ချောက်ကမ်းပါးစွန်းများတွင် ယိမ်းထိုးခုတ်မောင်းနေရသော ကျောချမ်းဖွယ် တောင်အမေရိက ရထားများ
ချောက်ကမ်းပါးစွန်းများတွင် ယိမ်းထိုးခုတ်မောင်းနေရသော ကျောချမ်းဖွယ် တောင်အမေရိက ရထားများ - Property News in Myanmar from iMyanmarHouse.com
27 Dec 2022 10:00 am တွင် တင်ခဲ့သည်
605 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ပြင်သစ်ဓာတ်ပုံ ဝါသနာရှင် ယွန်း မာ့ခ် ဖရီးဘို (Jean Marc Frybourg) သည် ပီရူးနှင့် ချီလီနိုင်ငံတို့ရှိ တောင်အမေရိကတိုက်ရှိ မျက်စိပသာဒအရှိဆုံး ရထားလမ်းများ၏ မယုံနိုင်ဖွယ် ဓာတ်ပုံများ ရရှိရန် ခက်ခက်ခဲခဲ ကြိုးပမ်းအားထုတ်ခဲ့သည်။
ဖရီးဘိုသည် အသက် ၅၆ နှစ်ရှိပြီဖြစ်ပြီး ပဲရစ်မြို့တွင် နေထိုင်သူဖြစ်ကာ အလုပ်အကိုင်မှာ ဆေးဝါးလုပ်ငန်း နယ်ပယ်မှ ဖြစ်သည်။
ဖရီးဘိုသည် ခရီးသွားခြင်းနှင့် ဓာတ်ပုံပညာတို့ကို စွဲစွဲလမ်းလမ်း ဝါသနာပါပြီး အထူးသဖြင့် သူအနှစ်သက်ဆုံး မီးရထားလမ်းများကို မှတ်တမ်းတင်ရခြင်းကို သဘောကျသည်။ ဓာတ်ပုံများတွင် တွေ့ရသည့် ရထားများမှာ သတ္တုတွင်းများကို အဓိက ဝန်ဆောင်မှုပေးခြင်းဖြစ်သည်။
ထူးခြားသော မြေမျက်နှာသွင်ပြင်များကို ဖြတ်သန်းကာ ခက်ခက်ခဲခဲ ဖြတ်သန်းဖောက်လုပ်ထားသည့် အင်ဂျင်နီယာပညာ၏ အောင်ပွဲတစ်ရပ်လည်း ဖြစ်သည်။
ဓာတ်ပုံများကို ကြည့်ရှုရသူများအနေဖြင့် ဤသို့သော နေရာမျိုးတွင် မည်သို့မည်ပုံ ရထားလမ်းဖောက်ခဲ့ သနည်းဟု သိလိုစိတ် ဦးစွာပေါ်ပေါက်လာမည် ဖြစ်သည်။
ဓာတ်ပုံတစ်ခုတွင် တွေ့ရသည်မှာ တောင်တစ်ခုဘေး တောင်စောင်းတွင် ရထား ၂ စင်းမှာ အမြင့်နေရာနှင့် အောက်ဘက်တို့တွင် အပြိုင်သွားနေပုံကို တွေ့ရသည်။
မီးရထားကုမ္ပဏီ၏ ပူးပေါင်းကူညီမှုကြောင့် ဓာတ်ပုံကောင်းရရှိခဲ့ခြင်းဖြစ်ပြီး အခြားရထားတစ်စင်းမှာ ဆာလ်ဖြူရစ် အက်ဆစ်စည်များ သယ်ယူနေခြင်းဖြစ်သည်ဟု ဖရီးဘိုက ပြောသည်။
“ကျွန်တော်ကလေးဘဝကတည်းက ဓာတ်ပုံတွေ စရိုက်ခဲ့တယ်။ အမြဲတမ်းလိုလို ဓာတ်ပုံတွေ ရိုက်တယ်။ ၁၉၇၂ ခုနှစ်မှာ ဓာတ်ပုံပညာကို စတင်လေ့လာခဲ့ပြီး ပညာရှင်အဆင့်သုံး ကင်မရာတွေကို ကိုင်နေပါပြီ။ အဲ့တုန်းက ကျွန်တော့်အသက် ၁၁ နှစ်၊ ၁၂ နှစ်အရွယ်လောက်ပဲ ရှိသေးတယ်”ဟု ၎င်းက ပြောသည်။
“ကျွန်တော်က ခရီးသွားချင်တယ်။ ပြီးတော့ ရထားတွေကို ကြည့်ချင်တယ်။ နောက်ပိုင်းမှာ ကျွန်တော်ဟာ ရထားတွေကို ဓာတ်ပုံရိုက်ရတဲ့ဘက်ကို ပိုပြီးသဘောကျလာခဲ့ပါတယ်”
(ပီရူးနိုင်ငံအလယ်ပိုင်း Matucana မြို့အနီး ရထားနှစ်စင်း မောင်းနှင်နေပုံ)
(ချီလီနိုင်ငံ၊ Potrerillos မြို့ရှိ ကြေးနီသန့်စင်စက်ရုံမှ ဆာလ်ဖြူရစ်အက်ဆစ်စည်များနှင့် မောင်းနှင်လာသော ချီလီမီးရထားကုမ္ပဏီ Ferronor မှ ရထားတစ်စင်း)
(Cerro de Pasco ကြေးနီတွင်းရှိရာသို့ သွားရန် ပီရူးနိုင်ငံ၊ Junin မြို့ရှိ Chinchaycocha ရေကန်ကြီးအနီး ဖြတ်သန်းမောင်းနှင်နေသော ရထားတစ်စင်း)
(ပီရူးနိုင်ငံ၊ San Mateo မြို့အနီးရှိ ကမ္ဘာကျော် Puente Infiernillo တံတားကို အပေါ်စီးမှ တွေ့မြင်ရသည့် မြင်ကွင်း)
(အင်ဒီးတောင်တန်းကြီး၏ မတ်စောက်သော ဆင်ခြေလျှောများတွင် ကုန်ရထားကြီးတစ်စီးကို မောင်းနှင်နေပုံ)
(Potrerillos မြို့ ကြေးနီစက်ရုံမှ ဆာလ်ဖြူရစ် အက်ဆစ်စည်များနှင့်အတူ ဆင်းလာကာ ချီလီနိုင်ငံ၊ Diego de Almagro မြို့သို့ ဦးတည်ခုတ်မောင်းနေသော Ferronor ရထားကုမ္ပဏီပိုင် ရထားတစ်စင်း)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Remarkable railways! Mind-blowing photos show South American trains teetering on cliff edges and tunnelling through mountains (dailymail)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service