Pink Floyd အဖွဲ့မှ ရော့ခ်ကြယ်ပွင့် ဒေးဗစ် ဂေးလ်မောရ်၏ သရဲခြောက်သော စွန့်ပစ်ခံနေအိမ်ကြီး

Pink Floyd အဖွဲ့မှ ရော့ခ်ကြယ်ပွင့် ဒေးဗစ် ဂေးလ်မောရ်၏ သရဲခြောက်သော စွန့်ပစ်ခံနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
14 Dec 2022 11:28 am တွင် တင်ခဲ့သည်
1909 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

(စွန့်ပစ်ခံနေအိမ်ကြီးအတွင်းမှ အထီးကျန် ပီယာနိုကြီးမှာ တမျိုးတဖုံ ချောက်ခြားဖွယ်ရာပင်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

Hook End Manor ဟု အမည်ပေးထားသော ၁၆ ရာစုနှစ် စံအိမ်ကြီးကို အင်္ဂလန်နိုင်ငံ၊ ရီးဒင်းမြို့မှ ခရိုင်အသင်းတော်ဘုန်းတော်ကြီးအတွက် ၁၅၈၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာကျော် ရော့ခ်ဂီတအဖွဲ့ကြီး Pink Floyd မှ ဂစ်တာသမား ဒေးဗစ် ဂေးလ်မောရ် (David Gilmour) နှင့် ဇနီးဖြစ်သူတို့ ၇ နှစ်ကြာ ပိုင်ဆိုင်၊ နေထိုင်ခဲ့ဖူးသည်။

ဒေးဗစ် ဂေးလ်မောရ်နေထိုင်ခဲ့သော စွန့်ပစ်ခံ ဤစံအိမ်ကြီး၏ မြေအောက်ခန်းတွင် လျှို့ဝှက်ချက်တစ်ခု ရှိနေသည်။

 

ဒေးဗစ် ဂေးလ်မောရ် နေထိုင်ခဲ့ဖူးကာ ယခုစွန့်ပစ်ခံထားရသော နေအိမ်အတွင်း မြို့ပြစူးစမ်းလေ့လာသူ အသက် ၂၃ နှစ်အရွယ်ရှိ Jeff Johns ဆိုသူက ဝင်ရောက်လေ့လာပြီး ဓာတ်ပုံများရိုက်ကူးခဲ့ရာ တချိန်က နာမည်ကျော် အဆောက်အအုံအတွင်းမှ အလှတရားများ ယိုယွင်းနေပြီကို တွေ့ရသည်။

၁၉၂၀ မှ ၁၉၇၂ အထိ နှစ်ပေါင်း ၅၀ ကာလအတွင်း တိုးချဲ့ဆောက်လုပ်မှု များစွာပြုလုပ်ခဲ့သည်။ ဒေးဗစ် ဂေးလ်မောရ်ပိုင်ဆိုင်ထားသည့်ကာလအတွင်းတွင်လည်း အသံဖမ်းစတူဒီယိုတစ်ခု ဖြည့်သွင်းဆောက်လုပ်ခဲ့ရာ ၁၉၈၀ ပြည့်နှစ်အတွင်း ဖြစ်သည်။

 

(စွန့်ပစ်ခံ စံအိမ်ကြီးHook End Manor။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

(စံအိမ်တွင်းရှိ အခန်းများတွင် တန်ဖိုးကြီး ပရိဘောဂများ တည်ရှိနေဆဲဖြစ်၏။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

 

အိပ်ခန်း ၁၁ ခန်းပါဝင်ကာ ခြံဝန်းအကျယ် ၂၅ ဧကရှိသော စံအိမ်ကြီးတွင် ဒေးဗစ် ဂေးလ်မောရ်တို့ ဇနီးမောင်နှံ ၇ နှစ်သာ နေထိုင်ခဲ့ပြီး သရဲခြောက်သောကြောင့် ၁၉၈၇ ခုနှစ်တွင် စွန့်ခွာခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် အဆိုပါအိမ်၏ မြေအောက်ခန်း၌ ၁၉၀၉ ခုနှစ်တွင် သေဆုံးခဲ့သော ဂျက်ခ်အမည်ရှိ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး၏ သင်္ချိုင်းကျောက်တိုင်ကို လူတစ်ဦးက ရှာတွေ့ခဲ့သည်။

 

(တချိန်က ဂီတသမားများ သီချင်းတိုက်ရင်း မီးလှုံခဲ့ဖွယ်ရှိသော မီးလင်းဖိုကြီး။ ဓာတ်ပုံ mediadrumimages/ AbandonedBeautie)

 

(စွန့်ပစ်ခံ ဘိလိယက်ခုံကြီးတစ်လုံးကိုလည်း နေအိမ်အတွင်းတွေ့ရသည်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

“ဒီအိမ်မှာ နာမည်ကြီးတွေ နာရီအများကြီး နေခဲ့ကြဖူးမယ် ဆိုတာတွေးကြည့်ရင် အံ့သြဖို့ကောင်းပါတယ်။ ဒီအိမ်ဟာ ပိုင်ရှင်လက်လွှဲလက်ပြောင်း အများကြီးဖြစ်ခဲ့ပေမယ့် လူမနေတာ တော်တော်ကို ကြာခဲ့ပါပြီ”ဟု Jeff က ပြောသည်။

 

(ကမ္ဘာ့ရော့ခ်ဂီတ၏ သမိုင်းတစ်စိတ်တစ်ဒေသပါဝင်နေသည့် စံအိမ်ကြီးမှာ ပျက်စီးယိုယွင်းနေလေပြီ။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

(နေအိမ်အတွင်း အလှဆင်ခဲ့ကြပုံ။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

“အိမ်ထဲကို ဝင်လိုက်တာနဲ့ လူမနေတာ အတော်ကိုကြာပြီဆိုတာ ပြောနိုင်ပါတယ်။ အိမ်ထဲကို ရောက်တော့ ကျွန်တော့်ကို တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုကြီး ခံစားရတယ်”

ဒေးဗစ် ဂေးလ်မောရ်တို့ ဇနီးမောင်နှံ နေအိမ်မှ ပြောင်းရွှေ့သွားရခြင်းအကြောင်းမှာ သူ၏ဇနီးက နေအိမ်အတွင်း ပရလောကသားများကို တွေ့မြင်ခဲ့သောကြောင့်ဟု ဆိုသည်။ “ပြီးတော့ မြေအောက်ခန်းထဲမှာလည်း ဂျက်ခ်လို့ အမည်ရတဲ့ ကလေးငယ်တစ်ဦးရဲ့ သင်္ချိုင်းကျောက်တိုင် ရှာတွေ့ခဲ့တယ်။ ဒေးဗစ် ဂေးလ်မောရ်တို့ သရဲခြောက်လို့ ပြောင်းတယ်ဆိုတာ ဖြစ်နိုင်ပါတယ်”

 

(ဤစံအိမ်ကို ၁၅၈၀ ပြည့်နှစ်တွင် ရီးဒင်းမှ အသင်းတော်ဘုန်းကြီးအတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

(စံအိမ်အပြင်ပိုင်းမြင်ကွင်းကို မြို့ပြစူးစမ်းသူ Jeff က နေဝင်ဖျိုးဖျအချိန်တွင် ရိုက်ကူးခဲ့သော ဓာတ်ပုံဖြစ်သည်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

(ဒေးဗစ် ဂေးလ်မောရ်က ၁၉၈၀ ပြည့်နှစ်တွင် စံအိမ်အတွင်း အသံဖမ်းစတူဒီယိုတစ်ခု ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

(နောက်ဆုံးပိုင်ဆိုင်ခဲ့သော အိမ်ပိုင်ရှင်တို့က နေအိမ်အတွင်း အဖိုးတန်ပစ္စည်းများစွာ ထားရစ်ခဲ့သည်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

ယခုနှစ်သြဂုတ်လအတွင်းက ဂေးလ်မောရ်သည် အရှေ့ဆပ်ဆက်စ်ပြည်နယ်မှ ပင်လယ်ကမ်းခြေစံအိမ်ကို ပေါင် ၁၅ သန်းဖြင့် ရောင်းချမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

(အဆိုပါသတင်းကို သြဂုတ်လအတွင်း iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်)

ကမ်းခြေစံအိမ်ကို ရောင်းချရခြင်းမှာ အိမ်နီးချင်းများနှင့် ဂေးလ်မောရ်တို့ မကြာခဏပြဿနာတက် ၊ စကားများရမှုများကြောင့် ဖြစ်သည်။

 

(နေအိမ်အတွင်း အိပ်ခန်း ၁၁ ခန်းပါဝင်သည်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

 

(ရေစိမ်ကန်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

 

(စွန့်ပစ်ခံနေအိမ်၏ အပြင်ဘက်မှ ရုံငယ်တစ်ခု။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

(စွန့်ပစ်ခံ မီးဖိုဆောင်။ ဓာတ်ပုံ- mediadrumimages/ AbandonedBeautie)

 

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Pink Floyd အဖွဲ့ကြီး၏ တေးသီချင်းအချို့ကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုကြဖူးရာ Two Suns In The Sunset သီချင်းကို ကျော်ဟိန်းက စိတ်တစ်ခု ဖွားမြင်ခြင်း၊ Eclipse ကို Big Bag က Roses are red ဟူ၍လည်းကောင်း ပြန်လည်သီဆိုခဲ့ကြဖူးသည်။

ထို့အပြင် ကျော်ဟိန်း၏ ဓားတောင်ကိုကျော်ပြီး မီးပင်လယ်ကိုဖြတ်မည် ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်တေးအားလုံးသည် Pink Floyd ၏ သီချင်းများချည်းဖြစ်သည်။

ကျော်ဟိန်း၊ လေးဖြူ၊ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင်တို့က သီဆိုခဲ့ကြပြီး တီးခတ်သည့်အဖွဲ့မှာ ဂီတမှူး ဇော်မျိုးထွဋ်နှင့်အဖွဲ့ဖြစ်ကာ Studio D တွင် အသံဖမ်းခဲ့ကြခြင်း ဖြစ်သည်။

(ဆက်စပ်သတင်း)

Pink Floyd ၏ ဂစ်တာသမား ဗြိတိန်မှ စံအိမ်ကို ပေါင် ၁၅ သန်းဖြင့် ရောင်းမည်

 

https://www.imyanmarhouse.com/news/read/1028766

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside abandoned home once owned by Pink Floyd rockstar with tragic secret in basement (mirror)

 

 

 

[Zawgyi]

Pink Floyd အဖြဲ႔မွ ေရာ့ခ္ၾကယ္ပြင့္ ေဒးဗစ္ ေဂးလ္ေမာရ္၏ သရဲေျခာက္ေသာ စြန္႔ပစ္ခံေနအိမ္ၾကီး

(စြန္႔ပစ္ခံေနအိမ္ၾကီးအတြင္းမွ အထီးက်န္ ပီယာႏိုၾကီးမွာ တမ်ဳိးတဖံု ေခ်ာက္ျခားဖြယ္ရာပင္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

Hook End Manor ဟု အမည္ေပးထားေသာ ၁၆ ရာစုႏွစ္ စံအိမ္ၾကီးကို အဂၤလန္ႏိုင္ငံ၊ ရီးဒင္းျမိဳ႕မွ ခရိုင္အသင္းေတာ္ဘုန္းေတာ္ၾကီးအတြက္ ၁၅၈၀ ျပည့္ႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ကမၻာေက်ာ္ ေရာ့ခ္ဂီတအဖြဲ႔ၾကီး Pink Floyd မွ ဂစ္တာသမား ေဒးဗစ္ ေဂးလ္ေမာရ္ (David Gilmour) ႏွင့္ ဇနီးျဖစ္သူတို႔ ၇ ႏွစ္ၾကာ ပိုင္ဆိုင္၊ ေနထုိင္ခဲ့ဖူးသည္။

ေဒးဗစ္ ေဂးလ္ေမာရ္ေနထိုင္ခဲ့ေသာ စြန္႔ပစ္ခံ ဤစံအိမ္ၾကီး၏ ေျမေအာက္ခန္းတြင္ လွ်ိဳ႕ဝွက္ခ်က္တစ္ခု ရွိေနသည္။

ေဒးဗစ္ ေဂးလ္ေမာရ္ ေနထုိင္ခဲ့ဖူးကာ ယခုစြန္႔ပစ္ခံထားရေသာ ေနအိမ္အတြင္း ျမိဳ႕ျပစူးစမ္းေလ့လာသူ အသက္ ၂၃ ႏွစ္အရြယ္ရွိ Jeff Johns ဆိုသူက ဝင္ေရာက္ေလ့လာျပီး ဓာတ္ပံုမ်ားရိုက္ကူးခဲ့ရာ တခ်ိန္က နာမည္ေက်ာ္ အေဆာက္အအံုအတြင္းမွ အလွတရားမ်ား ယိုယြင္းေနျပီကို ေတြ႔ရသည္။

၁၉၂၀ မွ ၁၉၇၂ အထိ ႏွစ္ေပါင္း ၅၀ ကာလအတြင္း တိုးခ်ဲ႕ေဆာက္လုပ္မႈ မ်ားစြာျပဳလုပ္ခဲ့သည္။ ေဒးဗစ္ ေဂးလ္ေမာရ္ပိုင္ဆိုင္ထားသည့္ကာလအတြင္းတြင္လည္း အသံဖမ္းစတူဒီယိုတစ္ခု ျဖည့္သြင္းေဆာက္လုပ္ခဲ့ရာ ၁၉၈၀ ျပည့္ႏွစ္အတြင္း ျဖစ္သည္။

(စြန္႔ပစ္ခံ စံအိမ္ၾကီးHook End Manor။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(စံအိမ္တြင္းရွိ အခန္းမ်ားတြင္ တန္ဖုိးၾကီး ပရိေဘာဂမ်ား တည္ရွိေနဆဲျဖစ္၏။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

အိပ္ခန္း ၁၁ ခန္းပါဝင္ကာ ျခံဝန္းအက်ယ္ ၂၅ ဧကရွိေသာ စံအိမ္ၾကီးတြင္ ေဒးဗစ္ ေဂးလ္ေမာရ္တို႔ ဇနီးေမာင္ႏွံ ၇ ႏွစ္သာ ေနထိုင္ခဲ့ျပီး သရဲေျခာက္ေသာေၾကာင့္ ၁၉၈၇ ခုႏွစ္တြင္ စြန္႔ခြာခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္တြင္ အဆိုပါအိမ္၏ ေျမေအာက္ခန္း၌ ၁၉၀၉ ခုႏွစ္တြင္ ေသဆံုးခဲ့ေသာ ဂ်က္ခ္အမည္ရွိ အသက္ ၇ ႏွစ္အရြယ္ ကေလးငယ္တစ္ဦး၏ သခၤ်ဳိင္းေက်ာက္တုိင္ကို လူတစ္ဦးက ရွာေတြ႔ခဲ့သည္။

(တခ်ိန္က ဂီတသမားမ်ား သီခ်င္းတိုက္ရင္း မီးလံႈခဲ့ဖြယ္ရွိေသာ မီးလင္းဖိုၾကီး။ ဓာတ္ပံု mediadrumimages/ AbandonedBeautie)

(စြန္႔ပစ္ခံ ဘိလိယက္ခံုၾကီးတစ္လံုးကိုလည္း ေနအိမ္အတြင္းေတြ႔ရသည္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

“ဒီအိမ္မွာ နာမည္ၾကီးေတြ နာရီအမ်ားၾကီး ေနခဲ့ၾကဖူးမယ္ ဆိုတာေတြးၾကည့္ရင္ အံ့ၾသဖို႔ေကာင္းပါတယ္။ ဒီအိမ္ဟာ ပိုင္ရွင္လက္လႊဲလက္ေျပာင္း အမ်ားၾကီးျဖစ္ခဲ့ေပမယ့္ လူမေနတာ ေတာ္ေတာ္ကို ၾကာခဲ့ပါျပီ”ဟု Jeff က ေျပာသည္။

(ကမၻာ့ေရာ့ခ္ဂီတ၏ သမိုင္းတစ္စိတ္တစ္ေဒသပါဝင္ေနသည့္ စံအိမ္ၾကီးမွာ ပ်က္စီးယိုယြင္းေနေလျပီ။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(ေနအိမ္အတြင္း အလွဆင္ခဲ့ၾကပံု။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

“အိမ္ထဲကို ဝင္လိုက္တာနဲ႔ လူမေနတာ အေတာ္ကိုၾကာျပီဆိုတာ ေျပာႏိုင္ပါတယ္။ အိမ္ထဲကို ေရာက္ေတာ့ ကၽြန္ေတာ့္ကို တစ္ေယာက္ေယာက္က ေစာင့္ၾကည့္ေနသလိုၾကီး ခံစားရတယ္”

ေဒးဗစ္ ေဂးလ္ေမာရ္တို႔ ဇနီးေမာင္ႏွံ ေနအိမ္မွ ေျပာင္းေရႊ႕သြားရျခင္းအေၾကာင္းမွာ သူ၏ဇနီးက ေနအိမ္အတြင္း ပရေလာကသားမ်ားကို ေတြ႔ျမင္ခဲ့ေသာေၾကာင့္ဟု ဆိုသည္။ “ျပီးေတာ့ ေျမေအာက္ခန္းထဲမွာလည္း ဂ်က္ခ္လို႔ အမည္ရတဲ့ ကေလးငယ္တစ္ဦးရဲ႕ သခၤ်ဳိင္းေက်ာက္တိုင္ ရွာေတြ႔ခဲ့တယ္။ ေဒးဗစ္ ေဂးလ္ေမာရ္တို႔ သရဲေျခာက္လို႔ ေျပာင္းတယ္ဆိုတာ ျဖစ္ႏိုင္ပါတယ္”

(ဤစံအိမ္ကို ၁၅၈၀ ျပည့္ႏွစ္တြင္ ရီးဒင္းမွ အသင္းေတာ္ဘုန္းၾကီးအတြက္ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(စံအိမ္အျပင္ပိုင္းျမင္ကြင္းကို ျမိဳ႕ျပစူးစမ္းသူ Jeff က ေနဝင္ဖ်ဳိးဖ်အခ်ိန္တြင္ ရိုက္ကူးခဲ့ေသာ ဓာတ္ပံုျဖစ္သည္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(ေဒးဗစ္ ေဂးလ္ေမာရ္က ၁၉၈၀ ျပည့္ႏွစ္တြင္ စံအိမ္အတြင္း အသံဖမ္းစတူဒီယိုတစ္ခု ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(ေနာက္ဆံုးပိုင္ဆိုင္ခဲ့ေသာ အိမ္ပိုင္ရွင္တို႔က ေနအိမ္အတြင္း အဖိုးတန္ပစၥည္းမ်ားစြာ ထားရစ္ခဲ့သည္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

ယခုႏွစ္ၾသဂုတ္လအတြင္းက ေဂးလ္ေမာရ္သည္ အေရွ႕ဆပ္ဆက္စ္ျပည္နယ္မွ ပင္လယ္ကမ္းေျခစံအိမ္ကို ေပါင္ ၁၅ သန္းျဖင့္ ေရာင္းခ်မည္ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

(အဆိုပါသတင္းကို ၾသဂုတ္လအတြင္း iMyanmarHouse.com ဝက္ဘ္ဆုိက္ၾကီးတြင္ ေရးသားေဖာ္ျပခဲ့ျပီး ျဖစ္ပါသည္)

ကမ္းေျခစံအိမ္ကို ေရာင္းခ်ရျခင္းမွာ အိမ္နီးခ်င္းမ်ားႏွင့္ ေဂးလ္ေမာရ္တို႔ မၾကာခဏျပႆနာတက္ ၊ စကားမ်ားရမႈမ်ားေၾကာင့္ ျဖစ္သည္။

(ေနအိမ္အတြင္း အိပ္ခန္း ၁၁ ခန္းပါဝင္သည္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(ေရစိမ္ကန္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(စြန္႔ပစ္ခံေနအိမ္၏ အျပင္ဘက္မွ ရံုငယ္တစ္ခု။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie)

(စြန္႔ပစ္ခံ မီးဖိုေဆာင္။ ဓာတ္ပံု- mediadrumimages/ AbandonedBeautie) (ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Pink Floyd အဖြဲ႔ၾကီး၏ ေတးသီခ်င္းအခ်ဳိ႕ကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုၾကဖူးရာ Two Suns In The Sunset သီခ်င္းကို ေက်ာ္ဟိန္းက စိတ္တစ္ခု ဖြားျမင္ျခင္း၊ Eclipse ကို Big Bag က Roses are red ဟူ၍လည္းေကာင္း ျပန္လည္သီဆိုခဲ့ၾကဖူးသည္။

ထို႔အျပင္ ေက်ာ္ဟိန္း၏ ဓားေတာင္ကိုေက်ာ္ျပီး မီးပင္လယ္ကိုျဖတ္မည္ ရုပ္ရွင္ဇာတ္ကား၏ ဇာတ္ဝင္ေတးအားလံုးသည္ Pink Floyd ၏ သီခ်င္းမ်ားခ်ည္းျဖစ္သည္။

ေက်ာ္ဟိန္း၊ ေလးျဖဴ၊ ေဇာ္ဝင္းထြဋ္၊ ထူးအိမ္သင္တို႔က သီဆိုခဲ့ၾကျပီး တီးခတ္သည့္အဖြဲ႔မွာ ဂီတမွဴး ေဇာ္မ်ဳိးထြဋ္ႏွင့္အဖြဲ႔ျဖစ္ကာ Studio D တြင္ အသံဖမ္းခဲ့ၾကျခင္း ျဖစ္သည္။

(ဆက္စပ္သတင္း)

Pink Floyd ၏ ဂစ္တာသမား ျဗိတိန္မွ စံအိမ္ကို ေပါင္ ၁၅ သန္းျဖင့္ ေရာင္းမည္

https://www.imyanmarhouse.com/news/read/1028766

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Inside abandoned home once owned by Pink Floyd rockstar with tragic secret in basement (mirror)

 

 

 

Pink Floyd အဖွဲ့မှ ရော့ခ်ကြယ်ပွင့် ဒေးဗစ် ဂေးလ်မောရ်၏ သရဲခြောက်သော စွန့်ပစ်ခံနေအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service