ဂျွန်ထရာဗိုလ်တာ၏ ရောင်းမထွက်နိုင်သေးသော ဒေါ်လာ ၅ သန်းတန် စံအိမ်ကြီး

ဂျွန်ထရာဗိုလ်တာ၏ ရောင်းမထွက်နိုင်သေးသော ဒေါ်လာ ၅ သန်းတန် စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
22 Dec 2022 11:57 am တွင် တင်ခဲ့သည်
819 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

 

ဂျွန်ထရာဗိုလ်တာသည် အမေရိကန်ပြည်ထောင်စု၊ မိန်းပြည်နယ်ရှိ အိပ်ခန်း ၂၀၊ ရေချိုးခန်း ၈ ခန်းပါသော စံအိမ်ကြီးကို ၂ နှစ်နီးပါး အချိန်ယူကာ ရောင်းချနေသော်လည်း ယနေ့တိုင် ရောင်းမထွက်သေးချေ။

ဇနီးဖြစ်သူ ကယ်လီ ပရက်စ်တန် ကွယ်လွန်ပြီး ၇ လအကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂျွန်ထရာလ် ဗိုလ်တာက အဆိုပါစံအိမ်ကို ပထမဆုံးအကြိမ် အရောင်းဈေးကွက်တင်ခဲ့သည်။

စံအိမ်မှာ Isleboro မြို့တွင် တည်ရှိပြီး ဂျွန်ထရာလ်ဗိုလ်တာက အရောင်းဈေးကွက်မှ ခေတ္တ ပြန်လည်ရုပ်သိမ်းခဲ့သော်လည်း မူလဈေးနှုန်းအတိုင်း ဒေါ်လာ ၅ သန်းသာ ဈေးခေါ်ထားသည်။

Isleboro သည် မိန်းပြည်နယ်၊ waldo ခရိုင်တွင် တည်ရှိပြီး Isleboro ကျွန်းအပါအဝင် အခြားကျွန်းငယ် များစွာဖြင့် ဖွဲ့စည်းထားသော မြို့တစ်မြို့ ဖြစ်သည်။

ယခုအခါ အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဂျွန်ထရာလ်ဗိုလ်တာသည် ဇနီးဖြစ်သူနှင့် လက်ထပ်ပြီးစ ၁၉၉၁ ခုနှစ်တွင် ဤစံအိမ်ကို ၂ ဦးအတူ ဒီဇိုင်းဆွဲခဲ့ခြင်း ဖြစ်သည်။

ဂျွန်ထရာဗိုလ်တာ လက်ထပ်ပြီးစအချိန်က ယခုနေအိမ်ကို ပထမဆုံးပြသပေးခဲ့သူမှာ “Look Who’s Talking” တွင် ပူးတွဲသရုပ်ဆောင်ခဲ့သူ Kirstie Alley (ကွယ်လွန်) ဖြစ်သည်။

စံအိမ်အကျယ်မှာ စတုရန်းပေ ၁၀၈၃၀ ရှိပြီး ယခင်က သရဲခြောက်သည်ဟု ကျောချမ်းဖွယ်သမိုင်းကြောင်း ရှိခဲ့သော အိမ်ကို မိသားစုဝင် ၅၅ ဦးအတွက် အပန်းဖြေရန်နေရာအဖြစ် ပြောင်းလဲခဲ့ကြောင်း ဂျွန်ထရာဗိုလ်တာ တို့ စုံတွဲက Architectural Digest သို့ ၁၉၉၉ ခုနှစ်တွင် ပြောကြားခဲ့သည်။

ထိုနှစ် စက်တင်ဘာလအတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကာ ခရစ္စမတ်အမီ မိသားစုနေထိုင်နိုင်ရန်အတွက် ပြန်လည် ပြုပြင် မွမ်းမံမှုများကို ရက်ပေါင်း ၆၀ အတွင်း တက်သုတ်ရိုက်ပြုလုပ်ခဲ့ရကြောင်း အယ်လယ် ဒီဂျဲနရက်စ်က ပြောသည်။

 

(အကျယ်အဝန်း ဧက ၅၀ ရှိပြီး ကျွန်း၏ အမြင့်ဆုံးနေရာတွင် တည်ရှိသည်။ လှေများဆိုက်ကပ်ရန် ဆိပ်ခံတစ်ခု လည်းပါသည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

 

(ပန်းဖောက်နံရံကပ်စက္ကူနှင့် မွေးပွ ဆိုဖာခုံများ။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

 

(မီးဖိုဆောင်ပြန်လည်ပြုပြင်ခြင်း၊ ပရိဘောဂများနေရာတွင် ပြန်လည်အစားထိုး ထည့်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

(နေအိမ်ဝယ်ယူပြီးနောက် ခရစ္စမတ်ကာလကို ဖြတ်သန်းပြီးချိန်တွင် အိမ်တွင်းအလှဆင် ဒီဇိုင်နာ Christopher B. Boshears ကို ခေါ်ယူကာ စံအိမ်အား ပြန်လည်အလှဆင်မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ -The Grosby Group / BACKGRID)

 

၁၉၀၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အခန်းပေါင်း ၄၂ ခန်းပါသည့် စံအိမ်ကို အလုံးစုံပြန်လည်ပုံဖော် မွမ်းမံမှုများ ပြုလုပ်ခဲ့ရာ ဧည့်ခန်းတွင် သဘာဝပုံစံအတိုင်း ကျောက်တုံးများကို မပြုပြင်ဘဲ ထည့်သွင်းဆောက်လုပ်ထားသည့် မီးလင်းဖိုတစ်ခု၊ အရက်ဘားနေရာ၊ မီးလင်းဖိုပါသော ညစာစားခန်းနှင့် လမ်းလျှောက်ဝင်နိုင်သည့် ရေခဲသေတ္တာတစ်ခုပါသော မီးဖိုဆောင်တို့ ဖြည့်သွင်းခဲ့သည်။

 

(ဈေးကွက်တွင် ၂ နှစ်နီးပါး ရှိနေခဲ့သော်လည်း ရောင်းမထွက်ခဲ့။)

 

ခြံအကျယ် ၄၈ ဧကရှိပြီး ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည့် ခြံဝန်းတွင်းနေရာများ၊ သီးသန့်ဆိပ်ခံ၊ ပန်းဥယျာဉ်တို့ ပါဝင်သည်။

 

(ပရက်စ်တန်သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ကွယ်လွန်ခဲ့သည်။ ဂျွန်ထရာဗိုလ်တာနှင့် ပရက်စ်တန်တို့က သရဲခြောက်သည်ဟု သမိုင်းကြောင်းရှိသော စံအိမ်ကို မိသားစုဝင် ၅၅ ဦး အပန်းဖြေရာနေရာအဖြစ် ပြောင်းလဲခဲ့သည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

 

(ဝယ်ယူပြီးနောက် ခရစ္စမတ်အမီ ရက်ပေါင်း ၆၀ အတွင်း အဆောတလျင် မွမ်းမံမှုများ ပြုလုပ်ခဲ့ရကြောင်း ဂျွန်ထရာဗိုလ်တာက ပြောသည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

 

(ဇာတ်ကားတစ်ခုတွင် ပူးတွဲသရုပ်ဆောင်ခဲ့ဖူးသူ Kirstie Alley က ဂျွန်ထရာဗိုလ်တာအား ယခုအိမ်ကို ပထမဆုံး ပြသပေးခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

 

(အလင်းရောင်ကောင်းစွာရသည့် သီးသန့်နားနေဆောင်၊ ဒေါက်လေးချောင်းပါ ရေစိမ်ကန်တစ်ခုနှင့် ရေပန်းတို့ရှိသော ရေချိုးခန်းများ ပါဝင်သည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

 

(စတုရန်းပေ ၁၁၀၀၀ ရှိကာ အခန်း ၄၂ ခန်းပါသော စံအိမ်ကို အလုံးစုံ ပြန်လည်ဒီဇိုင်းဆွဲ မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

 

 

(စံအိမ်တွင် အမိုးစောက်ရှိသည့် မျှော်စင်တစ်ခုလည်း ပါဝင်သည်။ ထူးခြားသည်မှာ တူးဒေါ်နှင့် ရှင်ဂဲလ်ဗိသုကာဟန်များကို ပေါင်းစပ်အသုံးပြုထားခြင်းဖြစ်သည်။ ဓာတ်ပုံ The Grosby Group / BACKGRID)

အရောင်းဈေးကွက်တင်ပေးထားသည်မှာ Sotheby’s International Realty မှ အကျိုးဆောင် Brian Wickenden ဖြစ်သည်။

အော်စကာဆု ၂ ကြိမ် အမည်စာရင်းတင်သွင်းခံရသူ ဂျွန်ထရာဗိုလ်တာသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း ဖလော်ရီဒါပြည်နယ်၊ Clearwater မှ စံအိမ်များအနက်မှ တစ်လုံးကို ကန်ဒေါ်လာ ၄ သန်းဖြင့် ရောင်းချခဲ့သည်။

 

ဂျွန်ထရာဗိုလ်တာသည် အဆိုပါအရပ်တွင် ဒေါ်လာ ၃ သန်းတန် အခြားစံအိမ်တစ်လုံး၊ ဖလော်ရီဒါပြည်နယ်တွင် ကိုယ်ပိုင် လေယာဉ်ကွင်းပါသော စံအိမ်တစ်လုံး၊ ကယ်လီဖိုးနီးယားပြည်နယ် Calabasas တွင် ဒေါ်လာ ၂ ဒသမ ၇ သန်းတန် နေအိမ်တစ်လုံးတို့လည်း ပိုင်ဆိုင်ထားသေး သည်။

(ဆက်စပ်သတင်း)

ဂျွန်ထရာဗိုလ်တာ၏ လေဆိပ်ပါသော အားကျဖွယ်စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/1018419

 

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: John Travolta can’t offload $5M Maine mansion Kirstie Alley first showed him (nypost)

 

 

 

 

[Zawgyi]

ဂၽြန္ထရာဗိုလ္တာ၏ ေရာင္းမထြက္ႏိုင္ေသးေသာ ေဒၚလာ ၅ သန္းတန္ စံအိမ္ၾကီး

 

ဂၽြန္ထရာဗိုလ္တာသည္ အေမရိကန္ျပည္ေထာင္စု၊ မိန္းျပည္နယ္ရွိ အိပ္ခန္း ၂၀၊ ေရခ်ဳိးခန္း ၈ ခန္းပါေသာ စံအိမ္ၾကီးကို ၂ ႏွစ္နီးပါး အခ်ိန္ယူကာ ေရာင္းခ်ေနေသာ္လည္း ယေန႔တိုင္ ေရာင္းမထြက္ေသးေခ်။

ဇနီးျဖစ္သူ ကယ္လီ ပရက္စ္တန္ ကြယ္လြန္ျပီး ၇ လအၾကာ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ဂၽြန္ထရာလ္ ဗိုလ္တာက အဆိုပါစံအိမ္ကို ပထမဆံုးအၾကိမ္ အေရာင္းေစ်းကြက္တင္ခဲ့သည္။

စံအိမ္မွာ Isleboro ျမိဳ႕တြင္ တည္ရွိျပီး ဂၽြန္ထရာလ္ဗိုလ္တာက အေရာင္းေစ်းကြက္မွ ေခတၱ ျပန္လည္ရုပ္သိမ္းခဲ့ေသာ္လည္း မူလေစ်းႏႈန္းအတိုင္း ေဒၚလာ ၅ သန္းသာ ေစ်းေခၚထားသည္။

Isleboro သည္ မိန္းျပည္နယ္၊ waldo ခရိုင္တြင္ တည္ရွိျပီး Isleboro ကၽြန္းအပါအဝင္ အျခားကၽြန္းငယ္ မ်ားစြာျဖင့္ ဖြဲ႔စည္းထားေသာ ျမိဳ႕တစ္ျမိဳ႕ ျဖစ္သည္။

ယခုအခါ အသက္ ၆၈ ႏွစ္ရွိျပီျဖစ္ေသာ ဂၽြန္ထရာလ္ဗိုလ္တာသည္ ဇနီးျဖစ္သူႏွင့္ လက္ထပ္ျပီးစ ၁၉၉၁ ခုႏွစ္တြင္ ဤစံအိမ္ကို ၂ ဦးအတူ ဒီဇိုင္းဆြဲခဲ့ျခင္း ျဖစ္သည္။

ဂၽြန္ထရာဗိုလ္တာ လက္ထပ္ျပီးစအခ်ိန္က ယခုေနအိမ္ကို ပထမဆံုးျပသေပးခဲ့သူမွာ “Look Who’s Talking” တြင္ ပူးတြဲသရုပ္ေဆာင္ခဲ့သူ Kirstie Alley (ကြယ္လြန္) ျဖစ္သည္။

စံအိမ္အက်ယ္မွာ စတုရန္းေပ ၁၀၈၃၀ ရွိျပီး ယခင္က သရဲေျခာက္သည္ဟု ေက်ာခ်မ္းဖြယ္သမိုင္းေၾကာင္း ရွိခဲ့ေသာ အိမ္ကို မိသားစုဝင္ ၅၅ ဦးအတြက္ အပန္းေျဖရန္ေနရာအျဖစ္ ေျပာင္းလဲခဲ့ေၾကာင္း ဂၽြန္ထရာဗိုလ္တာ တို႔ စံုတြဲက Architectural Digest သို႔ ၁၉၉၉ ခုႏွစ္တြင္ ေျပာၾကားခဲ့သည္။

ထိုႏွစ္ စက္တင္ဘာလအတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ကာ ခရစၥမတ္အမီ မိသားစုေနထိုင္ႏိုင္ရန္အတြက္ ျပန္လည္ ျပဳျပင္ မြမ္းမံမႈမ်ားကို ရက္ေပါင္း ၆၀ အတြင္း တက္သုတ္ရိုက္ျပဳလုပ္ခဲ့ရေၾကာင္း အယ္လယ္ ဒီဂ်ဲနရက္စ္က ေျပာသည္။

(အက်ယ္အဝန္း ဧက ၅၀ ရွိျပီး ကၽြန္း၏ အျမင့္ဆံုးေနရာတြင္ တည္ရွိသည္။ ေလွမ်ားဆိုက္ကပ္ရန္ ဆိပ္ခံတစ္ခု လည္းပါသည္။ ဓာတ္ပံု The Grosby Group / BACKGRID)

(ပန္းေဖာက္နံရံကပ္စကၠဴႏွင့္ ေမြးပြ ဆိုဖာခံုမ်ား။ ဓာတ္ပံု The Grosby Group / BACKGRID)

(မီးဖိုေဆာင္ျပန္လည္ျပဳျပင္ျခင္း၊ ပရိေဘာဂမ်ားေနရာတြင္ ျပန္လည္အစားထိုး ထည့္သြင္းျခင္းမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု The Grosby Group / BACKGRID)

(ေနအိမ္ဝယ္ယူျပီးေနာက္ ခရစၥမတ္ကာလကို ျဖတ္သန္းျပီးခ်ိန္တြင္ အိမ္တြင္းအလွဆင္ ဒီဇိုင္နာ Christopher B. Boshears ကို ေခၚယူကာ စံအိမ္အား ျပန္လည္အလွဆင္မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု -The Grosby Group / BACKGRID)

၁၉၀၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အခန္းေပါင္း ၄၂ ခန္းပါသည့္ စံအိမ္ကို အလံုးစံုျပန္လည္ပံုေဖာ္ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရာ ဧည့္ခန္းတြင္ သဘာဝပံုစံအတိုင္း ေက်ာက္တံုးမ်ားကို မျပဳျပင္ဘဲ ထည့္သြင္းေဆာက္လုပ္ထားသည့္ မီးလင္းဖိုတစ္ခု၊ အရက္ဘားေနရာ၊ မီးလင္းဖိုပါေသာ ညစာစားခန္းႏွင့္ လမ္းေလွ်ာက္ဝင္ႏိုင္သည့္ ေရခဲေသတၱာတစ္ခုပါေသာ မီးဖိုေဆာင္တို႔ ျဖည့္သြင္းခဲ့သည္။

(ေစ်းကြက္တြင္ ၂ ႏွစ္နီးပါး ရွိေနခဲ့ေသာ္လည္း ေရာင္းမထြက္ခဲ့။)

ျခံအက်ယ္ ၄၈ ဧကရွိျပီး ပင္လယ္ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည့္ ျခံဝန္းတြင္းေနရာမ်ား၊ သီးသန္႔ဆိပ္ခံ၊ ပန္းဥယ်ာဥ္တို႔ ပါဝင္သည္။

(ပရက္စ္တန္သည္ ၂၀၂၀ ျပည့္ႏွစ္၊ ဇူလိုင္လတြင္ ကြယ္လြန္ခဲ့သည္။ ဂၽြန္ထရာဗိုလ္တာႏွင့္ ပရက္စ္တန္တို႔က သရဲေျခာက္သည္ဟု သမိုင္းေၾကာင္းရွိေသာ စံအိမ္ကို မိသားစုဝင္ ၅၅ ဦး အပန္းေျဖရာေနရာအျဖစ္ ေျပာင္းလဲခဲ့သည္။ ဓာတ္ပံု The Grosby Group / BACKGRID)

(ဝယ္ယူျပီးေနာက္ ခရစၥမတ္အမီ ရက္ေပါင္း ၆၀ အတြင္း အေဆာတလ်င္ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ရေၾကာင္း ဂၽြန္ထရာဗိုလ္တာက ေျပာသည္။ ဓာတ္ပံု The Grosby Group / BACKGRID)

(ဇာတ္ကားတစ္ခုတြင္ ပူးတြဲသရုပ္ေဆာင္ခဲ့ဖူးသူ Kirstie Alley က ဂၽြန္ထရာဗိုလ္တာအား ယခုအိမ္ကို ပထမဆံုး ျပသေပးခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု The Grosby Group / BACKGRID)

(အလင္းေရာင္ေကာင္းစြာရသည့္ သီးသန္႔နားေနေဆာင္၊ ေဒါက္ေလးေခ်ာင္းပါ ေရစိမ္ကန္တစ္ခုႏွင့္ ေရပန္းတို႔ရွိေသာ ေရခ်ဳိးခန္းမ်ား ပါဝင္သည္။ ဓာတ္ပံု The Grosby Group / BACKGRID)

(စတုရန္းေပ ၁၁၀၀၀ ရွိကာ အခန္း ၄၂ ခန္းပါေသာ စံအိမ္ကို အလံုးစံု ျပန္လည္ဒီဇိုင္းဆြဲ မြမ္းမံမႈမ်ား ျပဳလုပ္ခဲ့သည္။ ဓာတ္ပံု The Grosby Group / BACKGRID)

(စံအိမ္တြင္ အမိုးေစာက္ရွိသည့္ ေမွ်ာ္စင္တစ္ခုလည္း ပါဝင္သည္။ ထူးျခားသည္မွာ တူးေဒၚႏွင့္ ရွင္ဂဲလ္ဗိသုကာဟန္မ်ားကို ေပါင္းစပ္အသံုးျပဳထားျခင္းျဖစ္သည္။ ဓာတ္ပံု The Grosby Group / BACKGRID)

အေရာင္းေစ်းကြက္တင္ေပးထားသည္မွာ Sotheby’s International Realty မွ အက်ဳိးေဆာင္ Brian Wickenden ျဖစ္သည္။

ေအာ္စကာဆု ၂ ၾကိမ္ အမည္စာရင္းတင္သြင္းခံရသူ ဂၽြန္ထရာဗိုလ္တာသည္ ၂၀၂၁ ခုႏွစ္၊ ၾသဂုတ္လအတြင္း ဖေလာ္ရီဒါျပည္နယ္၊ Clearwater မွ စံအိမ္မ်ားအနက္မွ တစ္လံုးကို ကန္ေဒၚလာ ၄ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

 

ဂၽြန္ထရာဗိုလ္တာသည္ အဆိုပါအရပ္တြင္ ေဒၚလာ ၃ သန္းတန္ အျခားစံအိမ္တစ္လံုး၊ ဖေလာ္ရီဒါျပည္နယ္တြင္ ကိုယ္ပိုင္ ေလယာဥ္ကြင္းပါေသာ စံအိမ္တစ္လံုး၊ ကယ္လီဖုိးနီးယားျပည္နယ္ Calabasas တြင္ ေဒၚလာ ၂ ဒသမ ၇ သန္းတန္ ေနအိမ္တစ္လံုးတို႔လည္း ပိုင္ဆိုင္ထားေသး သည္။

(ဆက္စပ္သတင္း)

ဂၽြန္ထရာဗိုလ္တာ၏ ေလဆိပ္ပါေသာ အားက်ဖြယ္စံအိမ္ၾကီး

https://www.imyanmarhouse.com/news/read/1018419

 

 

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစရွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္ရွိသည့္ အိမ္ၿခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: John Travolta can’t offload $5M Maine mansion Kirstie Alley first showed him (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service