ကမ္ဘာ့အကြီးဆုံး ဝိုင်ပုလင်းကြီးထဲတွင် တစ်ညလျှင် ဒေါ်လာ ၄၀ ဖြင့် အိပ်စက်နိုင်မည်

ကမ္ဘာ့အကြီးဆုံး ဝိုင်ပုလင်းကြီးထဲတွင် တစ်ညလျှင် ဒေါ်လာ ၄၀ ဖြင့် အိပ်စက်နိုင်မည် - Property News in Myanmar from iMyanmarHouse.com
19 Dec 2022 11:20 am တွင် တင်ခဲ့သည်
604 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဤဟိုတယ်တွင် အဖျော်ယမကာ များစွာရှိမည်ကား သေချာလှသည်။ ဓာတ်ပုံ Jam Press/Airbnb)

အိန္ဒိယနိုင်ငံ ၊ ရာဂျတ်စ်သန်ပြည်နယ် ၊ ချီသော်ဂါ့ Chittorgarh မြို့တွင် အလျား ၂၈ ပေ ၊အကျယ် ၁၁ ပေ ရှိသော ကြီးမားသည့် ဝိုင်ပုလင်းကြီးတစ်ခု အတွင်း ညအိပ်တည်းခိုနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာပြီး ဖြစ်သည်။

တည်းခိုခမှာ သင့်တင့်သော ဝိုင်ပုလင်း တစ်လုံးဖိုးခန့် ရှိပြီး တစ်ညလျှင် ဒေါ်လာ ၄၀ ဖြစ်သည်။

ကမ္ဘာ့အကြီးမားဆုံး ဝိုင်ပုလင်းကြီးဟု အမည်ပေးထားသည့်အတိုင်း အပြင်ဘက် နံရံများမှာ အနီရင့်ရောင်ဖြင့်သာ ဆေးသုတ်ထားသည်။

အတွင်းပိုင်းတွင် အိပ်ခန်း ၃ ခန်း ၊ ငါးပြတိုက် ၁ ခု နှင့် ညစာစားခန်းမတစ်ခု ပါဝင်သော ဝါးတဲ ၁ လုံးတို့ဖြင့် ဖွဲ့စည်းထားကြောင်း Jam Press ကဖော်ပြသည်။

အိပ်ခန်းများအနက် ပထမဆုံးအခန်းမှာ အနီရောင်ဖြစ်ပြီး ကွေးခုံးသောနံရံများမှာ မျက်နှာစာနှင့် လိုက်ဖက်စွာ တည်ရှိသည်။

ဒုတိယမြောက် အိပ်ခန်းတွင် နံရံတစ်ခုလုံး၌ မီးအလင်းပေးထားသော ဘီယာပုလင်းများ နံရံ အပြည့်ပြသထားသည်။

တတိယမြောက်အိပ်ခန်းမှာ အဆန်းတကြယ်နှစ်သက်သော ဧည့်သည်များအတွက် သင့်တော်သည်။

 

(မျက်နှာစာကို ညဘက်တွင် မီးထွန်းထားသည်။ ဓာတ်ပုံ-Jam Press/Airbnb)

 

 

(ထူးခြားသော အဆောက်အအုံ၏ ကောင်းကင်ဓာတ်ပုံ။ ဓာတ်ပုံ-Jam Press/Airbnb)

 

 

(ပုလင်းဟိုတယ်၏ ညစာစားခန်းမသည် ဝါးတဲအတွင်းတွင် တည်ရှိသည်။ ဓာတ်ပုံ-Jam Press/Airbnb)

 

(တစ်ညတာ တည်းခိုခမှာ သင့်တင့်သော ဝိုင်ပုလင်း တစ်လုံးဖိုးခန့် ရှိပြီး တစ်ညလျှင် ဒေါ်လာ ၄၀ ဖြစ်သည်။ဓာတ်ပုံ-Jam Press/Airbnb)

 

(ဟိုတယ် နာမည်နှင့် လိုက်ဖက်သော အိပ်ခန်း။ ဓာတ်ပုံ-Jam Press/Airbnb)

 

(ဟိုတယ်တွင် အိပ်ခန်း ၃ ခန်းပါရှိသည်။ ဓာတ်ပုံ-Jam Press/Airbnb)

 

မက္ကဆီကိုနိုင်ငံ ၊ Baja California ပြည်နယ်တွင်လည်း ဝိုင်ချစ်သူများအတွက် ရည်ရွယ်သည့် ဝိုင်ပုလင်းသဏ္ဍာန်ဟိုတယ်တစ်လုံးရှိသည်။

မက္ကဆီကိုရှိ ဟိုတယ်မှာ Botella de vino GIGANTE ဟု အမည်ရပြီး ဧည့်သည် ၂ ဦး တစ်ပြိုင်တည်း တည်းခိုနိုင်ကာ တစ်ညတာ တည်းခိုခမှာ ၁၁၄ ဒေါ်လာ ဖြစ်သည်။

အဆိုပါ ဟိုတယ်တွင် တမူထူးသော ဧည့်ခန်း ၊ မြေညီထပ် ရေချိုးခန်း ၊ ခရုပတ်လှေခါးနှင့်အပေါ်ထပ်တွင် စံချိန်မီ အရွယ်အစားရှိ ကုတင်တစ်ခုပါဝင်ကြောင်း Airbnb ဝက်ဘ်ဆိုက် အငှားကြော်ငြာတွင် ဖော်ပြထားသည်။

အခြားသော ထူးခြားသည့် တည်းခိုရာ နေရာများကို ရှာဖွေနေပါသလား။ အိုင်ဒါဟိုပြည်နယ်မှ Big Idaho Potato Hotel အမည်ရှိ အာလူးဟိုတယ်တွင် တစ်ညလျှင် ဒေါ်လာ ၂၀၀ ဖြင့်လည်းကောင်း ၊ ဝါရှင်တန်ပြည်နယ် Orando မြို့တွင် သမင် ၊ ယုန် ၊ ငှက်များ၊ ရစ်တို့နှင့် နီးကပ်စွာ နေနိုင်မည့် ဒဏ္ဍာရီအတွင်းမှ လူပုကလေးများ၏ နေအိမ်ဟန် ဆောက်လုပ်ထားသော တည်းခိုခန်းတွင် တစ်ညလျှင် ဒေါ်လာ ၄၀၀ ဖြင့်လည်းကောင်း ဟာဝိုင်အီမှ သစ်ပင်နေအိမ်တွင်လည်းကောင်း ၊ မီးကင်းတဲ သဏ္ဍာန်ဆောက်လုပ်ထားသော တည်းခိုခန်းတွင် လည်းကောင်း တည်းခိုနေထိုင်နိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: You can stay in the ‘world’s largest’ wine bottle for $40 (nypost)

 

 

 

[Zawgyi]

ကမၻာ့အၾကီးဆံုး ဝိုင္ပုလင္းၾကီးထဲတြင္ တစ္ညလွ်င္ ေဒၚလာ ၄၀ ျဖင့္ အိပ္စက္ႏိုင္မည္

 

(ဤဟိုတယ္တြင္ အေဖ်ာ္ယမကာ မ်ားစြာရွိမည္ကား ေသခ်ာလွသည္။ ဓာတ္ပံု Jam Press/Airbnb)

အိႏိၵယႏိုင္ငံ ၊ ရာဂ်တ္စ္သန္ျပည္နယ္ ၊ ခ်ီေသာ္ဂါ့ Chittorgarh ျမိဳ႕တြင္ အလ်ား ၂၈ ေပ ၊အက်ယ္ ၁၁ ေပ ရွိေသာ ၾကီးမားသည့္ ဝိုင္ပုလင္းၾကီးတစ္ခု အတြင္း ညအိပ္တည္းခုိႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္လာျပီး ျဖစ္သည္။

တည္းခိုခမွာ သင့္တင့္ေသာ ဝိုင္ပုလင္း တစ္လုံးဖိုးခန္႔ ႐ွိၿပီး တစ္ညလွ်င္ ေဒၚလာ ၄၀ ျဖစ္သည္။

ကမၻာ့အၾကီးမားဆံုး ဝိုင္ပုလင္းၾကီးဟု အမည္ေပးထားသည့္အတိုင္း အျပင္ဘက္ နံရံမ်ားမွာ အနီရင့္ေရာင္ျဖင့္သာ ေဆးသုတ္ထားသည္။

အတြင္းပိုင္းတြင္ အိပ္ခန္း ၃ ခန္း ၊ ငါးျပတိုက္ ၁ ခု ႏွင့္ ညစာစားခန္းမတစ္ခု ပါဝင္ေသာ ဝါးတဲ ၁ လံုးတို႔ျဖင့္ ဖြဲ႔စည္းထားေၾကာင္း Jam Press ကေဖာ္ျပသည္။

အိပ္ခန္းမ်ားအနက္ ပထမဆံုးအခန္းမွာ အနီေရာင္ျဖစ္ျပီး ေကြးခံုးေသာနံရံမ်ားမွာ မ်က္ႏွာစာႏွင့္ လိုက္ဖက္စြာ တည္ရွိသည္။

ဒုတိယေျမာက္ အိပ္ခန္းတြင္ နံရံတစ္ခုလံုး၌ မီးအလင္းေပးထားေသာ ဘီယာပုလင္းမ်ား နံရံ အျပည့္ျပသထားသည္။

တတိယေျမာက္အိပ္ခန္းမွာ အဆန္းတၾကယ္ႏွစ္သက္ေသာ ဧည့္သည္မ်ားအတြက္ သင့္ေတာ္သည္။

(မ်က္ႏွာစာကို ညဘက္တြင္ မီးထြန္းထားသည္။ ဓာတ္ပံု-Jam Press/Airbnb)

(ထူးျခားေသာ အေဆာက္အအံု၏ ေကာင္းကင္ဓာတ္ပံု။ ဓာတ္ပံု-Jam Press/Airbnb)

(ပုလင္းဟိုတယ္၏ ညစာစားခန္းမသည္ ဝါးတဲအတြင္းတြင္ တည္ရွိသည္။ ဓာတ္ပံု-Jam Press/Airbnb)

(တစ္ညတာ တည္းခိုခမွာ သင့္တင့္ေသာ ဝိုင္ပုလင္း တစ္လုံးဖိုးခန္႔ ႐ွိၿပီး တစ္ညလွ်င္ ေဒၚလာ ၄၀ ျဖစ္သည္။ဓာတ္ပုံ-Jam Press/Airbnb)

(ဟိုတယ္ နာမည္ႏွင့္ လုိက္ဖက္ေသာ အိပ္ခန္း။ ဓာတ္ပံု-Jam Press/Airbnb)

(ဟိုတယ္တြင္ အိပ္ခန္း ၃ ခန္းပါရွိသည္။ ဓာတ္ပံု-Jam Press/Airbnb)

မကၠဆီကိုႏိုင္ငံ ၊ Baja California ျပည္နယ္တြင္လည္း ဝိုင္ခ်စ္သူမ်ားအတြက္ ရည္ရြယ္သည့္ ဝုိင္ပုလင္းသ႑ာန္ဟိုတယ္တစ္လံုးရွိသည္။

မကၠဆီကိုရွိ ဟိုတယ္မွာ Botella de vino GIGANTE ဟု အမည္ရျပီး ဧည့္သည္ ၂ ဦး တစ္ျပိဳင္တည္း တည္းခိုႏိုင္ကာ တစ္ညတာ တည္းခိုခမွာ ၁၁၄ ေဒၚလာ ျဖစ္သည္။

အဆိုပါ ဟိုတယ္တြင္ တမူထူးေသာ ဧည့္ခန္း ၊ ေျမညီထပ္ ေရခ်ဳိးခန္း ၊ ခရုပတ္ေလွခါးႏွင့္အေပၚထပ္တြင္ စံခ်ိန္မီ အရြယ္အစားရွိ ကုတင္တစ္ခုပါဝင္ေၾကာင္း Airbnb ဝက္ဘ္ဆိုက္ အငွားေၾကာ္ျငာတြင္ ေဖာ္ျပထားသည္။

အျခားေသာ ထူးျခားသည့္ တည္းခိုရာ ေနရာမ်ားကို ရွာေဖြေနပါသလား။ အိုင္ဒါဟိုျပည္နယ္မွ Big Idaho Potato Hotel အမည္ရွိ အာလူးဟိုတယ္တြင္ တစ္ညလွ်င္ ေဒၚလာ ၂၀၀ ျဖင့္လည္းေကာင္း ၊ ဝါရွင္တန္ျပည္နယ္ Orando ျမိဳ႕တြင္ သမင္ ၊ ယုန္ ၊ ငွက္မ်ား၊ ရစ္တို႔ႏွင့္ နီးကပ္စြာ ေနႏိုင္မည့္ ဒ႑ာရီအတြင္းမွ လူပုကေလးမ်ား၏ ေနအိမ္ဟန္ ေဆာက္လုပ္ထားေသာ တည္းခိုခန္းတြင္ တစ္ညလွ်င္ ေဒၚလာ ၄၀၀ ျဖင့္လည္းေကာင္း ဟာဝိုင္အီမွ သစ္ပင္ေနအိမ္တြင္လည္းေကာင္း ၊ မီးကင္းတဲ သ႑ာန္ေဆာက္လုပ္ထားေသာ တည္းခိုခန္းတြင္ လည္းေကာင္း တည္းခုိေနထိုင္ႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: You can stay in the ‘world’s largest’ wine bottle for $40 (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service