၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည့် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးများ

၂၀၂၃ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးမည့် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးများ - Property News in Myanmar from iMyanmarHouse.com
27 Dec 2022 10:36 am တွင် တင်ခဲ့သည်
859 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တစ်နှစ်တာ၏ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးအချိန် ရောက်ရှိလာပြီဖြစ်သည်။

မှန်၏။ ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ရန် ရှိနေသည့် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီးများ အပြီးသတ် တော့မည့် အချိန်နီးကပ်လာနေပြီ ဖြစ်သည်။

ပြီးခဲ့သောနှစ် အချက်အလက်များနှင့် နှိုင်းယှဉ်မည်ဆိုပါက သိသာသည့် ကွာခြားချက်များ ရှိနေသည်။

ပြီးခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာ့အမြင့်မားဆုံးအဆောက်အအုံများ ဆောက်လုပ်မှုတွင် တရုတ်ပြည်က ဦးဆောင်ထားခဲ့သော်လည်း လာမည့် ၂၀၂၃ ခုနှစ်တွင်မူ အဆိုပါလမ်းကြောင်းမှ သွေဖည်တော့မည်လည်း ဖြစ်သည်။

ထိုသို့ ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခုမှာ တရုတ်ပြည်တွင် မိုးမျှော်တိုက်များ ဆောက်လုပ်မှုကို စည်းမျဉ်း တင်းကျပ်လာသောကြောင့် ဖြစ်သည်။

တရုတ်အာဏာပိုင်တို့က လူဦးရေ ၃ သန်းအောက်နည်းပါးသော မြို့များတွင် မိုးမျှော်တိုက်များ ဆောက်လုပ်မှု တားမြစ်ထားသည်။

ထို့အပြင် မြို့ကြီးများတွင်လည်း အထူးလိုအပ်ချက်ရှိသည့် အခြေအနေမရှိလျှင် မီတာ ၂၅၀ အမြင့်အထိသာ ဆောက်လုပ်ရန် ကန့်သတ်ထားသည်။

 

၅။ Ciel Tower ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု (၃၆၅ မီတာ)

 

လာမည့်နှစ်တွင် ဒူဘိုင်းတွင် ကမ္ဘာ့အမြင့်ဆုံး ဟိုတယ် အပြီးသတ်ပြီးစီးတော့မည် ဖြစ်ရာ နောက်ထပ်ကမ္ဘာ့စံချိန်တစ်ခု ထပ်တင်ရန်ရှိနေသည်။

၃၆၅ မီတာမြင့်မားသော Ciel Tower သည် လက်ရှိ အမြင့်မားဆုံး ဟိုတယ်ဖြစ်သော Gevora ဟိုတယ်ကို ဖြတ်ကျော်သွားမည် ဖြစ်သည်။

Gevora ဟိုတယ်သည် အမြင့် ၃၆၅ မီတာရှိပြီး ဒူဘိုင်းတွင်ပင် တည်ရှိသည်။

ဒူဘိုင်းသို့ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာမှ လာရောက်လည်ပတ်သူ ၈ သန်းကျော်ရှိခဲ့ရာ ကမ္ဘာပေါ်တွင် လည်ပတ်သူ အများဆုံး ထိပ်တန်းမြို့ကြီး ၅ ခု စာရင်းတွင် အမြဲနေရာ ယူထားသည်။

လက်ရှိအားဖြင့် ဒူဘိုင်းတွင် ဟိုတယ်ပေါင်း ၇၆၉ လုံးနှင့် အခန်းပေါင်း ၁၁၇၄၃၄ ရှိပြီး ဖြစ်သော်လည်း ဟိုတယ်ခန်းများ ထပ်မံလိုအပ်ဦးမည်မှာ အသေအချာပင်။

 

(ဒူဘိုင်းမှ Ciel Tower ကို တွေ့ရပုံ ။ ဓာတ်ပုံ - Credit :NORR Group Consultants International Limited)

Ciel Tower တွင် အခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်ပြီး အထပ်ပေါင်း ၈၂ ထပ်ရှိသည်။

 

 

၄။ Hengfeng Guiyang စင်တာမှ တာဝါ ၁ ၊တရုတ်နိုင်ငံ (၃၇၃ မီတာ)

Hengfeng Guiyang စင်တာသည် တရုတ်ပြည် ၊ ကွေ့ယန်မြို့တွင် တည်ရှိပြီး တာဝါ ၅ ခုပါသော စီမံကိန်းတစ်ခု ဖြစ်ကာ ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ရန် ရည်မှန်းထားသည်။ ကွေ့ယန်မြို့ ၊ Nanming ခရိုင်တွင် တည်ရှိသော မိုးမျှော်တိုက်ကြီး၏ ထိပ်ဆုံးတွင် အထပ်များစွာ ပါဝင်သည့် ရှုခင်းကြည့်နေရာနှင့် ရဟတ်ယာဉ်ကွင်းတို့ ပါဝင်သည်။

 

 

(အပေါ်ပုံမှာ Hengfeng Guiyang စင်တာ၏ ဓာတ်ပုံ ဖြစ်သည်။ ဓာတ်ပုံ Credit : Zhubo Design )

အဆိုပါ စင်တာအတွင်း တန်ဖိုးမြင့် လူနေခန်းများ ၊ လက်လီအရောင်းဆိုင်နေရာများ ၊ ဖျော်ဖြေရေးနေရာများနှင့် ရုံးခန်းနေရာများ ပါဝင်မည်ဖြစ်သည်။ Hengfeng Guiyang စင်တာသည် ကွေ့ယန်မြို့တွင် ဒုတိယအမြင့်မားဆုံး အဆောက်အအုံဖြစ်သည်။

ကွေ့ယန်၏ အမြင့်မားဆုံး အဆောက်အအုံမှာ ၂၀၂၀ ပြည့်နှစ်က ဆောက်လုပ်ပြီးစီးခဲ့သော ၄၀၁ မီတာမြင့်မားသည့် ကွေ့ယန်နိုင်ငံတကာ ဘဏ္ဍာရေးစင်တာ အဆောက်အအုံ ဖြစ်သည်။

 

၃။ Iconic Tower ၊ အီဂျစ်နိုင်ငံ (၃၉၃ မီတာ)

Iconic Towerသည် အီဂျစ်နိုင်ငံ၏ မြို့တော်သစ်တွင် တည်ရှိသည်။

အဆိုပါ တာဝါဆောက်လုပ်စဉ် ကာလအတွင်း ဆောက်လုပ်မှုဆိုင်ရာ စိန်ခေါ်မှု အများအပြား ရင်ဆိုင်ခဲ့ရသည်။

အလွန်ပူပြင်းသည့် အပူချိန်အောက်တွင် အလုပ်လုပ်ရခြင်း ၊ သဲကန္တာရ၏ မြေပျော့တွင် ဖောင်ဒေးရှင်းချရခြင်း အစရှိသည့် အခက်အခဲများ အပါအဝင်ဖြစ်သည်။

 

(Iconic Tower ၏ ဆောက်လုပ်ဆဲ အခြေအနေမြင်ကွင်း။ ဓာတ်ပုံ- Credit: Dar al-Handasah Shair and Partners)

ဖောင်ဒေးရှင်း ခိုင်မာစေရန်အတွက် ကွန်ကရစ်ပမာဏ ၁၈၅၀၀ ကုဗမီတာကို ၃၈ နာရီ မရပ်မနား လောင်းထည့်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံး ဖောင်ဒေးရှင်း ဖြစ်လာခဲ့သည်။

၂၀၂၃ ခုနှစ်တွင် အပြီးသတ်မည့် အဆိုပါ အဆောက်အအုံတွင် အဓိကအားဖြင့် ရုံးခန်းများ ဖွင့်လှစ်သွားမည် ဖြစ်သည်။

 

 

၂။ Greenland Shandong နိုင်ငံတကာ ဘဏ္ဍာရေးစင်တာ ၊ တရုတ်ပြည် (၄၂၈ မီတာ)

 

Greenland Shandong နိုင်ငံတကာ ဘဏ္ဍာရေးစင်တာကို Skidmore, Owings and Merrill (SOM) ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အဖွဲ့သည် ကမ္ဘာကျော် မိုးမျှော်တိုက်ကြီးများ ဖြစ်သော Burj Khalifa နှင့် One World Trade Center တို့ကို ဒီဇိုင်းရေးဆွဲပေးခဲ့သူလည်း ဖြစ်သည်။

Greenland Shandong နိုင်ငံတကာ ဘဏ္ဍာရေးစင်တာသည် ၂၀၂၃ ခုနှစ်တွင် အပြီးသတ်ပြီးစီးပါက ကျီနန်မြို့၏ အမြင့်မားဆုံး မိုးမျှော်တိုက် ဖြစ်လာမည် ဖြစ်သည်။

 

(Greenland Shandong နိုင်ငံတကာ ဘဏ္ဍာရေးစင်တာကို တွေ့ရပုံ။ ဓာတ်ပုံ- Credit : Skidmore, Owings and Merrill)

 

၁။ Wuhan Greenland စင်တာ ၊ တရုတ်ပြည် (၄၇၅ မီတာ)

 

Wuhan Greenland စင်တာသည် နှောင့်နှေးစေသည့် အကြောင်းရပ်များ များစွာ ပေါ်ပေါက်ခဲ့ပြီး ဆောက်လုပ်စဉ်ကာလအတွင်း ပြန်လည် ဒီဇိုင်းဆွဲရမှုပင် ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ မိုးမျှော်တိုက်ကို ၂၀၁၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ကမ္ဘာပေါ်တွင် ဒုတိယအမြင့်မားဆုံး အဆောက်အအုံအဖြစ် ရည်မှန်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အမြင့် ၆၃၆ မီတာ ဆောက်လုပ်ရန် ရည်မှန်းခဲ့သည်။

 

(မိုးမျှော်တိုက်ကြီး၏ နောက်ဆုံးဒီဇိုင်း- ဝဲပုံ ၊ မူလဒီဇိုင်း - ယာပုံ။ ဓာတ်ပုံ Credit: Adrian Smith + Gordon Gill Architecture)

 

အဆိုပါ အဆောက်အအုံ ဆောက်လုပ်စဉ်ကာလအတွင်း ၉၆ ထပ်သို့ အရောက်တွင် ဆောက်လုပ်မှု ရပ်ဆိုင်းခဲ့ကြသည်။

တရုတ်အာဏာပိုင်တို့က စည်းမျဉ်းကန့်သတ်ချက်များ မချိုးဖောက်သော ဒီဇိုင်းမျိုး ပြန်လည် ရေးဆွဲဆောက်လုပ်ရန် ညွှန်ကြားသောကြောင့် ဖြစ်သည်။

ထိုမိုးမျှော်တိုက်ကြီးမှာ ယခုအခါ အပြီးသတ်လုနီးပါးဖြစ်နေပြီဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ပေါ်ပေါက်လာသော မိုးမျှော်တိုက်များတွင် အမြင့်မားဆုံး ဖြစ်လာဖွယ်ရာ ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Five Tallest Skyscrapers Completing in 2023 (theb1m)

 

 

 

[Zawgyi]

၂၀၂၃ ခုႏွစ္တြင္ ေဆာက္လုပ္ျပီးစီးမည့္ ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးမ်ား

 

တစ္ႏွစ္တာ၏ စိတ္လႈပ္ရွားဖြယ္အေကာင္းဆံုးအခ်ိန္ ေရာက္ရွိလာျပီျဖစ္သည္။

မွန္၏။ ၂၀၂၃ ခုႏွစ္တြင္ အျပီးသတ္ရန္ ရွိေနသည့္ ကမၻာ့အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ၾကီးမ်ား အျပီးသတ္ ေတာ့မည့္ အခ်ိန္နီးကပ္လာေနျပီ ျဖစ္သည္။

ျပီးခဲ့ေသာႏွစ္ အခ်က္အလက္မ်ားႏွင့္ ႏိႈင္းယွဥ္မည္ဆိုပါက သိသာသည့္ ကြာျခားခ်က္မ်ား ရွိေနသည္။

ျပီးခဲ့ေသာ ဆယ္စုႏွစ္အတြင္း ကမၻာ့အျမင့္မားဆံုးအေဆာက္အအံုမ်ား ေဆာက္လုပ္မႈတြင္ တရုတ္ျပည္က ဦးေဆာင္ထားခဲ့ေသာ္လည္း လာမည့္ ၂၀၂၃ ခုႏွစ္တြင္မူ အဆိုပါလမ္းေၾကာင္းမွ ေသြဖည္ေတာ့မည္လည္း ျဖစ္သည္။

ထိုသို႔ ျဖစ္ရျခင္း၏ အေၾကာင္းရင္းတစ္ခုမွာ တရုတ္ျပည္တြင္ မိုးေမွ်ာ္တိုက္မ်ား ေဆာက္လုပ္မႈကို စည္းမ်ဥ္း တင္းက်ပ္လာေသာေၾကာင့္ ျဖစ္သည္။

တရုတ္အာဏာပိုင္တို႔က လူဦးေရ ၃ သန္းေအာက္နည္းပါးေသာ ျမိဳ႕မ်ားတြင္ မိုးေမွ်ာ္တိုက္မ်ား ေဆာက္လုပ္မႈ တားျမစ္ထားသည္။

ထို႔အျပင္ ျမိဳ႕ၾကီးမ်ားတြင္လည္း အထူးလိုအပ္ခ်က္ရွိသည့္ အေျခအေနမရွိလွ်င္ မီတာ ၂၅၀ အျမင့္အထိသာ ေဆာက္လုပ္ရန္ ကန္႔သတ္ထားသည္။

 

၅။ Ciel Tower ၊ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (၃၆၅ မီတာ)

လာမည့္ႏွစ္တြင္ ဒူဘိုင္းတြင္ ကမၻာ့အျမင့္ဆံုး ဟိုတယ္ အျပီးသတ္ျပီးစီးေတာ့မည္ ျဖစ္ရာ ေနာက္ထပ္ကမၻာ့စံခ်ိန္တစ္ခု ထပ္တင္ရန္ရွိေနသည္။

၃၆၅ မီတာျမင့္မားေသာ Ciel Tower သည္ လက္ရွိ အျမင့္မားဆံုး ဟိုတယ္ျဖစ္ေသာ Gevora ဟိုတယ္ကို ျဖတ္ေက်ာ္သြားမည္ ျဖစ္သည္။

Gevora ဟိုတယ္သည္ အျမင့္ ၃၆၅ မီတာရွိျပီး ဒူဘိုင္းတြင္ပင္ တည္ရွိသည္။

ဒူဘိုင္းသို႔ ၂၀၂၂ ခုႏွစ္အတြင္း ႏိုင္ငံတကာမွ လာေရာက္လည္ပတ္သူ ၈ သန္းေက်ာ္ရွိခဲ့ရာ ကမၻာေပၚတြင္ လည္ပတ္သူ အမ်ားဆံုး ထိပ္တန္းျမိဳ႕ၾကီး ၅ ခု စာရင္းတြင္ အျမဲေနရာ ယူထားသည္။

လက္ရွိအားျဖင့္ ဒူဘိုင္းတြင္ ဟိုတယ္ေပါင္း ၇၆၉ လံုးႏွင့္ အခန္းေပါင္း ၁၁၇၄၃၄ ရွိျပီး ျဖစ္ေသာ္လည္း ဟိုတယ္ခန္းမ်ား ထပ္မံလုိအပ္ဦးမည္မွာ အေသအခ်ာပင္။

(ဒူဘိုင္းမွ Ciel Tower ကို ေတြ႔ရပံု ။ ဓာတ္ပံု - Credit :NORR Group Consultants International Limited)

Ciel Tower တြင္ အခန္းေပါင္း ၁၀၀၀ ေက်ာ္ပါဝင္ျပီး အထပ္ေပါင္း ၈၂ ထပ္ရွိသည္။

 

၄။ Hengfeng Guiyang စင္တာမွ တာဝါ ၁ ၊တရုတ္ႏိုင္ငံ (၃၇၃ မီတာ)

Hengfeng Guiyang စင္တာသည္ တရုတ္ျပည္ ၊ ေကြ႔ယန္ျမိဳ႕တြင္ တည္ရွိျပီး တာဝါ ၅ ခုပါေသာ စီမံကိန္းတစ္ခု ျဖစ္ကာ ၂၀၂၃ ခုႏွစ္တြင္ အျပီးသတ္ရန္ ရည္မွန္းထားသည္။ ေကြ႔ယန္ျမိဳ႕ ၊ Nanming ခရိုင္တြင္ တည္ရွိေသာ မိုးေမွ်ာ္တိုက္ၾကီး၏ ထိပ္ဆံုးတြင္ အထပ္မ်ားစြာ ပါဝင္သည့္ ရႈခင္းၾကည့္ေနရာႏွင့္ ရဟတ္ယာဥ္ကြင္းတို႔ ပါဝင္သည္။

(အေပၚပံုမွာ Hengfeng Guiyang စင္တာ၏ ဓာတ္ပံု ျဖစ္သည္။ ဓာတ္ပံု Credit : Zhubo Design )

အဆိုပါ စင္တာအတြင္း တန္ဖိုးျမင့္ လူေနခန္းမ်ား ၊ လက္လီအေရာင္းဆိုင္ေနရာမ်ား ၊ ေဖ်ာ္ေျဖေရးေနရာမ်ားႏွင့္ ရံုးခန္းေနရာမ်ား ပါဝင္မည္ျဖစ္သည္။ Hengfeng Guiyang စင္တာသည္ ေကြ႔ယန္ျမိဳ႕တြင္ ဒုတိယအျမင့္မားဆံုး အေဆာက္အအံုျဖစ္သည္။

ေကြ႔ယန္၏ အျမင့္မားဆံုး အေဆာက္အအံုမွာ ၂၀၂၀ ျပည့္ႏွစ္က ေဆာက္လုပ္ျပီးစီးခဲ့ေသာ ၄၀၁ မီတာျမင့္မားသည့္ ေကြ႔ယန္ႏိုင္ငံတကာ ဘ႑ာေရးစင္တာ အေဆာက္အအံု ျဖစ္သည္။

 

၃။ Iconic Tower ၊ အီဂ်စ္ႏုိင္ငံ (၃၉၃ မီတာ)

Iconic Towerသည္ အီဂ်စ္ႏိုင္ငံ၏ ျမိဳ႕ေတာ္သစ္တြင္ တည္ရွိသည္။

အဆိုပါ တာဝါေဆာက္လုပ္စဥ္ ကာလအတြင္း ေဆာက္လုပ္မႈဆိုင္ရာ စိန္ေခၚမႈ အမ်ားအျပား ရင္ဆိုင္ခဲ့ရသည္။

အလြန္ပူျပင္းသည့္ အပူခ်ိန္ေအာက္တြင္ အလုပ္လုပ္ရျခင္း ၊ သဲကႏၱာရ၏ ေျမေပ်ာ့တြင္ ေဖာင္ေဒးရွင္းခ်ရျခင္း အစရွိသည့္ အခက္အခဲမ်ား အပါအဝင္ျဖစ္သည္။

(Iconic Tower ၏ ေဆာက္လုပ္ဆဲ အေျခအေနျမင္ကြင္း။ ဓာတ္ပံု- Credit: Dar al-Handasah Shair and Partners)

ေဖာင္ေဒးရွင္း ခုိင္မာေစရန္အတြက္ ကြန္ကရစ္ပမာဏ ၁၈၅၀၀ ကုဗမီတာကို ၃၈ နာရီ မရပ္မနား ေလာင္းထည့္ခဲ့ရာ အေရွ႕အလယ္ပိုင္းေဒသတြင္ အၾကီးမားဆံုး ေဖာင္ေဒးရွင္း ျဖစ္လာခဲ့သည္။

၂၀၂၃ ခုႏွစ္တြင္ အျပီးသတ္မည့္ အဆိုပါ အေဆာက္အအံုတြင္ အဓိကအားျဖင့္ ရံုးခန္းမ်ား ဖြင့္လွစ္သြားမည္ ျဖစ္သည္။

 

၂။ Greenland Shandong ႏိုင္ငံတကာ ဘ႑ာေရးစင္တာ ၊ တရုတ္ျပည္ (၄၂၈ မီတာ)

 

Greenland Shandong ႏိုင္ငံတကာ ဘ႑ာေရးစင္တာကို Skidmore, Owings and Merrill (SOM) ဗိသုကာအဖြဲ႔က ဒီဇိုင္းေရးဆြဲေပးခဲ့ျခင္း ျဖစ္ျပီး အဆိုပါ အဖြဲ႔သည္ ကမၻာေက်ာ္ မိုးေမွ်ာ္တိုက္ၾကီးမ်ား ျဖစ္ေသာ Burj Khalifa ႏွင့္ One World Trade Center တို႔ကို ဒီဇိုင္းေရးဆြဲေပးခဲ့သူလည္း ျဖစ္သည္။

Greenland Shandong ႏိုင္ငံတကာ ဘ႑ာေရးစင္တာသည္ ၂၀၂၃ ခုႏွစ္တြင္ အျပီးသတ္ျပီးစီးပါက က်ီနန္ျမိဳ႕၏ အျမင့္မားဆံုး မိုးေမွ်ာ္တိုက္ ျဖစ္လာမည္ ျဖစ္သည္။

(Greenland Shandong ႏိုင္ငံတကာ ဘ႑ာေရးစင္တာကို ေတြ႔ရပံု။ ဓာတ္ပံု- Credit : Skidmore, Owings and Merrill)

 

၁။ Wuhan Greenland စင္တာ ၊ တရုတ္ျပည္ (၄၇၅ မီတာ)

Wuhan Greenland စင္တာသည္ ေႏွာင့္ေႏွးေစသည့္ အေၾကာင္းရပ္မ်ား မ်ားစြာ ေပၚေပါက္ခဲ့ျပီး ေဆာက္လုပ္စဥ္ကာလအတြင္း ျပန္လည္ ဒီဇိုင္းဆြဲရမႈပင္ ျဖစ္ေပၚခဲ့သည္။ အဆိုပါ မိုးေမွ်ာ္တုိက္ကို ၂၀၁၂ ခုႏွစ္တြင္ စတင္ေဆာက္လုပ္ခဲ့ျပီး ကမၻာေပၚတြင္ ဒုတိယအျမင့္မားဆံုး အေဆာက္အအံုအျဖစ္ ရည္မွန္းေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အျမင့္ ၆၃၆ မီတာ ေဆာက္လုပ္ရန္ ရည္မွန္းခဲ့သည္။

(မုိးေမွ်ာ္တိုက္ၾကီး၏ ေနာက္ဆံုးဒီဇိုင္း- ဝဲပံု ၊ မူလဒီဇိုင္း - ယာပံု။ ဓာတ္ပံု Credit: Adrian Smith + Gordon Gill Architecture)

အဆိုပါ အေဆာက္အအံု ေဆာက္လုပ္စဥ္ကာလအတြင္း ၉၆ ထပ္သို႔ အေရာက္တြင္ ေဆာက္လုပ္မႈ ရပ္ဆိုင္းခဲ့ၾကသည္။

တရုတ္အာဏာပုိင္တုိ႔က စည္းမ်ဥ္းကန္႔သတ္ခ်က္မ်ား မခ်ိဳးေဖာက္ေသာ ဒီဇိုင္းမ်ိဳး ျပန္လည္ ေရးဆြဲေဆာက္လုပ္ရန္ ညႊန္ၾကားေသာေၾကာင့္ ျဖစ္သည္။

ထိုမိုးေမွ်ာ္တိုက္ၾကီးမွာ ယခုအခါ အျပီးသတ္လုနီးပါးျဖစ္ေနျပီျဖစ္ျပီး ၂၀၂၃ ခုႏွစ္အတြင္း ေပၚေပါက္လာေသာ မုိးေမွ်ာ္တိုက္မ်ားတြင္ အျမင့္မားဆံုး ျဖစ္လာဖြယ္ရာ ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Five Tallest Skyscrapers Completing in 2023 (theb1m)

 

 

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service