မိုက်တိုင်ဆန်၊ Nirvana နှင့် စတိဗ်ဂျော့တို့၏ စွန့်ပစ်ခံ စံအိမ်ကြီးများ

မိုက်တိုင်ဆန်၊ Nirvana နှင့် စတိဗ်ဂျော့တို့၏ စွန့်ပစ်ခံ စံအိမ်ကြီးများ - Property News in Myanmar from iMyanmarHouse.com
14 Dec 2022 10:05 am တွင် တင်ခဲ့သည်
1694 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကျွန်ုပ်တို့ သာမန်ပြည်သူအများစုမှာ မိမိတို့ချစ်ခင်သည့် ကြယ်ပွင့်များ၏ နေအိမ်ကို သိလိုကြသည်။

၎င်းတို့၏ စံအိမ်များသည် တခါတရံတွင်မူ သင်မျှော်လင့်ထားသလို ဖြစ်မနေနိုင်ချေ။

ပဲရစ်မှ နာမည်ကြီး ဖက်ရှင်ဒီဇိုင်နာ Coco Chanel ၏ နေအိမ်ဟောင်းဓာတ်ပုံများမှာ မကြာသေးမီက အွန်လိုင်းတွင် ဂယက်ရိုက်ပျံ့နှံ့ခဲ့သည်။

Matt အမည်ရှိ မြို့ပြစူးစမ်းလေ့လာသူတစ်ဦးက စကော့တလန်ကုန်းမြင့်ဒေသတွင်ရှိသော Coco Chanel ၏ ပျက်စီးနေသည့်နေအိမ်ကြီးသို့ ရောက်ရှိခဲ့ပြီးနောက် ဓာတ်ပုံများ ပျံ့နှံ့ခဲ့ခြင်းလည်း ဖြစ်သည်။

 

(စကော့တလန်ရှိ Coco Chanel ၏ နေအိမ်ဟောင်း)

 

(စိုထိုင်းနေသော စင်္ကြန်လမ်းတစ်ခုတွင် စွန့်ပစ်ခံ ကျောချလှဲလျောင်းနိုင်သည့် ကုတင်တစ်လုံးကို တွေ့ရပုံ။ ဓာတ်ပုံ- Credit; YouTube)

 

Coco သည် အဆိုပါအိမ်တွင် သူမ၏ချစ်သူ Hugh Grosvenor နှင့်အတူ ၁၉၂၀ ပြည့်လွန်ကာလများက နေထိုင်ခဲ့သည်။

 

ယခုအခါတွင်မူ တချိန်က စွဲမက်ဖွယ်စံအိမ်ကြီးမှာ ယိုယွင်းပျက်စီးကာ လူသူကင်းမဲ့နေလေပြီ။

Finders Beepers ဟူသော YouTube အကောင့်အမည်ဖြင့် ဗွီဒီယိုမျှဝေခဲ့သူ Matt က ပြောသည်မှာ အခန်းတစ်ခန်းထဲတွင် ဘီယာ၊ ရှယ်ရီဝိုင်အပြင်းစားနှင့် ဝိုင်စည်ပုံးများတွေ့ရကြောင်း၊ နေအိမ်အတွင်း ထူးဆန်းသည့်အသံများ ကြားရခြင်းကြောင့် ခြောက်ခြားခဲ့ရကြောင်း ပြောသည်။

 

၁၈၇၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အိပ်ခန်း ၂၂ ခန်းပါ နေအိမ်ကြီးမှာ ဟောင်းနွမ်းယိုယွင်းနေသော်လည်း ရနံ့မှာမူ Chanel No.5 ရေမွှေးကဲ့သို့ မွှေးပျံ့နေကြောင်း Matt က ပြောသည်။

 

အောက်တွင် အခြားသော ကမ္ဘာကျော်တို့၏ စွန့်ပစ်ခံ စံအိမ်ကြီးများကို လေ့လာပါမည်။

 

 

 

(Nirvana အဖွဲ့မှ ကတ်ကိုဘိန်း၏ ဇနီး Courtney Love ၏ စွန့်ပစ်ခံ စံအိမ်)

 

 

(အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ အိုလံပီယာမြို့ကလေးတွင် ကော့တ်နေးလာ့ဗ်ပိုင်ဆိုင်သော စွန့်ပစ်ခံစံအိမ်မှာ ယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။ ဓာတ်ပုံ Credit: Virgil Adams Real Estate)

 

(မြင်းဇောင်းတွင် နံရံဆေးမှုတ်ပန်းချီပုံများဖြင့် ပျက်စီးနေပုံ။ ဓာတ်ပုံ Credit: Virgil Adams Real Estate)

 

 

ကော့တ်နေးလာ့ဗ်ပါဝင်ခဲ့သော တီးဝိုင်း၏ အမည်မှာ Hole ဖြစ်သကဲ့သို့ ယခုနေအိမ်အမည်မှာလည်း Hole ဟု ဖြစ်သည်။

အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး ခြံအကျယ်မှာ ၇ ဧကရှိကာ ကတ်ကိုဘိန်း မိမိကိုယ်ကို အဆုံးစီရင်သွားပြီး တစ်နှစ်အကြာတွင် ကော့တ်နေးလာ့ဗ်က ၁၉၉၅ ခုနှစ်တွင် ပေါင် ၃၄၀၀၀၀ ခန့်ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

စံအိမ်တွင် ပင်မနေအိမ်တစ်လုံးအပြင် အခြားအဆောက်အအုံအများအပြားဖြင့် ဖွဲ့စည်းထားရာ ဧည့်ဂေဟာအိမ်တစ်လုံးလည်း အပါအဝင်ဖြစ်သည်။

 

 

(မိုက်တန်ဆန်၏ အိုဟိုင်းအိုးပြည်နယ်မှ စံအိမ်)

 

 

(မိုက်တိုင်ဆန်၏ စွန့်ပစ်ခံစံအိမ်မှ ရေကန်။ ဓာတ်ပုံ Credit: Johnny Joo)

 

(စတုရန်းပေ ၂၅၀၀၀ ကျယ်ဝန်းသော စံအိမ်ကို ၁၉၇၉ ခုနှစ်တွင် ဒေသအခြေစိုက် နိုင်ငံရေးသမား Ted Vannelli က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ Vannelli မှာ နောက်ပိုင်းတွင် ထောင်ကျသွားသည်။ ဓာတ်ပုံ Credit: Johnny Joo)

 

အမေရိကန်ပြည်ထောင်စု၊ အိုဟိုင်းအိုးပြည်နယ်တွင် တည်ရှိပြီး တန်ကြေး ပေါင် ၈၉၀၀၀၀ ရှိသော စံအိမ်တွင် တချိန်က ကျားလှောင်အိမ်များ၊ ဘတ်စ်ကက်ဘောကွင်း၊ ရေကူးကန်တို့ဖြင့် ခမ်းနားထည်ဝါခဲ့ဖူးသည်။

ခြံအဝင် ဂိတ်တံခါးတွင် မိုက်တိုင်ဆန်၏ အမည်ကို ရေးထိုးထားပြီး နေအိမ်တစ်ခုလုံးတွင် ဖန်မီးဆိုင်းများစွာဖြင့် အလှဆင်ထားသည်။

 

မိုက်တိုင်ဆန်သည် ၁၉၉၂ ခုနှစ်တွင် မုဒိမ်းမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ဤစံအိမ်ကြီးမှာ လူသူကင်းမဲ့သွားခဲ့သည်။

 

 

 

 

 

(စတိဗ်ဂျော့ မုန်းသောအိမ်)

 

(Apple ၏ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့သည် ၁၉၈၄ ခုနှစ်က ဝယ်ယူခဲ့သော ဤနေအိမ်ကို မုန်းတီးသည် ဟု ဆိုသည်။ ဓာတ်ပုံ Credit: Flickr/Jonathan Haeber)

 

(နေအိမ်ကို ဖျက်သိမ်းရေးအတွက် အချေအတင်ဖြစ်နေချိန်တွင် နေအိမ်ကြီးမှာ စွန့်ပစ်ခံထားရကာ ယိုယွင်းနေပြီ ဖြစ်သည်။ ဓာတ်ပုံ Credit: Flickr/Jonathan Haeber)

 

(စတိဗ်ဂျော့သည် နောက်ဆုံးတွင် အမှုနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြေတူးစက်များ ရောက်လာခဲ့သည်။ ဓာတ်ပုံ Credit: Flickr/Jonathan Haeber)

 

စတိဗ်ဂျော့သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ဝုဒ်ဆိုက်မြို့ရှိ Jackling House ဟု အမည်ပေးထားသော စံအိမ်ကို ၁၉၈၄ ခုနှစ်တွင် ဝယ်ယူခဲ့သည်။

ကြေးနီတွင်းသူဌေးကြီး Daniel Cowan Jackling က ၁၉၂၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၁၄ ခန်း၊ ကျယ်ဝန်းသော လသာဆောင်များ၊ ဂိမ်းကစားခန်း၊ စကျင်ကျောက်ပြားခင်းရေချိုးခန်းများနှင့် လှပခမ်းနားသော မီးဆိုင်းများ ပါဝင်သည်။

စတိဗ်ဂျော့သည် ၁၉၉၁ ခုနှစ်တွင် Lauren Powell နှင့် လက်ထပ်ခဲ့ပြီးနောက်ပိုင်း ဤစံအိမ်ကြီးကို သဘောမတွေ့တော့ချေ။

၁၉၉၄ ခုနှစ်တွင် စတိဗ်ဂျော့တို့မိသားစု ဆန်ဖရန်စစ္စကို ပင်လယ်ကွေ့ရှိ နေအိမ်တစ်လုံးသို့ ပြောင်းရွှေ့ခဲ့ပြီး ယခုစံအိမ်ကိုမူ ဖြိုချကာ အိမ်ငယ်တစ်လုံးအစားထိုးဆောက်လုပ်ရန် ဒေသအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြခဲ့သည်။

ဒေသခံများကမူ စတိဗ်ဂျော့က အဆိုပါအိမ်အား ဖျက်သိမ်းမည်ကို လက်မခံချေ။ ဒေသခံတို့က ဤစံအိမ်ကို စတိဗ်ဂျော့မုန်းသောအိမ်ဟု အမည်ပေးထားကြသည်။ ယင်းနောက်ပိုင်း တရားရုံးတွင် နေအိမ်ဖျက်သိမ်းရေးကိစ္စ အတွက် နှစ်ပေါင်းများစွာ အမှုရင်ဆိုင်ခဲ့ရသည်။

တရားရုံးတွင် နှစ်ပေါင်းများစွာ ဖြတ်သန်းကုန်လွန်နေသည့်ကာလအတွင်း တချိန်က ခမ်းနားခဲ့သော စပိန်ဗိသုကာဟန်စံအိမ်ကြီးမှာ ပျက်စီးယိုယွင်းလာကာ ဆေးများကွာကျခြင်း၊ နံရံများ အက်ကွဲလာခြင်း၊ အခန်းများထဲတွင် ခြုံနွယ်များ တိုးလျှိုးဝင်ရောက်နေခြင်းများ ဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင်မူ စတိဗ်ဂျော့အနိုင်ရခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မြေတူးစက်များ ရောက်လာခဲ့သည်။

သို့သော် ကံကြမ္မာက စတိဗ်ဂျော့ကို ကြာရှည်မျက်နှာသာမပေးခဲ့။ အမှုနိုင်ပြီး ၈ လအကြာတွင် ပန်ကရိယကင်ဆာဖြင့် ကွယ်လွန်သွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside abandoned celeb homes – disgraced sports star’s £12m villa ‘used for porn film’ to pad sold after tragic accident (thesun)

 

 

 

[Zawgyi]

မိုက္တိုင္ဆန္၊ Nirvana ႏွင့္ စတိဗ္ေဂ်ာ့တို႔၏ စြန္႔ပစ္ခံ စံအိမ္ၾကီးမ်ား

 

ကၽြႏု္ပ္တို႔ သာမန္ျပည္သူအမ်ားစုမွာ မိမိတို႔ခ်စ္ခင္သည့္ ၾကယ္ပြင့္မ်ား၏ ေနအိမ္ကို သိလိုၾကသည္။

၎တို႔၏ စံအိမ္မ်ားသည္ တခါတရံတြင္မူ သင္ေမွ်ာ္လင့္ထားသလို ျဖစ္မေနႏိုင္ေခ်။

ပဲရစ္မွ နာမည္ၾကီး ဖက္ရွင္ဒီဇုိင္နာ Coco Chanel ၏ ေနအိမ္ေဟာင္းဓာတ္ပံုမ်ားမွာ မၾကာေသးမီက အြန္လိုင္းတြင္ ဂယက္ရိုက္ပ်ံ႕ႏွံ႔ခဲ့သည္။

Matt အမည္ရွိ ျမိဳ႕ျပစူးစမ္းေလ့လာသူတစ္ဦးက စေကာ့တလန္ကုန္းျမင့္ေဒသတြင္ရွိေသာ Coco Chanel ၏ ပ်က္စီးေနသည့္ေနအိမ္ၾကီးသို႔ ေရာက္ရွိခဲ့ျပီးေနာက္ ဓာတ္ပံုမ်ား ပ်ံ႕ႏွံ႔ခဲ့ျခင္းလည္း ျဖစ္သည္။

(စေကာ့တလန္ရွိ Coco Chanel ၏ ေနအိမ္ေဟာင္း)

(စိုထိုင္းေနေသာ စၾကၤန္လမ္းတစ္ခုတြင္ စြန္႔ပစ္ခံ ေက်ာခ်လွဲေလ်ာင္းႏိုင္သည့္ ကုတင္တစ္လံုးကို ေတြ႔ရပံု။ ဓာတ္ပံု- Credit; YouTube)

Coco သည္ အဆိုပါအိမ္တြင္ သူမ၏ခ်စ္သူ Hugh Grosvenor ႏွင့္အတူ ၁၉၂၀ ျပည့္လြန္ကာလမ်ားက ေနထိုင္ခဲ့သည္။

ယခုအခါတြင္မူ တခ်ိန္က စြဲမက္ဖြယ္စံအိမ္ၾကီးမွာ ယိုယြင္းပ်က္စီးကာ လူသူကင္းမဲ့ေနေလျပီ။

Finders Beepers ဟူေသာ YouTube အေကာင့္အမည္ျဖင့္ ဗြီဒီယိုမွ်ေဝခဲ့သူ Matt က ေျပာသည္မွာ အခန္းတစ္ခန္းထဲတြင္ ဘီယာ၊ ရွယ္ရီဝိုင္အျပင္းစားႏွင့္ ဝိုင္စည္ပံုးမ်ားေတြ႔ရေၾကာင္း၊ ေနအိမ္အတြင္း ထူးဆန္းသည့္အသံမ်ား ၾကားရျခင္းေၾကာင့္ ေျခာက္ျခားခဲ့ရေၾကာင္း ေျပာသည္။

၁၈၇၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည့္ အိပ္ခန္း ၂၂ ခန္းပါ ေနအိမ္ၾကီးမွာ ေဟာင္းႏြမ္းယိုယြင္းေနေသာ္လည္း ရနံ႔မွာမူ Chanel No.5 ေရေမႊးကဲ့သို႔ ေမႊးပ်ံ႕ေနေၾကာင္း Matt က ေျပာသည္။

ေအာက္တြင္ အျခားေသာ ကမၻာေက်ာ္တို႔၏ စြန္႔ပစ္ခံ စံအိမ္ၾကီးမ်ားကို ေလ့လာပါမည္။

(Nirvana အဖြဲ႔မွ ကတ္ကိုဘိန္း၏ ဇနီး Courtney Love ၏ စြန္႔ပစ္ခံ စံအိမ္)

(အေမရိကန္ႏိုင္ငံ၊ ဝါရွင္တန္ျပည္နယ္၊ အိုလံပီယာျမိဳ႕ကေလးတြင္ ေကာ့တ္ေနးလာ့ဗ္ပိုင္ဆိုင္ေသာ စြန္႔ပစ္ခံစံအိမ္မွာ ယိုယြင္းပ်က္စီးေနျပီ ျဖစ္သည္။ ဓာတ္ပံု Credit: Virgil Adams Real Estate)

(ျမင္းေဇာင္းတြင္ နံရံေဆးမႈတ္ပန္းခ်ီပံုမ်ားျဖင့္ ပ်က္စီးေနပံု။ ဓာတ္ပံု Credit: Virgil Adams Real Estate)

ေကာ့တ္ေနးလာ့ဗ္ပါဝင္ခဲ့ေသာ တီးဝိုင္း၏ အမည္မွာ Hole ျဖစ္သကဲ့သို႔ ယခုေနအိမ္အမည္မွာလည္း Hole ဟု ျဖစ္သည္။

အိပ္ခန္း ၃ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါဝင္ျပီး ျခံအက်ယ္မွာ ၇ ဧကရွိကာ ကတ္ကိုဘိန္း မိမိကိုယ္ကို အဆံုးစီရင္သြားျပီး တစ္ႏွစ္အၾကာတြင္ ေကာ့တ္ေနးလာ့ဗ္က ၁၉၉၅ ခုႏွစ္တြင္ ေပါင္ ၃၄၀၀၀၀ ခန္႔ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

စံအိမ္တြင္ ပင္မေနအိမ္တစ္လံုးအျပင္ အျခားအေဆာက္အအံုအမ်ားအျပားျဖင့္ ဖြဲ႔စည္းထားရာ ဧည့္ေဂဟာအိမ္တစ္လံုးလည္း အပါအဝင္ျဖစ္သည္။

(မိုက္တန္ဆန္၏ အိုဟိုင္းအိုးျပည္နယ္မွ စံအိမ္)

(မိုက္တိုင္ဆန္၏ စြန္႔ပစ္ခံစံအိမ္မွ ေရကန္။ ဓာတ္ပံု Credit: Johnny Joo)

(စတုရန္းေပ ၂၅၀၀၀ က်ယ္ဝန္းေသာ စံအိမ္ကို ၁၉၇၉ ခုႏွစ္တြင္ ေဒသအေျခစိုက္ ႏိုင္ငံေရးသမား Ted Vannelli က ေဆာက္လုပ္ခဲ့ျခင္းျဖစ္သည္။ Vannelli မွာ ေနာက္ပိုင္းတြင္ ေထာင္က်သြားသည္။ ဓာတ္ပံု Credit: Johnny Joo)

အေမရိကန္ျပည္ေထာင္စု၊ အိုဟိုင္းအိုးျပည္နယ္တြင္ တည္ရွိျပီး တန္ေၾကး ေပါင္ ၈၉၀၀၀၀ ရွိေသာ စံအိမ္တြင္ တခ်ိန္က က်ားေလွာင္အိမ္မ်ား၊ ဘတ္စ္ကက္ေဘာကြင္း၊ ေရကူးကန္တို႔ျဖင့္ ခမ္းနားထည္ဝါခဲ့ဖူးသည္။

ျခံအဝင္ ဂိတ္တံခါးတြင္ မိုက္တိုင္ဆန္၏ အမည္ကို ေရးထိုးထားျပီး ေနအိမ္တစ္ခုလံုးတြင္ ဖန္မီးဆိုင္းမ်ားစြာျဖင့္ အလွဆင္ထားသည္။

မိုက္တိုင္ဆန္သည္ ၁၉၉၂ ခုႏွစ္တြင္ မုဒိမ္းမႈျဖင့္ ျပစ္ဒဏ္ခ်မွတ္ခံရျပီးေနာက္ ဤစံအိမ္ၾကီးမွာ လူသူကင္းမဲ့သြားခဲ့သည္။

(စတိဗ္ေဂ်ာ့ မုန္းေသာအိမ္)

(Apple ၏ ပူးတြဲတည္ေထာင္သူ စတိဗ္ေဂ်ာ့သည္ ၁၉၈၄ ခုႏွစ္က ဝယ္ယူခဲ့ေသာ ဤေနအိမ္ကို မုန္းတီးသည္ ဟု ဆိုသည္။ ဓာတ္ပံု Credit: Flickr/Jonathan Haeber)

(ေနအိမ္ကို ဖ်က္သိမ္းေရးအတြက္ အေခ်အတင္ျဖစ္ေနခ်ိန္တြင္ ေနအိမ္ၾကီးမွာ စြန္႔ပစ္ခံထားရကာ ယိုယြင္းေနျပီ ျဖစ္သည္။ ဓာတ္ပံု Credit: Flickr/Jonathan Haeber)

(စတိဗ္ေဂ်ာ့သည္ ေနာက္ဆံုးတြင္ အမႈႏိုင္ခဲ့ျပီး ၂၀၁၁ ခုႏွစ္တြင္ ေျမတူးစက္မ်ား ေရာက္လာခဲ့သည္။ ဓာတ္ပံု Credit: Flickr/Jonathan Haeber)

စတိဗ္ေဂ်ာ့သည္ ကယ္လီဖုိးနီးယားျပည္နယ္၊ ဝုဒ္ဆိုက္ျမိဳ႕ရွိ Jackling House ဟု အမည္ေပးထားေသာ စံအိမ္ကို ၁၉၈၄ ခုႏွစ္တြင္ ဝယ္ယူခဲ့သည္။

ေၾကးနီတြင္းသူေဌးၾကီး Daniel Cowan Jackling က ၁၉၂၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး အိပ္ခန္း ၁၄ ခန္း၊ က်ယ္ဝန္းေသာ လသာေဆာင္မ်ား၊ ဂိမ္းကစားခန္း၊ စက်င္ေက်ာက္ျပားခင္းေရခ်ဳိးခန္းမ်ားႏွင့္ လွပခမ္းနားေသာ မီးဆုိင္းမ်ား ပါဝင္သည္။

စတိဗ္ေဂ်ာ့သည္ ၁၉၉၁ ခုႏွစ္တြင္ Lauren Powell ႏွင့္ လက္ထပ္ခဲ့ျပီးေနာက္ပိုင္း ဤစံအိမ္ၾကီးကို သေဘာမေတြ႔ေတာ့ေခ်။

၁၉၉၄ ခုႏွစ္တြင္ စတိဗ္ေဂ်ာ့တို႔မိသားစု ဆန္ဖရန္စစၥကို ပင္လယ္ေကြ႔ရွိ ေနအိမ္တစ္လံုးသို႔ ေျပာင္းေရႊ႕ခဲ့ျပီး ယခုစံအိမ္ကိုမူ ျဖိဳခ်ကာ အိမ္ငယ္တစ္လံုးအစားထုိးေဆာက္လုပ္ရန္ ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႔ထံ တင္ျပခဲ့သည္။

ေဒသခံမ်ားကမူ စတိဗ္ေဂ်ာ့က အဆိုပါအိမ္အား ဖ်က္သိမ္းမည္ကို လက္မခံေခ်။ ေဒသခံတို႔က ဤစံအိမ္ကို စတိဗ္ေဂ်ာ့မုန္းေသာအိမ္ဟု အမည္ေပးထားၾကသည္။ ယင္းေနာက္ပိုင္း တရားရံုးတြင္ ေနအိမ္ဖ်က္သိမ္းေရးကိစၥ အတြက္ ႏွစ္ေပါင္းမ်ားစြာ အမႈရင္ဆိုင္ခဲ့ရသည္။

တရားရံုးတြင္ ႏွစ္ေပါင္းမ်ားစြာ ျဖတ္သန္းကုန္လြန္ေနသည့္ကာလအတြင္း တခ်ိန္က ခမ္းနားခဲ့ေသာ စပိန္ဗိသုကာဟန္စံအိမ္ၾကီးမွာ ပ်က္စီးယိုယြင္းလာကာ ေဆးမ်ားကြာက်ျခင္း၊ နံရံမ်ား အက္ကြဲလာျခင္း၊ အခန္းမ်ားထဲတြင္ ျခံဳႏြယ္မ်ား တိုးလွ်ိဳးဝင္ေရာက္ေနျခင္းမ်ား ျဖစ္ေပၚလာသည္။

ေနာက္ဆံုးတြင္မူ စတိဗ္ေဂ်ာ့အႏိုင္ရခဲ့ျပီး ၂၀၁၁ ခုႏွစ္တြင္ ေျမတူးစက္မ်ား ေရာက္လာခဲ့သည္။

သို႔ေသာ္ ကံၾကမၼာက စတိဗ္ေဂ်ာ့ကို ၾကာရွည္မ်က္ႏွာသာမေပးခဲ့။ အမႈႏိုင္ျပီး ၈ လအၾကာတြင္ ပန္ကရိယကင္ဆာျဖင့္ ကြယ္လြန္သြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Inside abandoned celeb homes – disgraced sports star’s £12m villa ‘used for porn film’ to pad sold after tragic accident (thesun)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service