ကမ္ဘာ့အန္တရာယ်အများဆုံးသစ်ပင်ကို နေအိမ်အတွင်း လှောင်အိမ်ဖြင့် စိုက်သည့် သတ္တိကောင်းသော ဗြိတိန် နိုင်ငံသား

ကမ္ဘာ့အန္တရာယ်အများဆုံးသစ်ပင်ကို နေအိမ်အတွင်း လှောင်အိမ်ဖြင့် စိုက်သည့် သတ္တိကောင်းသော ဗြိတိန် နိုင်ငံသား - Property News in Myanmar from iMyanmarHouse.com
22 Dec 2022 12:28 pm တွင် တင်ခဲ့သည်
1588 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗြိတိန်နိုင်ငံ၊ အောက်စ်ဖို့ဒ်မြို့တွင် အမျိုးသားတစ်ဦးသည် gympie-gympie ဟုခေါ်သော ကမ္ဘာ့အန္တရာယ် အများဆုံး ဖက်ယားသစ်ပင်တစ်ပင်ကို နေအိမ် အတွင်း လှောင်အိမ်ဖြင့် စိုက်ပျိုးထားကြောင်း dailymail သတင်းတစ်ရပ် တွင် ဖော်ပြသည်။

တစ်ခါက အလွန်သန်မာကြံ့ခိုင်သူတစ်ဦးသည် gympie-gympie ပင်အရွက်ကို အိမ်သာသုံး စက္ကူသဖွယ် အသုံးပြုလိုက်ပြီးနောက် အလွန်နာကျင်လှသည့် ဝေဒနာကို မခံစားနိုင်သောကြောင့် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ကာ အဆုံးစီရင်သွားခဲ့သည်။

ထိုဖြစ်ရပ်ကို အစွဲပြုပြီး ဂျင်ပီ ဂျင်ပီ (gympie-gympie) အပင်ကို ‘အဆုံးစီရင်အပင်’ ('suicide plant') ဟု လည်း လူသိများသည်။

အဆုံးစီရင်ပင်မှ ဆူးငယ်များ အစူးခံရပါက အက်ဆစ်လောင်သကဲ့သို့ ခံစားရမည့်အပြင် ဓာတ်လိုက်သကဲ့သို့ပါ တပြိုင်တည်းခံစားရမည် ဖြစ်သည်။

 

ဒဲနီရယ် အင်မ်လင်း ဂျုန်းစ် (Daniel Emlyn-Jones) အမည်ရှိ အသက် ၄၉ နှစ်အရွယ် အင်္ဂလန်နိုင်ငံသားက ဂျင်ပီ-ဂျင်ပီ အပင်ကို သူ၏ နေအိမ်၌ လှောင်အိမ်တစ်ခုဖြင့် စိုက်ပျိုးခဲ့ပြီး အန္တရာယ်ရှိသည်ဟု သတိပေး ဆိုင်းဘုတ်လည်း ချိတ်ဆွဲထားသည်။

ထိုအပင်၏ တရားဝင်အမည်မှာ Dendrocnide Moroides ဖြစ်ပြီး အပင်မှ အလွန်သေးငယ်သော ဆူးစူးမိပြီး နောက် ထိုဆူးငယ်ကို အရေပြားအောက်မှ ပြန်လည်ဖယ်ရှားခြင်းမပြုပါက တစ်နှစ်ခန့်အထိ ပြင်းထန်သော ဝေဒနာများ ခံစားရလေ့ရှိကာ အချို့သူများမှာ ဝေဒနာကို မခံစားနိုင်သောကြောင့် မိမ်ိကိုယ်ကို အဆုံးစီရင်သွား လေ့ရှိကြသည်။

 

(အက်ဆစ်လောင်သည့်ဝေဒနာမျိုးနှင့် ဓာတ်လိုက်သည့်ဝေဒနာမျိုး တပြိုင်တည်း ခံစားရမည့် ကမ္ဘာ့အန္တရာယ် အများဆုံး အပင်)

 

 

(အသက် ၄၉ နှစ်အရွယ်ရှိ အင်မလင်း ဂျုန်းစ်က ဂျင်ပီ ဂျင်ပီအပင်ကို နေအိမ်တွင် လှောင်အိမ်ဖြင့် စိုက်ပျိုးခဲ့ပြီး အန္တရာယ်ရှိသည်ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားခဲ့သည်)

 

 

(အဆိပ်ပြင်းသောအပင်မှ အရွက်ကို အိမ်သာစက္ကူသဖွယ် အသုံးပြုခဲ့သော အမျိုးသားတစ်ဦးမှာ နာကျင်သည့် ဝေဒနာကို မခံစားနိုင်သောကြောင့် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ အဆုံးစီရင်သွားခဲ့ဖူးသည်)

 

ဂျင်ပီ ဂျင်ပီပင်ကို အများဆုံးတွေ့ရလေ့ရှိသည်မှာ သြစတေးလျနှင့် မလေးရှားနိုင်ငံတို့မှ အပူပိုင်းမုတ်သုန် သစ်တောများတွင် တွေ့ရသည်။

ဂျင်ပီ ဂျင်ပီသည် အများဆုံး အမြင့် ၁၅ ပေအထိ မြင့်မားနိုင်သော်လည်း အများအားဖြင့်မူ ၃ ပေဝန်းကျင်ခန့် သာ ခြုံအဖြစ် တွေ့ရလေ့ရှိသည်။

 

အပင်၏ အဆိပ်ပြင်းထန်မှုကြောင့် အချို့သော သုတေသနပညာရှင်များမှာ သုတေသနပင် ဆက်မလုပ်တော့ဘဲ ရပ်ဆိုင်းလိုက်သည့် ဖြစ်ရပ်များလည်း ရှိခဲ့သည်။

မစ္စတာ Emlyn-Jones သည် အောက်စ်ဖို့ဒ် တက္ကသိုလ်မှ အွန်လိုင်းနည်းပြတစ်ဦးဖြစ်သည်။

၎င်းက ပြောသည်မှာ အပင်များအပေါ် စိတ်ဝင်စားမှု မြှင့်တင်ပေးနိုင်ရေးအတွက် တမူထူးသော အပင်ကို စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။ “ကျွန်တော် မိုက်မဲတဲ့သူတစ်ယောက် ဖြစ်မလာချင်ပါဘူး။ ဒါကြောင့် အလွန်အန္တရာယ်ကင်းမယ် နည်းလမ်းနဲ့ လုပ်ဆောင်ပါတယ်။ တချို့ ရုက္ခဗေဒဥယျာဉ်တွေမှာ ဒီအပင်ကို စိတ်ဝင်စားစရာကောင်းတဲ့ မျိုးစိတ်တစ်ခု အနေနဲ့ ထားပါတယ်။

 

(ဂျင်ပီ ဂျင်ပီ အပင်အကြောင်း)

ကိုယ့်သေတွင်း ကိုယ်တူးပင်ကို အများဆုံးတွေ့ရသည်မှာ သြစတေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်တောင်ပိုင်း မှ သည် သြစတေးလျမြောက်ပိုင်း Cape York ကျွန်းဆွယ်အထိ တွေ့ရသည်။

လေဒဏ်အကာအကွယ်ကောင်းစွာရသည့် အရိပ်ရသောနေရာများ၊ စမ်းချောင်းနံဘေးများ၊ လူသွားလမ်းများနှင့် တောအုပ်များထဲမှ လမ်းများဘေးတွင် ပေါက်ရောက်လေ့ရှိသည်။

 

(ဂျင်ပီ ဂျင်ပီသည် သြစတေးလျရှိ အဆိပ်ဆူးရှိသော အပင်များအနက် အဆိပ်အပြင်းဆုံး အပင်များတွင် တစ်ခု အပါအဝင် ဖြစ်သည်)

အဆိပ်ရှိ ဖက်ယားပင်တွင် အမွှေးငယ်လေးများ များစွာရှိပြီး အာရုံကြောများအား ပြင်းထန်စွာ အဆိပ်သင့်စေ နိုင်သည်။

အဆိပ်ဆူးမွှေးထိပ်ရှိ သေးငယ်သော အသီးငယ်လေးမှာ ကွဲသွားပြီး အရေပြားကို ထိုးဖောက်ဝင်ရောက်ကာ အဆိပ်များ ထုတ်လွှတ်ပေးခြင်း ဖြစ်သည်။ အရေပြားအောက်ဆေးထိုးရသည့် hypodermic needle အပ်သဖွယ်ပင်။

ထိုအမွှေးများသည် အရေပြားအောက်တွင် စူးဝင်ကျန်ရစ်နေကာ လူသားများတွင် ပြင်းထန်သော နာကျင်မှု ဝေဒနာ ခံစားရစေပြီး ရက်သတ္တပတ်အတန်ကြာမှသည် လပေါင်းများစွာအထိ ကြာမြင့်နိုင်သည်။

ဆူးစူးမိသော နေရာဝန်းကျင်တွင် အနီရောင် အစက်ပြောက်ငယ်များ အပြုံလိုက်ထကာ ကြီးမားသည့် အနီပြင် တစ်ခုအဖြစ် ရောင်ကိုင်းလာမည် ဖြစ်သည်။ အခြေအနေ ပြင်းထန်သူများတွင်ဆိုလျှင် အရေပြားမှ အရည်များ တတောက်တောက် ကျလာနိုင်သည်။

(ဘယ်လို ကုသမလဲ)

ကျွမ်းကျင်ပညာရှင်များကပြောသည်မှာ အမွှေးဆူးများ စူးမိသည့်နေရာကို ပွတ်သပ်ခြင်း မပြုရန် အရေးကြီးသည်ဟု ဆိုသည်။

အမွှေးများသည် အရေပြားအောက်တွင် ကျိုးကျန်ခဲ့ပါက ဖယ်ရှားရန် ခက်ခဲသောကြောင့် ဖြစ်သည်။

အပင်မှ အဆိပ်ကို အာနိသင် ပျယ်စေရန် ဟိုက်ဒရိုကလိုရစ်အက်ဆစ် အပျော့စားကို လိမ်းပေးပြီးနောက် ဆူးမွှေးများ ဖယ်ရှားရန်အတွက် wax strips ကို သုံးကာ လုပ်ဆောင်နိုင်သည်။

 

(ဂျင်ပီ ဂျင်ပီများ ပေါများသောဒေသမှာ ဘယ်လိုကာကွယ်မလဲ)

ရှူးဖိနပ်စီးပါ။ ဘောင်းဘီရှည်ဝတ်ပါ။ ခြုံတိုးသွားလာရမည်ဆိုလျှင် အရေးပေါ်ဆေးအိတ်ယူဆောင်သွားပါ။ ဟိုက်ဒရိုကလိုရစ်အက်ဆစ်အပျော့စား၊ wax strips နှင့် ရာဘာလက်အိတ်များ ပါပါစေ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Source: National Geographic

Ref: Brave British gardener grows 'world's most dangerous plant' in a CAGE in Oxford: Sting from gympie-gympie is so strong man once shot himself dead after using it as toilet paper (dailymail)

 

 

 

 

[Zawgyi]

ကမၻာ့အႏၱရာယ္အမ်ားဆံုးသစ္ပင္ကို ေနအိမ္အတြင္း ေလွာင္အိမ္ျဖင့္ စိုက္သည့္ သတိၱေကာင္းေသာ ျဗိတိန္ ႏိုင္ငံသား

ျဗိတိန္ႏိုင္ငံ၊ ေအာက္စ္ဖို႔ဒ္ျမိဳ႕တြင္ အမ်ဳိးသားတစ္ဦးသည္ gympie-gympie ဟုေခၚေသာ ကမၻာ့အႏၱရာယ္ အမ်ားဆံုး ဖက္ယားသစ္ပင္တစ္ပင္ကို ေနအိမ္ အတြင္း ေလွာင္အိမ္ျဖင့္ စိုက္ပ်ဳိးထားေၾကာင္း dailymail သတင္းတစ္ရပ္ တြင္ ေဖာ္ျပသည္။

တစ္ခါက အလြန္သန္မာၾကံ႕ခိုင္သူတစ္ဦးသည္ gympie-gympie ပင္အရြက္ကို အိမ္သာသံုး စကၠဴသဖြယ္ အသံုးျပဳလိုက္ျပီးေနာက္ အလြန္နာက်င္လွသည့္ ေဝဒနာကို မခံစားႏိုင္ေသာေၾကာင့္ မိမိကိုယ္ကို ေသနတ္ျဖင့္ ပစ္ကာ အဆံုးစီရင္သြားခဲ့သည္။

ထိုျဖစ္ရပ္ကို အစြဲျပဳျပီး ဂ်င္ပီ ဂ်င္ပီ (gympie-gympie) အပင္ကို ‘အဆံုးစီရင္အပင္’ ('suicide plant') ဟု လည္း လူသိမ်ားသည္။

အဆံုးစီရင္ပင္မွ ဆူးငယ္မ်ား အစူးခံရပါက အက္ဆစ္ေလာင္သကဲ့သို႔ ခံစားရမည့္အျပင္ ဓာတ္လိုက္သကဲ့သို႔ပါ တျပိဳင္တည္းခံစားရမည္ ျဖစ္သည္။

ဒဲနီရယ္ အင္မ္လင္း ဂ်ဳန္းစ္ (Daniel Emlyn-Jones) အမည္ရွိ အသက္ ၄၉ ႏွစ္အရြယ္ အဂၤလန္ႏိုင္ငံသားက ဂ်င္ပီ-ဂ်င္ပီ အပင္ကို သူ၏ ေနအိမ္၌ ေလွာင္အိမ္တစ္ခုျဖင့္ စိုက္ပ်ဳိးခဲ့ျပီး အႏၱရာယ္ရွိသည္ဟု သတိေပး ဆိုင္းဘုတ္လည္း ခ်ိတ္ဆြဲထားသည္။

ထိုအပင္၏ တရားဝင္အမည္မွာ Dendrocnide Moroides ျဖစ္ျပီး အပင္မွ အလြန္ေသးငယ္ေသာ ဆူးစူးမိျပီး ေနာက္ ထိုဆူးငယ္ကို အေရျပားေအာက္မွ ျပန္လည္ဖယ္ရွားျခင္းမျပဳပါက တစ္ႏွစ္ခန္႔အထိ ျပင္းထန္ေသာ ေဝဒနာမ်ား ခံစားရေလ့ရွိကာ အခ်ဳိ႕သူမ်ားမွာ ေဝဒနာကို မခံစားႏိုင္ေသာေၾကာင့္ မိမ္ိကုိယ္ကို အဆံုးစီရင္သြား ေလ့ရွိၾကသည္။

(အက္ဆစ္ေလာင္သည့္ေဝဒနာမ်ဳိးႏွင့္ ဓာတ္လိုက္သည့္ေဝဒနာမ်ဳိး တျပိဳင္တည္း ခံစားရမည့္ ကမၻာ့အႏၱရာယ္ အမ်ားဆံုး အပင္)

(အသက္ ၄၉ ႏွစ္အရြယ္ရွိ အင္မလင္း ဂ်ဳန္းစ္က ဂ်င္ပီ ဂ်င္ပီအပင္ကို ေနအိမ္တြင္ ေလွာင္အိမ္ျဖင့္ စိုက္ပ်ဳိးခဲ့ျပီး အႏၱရာယ္ရွိသည္ဟု ဆိုင္းဘုတ္ခ်ိတ္ဆြဲထားခဲ့သည္)

(အဆိပ္ျပင္းေသာအပင္မွ အရြက္ကို အိမ္သာစကၠဴသဖြယ္ အသံုးျပဳခဲ့ေသာ အမ်ဳိးသားတစ္ဦးမွာ နာက်င္သည့္ ေဝဒနာကို မခံစားႏိုင္ေသာေၾကာင့္ မိမိကိုယ္ကို ေသနတ္ျဖင့္ပစ္ကာ အဆံုးစီရင္သြားခဲ့ဖူးသည္)

ဂ်င္ပီ ဂ်င္ပီပင္ကို အမ်ားဆံုးေတြ႔ရေလ့ရွိသည္မွာ ၾသစေတးလ်ႏွင့္ မေလးရွားႏိုင္ငံတို႔မွ အပူပိုင္းမုတ္သုန္ သစ္ေတာမ်ားတြင္ ေတြ႔ရသည္။

ဂ်င္ပီ ဂ်င္ပီသည္ အမ်ားဆံုး အျမင့္ ၁၅ ေပအထိ ျမင့္မားႏိုင္ေသာ္လည္း အမ်ားအားျဖင့္မူ ၃ ေပဝန္းက်င္ခန္႔ သာ ျခံဳအျဖစ္ ေတြ႔ရေလ့ရွိသည္။

အပင္၏ အဆိပ္ျပင္းထန္မႈေၾကာင့္ အခ်ဳိ႕ေသာ သုေတသနပညာရွင္မ်ားမွာ သုေတသနပင္ ဆက္မလုပ္ေတာ့ဘဲ ရပ္ဆိုင္းလိုက္သည့္ ျဖစ္ရပ္မ်ားလည္း ရွိခဲ့သည္။

မစၥတာ Emlyn-Jones သည္ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္မွ အြန္လိုင္းနည္းျပတစ္ဦးျဖစ္သည္။

၎က ေျပာသည္မွာ အပင္မ်ားအေပၚ စိတ္ဝင္စားမႈ ျမွင့္တင္ေပးႏိုင္ေရးအတြက္ တမူထူးေသာ အပင္ကို စိုက္ပ်ဳိးခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။ “ကၽြန္ေတာ္ မိုက္မဲတဲ့သူတစ္ေယာက္ ျဖစ္မလာခ်င္ပါဘူး။ ဒါေၾကာင့္ အလြန္အႏၱရာယ္ကင္းမယ္ နည္းလမ္းနဲ႔ လုပ္ေဆာင္ပါတယ္။ တခ်ဳိ႕ ရုကၡေဗဒဥယ်ာဥ္ေတြမွာ ဒီအပင္ကို စိတ္ဝင္စားစရာေကာင္းတဲ့ မ်ဳိးစိတ္တစ္ခု အေနနဲ႔ ထားပါတယ္။

(ဂ်င္ပီ ဂ်င္ပီ အပင္အေၾကာင္း)

ကိုယ့္ေသတြင္း ကိုယ္တူးပင္ကို အမ်ားဆံုးေတြ႔ရသည္မွာ ၾသစေတးလ်ႏိုင္ငံ၊ ကြင္းစလန္ျပည္နယ္ေတာင္ပိုင္း မွ သည္ ၾသစေတးလ်ေျမာက္ပိုင္း Cape York ကၽြန္းဆြယ္အထိ ေတြ႔ရသည္။

ေလဒဏ္အကာအကြယ္ေကာင္းစြာရသည့္ အရိပ္ရေသာေနရာမ်ား၊ စမ္းေခ်ာင္းနံေဘးမ်ား၊ လူသြားလမ္းမ်ားႏွင့္ ေတာအုပ္မ်ားထဲမွ လမ္းမ်ားေဘးတြင္ ေပါက္ေရာက္ေလ့ရွိသည္။

(ဂ်င္ပီ ဂ်င္ပီသည္ ၾသစေတးလ်ရွိ အဆိပ္ဆူးရွိေသာ အပင္မ်ားအနက္ အဆိပ္အျပင္းဆံုး အပင္မ်ားတြင္ တစ္ခု အပါအဝင္ ျဖစ္သည္)

အဆိပ္ရွိ ဖက္ယားပင္တြင္ အေမႊးငယ္ေလးမ်ား မ်ားစြာရွိျပီး အာရံုေၾကာမ်ားအား ျပင္းထန္စြာ အဆိပ္သင့္ေစ ႏိုင္သည္။

အဆိပ္ဆူးေမႊးထိပ္ရွိ ေသးငယ္ေသာ အသီးငယ္ေလးမွာ ကြဲသြားျပီး အေရျပားကို ထုိးေဖာက္ဝင္ေရာက္ကာ အဆိပ္မ်ား ထုတ္လႊတ္ေပးျခင္း ျဖစ္သည္။ အေရျပားေအာက္ေဆးထုိးရသည့္ hypodermic needle အပ္သဖြယ္ပင္။

ထိုအေမႊးမ်ားသည္ အေရျပားေအာက္တြင္ စူးဝင္က်န္ရစ္ေနကာ လူသားမ်ားတြင္ ျပင္းထန္ေသာ နာက်င္မႈ ေဝဒနာ ခံစားရေစျပီး ရက္သတၱပတ္အတန္ၾကာမွသည္ လေပါင္းမ်ားစြာအထိ ၾကာျမင့္ႏိုင္သည္။

ဆူးစူးမိေသာ ေနရာဝန္းက်င္တြင္ အနီေရာင္ အစက္ေျပာက္ငယ္မ်ား အျပံဳလိုက္ထကာ ၾကီးမားသည့္ အနီျပင္ တစ္ခုအျဖစ္ ေရာင္ကိုင္းလာမည္ ျဖစ္သည္။ အေျခအေန ျပင္းထန္သူမ်ားတြင္ဆိုလွ်င္ အေရျပားမွ အရည္မ်ား တေတာက္ေတာက္ က်လာႏိုင္သည္။

(ဘယ္လုိ ကုသမလဲ)

ကၽြမ္းက်င္ပညာရွင္မ်ားကေျပာသည္မွာ အေမႊးဆူးမ်ား စူးမိသည့္ေနရာကို ပြတ္သပ္ျခင္း မျပဳရန္ အေရးၾကီးသည္ဟု ဆိုသည္။

အေမႊးမ်ားသည္ အေရျပားေအာက္တြင္ က်ဳိးက်န္ခဲ့ပါက ဖယ္ရွားရန္ ခက္ခဲေသာေၾကာင့္ ျဖစ္သည္။

အပင္မွ အဆိပ္ကို အာနိသင္ ပ်ယ္ေစရန္ ဟိုက္ဒရိုကလိုရစ္အက္ဆစ္ အေပ်ာ့စားကို လိမ္းေပးျပီးေနာက္ ဆူးေမႊးမ်ား ဖယ္ရွားရန္အတြက္ wax strips ကို သံုးကာ လုပ္ေဆာင္ႏိုင္သည္။

(ဂ်င္ပီ ဂ်င္ပီမ်ား ေပါမ်ားေသာေဒသမွာ ဘယ္လိုကာကြယ္မလဲ)

ရွဴးဖိနပ္စီးပါ။ ေဘာင္းဘီရွည္ဝတ္ပါ။ ျခံဳတိုးသြားလာရမည္ဆိုလွ်င္ အေရးေပၚေဆးအိတ္ယူေဆာင္သြားပါ။ ဟိုက္ဒရိုကလိုရစ္အက္ဆစ္အေပ်ာ့စား၊ wax strips ႏွင့္ ရာဘာလက္အိတ္မ်ား ပါပါေစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Source: National Geographic

Ref: Brave British gardener grows 'world's most dangerous plant' in a CAGE in Oxford: Sting from gympie-gympie is so strong man once shot himself dead after using it as toilet paper (dailymail)

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service