ဂေါက်ကျင်း၊ မြင်းစီးကွင်း၊ ဝိုင်ပုလင်း ၅၀၀၀ ပါ ဝိုင်သိုလှောင်ခန်း၊ ဧည့်သည် ၂၀၀ ဦးဆန့် ကပွဲခန်းမတို့ ပါဝင်သော ကယ်လီဖိုးနီးယားမှ မဟာဆန်သော စံအိမ်ကြီး ဒေါ်လာ ၅၅ သန်းဖြင့် ရောင်းမည်

ဂေါက်ကျင်း၊ မြင်းစီးကွင်း၊ ဝိုင်ပုလင်း ၅၀၀၀ ပါ ဝိုင်သိုလှောင်ခန်း၊ ဧည့်သည် ၂၀၀ ဦးဆန့် ကပွဲခန်းမတို့ ပါဝင်သော ကယ်လီဖိုးနီးယားမှ မဟာဆန်သော စံအိမ်ကြီး ဒေါ်လာ ၅၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
13 Dec 2022 10:12 am တွင် တင်ခဲ့သည်
1256 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တီစီတိုမြို့၏ အရှေ့ဘက် Montecito Ranch Ln လမ်းရှိ ခမ်းနားကြီးမားလှသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၅၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

စံအိမ်ကြီးကို Bella Vista Polo Ranch ဟု အမည်ပေးထားပြီး ခြံအကျယ်အဝန်း ဧက ၂၀ ရှိကာ Santa Ynez တောင်တန်းများနှင့် ပစိဖိတ်သမုဒ္ဒရာတို့အကြား တည်ရှိသည်။

ပင်လယ်ကမ်းခြေမှ အနည်းငယ်သာကွာဝေးပြီး ပင်လယ်၏ ခမ်းနားသောမြင်ကွင်းများ၊ ဂန္ထဝင်မြောက် နေထွက်နေဝင် ဆည်းဆာမြင်ကွင်းများကို ပိုင်ဆိုင်ထားသည်။

စံအိမ်ကြီးမှာ မဟာဆန်လှပြီး မြို့စားကြီးများအတွက် သင့်တော်သော စံအိမ်ဖြစ်ကာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲနေထိုင်သောအိမ်မှ အနည်းငယ်သာ ဝေးကွာသည်။

 

(Montecito Ranch Ln လမ်းတွင် တည်ရှိပြီး ဒေါ်လာ ၅၅ သန်း ဈေးခေါ်ထားသည်)

 

 

(ထည်ဝါသော လူနေ နေရာများပါဝင်ပြီး ဧည့်သည် ၂၀၀ ဆန့် ကပွဲခန်းမကြီးတစ်ခုလည်း ပါဝင်သည်)

 

 

(ကြီးမားလှသည့် ဝိုင်သိုလှောင်ခန်းတစ်ခုနှင့် အရသာမြည်းစမ်းခန်းတို့ရှိပြီး ဝိုင်ပုလင်းပေါင်း ၅၀၀၀ အထက် သိုလှောင်ထားရှိနိုင်သည်)

 

 

(ဂေါက်ရိုက်ရန် ဂေါက်ကျင်း၊ sand traps များ ပါဝင်ရာ ဂေါက်ရိုက်ဝါသနာရှင်များအတွက် အထူးသင့်တော် သည်)

 

(ထိုင်ခုံ ၂၀ ဆန့် ရုပ်ရှင်ရုံတစ်ခုရှိပြီး အပြာရောင်ကြမ်းပြင်နှင့် ကုလားထိုင်များမှာ အနီရောင်နံရံ၊ မျက်နှာကြက် များနှင့် ဆန့်ကျင်နေသည်)

 

 

(လူ ၁၄ ဦးဆန့် ညစာ စားပွဲပါဝင်သော ညစာစားခန်းမကြီးတွင် ကြီးမားလှသော ဖန်မီးဆိုင်းကြီး ၂ ခု တပ်ဆင်ထားသည်)

 

 

(ပန်းဥယျာဉ်ခန်းမတွင် သီးခြား ညစာစားနေရာတစ်ခုရှိပြီး မှန်နံရံများ၊ အလှဆင်မျက်နှာကြက်များဖြင့် တွေ့ရသည်)

 

ဗြိတိန်တော်ဝင်မင်းသာ ဟယ်ရီတို့စုံတွဲသည် ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်တာ ဘာဗရာ၏ အရှေ့ဘက် ၊ မွန်တီစီတိုမြို့လေးသို့ ပြောင်းရွှေ့ကာ အမေရိကန်တွင် အခြေချခဲ့ကြသည်။

မွန်တီစီတိုသည် တောင်ကုန်းဘေးနေအိမ်များနှင့် တကိုယ်ရည် လုံခြုံမှုရှိခြင်းများဖြင့် နာမည်ကြီးသည့် နေရာဖြစ်သည်။

ဟယ်ရီတို့ စုံတွဲသည် မွန်တီစီတိုမှ ဒေါ်လာ ၁၄ သန်းတန် နေအိမ်တွင် ကလေး ၂ ဦးဖြစ်သော အာချီ ၊ လီလီဘက်တို့နှင့်အတူ နေထိုင်သည်။

 

(ဟယ်ရီနှင့် မီဂန်တို့၏ နေအိမ်သို့ အနည်းငယ် ကားမောင်းသွားရုံဖြင့် ရောက်သည်။)

 

 

(နေအိမ်နောက်ဘက်မှ ကြီးမားသော ရေကူးကန် )

 

(ခြံဝန်းအတွင်း အဆင့်မြင့် ရေမြောင်းစနစ်ပါဝင်သော ခမ်းနားသည့် မြင်းစီးကွင်း တစ်ခုလည်း ရှိသည်။)

 

(နေအိမ်ကို ၂၀၀၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး အိပ်ခန်းထက် ရေချိုးခန်းပိုမို များပြားစွာ ပါဝင်ရာ ရေချိုးခန်း ၁၄ ခန်း ၊ အိပ်ခန်း ၁၁ ခန်း ဖြစ်သည်။)

 

(စက်ဝိုင်းသဏ္ဍာန် စင်္ကြန်တွင် ရွှေရောင် တိုင်လုံးများ ၊ အလှဆင်နံရံဆေးရေးပန်းချီများ တွေ့ရသည်။)

 

(ဧည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော မှန်တံခါးများ တပ်ဆင်ထားရာ အခန်းအတွင်း အလင်းရောင် ကောင်းစွာရသည်။)

 

(ခြံဝန်းအတွင်း ဘဲကန်တစ်ခုနှင့် ဂျပန်ဥယျာဉ်တစ်ခုရှိကာ လိပ်ပြာကလေးများ များစွာ တွေ့ရသည်။)

 

(လူ ၃ ဦးပါ ရုပ်ထု တစ်ခုဆီသို့ ဦးတည်သော လမ်းကလေး ။)

 

(အပူပိုင်းမုတ်သုံ သစ်ပင်များ ဝန်းပတ်ထားသော outdoor ရေစိမ်ကန်တစ်ခု )

 

 

Bella Vista Polo Ranch ခြံကြီးကို ကန်ဒေါ်လာ ၅၅ သန်း ဈေးခေါ်ထားသည်။(Bella Vista Polo Ranch ဟု အမည်ပေးထားသော ခြံကြီး၏ အကျယ်အဝန်းမှာ ဧက ၂၀ ရှိသည်။)

 

(အဝင်ဂိတ်ဝမှ ယာဉ်မောင်းလမ်းအတိုင်း ကားမောင်းကာ ဝင်လာလျှင် ခမ်းနားသော ကျောက်တုံးရေတံခွန် တစ်ခုရှိသည့် မြေထဲပင်လယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ဆီသို့ ရောက်ရှိမည်ဖြစ်သည်။)

 

(မြင်းဇောင်း ၁၇ ခုနှစ် ၊ မြင်းစီးကွင်းတစ်ခုလည်း ပါဝင်သည်။)

 

ပင်မစံအိမ်တွင် ဝိုင်ပုလင်း ၅၀၀၀ ဆန့် ဝ်ိုင်သိုလှောင်ခန်းနှင့် အရသာမြည်းစမ်းခန်း ၊ ထိုင်ခုံ ၂၀ ဆန့်ရုပ်ရှင်ရုံ ၊ အားကစားလေ့ကျင့်ရေးခန်းမ ၁ ခုနှင့် လူ ၂၀၀ ဆန့် ကပွဲခန်းမ တစ်ခုတို့ဖြင့် ဖွဲ့စည်းထားသည်။

 

(ဤနေအိမ်ပုံမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့က ရုရှားလုပ်ငန်းရှင် တစ်ဦးထံမှ ဝယ်ယူထားသော နေအိမ်ဖြစ်ပြီး အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၁၆ ခန်း ပါဝင်သည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Fit for a Duchess! California mega-mansion for sale for £45MILLION in Montecito Ranch Lane has a putting green, a polo field, and a 5,000 bottle wine cellar - and it's a short drive from Harry and Meghan (dailymail)

 

 

 

[Zawgyi]

ေဂါက္က်င္း၊ ျမင္းစီးကြင္း၊ ဝိုင္ပုလင္း ၅၀၀၀ ပါ ဝိုင္သိုေလွာင္ခန္း၊ ဧည့္သည္ ၂၀၀ ဦးဆန္႔ ကပြဲခန္းမတို႔ ပါဝင္ေသာ ကယ္လီဖိုးနီးယားမွ မဟာဆန္ေသာ စံအိမ္ၾကီး ေဒၚလာ ၅၅ သန္းျဖင့္ ေရာင္းမည္

 

အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ မြန္တီစီတိုျမိဳ႕၏ အေရွ႕ဘက္ Montecito Ranch Ln လမ္းရွိ ခမ္းနားၾကီးမားလွေသာ စံအိမ္ၾကီးတစ္လံုး ကန္ေဒၚလာ ၅၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာသည္။

စံအိမ္ၾကီးကို Bella Vista Polo Ranch ဟု အမည္ေပးထားျပီး ျခံအက်ယ္အဝန္း ဧက ၂၀ ရွိကာ Santa Ynez ေတာင္တန္းမ်ားႏွင့္ ပစိဖိတ္သမုဒၵရာတို႔အၾကား တည္ရွိသည္။

ပင္လယ္ကမ္းေျခမွ အနည္းငယ္သာကြာေဝးျပီး ပင္လယ္၏ ခမ္းနားေသာျမင္ကြင္းမ်ား၊ ဂႏၳဝင္ေျမာက္ ေနထြက္ေနဝင္ ဆည္းဆာျမင္ကြင္းမ်ားကို ပိုင္ဆိုင္ထားသည္။

စံအိမ္ၾကီးမွာ မဟာဆန္လွျပီး ျမိဳ႕စားၾကီးမ်ားအတြက္ သင့္ေတာ္ေသာ စံအိမ္ျဖစ္ကာ ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီႏွင့္ မီဂန္မာကယ္တို႔စံုတြဲေနထိုင္ေသာအိမ္မွ အနည္းငယ္သာ ေဝးကြာသည္။

(Montecito Ranch Ln လမ္းတြင္ တည္ရွိျပီး ေဒၚလာ ၅၅ သန္း ေစ်းေခၚထားသည္)

(ထည္ဝါေသာ လူေန ေနရာမ်ားပါဝင္ျပီး ဧည့္သည္ ၂၀၀ ဆန္႔ ကပြဲခန္းမၾကီးတစ္ခုလည္း ပါဝင္သည္)

(ၾကီးမားလွသည့္ ဝိုင္သိုေလွာင္ခန္းတစ္ခုႏွင့္ အရသာျမည္းစမ္းခန္းတို႔ရွိျပီး ဝိုင္ပုလင္းေပါင္း ၅၀၀၀ အထက္ သိုေလွာင္ထားရွိႏိုင္သည္)

(ေဂါက္ရိုက္ရန္ ေဂါက္က်င္း၊ sand traps မ်ား ပါဝင္ရာ ေဂါက္ရိုက္ဝါသနာရွင္မ်ားအတြက္ အထူးသင့္ေတာ္ သည္)

(ထိုင္ခံု ၂၀ ဆန္႔ ရုပ္ရွင္ရံုတစ္ခုရွိျပီး အျပာေရာင္ၾကမ္းျပင္ႏွင့္ ကုလားထိုင္မ်ားမွာ အနီေရာင္နံရံ၊ မ်က္ႏွာၾကက္ မ်ားႏွင့္ ဆန္႔က်င္ေနသည္)

(လူ ၁၄ ဦးဆန္႔ ညစာ စားပြဲပါဝင္ေသာ ညစာစားခန္းမၾကီးတြင္ ၾကီးမားလွေသာ ဖန္မီးဆိုင္းၾကီး ၂ ခု တပ္ဆင္ထားသည္)

(ပန္းဥယ်ာဥ္ခန္းမတြင္ သီးျခား ညစာစားေနရာတစ္ခုရွိျပီး မွန္နံရံမ်ား၊ အလွဆင္မ်က္ႏွာၾကက္မ်ားျဖင့္ ေတြ႔ရသည္)

ျဗိတိန္ေတာ္ဝင္မင္းသာ ဟယ္ရီတို႔စံုတြဲသည္ ကယ္လီဖိုးနီးယားျပည္နယ္ ၊ ဆန္တာ ဘာဗရာ၏ အေရွ႕ဘက္ ၊ မြန္တီစီတိုျမိဳ႕ေလးသို႔ ေျပာင္းေရႊ႕ကာ အေမရိကန္တြင္ အေျခခ်ခဲ့ၾကသည္။

မြန္တီစီတိုသည္ ေတာင္ကုန္းေဘးေနအိမ္မ်ားႏွင့္ တကုိယ္ရည္ လံုျခံဳမႈရွိျခင္းမ်ားျဖင့္ နာမည္ၾကီးသည့္ ေနရာျဖစ္သည္။

ဟယ္ရီတို႔ စံုတြဲသည္ မြန္တီစီတုိမွ ေဒၚလာ ၁၄ သန္းတန္ ေနအိမ္တြင္ ကေလး ၂ ဦးျဖစ္ေသာ အာခ်ီ ၊ လီလီဘက္တို႔ႏွင့္အတူ ေနထိုင္သည္။

(ဟယ္ရီနွင့္ မီဂန္တို႔၏ ေနအိမ္သို႔ အနည္းငယ္ ကားေမာင္းသြားရံုျဖင့္ ေရာက္သည္။)

(ေနအိမ္ေနာက္ဘက္မွ ၾကီးမားေသာ ေရကူးကန္ )

(ျခံဝန္းအတြင္း အဆင့္ျမင့္ ေရေျမာင္းစနစ္ပါဝင္ေသာ ခမ္းနားသည့္ ျမင္းစီးကြင္း တစ္ခုလည္း ရွိသည္။)

(ေနအိမ္ကို ၂၀၀၅ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး အိပ္ခန္းထက္ ေရခ်ိဳးခန္းပိုမို မ်ားျပားစြာ ပါဝင္ရာ ေရခ်ဳိးခန္း ၁၄ ခန္း ၊ အိပ္ခန္း ၁၁ ခန္း ျဖစ္သည္။)

(စက္ဝိုင္းသ႑ာန္ စၾကၤန္တြင္ ေရႊေရာင္ တိုင္လံုးမ်ား ၊ အလွဆင္နံရံေဆးေရးပန္းခ်ီမ်ား ေတြ႔ရသည္။)

(ဧည့္ခန္းတြင္ ၾကမ္းျပင္မွ မ်က္ႏွာၾကက္ထိ ျမင့္မားေသာ မွန္တံခါးမ်ား တပ္ဆင္ထားရာ အခန္းအတြင္း အလင္းေရာင္ ေကာင္းစြာရသည္။)

(ျခံဝန္းအတြင္း ဘဲကန္တစ္ခုႏွင့္ ဂ်ပန္ဥယ်ာဥ္တစ္ခုရွိကာ လိပ္ျပာကေလးမ်ား မ်ားစြာ ေတြ႔ရသည္။)

(လူ ၃ ဦးပါ ရုပ္ထု တစ္ခုဆီသို႔ ဦးတည္ေသာ လမ္းကေလး ။)

(အပူပိုင္းမုတ္သံု သစ္ပင္မ်ား ဝန္းပတ္ထားေသာ outdoor ေရစိမ္ကန္တစ္ခု )

Bella Vista Polo Ranch ျခံၾကီးကို ကန္ေဒၚလာ ၅၅ သန္း ေစ်းေခၚထားသည္။

(Bella Vista Polo Ranch ဟု အမည္ေပးထားေသာ ျခံၾကီး၏ အက်ယ္အဝန္းမွာ ဧက ၂၀ ရွိသည္။)

(အဝင္ဂိတ္ဝမွ ယာဥ္ေမာင္းလမ္းအတုိင္း ကားေမာင္းကာ ဝင္လာလွ်င္ ခမ္းနားေသာ ေက်ာက္တံုးေရတံခြန္ တစ္ခုရွိသည့္ ေျမထဲပင္လယ္ ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ စံအိမ္ဆီသို႔ ေရာက္ရွိမည္ျဖစ္သည္။)

(ျမင္းေဇာင္း ၁၇ ခုႏွစ္ ၊ ျမင္းစီးကြင္းတစ္ခုလည္း ပါဝင္သည္။)

ပင္မစံအိမ္တြင္ ဝိုင္ပုလင္း ၅၀၀၀ ဆန္႔ ဝို္င္သိုေလွာင္ခန္းႏွင့္ အရသာျမည္းစမ္းခန္း ၊ ထိုင္ခံု ၂၀ ဆန႔္ရုပ္ရွင္ရံု ၊ အားကစားေလ့က်င့္ေရးခန္းမ ၁ ခုႏွင့္ လူ ၂၀၀ ဆန္႔ ကပြဲခန္းမ တစ္ခုတို႔ျဖင့္ ဖြဲ႔စည္းထားသည္။

(ဤေနအိမ္ပံုမွာ ျဗိတိန္ေတာ္ဝင္မင္းသား ဟယ္ရီနွင့္ ၾကင္ယာေတာ္ မီဂန္မာကယ္တို႔က ရုရွားလုပ္ငန္းရွင္ တစ္ဦးထံမွ ဝယ္ယူထားေသာ ေနအိမ္ျဖစ္ျပီး အိပ္ခန္း ၉ ခန္းႏွင့္ ေရခ်ိဳးခန္း ၁၆ ခန္း ပါဝင္သည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Fit for a Duchess! California mega-mansion for sale for £45MILLION in Montecito Ranch Lane has a putting green, a polo field, and a 5,000 bottle wine cellar - and it's a short drive from Harry and Meghan (dailymail)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
Central Shop House
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service