လီယိုနာဒို ဒါဗင်ချီ၏ ပန်းချီကားကို ဒေါ်လာ သန်း ၄၅၀ ဖြင့် လေလံအနိုင်ဆွဲခဲ့သည့် ဆော်ဒီမင်းသားက ပန်းချီကားထားရန် အထူးပြတိုက်တစ်ခု တည်ဆောက်နေ
လီယိုနာဒို ဒါဗင်ချီ၏ ပန်းချီကားကို ဒေါ်လာ သန်း ၄၅၀ ဖြင့် လေလံအနိုင်ဆွဲခဲ့သည့် ဆော်ဒီမင်းသားက ပန်းချီကားထားရန် အထူးပြတိုက်တစ်ခု တည်ဆောက်နေ - Property News in Myanmar from iMyanmarHouse.com
15 Dec 2022 9:56 am တွင် တင်ခဲ့သည်
997 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
လီယိုနာဒို ဒါဗင်ချီ၏ Salvator Mundi အမည်ရှိပန်းချီကားကို ဒေါ်လာ သန်း ၄၅၀ အထိ စံချိန်တင် ဈေးပေးကာ လေလံဆွဲရုံမျှဖြင့် မပြီးသေး။
ဆော်ဒီအာရေးဘီးယားမှ မင်းသား မိုဟာမက် ဘင် ဆယ်လ်မန် အယ်လ် ဆွတ်က အဆိုပါဂန္ထဝင်မြောက် လက်ရာ ပန်းချီကားကို သူ၏ တိုင်းသူပြည်သားများနှင့် ကမ္ဘာအား ကြည့်ရှုနိုင်စေရန် အထူးပြတိုက်တစ်ခု ခမ်းနားစွာ တည်ဆောက်လျက်ရှိသည်။
ပန်းချီကားထားရှိမည့်နေရာနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသော ကောလာဟလအမျိုးမျိုးတို့ ချုပ်ငြိမ်းသွားသည်။
(ဆော်ဒီမင်းသား၏ Serene အမည်ရှိ ရွက်လှေကြီး)
အဆိုပါ ပန်းချီကာ အများမြင်ကွင်းမှ ပျောက်ကွယ်သွားပြီးနောက်ပိုင်း ထင်ကြေးပေးခန့်မှန်းမှု များစွာရှိခဲ့သည်။
အများစုက ယူဆသည်မှာ ပန်းချီကားသည် မင်းသားဆယ်မန်၏ ဒေါ်လာ သန်း ၄၀၀ တန် Serene ရွက်လှေကြီးပေါ်တွင် ရှိလိမ့်မည်ဟု ခန့်မှန်းကြသည်။
လီယိုနာဒို ဒါဗင်ချီ၏ Salvator Mundi ပန်းချီကားကို နယူးယောက်မြို့ရှိ Christie’s လေလံပွဲတွင် ၂၀၁၇ ခုနှစ်အတွင်း အပြိုင်အဆိုင်လေလံဆွဲကာ ရရှိလာခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့သမိုင်းတလျောက် တန်ဖိုးအကြီးဆုံး အနုပညာပစ္စည်းတစ်ခုအဖြစ် စံချိန်တင်ခဲ့သည်။
အမျိုးသားမိုနာလီဇာဟု ခေါ်ကြသော ဤဂန္ထဝင်မြောက် အနုပညာလက်ရာသည် Serene ဇိမ်ခံရွက်လှေ၏ လှေအတွင်းခန်း နံရံတစ်ခုပေါ်တွင်ထက် သီးသန့်ဗိမာန်နေရာတစ်ခုနှင့် ထိုက်တန်ပါသည်။
အဆိုပါ ပန်းချီကားဝယ်ယူရရှိနိုင်ရန် အပြင်းအထန်လေလံပြိုင်ခဲ့ရပြီးနောက် ဆော်ဒီမင်းသားမှာ လူအများ၏ အာရုံစိုက်ခြင်း ခံခဲ့ရသည်။
(ဆော်ဒီအာရေးဘီးယားတွင် ဆောက်လုပ်နေဆဲ ပြတိုက် ၄ ခုရှိသည်)
ဆော်ဒီအာရေးဘီးယားသည် ပန်းချီလောက၏ မရှိမဖြစ်အရေးပါသော လက်ရာတစ်ခုကို ထိန်းသိမ်းခဲ့မှုအတွက် ကောင်းချီးပေးခံခဲ့ရသည်။
နာမည်ကျော် ဗြိတိသျှ အနုပညာဆိုင်ရာ သမိုင်းပညာရှင် Martin Kemp က ဗြိတိန်တွင် အောက်တိုဘာ ၁၁ ရက်က ကျင်းပသော Cheltenham Literary ပွဲတော်၌ ပြောခဲ့သည်မှာ ဆော်ဒီအာရေးဘီးယားသို့ လာရောက်ကာ လီယိုနာဒို ဒါဗင်ချီ၏ ပန်းချီကားကို လာရောက်ကြည့်ရှုရန် ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။
“ဒီပန်းချီကားက ဆော်ဒီအာရေးဘီးယားမှာပါ။ အဲဒီမှာ ပန်းချီပြခန်းတစ်ခု ဆောက်လုပ်နေပြီး ၂၀၂၄ ခုနှစ်လောက်မှာပြီးမယ်လို့ ကျွန်တော်ထင်ပါတယ်”ဟု Kemp က ပြောကြောင်း The Art Newspaper က ဖော်ပြသည်။
(၂၀၁၇ ခုနှစ်အတွင်းက လေလံတင်ရောင်းချခဲ့သော Salvatore Mundi ပန်းချီကားသည် ဈေးအကြီးဆုံး ပန်းချီကားအဖြစ် ရပ်တည်နေသည်။ ဓာတ်ပုံ– Christies)
ဆော်ဒီမင်းသား ဆယ်လ်မန်သည် လီယိုနာဒို ဒါဗင်ချီ၏ အဆိုပါပန်းချီကားကို ဝင်ရောက်လေလံပြိုင်ဆွဲရင်း ဒေါ်လာ သန်း ၄၅၀ အထိ ပေးခဲ့ခြင်းလည်း ဖြစ်သည်။
အနုပညာပစ္စည်းပိုင်ဆိုင်မှုများအတွက် ဂုဏ်ယူနေကြသော ကာတာမှ တော်ဝင်တို့နှင့် အပြိုင်သဘောဖြင့် လေလံဆွဲခဲ့ခြင်းလည်းဖြစ်ပြီး ပန်းချီကား မိမိလက်မှ လွတ်မသွားစေရန် အပြိုင်အဆိုင်ဈေးပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပန်းချီကားသည် ၂၀၀၅ ခုနှစ်က အမေရိကန်ပြည်၊ နယူးအော်လင်းမှ အနုပညာပစ္စည်း ရောင်းဝယ်သူများထံ ၁၁၇၅ ဒေါ်လာမျှဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖူးသည်ဟုဆိုလျှင် မည်သူယုံနိုင်ပါမည်နည်း။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: After getting into a bidding war and paying an eye-popping $450 million to buy Leonardo Da Vinci’s Salvator Mundi painting, Saudi Crown Prince MBS is now building a dedicated museum to show this masterpiece to the world. (luxurylaunches)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
imyanmarmarket
42 Mini Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service