ကမ္ဘောဒီးယားက ပင့်ကူကြော်တွေရောင်းတဲ့ စကူအွန်ဈေး

ကမ္ဘောဒီးယားက ပင့်ကူကြော်တွေရောင်းတဲ့ စကူအွန်ဈေး - Property News in Myanmar from iMyanmarHouse.com
21 Dec 2022 11:51 am တွင် တင်ခဲ့သည်
1904 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

သင်သည် ကမ္ဘောဒီးယားနိုင်ငံသို့ အလည်အပတ်ရောက်ကာ ဆီယမ်ရိပ်နှင့် ဖနွမ်းပင်မြို့များအကြား ခရီးသွားမည်ဆိုလျှင် မဖြစ်မနေ ဝင်ရောက်သင့်သည့် (သို့မဟုတ်) ပင့်ကူကြောက်သူဆိုပါက မဖြစ်မနေ ရှောင်ရှားသင့်သည့် ပိုးကောင်မျိုးစုံ ကြော်ကာ ရောင်းချသော ဈေးတစ်ခုရှိသည်။

စကူအွန် (Skuon) ပင့်ကူဈေးဟု နာမည်ကြီးသော်လည်း ပင့်ကူကြော်အပြင် အခြားအင်းဆက်မျိုးစုံကိုလည်း ကြော်လှော်ကာ ရောင်းချကြသည့်ဈေး ဖြစ်သည်။

Skuon ပင့်ကူဈေးသည် ကမ္ဘောဒီးယားမြို့တော်၏ မြောက်ဘက် ၅၅ ကီလိုမီတာအကွာခန့်တွင် တည်ရှိသည်။

အမျိုးသား အမှတ် (၆) လမ်းမကြီး ၊ ကမ္ဘောဒီးယား

ဖွင့်ချိန်- နေ့စဉ် ၊နေ့ဘက်

ဝင်ကြေး- အခမဲ့

သန့်စင်ခန်း ရှိပါသည်။တစ်ဦးလျှင် ၂၅ ဆင့်

ဖနွမ်းပင် - ဆီယမ်ရိလမ်းကြောင်းအကြား ကမ္ဘာလှည့်ခရီးသည်များ ရပ်နားလေ့ရှိသည့် ထူးဆန်းသော စားစရာများရောင်းသည့် ဈေးတစ်ခုရှိသည်။

 

 

အကယ်၍ သင်သည် အဆိုပါ လမ်းကြောင်းမှသွားရန် အငှားယာဉ်ငှားရမ်းထားသည်ဆိုပါက ထိုနေရာကို ရှောင်သွားရန် မဖြစ်နိုင်ချေ။

ဖနွမ်းပင်နှင့် ဆီယမ်ရိ မြို့ ၂ မြို့အကြား ပျင်းရိငြီးငွေ့ဖွယ်ရာ ၅ နာရီခရီးတွင် ပင့်ကူဈေး၌ ခရီးတထောက် နားမည်ဖြစ်ကြောင်း အငှားယာဉ် ဝန်ဆောင်မှု လုပ်ငန်းတိုင်းက ကြိုတင်ကြေငြာထားပြီး ဖြစ်သည်။

ပင့်ကူဈေး တည်ရှိသော နေရာမှာ Psar Skun ဈေး၏ အနောက်ဘက် ၃ ကီလိုမီတာခွဲခန့်တွင် တည်ရှိသည်။

 

အဝေးပြေးလမ်းမကြီးပေါ်တွင် ကြီးမားသည့် အဆောက်အအုံကြီးတစ်လုံးကို တွေ့ရလိမ့်မည် ဖြစ်သည်။

အဆိုပါ အဆောက်အအုံမှာ Romdoul 88 အမည်ရှိ စားသောက်ဆိုင် တစ်ခုဖြစ်သည်။

ထိုစားသောက်ဆိုင်ဘေးတွင် ပင့်ကူဈေးတည်ရှိပြီး ထီးများ ၊ မိုးကာများဖြင့် ဆိုင်များ ခင်းကျင်းထားသည်။

 

ဗန်းများထဲတွင် အင်းဆက်မျိုးစုံကို ကြော်လှော်ကာ အပုံလိုက်တွေ့ရှိရမည် ဖြစ်ကာ ကြီးမားသော ပင့်ကူကြီးများ ၊ နှံကောင်များ ၊ ကင်းမီးကောက်များနှင့် အခြားပိုးကောင်မျိုးစုံရှိသည်။

ကြွပ်ကြွပ်ရွရွ ကြော်ထားပုံရပြီး ငရုတ်သီးကြော် ၊ ကြက်သွန်ဖြူကြော်တို့ဖြင့် ရနံ့မှာ စွဲမက်ဖွယ်ရှိသည်။

ဒေသခံ အငှားယာဉ်မောင်း နှင့် တုတ်တုတ်ယာဉ်မောင်းများထံ မည်သည့်အကောင်ကြော်က အကောင်းဆုံးဖြစ်ကြောင်း လေ့လာစုံစမ်းကြည့်ရာ ကမ္ဘောဒီးယားလူမျိုးတို့မှာ ပုရစ်ကြော်ကို ပိုကြိုက်ကြကြောင်း သိရသည်။

 

အချို့သော ကမ္ဘာလှည့်ခရီးသည်များကမူ တာရန်တူလာ tarantula ပင့်ကူကြော်များကို ကြိုက်ကြသည်ဟု ဆိုသည်။

အရသာမှာ ကဏန်းနှင့်တူသည်ဟု ပြောကြသည်။

အင်းဆက်ကြော်များ၏ ဝယ်လိုအားမှာ အလွန်များပြီး ပင့်ကူဈေးတွင် ဝယ်လိုအားအလိုက် ကုန်ပစ္စည်းများများ တင်ကာ ရောင်းချလေ့ရှိသည်။

ပင့်ကူဈေးတွင် အအေးများလည်း ရသည်။

လမ်းတလျှောက်စားရန်အတွက် ဤဈေးတွင် ဟင်းသီးဟင်းရွက်ကြော်များနှင့် သရေစာများလည်း ဝယ်ယူသွားနိုင်သည်။

ပင့်ကူဈေးတွင် သရေကျဖွယ် အကောင်းဆုံးမှာ ပိန္တွဲသီး ၊ မင်းဂွတ်သီး ၊ ကျွဲကောသီးနှင့် အရှေ့တောင်အာရှတွင် တွေ့ရလေ့ရှိသော အသီးမျိုးစုံ ဖြစ်သည်။

ပင့်ကူများသည် လူတို့အတွက် အနှောက်အယှက် ဖြစ်စေသော ပိုးမွှားများကို ဖယ့်ရှားပေးသည့် အကောင်များ ဖြစ်သည်။

အကျိုးပြုသောအရာတစ်ခုကို စားရသည်မှာ မှားယွင်းသည်ဟု ခံစားရ၏။ သင့်မြက်ခင်းမှ ပေါင်းပင်များကို ရှင်းလင်းပေးခဲ့သည့် ဥယျာဉ်မှူးအား စားပစ်သည်နှင့် တူနေသည်။

 

ပင့်ကူတို့၏ ကျေးဇူးကို နှုတ်ဖြင့်သာမဟုတ်ဘဲ လက်တွေ့တုံ့ပြန်ကျေးဇူးပြုလိုပါက “ပင့်ကူစီးခြင်း” ပြုလုပ်နိုင်သည်။

၁ ဒေါ်လာ ပေးလျှင် ပင့်ကူအရှင်တစ်ကောင်ကို ကိုင်ကာ ဓာတ်ပုံရိုက်ခွင့်ရမည်ဖြစ်သည်။ ထိုသို့ ပင့်ကူအရှင်ကို ကိုယ်ပေါ်တင်ကာ ဓာတ်ပုံရိုက်ခြင်းကို ပင့်ကူစီးခြင်းဟု ခေါ်ကြသည်။

ပင့်ကူများ၏ အစွယ်များကို ဖယ်ထားရှားပြီးဖြစ်သောကြောင့် အကိုက်ခံရမည်ကို စိုးရိမ်စရာမလိုပါ။

 

ထို့အပြင် ဈေးအတွင်း ပင့်ကူစီးခြင်းကို အတင်းလိုက်ရောင်းသည့် ကလေးငယ်များ တွေ့ရနိုင်သည်။ သင့်ကိုယ်ပေါ်တွင် ရုတ်တရက် ပင့်ကူတစ်ကောင်တင်ပေးလိုက်ခြင်းမျိုးဖြစ်သည်။

အပေါ့အပါးသွားလိုပါက ဈေးအစွန်တွင် သန့်စင်ခန်းတစ်ခုရှိသည်။ တစ်ဦးလျှင် ကမ္ဘောဒီးယား riels ငွေ ၁၀၀၀ (၂၅ ဆင့်ခန့်) ကျသင့်မည်ဖြစ်ပြီး သန့်စင်ခန်းအဝတွင် လူတစ်ဦးက သင့်ထံမှ ဝင်ကြေးကောက်မည် ဖြစ်သည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Skuon (Spiderville) Spider Market, Cambodia (theperpetualsaturday)

 

 

 

[Zawgyi]

ကေမၻာဒီးယားက ပင့္ကူေၾကာ္ေတြေရာင္းတဲ့ စကူအြန္ေစ်း

 

သင္သည္ ကေမၻာဒီးယားႏိုင္ငံသို႔ အလည္အပတ္ေရာက္ကာ ဆီယမ္ရိပ္ႏွင့္ ဖႏြမ္းပင္ျမိဳ႕မ်ားအၾကား ခရီးသြားမည္ဆိုလွ်င္ မျဖစ္မေန ဝင္ေရာက္သင့္သည့္ (သို႔မဟုတ္) ပင့္ကူေၾကာက္သူဆိုပါက မျဖစ္မေန ေရွာင္ရွားသင့္သည့္ ပိုးေကာင္မ်ဳိးစံု ေၾကာ္ကာ ေရာင္းခ်ေသာ ေစ်းတစ္ခုရွိသည္။

စကူအြန္ (Skuon) ပင့္ကူေစ်းဟု နာမည္ၾကီးေသာ္လည္း ပင့္ကူေၾကာ္အျပင္ အျခားအင္းဆက္မ်ဳိးစံုကိုလည္း ေၾကာ္ေလွာ္ကာ ေရာင္းခ်ၾကသည့္ေစ်း ျဖစ္သည္။

Skuon ပင့္ကူေစ်းသည္ ကေမၻာဒီးယားျမိဳ႕ေတာ္၏ ေျမာက္ဘက္ ၅၅ ကီလိုမီတာအကြာခန္႔တြင္ တည္ရွိသည္။

အမ်ိဳးသား အမွတ္ (၆) လမ္းမၾကီး ၊ ကေမၻာဒီးယား

ဖြင့္ခိ်န္- ေန႔စဥ္ ၊ေန႔ဘက္

ဝင္ေၾကး- အခမဲ့

သန႔္စင္ခန္း ရွိပါသည္။တစ္ဦးလွ်င္ ၂၅ ဆင့္

ဖႏြမ္းပင္ - ဆီယမ္ရိလမ္းေၾကာင္းအၾကား ကမၻာလွည့္ခရီးသည္မ်ား ရပ္နားေလ့ရွိသည့္ ထူးဆန္းေသာ စားစရာမ်ားေရာင္းသည့္ ေစ်းတစ္ခုရွိသည္။

အကယ္၍ သင္သည္ အဆိုပါ လမ္းေၾကာင္းမွသြားရန္ အငွားယာဥ္ငွားရမ္းထားသည္ဆိုပါက ထိုေနရာကို ေရွာင္သြားရန္ မျဖစ္ႏိုင္ေခ်။

ဖႏြမ္းပင္ႏွင့္ ဆီယမ္ရိ ျမိဳ႕ ၂ ျမိဳ႕အၾကား ပ်င္းရိျငီးေငြ႔ဖြယ္ရာ ၅ နာရီခရီးတြင္ ပင့္ကူေစ်း၌ ခရီးတေထာက္ နားမည္ျဖစ္ေၾကာင္း အငွားယာဥ္ ဝန္ေဆာင္မႈ လုပ္ငန္းတိုင္းက ၾကိဳတင္ေၾကျငာထားျပီး ျဖစ္သည္။

ပင့္ကူေစ်း တည္ရွိေသာ ေနရာမွာ Psar Skun ေစ်း၏ အေနာက္ဘက္ ၃ ကီလုိမီတာခြဲခန္႔တြင္ တည္ရွိသည္။

အေဝးေျပးလမ္းမၾကီးေပၚတြင္ ၾကီးမားသည့္ အေဆာက္အအံုၾကီးတစ္လံုးကို ေတြ႔ရလိမ့္မည္ ျဖစ္သည္။

အဆိုပါ အေဆာက္အအံုမွာ Romdoul 88 အမည္ရွိ စားေသာက္ဆုိင္ တစ္ခုျဖစ္သည္။

ထိုစားေသာက္ဆုိင္ေဘးတြင္ ပင့္ကူေစ်းတည္ရွိျပီး ထီးမ်ား ၊ မိုးကာမ်ားျဖင့္ ဆုိင္မ်ား ခင္းက်င္းထားသည္။

ဗန္းမ်ားထဲတြင္ အင္းဆက္မ်ဳိးစံုကို ေၾကာ္ေလွာ္ကာ အပံုလိုက္ေတြ႔ရွိရမည္ ျဖစ္ကာ ၾကီးမားေသာ ပင့္ကူၾကီးမ်ား ၊ ႏွံေကာင္မ်ား ၊ ကင္းမီးေကာက္မ်ားႏွင့္ အျခားပိုးေကာင္မ်ဳိးစုံရွိသည္။

ၾကြပ္ၾကြပ္ရြရြ ေၾကာ္ထားပံုရျပီး ငရုတ္သီးေၾကာ္ ၊ ၾကက္သြန္ျဖဴေၾကာ္တို႔ျဖင့္ ရန႔ံမွာ စြဲမက္ဖြယ္ရွိသည္။

ေဒသခံ အငွားယာဥ္ေမာင္း ႏွင့္ တုတ္တုတ္ယာဥ္ေမာင္းမ်ားထံ မည္သည့္အေကာင္ေၾကာ္က အေကာင္းဆံုးျဖစ္ေၾကာင္း ေလ့လာစံုစမ္းၾကည့္ရာ ကေမၻာဒီးယားလူမ်ဳိးတုိ႔မွာ ပုရစ္ေၾကာ္ကို ပိုၾကဳိက္ၾကေၾကာင္း သိရသည္။

အခ်ဳိ႕ေသာ ကမၻာလွည့္ခရီးသည္မ်ားကမူ တာရန္တူလာ tarantula ပင့္ကူေၾကာ္မ်ားကို ၾကိဳက္ၾကသည္ဟု ဆိုသည္။

အရသာမွာ ကဏန္းႏွင့္တူသည္ဟု ေျပာၾကသည္။

အင္းဆက္ေၾကာ္မ်ား၏ ဝယ္လုိအားမွာ အလြန္မ်ားျပီး ပင့္ကူေစ်းတြင္ ဝယ္လုိအားအလုိက္ ကုန္ပစၥည္းမ်ားမ်ား တင္ကာ ေရာင္းခ်ေလ့ရွိသည္။

ပင့္ကူေစ်းတြင္ အေအးမ်ားလည္း ရသည္။

လမ္းတေလွ်ာက္စားရန္အတြက္ ဤေစ်းတြင္ ဟင္းသီးဟင္းရြက္ေၾကာ္မ်ားႏွင့္ သေရစာမ်ားလည္း ဝယ္ယူသြားႏုိင္သည္။

ပင့္ကူေစ်းတြင္ သေရက်ဖြယ္ အေကာင္းဆံုးမွာ ပိႏ႖ဲသီး ၊ မင္းဂြတ္သီး ၊ ကၽြဲေကာသီးႏွင့္ အေရွ႕ေတာင္အာရွတြင္ ေတြ႔ရေလ့ရွိေသာ အသီးမ်ိဳးစံု ျဖစ္သည္။ ပင့္ကူမ်ားသည္ လူတို႔အတြက္ အေႏွာက္အယွက္ ျဖစ္ေစေသာ ပိုးမႊားမ်ားကို ဖယ့္ရွားေပးသည့္ အေကာင္မ်ား ျဖစ္သည္။

အက်ဳိးျပဳေသာအရာတစ္ခုကို စားရသည္မွာ မွားယြင္းသည္ဟု ခံစားရ၏။ သင့္ျမက္ခင္းမွ ေပါင္းပင္မ်ားကို ရွင္းလင္းေပးခဲ့သည့္ ဥယ်ာဥ္မွဴးအား စားပစ္သည္ႏွင့္ တူေနသည္။

ပင့္ကူတို႔၏ ေက်းဇူးကို ႏႈတ္ျဖင့္သာမဟုတ္ဘဲ လက္ေတြ႔တုံ႔ျပန္ေက်းဇူးျပဳလိုပါက “ပင့္ကူစီးျခင္း” ျပဳလုပ္ႏိုင္သည္။

၁ ေဒၚလာ ေပးလွ်င္ ပင့္ကူအရွင္တစ္ေကာင္ကို ကိုင္ကာ ဓာတ္ပံုရိုက္ခြင့္ရမည္ျဖစ္သည္။ ထိုသုိ႔ ပင့္ကူအရွင္ကို ကိုယ္ေပၚတင္ကာ ဓာတ္ပံုရိုက္ျခင္းကို ပင့္ကူစီးျခင္းဟု ေခၚၾကသည္။

ပင့္ကူမ်ား၏ အစြယ္မ်ားကို ဖယ္ထားရွားျပီးျဖစ္ေသာေၾကာင့္ အကိုက္ခံရမည္ကို စိုးရိမ္စရာမလိုပါ။

ထို႔အျပင္ ေစ်းအတြင္း ပင့္ကူစီးျခင္းကို အတင္းလိုက္ေရာင္းသည့္ ကေလးငယ္မ်ား ေတြ႔ရႏိုင္သည္။ သင့္ကိုယ္ေပၚတြင္ ရုတ္တရက္ ပင့္ကူတစ္ေကာင္တင္ေပးလိုက္ျခင္းမ်ဳိးျဖစ္သည္။

အေပါ့အပါးသြားလိုပါက ေစ်းအစြန္တြင္ သန္႔စင္ခန္းတစ္ခုရွိသည္။ တစ္ဦးလွ်င္ ကေမၻာဒီးယား riels ေငြ ၁၀၀၀ (၂၅ ဆင့္ခန္႔) က်သင့္မည္ျဖစ္ျပီး သန္႔စင္ခန္းအဝတြင္ လူတစ္ဦးက သင့္ထံမွ ဝင္ေၾကးေကာက္မည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Skuon (Spiderville) Spider Market, Cambodia (theperpetualsaturday)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service