LV တံဆိပ်ခွေးလည်ပတ်ဝယ်ရန် မိုင်ပေါင်း ၂၅၀၀ ခရီးထွက်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာသည့် အိမ်ခြံမြေလုပ်ငန်းရှင် မိန်းကလေး

LV တံဆိပ်ခွေးလည်ပတ်ဝယ်ရန် မိုင်ပေါင်း ၂၅၀၀ ခရီးထွက်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် ချမ်းသာလာသည့် အိမ်ခြံမြေလုပ်ငန်းရှင် မိန်းကလေး - Property News in Myanmar from iMyanmarHouse.com
23 Dec 2022 10:33 am တွင် တင်ခဲ့သည်
493 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စုမှ လင်းဆီး ဒေါနဗန် (Linsey Donovan) အမည်ရှိ မိန်းကလေးသည် အသက် ၂၃ နှစ်အရွယ်တွင်ပင် ကိုယ့်ထူးကိုယ်ချွန် သန်းကြွယ်သူဌေးတစ်ဦးဖြစ်ခဲ့သူ ဖြစ်သည်။

အသက် ၂၀ ကျော်အရွယ် အများစုမှာ ဘဝကို စိတ်ကူးယဉ်နေကြဆဲအချိန်မျိုးတွင် လင်းဆီးမှာ အိမ်ခြံမြေလုပ်ငန်းများဖြင့် အလုပ်ရှုပ်နေကာ ချမ်းသာကြွယ်ဝမှုများကို ရယူနိုင်ရန် ကြိုးပမ်းနေခဲ့သည်။

 

(လင်းဆီး ဒေါနဗန်သည် သူ၏ခွေးအတွက် အကောင်းစားလည်ပတ်တစ်ခု ဝယ်ပေးရန် မိုင်ပေါင်း ၂၀၀၀ ကျော် ခရီးထွက်ခဲ့သည်။ ဓာတ်ပုံ-Credit: instagram/linsey99forever)

 

 

(လည်ပတ်အသစ်နှင့် ဝင့်ကြွားနေသော ခွေးလေး Louie ။ ဓာတ်ပုံ Credit: Truly/Youtube)

 

ငယ်ရွယ်သော သန်းကြွယ်သူဌေးမလေးသည် ဖလော်ရီဒါပြည်နယ်၊ Palm Beach မှ လော့စ်အိန်ဂျလိအထိ မိုင်ပေါင်း ၂၅၀၀ လေယာဉ်ခရီးထွက်ခဲ့ခြင်း ဖြစ်သည်။

လော့စ်အိန်ဂျလိသို့ ရောက်သောအခါ ပထမဆုံးဝင်ခဲ့သည်မှာ Rodeo Drive လမ်းသို့ဖြစ်ပြီး သူ၏ ခွေးကလေး Louie အတွက် Louis Vuitton ၏ အတိုကောက် LV တံဆိပ်ပါသည့် တန်ဖိုးကြီး လည်ပတ်တစ်ခုကို ပေါင် ၉၀၀ ခန့်ဖြင့် ဝယ်ယူပေးခဲ့သည်။

“ဖလော်ရီဒါကနေ တောက်လျှောက် လေယာဉ်စီးလာခဲ့ပါတယ်။ ကျွန်မရဲ့ ခွေးလေးကို Louis Vuitton ကနေ ဒေါ်လာ ၁၀၀၀ တန် လည်ပတ်ဝယ်ပေးဖို့ သက်သက်ပါ”ဟု သူမက ပြောသည်။

လင်းဆီးသည် အဆိုပါဆိုင်တွင် ဒေါ်လာ ၃၀၀၀ ဖိုး သုံးစွဲခဲ့သည်။

သို့ရာတွင် လင်းဆေးက ပြောသည်မှာ ဈေးဝယ်ရာတွင် စည်းဘောင်တစ်ခုထားကြောင်း၊ ထိုသို့ ထားရှိခြင်းကြောင့် အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ငွေစုဆောင်းမိခြင်းဖြစ်ကြောင်း ပြောသည်။

လင်းဆီးသည် ချမ်းသာသော မိသားစုတွင် မွေးဖွားလာသူတစ်ဦးမဟုတ်ချေ။ အသက် ၁၄ နှစ်သမီးအရွယ်တွင် စတင်ကာ စားသောက်ဆိုုင်တစ်ခု၌ အလုပ်လုပ်ကိုင်ခဲ့သည်။

“အသက် ၁၀ နှစ်သမီးအရွယ်လောက်ကတည်းက အလုပ်လုပ်ချင်စိတ်တွေ ပေါ်နေခဲ့ပါတယ်”ဟု လင်းဆီးက ပြောသည်။

အသက် ၁၇ နှစ်အရွယ်သို့ ရောက်ချိန်တွင် လင်းဆီးမှာ ဝင်ငွေကောင်းနေပြီ ဖြစ်သည်။

လူမှုကွန်ရက်တွင် Live လွှင့်ခြင်းများအားဖြင့် တစ်ရက်လျှင် ဒေါ်လာ ၆၀၀ ခန့် ရရှိသည်ဟု ဆိုသည်။

ကမ္ဘာပေါ်ရှိ အကျော်ကြားဆုံး ဈေးဝယ်လမ်းများတွင် တစ်ခုအပါအဝင်ဖြစ်သော လမ်းတွင် ခွေးကလေးအတွက် လည်ပတ်ဝယ်ပေးပြီးနောက် လင်းဆီးက သူ၏သူငယ်ချင်းထံသွားခဲ့ကာ လော့စ်အိန်ဂျလိတွင် မည်သည့်နေရာ၌ အမြဲအခြေချနေထိုင်သင့်သည်ကို တိုင်ပင်ခဲ့သည်ဟု ဆိုသည်။

လော့စ်အိန်ဂျလိတွင် အကြီးမားဆုံး spa ပါဝင်သော ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးတွင် လင်းဆီးက တည်းခိုခဲ့ခြင်း ဖြစ်သည်။

လင်းဆီးသည် လော့စ်အိန်ဂျလိသို့ ပြောင်းရွှေ့ အခြေချရန် အမြဲစိတ်ကူးအိပ်မက်ခဲ့သည်။

သူငယ်ချင်းဖြစ်သူ၏ နေအိမ်တွင် ရေအောက် ရေစိမ်ကန်၊ ရေကူးကန်နှင့် လမ်းလျှောက်ဝင်နိုင်သော အဝတ်အစားထားသိုခန်းများကို တွေ့လိုက်ရချိန်တွင်မူ သူ၏ ကိုယ်ပိုင်နေရာတစ်ခု ရှာဖွေလိုလာသည်။

ကမ္ဘာကျော်များစွာတို့ အခြေချသော မြို့သို့ ကိုယ့်ထူးကိုယ်ချွန်သန်းကြွယ်သူဌေးမလေး ပြောင်းရွှေ့လိုခြင်းမှာ နေထိုင်ရုံအတွက်သာမကဘဲ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်ရန်လည်း ဖြစ်သည်။

“အခုဆိုရင် ကျွန်မမှာ အမေရိက အနောက်ဘက်ကမ်းနဲ့ အရှေ့ဘက်ကမ်းမှာ အိမ်ခြံမြေတွေ ရှိနေပါပြီ”ဟု လင်းဆီးက ဖြည့်စွက်ပြောကြားသည်။

 

(လော့စ်အိန်ဂျလိတွင် ပြောင်းရွှေ့အခြေချနေထိုင်မည့် လင်းဆီး။ ဓာတ်ပုံ Credit: Truly/Youtube)

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: FLYING HIGH I’m a self-made millionaire at 23 – I’m so lavish I fly 2,500 miles just to get my DOG a £900 Louis Vuitton bling collar (thesun)

 

 

 

[Zawgyi]

LV တံဆိပ္ေခြးလည္ပတ္ဝယ္ရန္ မိုင္ေပါင္း ၂၅၀၀ ခရီးထြက္ခဲ့ေသာ ကိုယ့္ထူးကိုယ္ခၽြန္ ခ်မ္းသာလာသည့္ အိမ္ျခံေျမလုပ္ငန္းရွင္ မိန္းကေလး

 

အေမရိကန္ျပည္ေထာင္စုမွ လင္းဆီး ေဒါနဗန္ (Linsey Donovan) အမည္ရွိ မိန္းကေလးသည္ အသက္ ၂၃ ႏွစ္အရြယ္တြင္ပင္ ကိုယ့္ထူးကိုယ္ခၽြန္ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္ခဲ့သူ ျဖစ္သည္။

အသက္ ၂၀ ေက်ာ္အရြယ္ အမ်ားစုမွာ ဘဝကို စိတ္ကူးယဥ္ေနၾကဆဲအခ်ိန္မ်ဳိးတြင္ လင္းဆီးမွာ အိမ္ျခံေျမလုပ္ငန္းမ်ားျဖင့္ အလုပ္ရႈပ္ေနကာ ခ်မ္းသာၾကြယ္ဝမႈမ်ားကို ရယူႏိုင္ရန္ ၾကဳိးပမ္းေနခဲ့သည္။

(လင္းဆီး ေဒါနဗန္သည္ သူ၏ေခြးအတြက္ အေကာင္းစားလည္ပတ္တစ္ခု ဝယ္ေပးရန္ မိုင္ေပါင္း ၂၀၀၀ ေက်ာ္ ခရီးထြက္ခဲ့သည္။ ဓာတ္ပံု-Credit: instagram/linsey99forever)

 

(လည္ပတ္အသစ္ႏွင့္ ဝင့္ၾကြားေနေသာ ေခြးေလး Louie ။ ဓာတ္ပံု Credit: Truly/Youtube)

 

ငယ္ရြယ္ေသာ သန္းၾကြယ္သူေဌးမေလးသည္ ဖေလာ္ရီဒါျပည္နယ္၊ Palm Beach မွ ေလာ့စ္အိန္ဂ်လိအထိ မိုင္ေပါင္း ၂၅၀၀ ေလယာဥ္ခရီးထြက္ခဲ့ျခင္း ျဖစ္သည္။

ေလာ့စ္အိန္ဂ်လိသုိ႔ ေရာက္ေသာအခါ ပထမဆံုးဝင္ခဲ့သည္မွာ Rodeo Drive လမ္းသို႔ျဖစ္ျပီး သူ၏ ေခြးကေလး Louie အတြက္ Louis Vuitton ၏ အတိုေကာက္ LV တံဆိပ္ပါသည့္ တန္ဖိုးၾကီး လည္ပတ္တစ္ခုကို ေပါင္ ၉၀၀ ခန္႔ျဖင့္ ဝယ္ယူေပးခဲ့သည္။

“ဖေလာ္ရီဒါကေန ေတာက္ေလွ်ာက္ ေလယာဥ္စီးလာခဲ့ပါတယ္။ ကၽြန္မရဲ႕ ေခြးေလးကို Louis Vuitton ကေန ေဒၚလာ ၁၀၀၀ တန္ လည္ပတ္ဝယ္ေပးဖို႔ သက္သက္ပါ”ဟု သူမက ေျပာသည္။

လင္းဆီးသည္ အဆိုပါဆိုင္တြင္ ေဒၚလာ ၃၀၀၀ ဖိုး သံုးစြဲခဲ့သည္။

သို႔ရာတြင္ လင္းေဆးက ေျပာသည္မွာ ေစ်းဝယ္ရာတြင္ စည္းေဘာင္တစ္ခုထားေၾကာင္း၊ ထိုသို႔ ထားရွိျခင္းေၾကာင့္ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ားျပဳလုပ္ရန္ ေငြစုေဆာင္းမိျခင္းျဖစ္ေၾကာင္း ေျပာသည္။

လင္းဆီးသည္ ခ်မ္းသာေသာ မိသားစုတြင္ ေမြးဖြားလာသူတစ္ဦးမဟုတ္ေခ်။ အသက္ ၁၄ ႏွစ္သမီးအရြယ္တြင္ စတင္ကာ စားေသာက္ဆုိုင္တစ္ခု၌ အလုပ္လုပ္ကိုင္ခဲ့သည္။

“အသက္ ၁၀ ႏွစ္သမီးအရြယ္ေလာက္ကတည္းက အလုပ္လုပ္ခ်င္စိတ္ေတြ ေပၚေနခဲ့ပါတယ္”ဟု လင္းဆီးက ေျပာသည္။

အသက္ ၁၇ ႏွစ္အရြယ္သို႔ ေရာက္ခ်ိန္တြင္ လင္းဆီးမွာ ဝင္ေငြေကာင္းေနျပီ ျဖစ္သည္။

လူမႈကြန္ရက္တြင္ Live လႊင့္ျခင္းမ်ားအားျဖင့္ တစ္ရက္လွ်င္ ေဒၚလာ ၆၀၀ ခန္႔ ရရွိသည္ဟု ဆိုသည္။

ကမၻာေပၚရွိ အေက်ာ္ၾကားဆံုး ေစ်းဝယ္လမ္းမ်ားတြင္ တစ္ခုအပါအဝင္ျဖစ္ေသာ လမ္းတြင္ ေခြးကေလးအတြက္ လည္ပတ္ဝယ္ေပးျပီးေနာက္ လင္းဆီးက သူ၏သူငယ္ခ်င္းထံသြားခဲ့ကာ ေလာ့စ္အိန္ဂ်လိတြင္ မည္သည့္ေနရာ၌ အျမဲအေျခခ်ေနထုိင္သင့္သည္ကို တိုင္ပင္ခဲ့သည္ဟု ဆိုသည္။

ေလာ့စ္အိန္ဂ်လိတြင္ အၾကီးမားဆံုး spa ပါဝင္ေသာ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္တစ္လံုးတြင္ လင္းဆီးက တည္းခိုခဲ့ျခင္း ျဖစ္သည္။

လင္းဆီးသည္ ေလာ့စ္အိန္ဂ်လိသို႔ ေျပာင္းေရႊ႕ အေျခခ်ရန္ အျမဲစိတ္ကူးအိပ္မက္ခဲ့သည္။

သူငယ္ခ်င္းျဖစ္သူ၏ ေနအိမ္တြင္ ေရေအာက္ ေရစိမ္ကန္၊ ေရကူးကန္ႏွင့္ လမ္းေလွ်ာက္ဝင္ႏိုင္ေသာ အဝတ္အစားထားသိုခန္းမ်ားကို ေတြ႔လိုက္ရခ်ိန္တြင္မူ သူ၏ ကိုယ္ပိုင္ေနရာတစ္ခု ရွာေဖြလိုလာသည္။

ကမၻာေက်ာ္မ်ားစြာတို႔ အေျခခ်ေသာ ျမိဳ႕သို႔ ကိုယ့္ထူးကိုယ္ခၽြန္သန္းၾကြယ္သူေဌးမေလး ေျပာင္းေရႊ႕လိုျခင္းမွာ ေနထုိင္ရံုအတြက္သာမကဘဲ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ဆက္လက္ျပဳလုပ္ရန္လည္း ျဖစ္သည္။

“အခုဆိုရင္ ကၽြန္မမွာ အေမရိက အေနာက္ဘက္ကမ္းနဲ႔ အေရွ႕ဘက္ကမ္းမွာ အိမ္ျခံေျမေတြ ရွိေနပါျပီ”ဟု လင္းဆီးက ျဖည့္စြက္ေျပာၾကားသည္။

 

 

(ေလာ့စ္အိန္ဂ်လိတြင္ ေျပာင္းေရႊ႕အေျခခ်ေနထိုင္မည့္ လင္းဆီး။ ဓာတ္ပံု Credit: Truly/Youtube)

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: FLYING HIGH I’m a self-made millionaire at 23 – I’m so lavish I fly 2,500 miles just to get my DOG a £900 Louis Vuitton bling collar (thesun)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
imyanmarmarket
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service