဗိတိသွ်ေခတ္တြင္ ျမန္မာျပည္၏ ျမိဳ႕ေတာ္ျဖစ္လာျပီး ကလကတၱားႏွင့္ စကၤာပူတို႔အၾကား အေရးပါေသာ ဆိပ္ကမ္းတစ္ခုလည္း ျဖစ္လာသည္။
ဓာတ္ပံုေပါင္း ၆၆ ပံုပါဝင္ေသာ အဆိုပါဓာတ္ပံုအယ္လ္ဘမ္တြင္ ျမန္မာျပည္၏ ရင္သပ္ရႈေမာဖြယ္ရႈေမွ်ာ္ခင္းမ်ား အျပင္ ခ်မ္းေျမ႕သာယာေသာ အန္ဒမန္ကၽြန္းစုမ်ား၏ ဓာတ္ပံုမ်ားလည္း ပါရွိသည္။
(ေတာင္ငူ ေျမျပင္တပ္ဖြဲ႕ကို ၎တို႔၏ ဆင္အုပ္စုႏွင့္အတူ ေတြ႕ရပုံ။ ၿဗိတိသွ်တို႔က ေတာနက္ႀကီးမ်ားအတြင္း လက္နက္ႀကီးမ်ားသယ္ရန္ႏွင့္ ခရီးလမ္းပန္းၾကမ္းတမ္းေသာ ျပည္နယ္မ်ားတြင္ ဆင္မ်ားကို အသုံးျပဳခဲ့ၾကသည္)
(ရန္ကုန္ျမိဳ႕တြင္ တည္ရွိေသာ သာမန္တင္းနစ္ကြင္းေလးတစ္ခုပါဝင္ေသာ အရာရွိ စားရိပ္သာ။ ျမန္မာျပည္ သည္ ဒုတိယကမၻာစစ္ၾကီးမတိုင္မီက စေကာ့ကိုလိုနီဟု လူသိမ်ားခဲ့သည္။ ျမန္မာျပည္ကို စီမံခန္႔ခြဲအုပ္ခ်ဳပ္ေရး တြင္ စေကာ့လူမ်ဳိးမ်ား၏ ၾသဇာလႊမ္းမႈမ်ား ၾကီးမားေသာေၾကာင့္ ျဖစ္သည္)
အဆိုပါ ဓာတ္ပံုအယ္လ္ဘမ္သည္ အဂၤလန္ႏိုင္ငံ၊ ဂေလာ္ဆက္စတာရႈိင္းယားခရိုင္၊ လန္ဒန္ျမိဳ႕၏ အေနာက္ဘက္ မိုင္ ၈၀ အကြာရွိ Cirencester ျမိဳ႕ အေျခစိုက္ Dominic Winter ေလလံအဖြဲ႔က ေလလံတင္ေရာင္းခ်ရာတြင္ ေပၚေပါက္လာခဲ့ျခင္းျဖစ္ျပီး ေလလံတင္မႈတြင္ ကနဦးေမွ်ာ္မွန္းခဲ့သည္မွာ ေပါင္ ၁၅၀၀ ခန္႔ရရွိရန္ ခန္႔မွန္းခဲ့ျပီး ေစ်းႏႈန္းမည္မွ်ျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့သည္ကိုမူ မသိရေခ်။
Dominic Winter မွ ကၽြမ္းက်င္ပညာရွင္တစ္ဦးျဖစ္သူ Chris Albury က “စိတ္ဝင္စားဖုိ႔ေကာင္းတဲ့ ဓာတ္ပံုအယ္လ္ဘမ္တစ္ခုပါ။ ျမန္မာျပည္သူျပည္သားေတြနဲ႔ ျဗိတိသွ်အရာရွိေတြ၊ ေစတီပုထိုးေတြနဲ႔ အန္ဒမန္ကၽြန္းဓာတ္ပံုေတြ ပါဝင္ပါတယ္” ဟု ေျပာသည္။
“၁၈၆၀ ျပည့္လြန္ေခတ္ေလာက္တုန္းက အေပ်ာ္တမ္းဓာတ္ပံုဆရာဆိုတာ မရွိေသးသေလာက္ပဲ။ ဒါေၾကာင့္ ဒီဓာတ္ပံုေတြဟာ အေပ်ာ္တမ္းဓာတ္ပံုနယ္ပယ္မွာ အေစာဆံုးျဖစ္တယ္လို႔ ဆိုႏိုင္ပါတယ္။ ဒီဓာတ္ပံုအယ္လ္ဘမ္ကို ပိုင္ရွင္တစ္ဦးက ေရာင္းခ်ေပးဖို႔ အပ္ႏွံထားတာျဖစ္ပါတယ္” ဟု Chris က ေျပာသည္။
ျဗိတိန္ႏွင့္ ျမန္မာတို႔သည္ ၁၉ ရာစုအတြင္း အဂၤလိပ္-ျမန္မာ စစ္ပြဲ ၃ ၾကိမ္ျဖစ္ပြားခဲ့ျပီး ၁၈၈၆ ခုႏွစ္တြင္ ျဗိတိသွ်လက္ေအာက္သို႔ က်ေရာက္ကာ အဆံုးသတ္ခဲ့သည္။
၁၉၄၈ ခုႏွစ္တြင္ လြတ္လပ္ေရး ျပန္လည္ေပးအပ္ခဲ့သည္။
အဂၤလိပ္-ျမန္မာ စစ္ပြဲ ၃ ၾကိမ္ကား - ပထမ အဂၤလိပ္-ျမန္မာစစ္ပြဲ (၁၈၂၄ မွ ၁၈၂၆ အထိ)၊ ဒုတိယ အဂၤလိပ္-ျမန္မာစစ္ပြဲ (၁၈၅၂ မွ ၁၈၅၃ အထိ) ၊ တတိယ အဂၤလိပ္-ျမန္မာစစ္ပြဲ (၁၈၈၅) တို႔ ျဖစ္သည္။
ျဗိတိသွ်တို႔သည္ ဘုရင္စနစ္ကို ဖ်က္သိမ္းလိုက္ျပီး သီေပါဘုရင္ကို အိႏိၵယသို႔ ျပည္ႏွင္ဒဏ္ေပးခဲ့သည္။
၁၉၄၂ ခုႏွစ္တြင္ ဂ်ပန္တို႔ဝင္ေရာက္လာခ်ိန္တြင္ ျဗိတိသွ်အုပ္ခ်ဳပ္ေရး ရပ္ဆိုင္းသြားခဲ့သည္။
သို႔ေသာ္ ၁၉၄၅ ခုႏွစ္တြင္ ျဗိတိသွ်တို႔၏ တပ္မ်ား၊ အထူးသျဖင့္ ျဗိတိသွ်အိႏိၵယတပ္မ်ား ျပန္လည္ဝင္ေရာက္ လာခဲ့သည္။
ယင္းေနာက္ပိုင္း ျမန္မာျပည္တြင္ လြတ္လပ္ေရးၾကိဳးပမ္းမႈမ်ား အလြန္အားေကာင္းလာခဲ့ျပီး လြတ္လပ္ေရးရမည့္ အရိပ္လကၡဏာမ်ား ေပၚေပါက္လာခဲ့သည္။
၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလတြင္ ျဗိတိသွ်တို႔ထံမွ လြတ္လပ္ေရးအျပည့္အဝ ရရွိခဲ့သည္။
(ျမန္မာမင္းတို႔၏ ေလာင္းေလွကို ရန္ကုန္ျမစ္အတြင္း ေတြ႔ရသည့္ ဓာတ္ပံု။ )
(ေရႊတိဂံုေစတီေတာ္၏ မုဒ္တစ္ခု။ ျဗိတိသွ်တို႔ ျမန္မာျပည္ေအာက္ပိုင္းကို သိမ္းပိုက္ျပီးေနာက္ ေရႊတိဂံုေစတီေတာ္ကို ခံတပ္ေနရာအျဖစ္ ၂ ႏွစ္ခန္႔ အသံုးျပဳခဲ့သည္)
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: From polo to patrolling on elephants: Rare photos of Burma under British colonial rule have emerged after 150 years(dailymail)