ကိုယ့်ထူးကိုယ်ချွန် ကြိုးစားမှုဖြင့် ကမ္ဘာ့အချမ်းသာဆုံး ၃ ဦးတွင် ပါဝင်လာသူ အိန္ဒိယ သူဌေးကြီးဂေါသမ်း အဒါနီ၏ စံအိမ်

ကိုယ့်ထူးကိုယ်ချွန် ကြိုးစားမှုဖြင့် ကမ္ဘာ့အချမ်းသာဆုံး ၃ ဦးတွင် ပါဝင်လာသူ အိန္ဒိယ သူဌေးကြီးဂေါသမ်း အဒါနီ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
12 Dec 2022 10:18 am တွင် တင်ခဲ့သည်
2522 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ရဲဝံ့သူများထံ အောင်မြင်မှု ဆိုက်ရောက်လာသည် ဟူသော စကားရှိသည်။ ဂေါသမ်း အဒါနီ၏ ဘဝကို လေ့လာပါကလည်း ထိုစကားမှန်နေသည်။

အိန္ဒိယ သူဌေးကြီး ဂေါသမ်း အဒါနီ၏ ကြွယ်ဝမှုမှာ မကြာသေးမီကာလများက ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်သွားခဲ့ရာ ၁၀၀ ဘီလီယံအထက် ချမ်းသာသူများ စာရင်းတွင် Elon Musk, Jeff Bezos  တို့နှင့်အတူ ပါဝင်သွားသည်။

Forbes မဂ္ဂဇင်းကြီးမှ ဖော်ပြသော အချိန်နှင့်တပြေးညီ ဘီလျံနာစာရင်းတွင် ဂေါသမ်း အဒါနီသည် ကမ္ဘာ့ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည့် ကာလများရှိခဲ့သည်။

၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလ ၁၆ ရက်တွင် အဒါနီ၏ ကြွယ်ဝမှုမှာ ၁၅၅ ဒသမ ၇ ဘီလီယံဒေါ်လာအထိ ရောက်ရှိခဲ့ကာ ကမ္ဘာ့ဒုတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် အဒါနီ၏ ကုမ္ပဏီအုပ်စု၏ ရှယ်ယာဈေးများ ကျဆင်းသွားပြီးနောက် သူ၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁၅၂ ဒသမ ၆ ဘီလီယံသို့ ကျဆင်းသွားခဲ့ရာ အဒါနီမှာ ကမ္ဘာ့တတိယမြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် နေရာသို့ ရောက်ရှိသွားသည်။

 

(ဂေါသမ်း အဒါနီ ။ သေးသေးဖွဲဖွဲ မတွေးသူတစ်ဦး)

အောက်တွင် ဆက်လက်ဖော်ပြမည်မှာ ဂေါသမ်း အဒါနီ၏ နေအိမ်လိပ်စာ ဈေးနှုန်း နှင့် ကြွယ်ဝမှုများအကြောင်းအပြင် သူ၏ ဘဝခရီးတို့ကို ဖော်ပြသွားပါမည်။

(ဂေါသမ်း အဒါနီ၏ နေအိမ်လိပ်စာ)

ဘီလျံနာကြီး အဒါနီသည် နေအိမ်ပေါင်းများစွာ ပိုင်ဆိုင်ထားပြီး နေအိမ်မည်မျှ ပိုင်ဆိုင်ထားသည်ကိုမူ အရေအတွက် အတိအကျ မသိရချေ။

အဒါနီသည် အမီတာဘတ်မြို့တွင် လူနေနှင့် ဈေးရောင်း complex တစ်ခုပိုင်ဆိုင် ထားသည်။

လိပ်စာမှာ

Adani House, Near Mithakhali Crossing, Navrangpura, Ahmedabad-380009, Gujarat, India

 

(အဒါနီ၏ နေအိမ်အပြင်ဘက် မြင်ကွင်း။ ဓာတ်ပုံ- Source: India Times)

ဂေါသမ်း အဒါနီ၏ ဒေလီမြို့ နေအိမ်လိပ်စာ -

Lutyens, Near Bhagwan Das Road, New Delhi, 110030, Delhi, India

 

 

(အဒါနီ၏ ဒေလီမြို့မှ ခမ်းနားသော စံအိမ်။ ဓာတ်ပုံ- Source: Magicbricks)

အဒါနီသည် ဒေလီမြို့တွင်ပင် အခြားအိမ်ခြံမြေ တစ်ခု ပိုင်ဆိုင်ထားသေးရာ လိပ်စာအတိအကျမှာ Plot No. 83, Sector 32, Gurgaon ဖြစ်သည်။

လိပ်စာအတိအကျသိရသော အဆိုပါ အိမ်ခြံမြေ ၃ ခုအပြင် သြစတေးလျနိုင်ငံရှိ Abbot Point ဆိပ်ကမ်းအနီးရှိ နေအိမ်အပါအဝင် ကမ္ဘာတစ်ဝန်းတွင်လည်း အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်။

 

 

(သြစတေးလျနိုင်ငံမှ Abbot Point ဆိပ်ကမ်း။ ဂေါသမ်း အဒါနီက ထိုနေရာတွင် အိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ- Source: Wikipedia)

ဂေါသမ်း အဒါနီ၏ ဒေလီမြို့ စံအိမ်မှာ ရာစုနှစ်တစ်ခုခန့် သက်တမ်းရှိသော ဘန်ဂလိုအိမ်ဖြစ်ပြီး ဒေလီမြို့ Lutyens အရပ်တွင် တည်ရှိသည်။

စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၅၀၀၀ ကျော်ရှိပြီး ဂေါသမ်း အဒါနီ၏ Adani group က ရူပီး သန်း ၄၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

 

(ဂူဂျာရတ်ပြည်နယ်၊ အမီဒါဘက်မြို့ရှိ အဒါနီ၏ ရုံးအဆောက်အအုံ။ ဓာတ်ပုံ- Source: Pkdas.com)

 

(ဂေါသမ်း အဒါနီ၏ ဘဝဖြတ်သန်းမှု။ ကောလိပ်ကျောင်းမှ နှုတ်ထွက်လိုက်ပြီး အိန္ဒိယ၏ အချမ်းသာဆုံးဖြစ်လာခြင်း)

ဂေါသမ်းအဒါနီသည် ကောလိပ်ကျောင်းကို ကျောခိုင်းလိုက်ပြီးနောက် အိန္ဒိယ၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ အာရှတိုက်၏ အချမ်းသာဆုံး၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၃ ဦးစာရင်းတွင် ပါဝင်လာသည်အထိ အဆင့်ဆင့် တိုးတက်မြင့်မားလာခဲ့သည်။

ဂေါသမ်းအဒါနီသည် ကိုယ့်ထူးကိုယ်ချွန်ချမ်းသာလာသူတစ်ဦး ဖြစ်သည်။

ဂေါသမ်းအဒါနီကို မိဘများဖြစ်သော ရှန်တိလာ အဒါနီနှင့် ရှန်တာ အဒါနီတို့မှ အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အမီဒါဘက်မြို့တွင် မွေးဖွားသည်။

ဖခင်မှာ အထည်အလိပ်ကုန်သည်တစ်ဦးဖြစ်သည်။ သို့သော် မိဘ ၂ ပါးအပြင် သားသမီး ၇ ဦးရှိပြီး မိသားစုဝင် ၉ ဦးတွင် ဝင်ငွေရှာနိုင်သူမှာ ဖခင်တစ်ဦးတည်းသာရှိရာ အဒါနီတို့မိသားစုမှာ အမြဲငွေကြေးကျပ်တည်းနေလေ့ ရှိသည်။

အဒါနီသည် ငယ်ရွယ်စဉ်ကတည်းက စီးပွားရေးလောကနှင့် စတင်ထိတွေ့ခဲ့သူ ဖြစ်သည်။ အဒါနီသည် ဒုတိယနှစ်ကျောင်းသားဘဝတွင် ကောလိပ်မှ နှုတ်ထွက်လိုက်ပြီး မွန်ဘိုင်းတွင် စိန်အရည်အသွေး ခွဲသူတစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သည်။

 

နောင် ၂ နှစ်ကျော်ကြာသည့်အခါ အဒါနီသည် ကိုယ်ပိုင် စိန်ပွဲစားလုပ်ငန်း တည်ထောင်ခဲ့သည်။

ယင်းနောက် နှစ်အနည်းငယ်အကြာတွင် အစ်ကိုဖြစ်သူ Mahasukh Adani ၏ ပလတ်စတစ်စက်ရုံတွင် ဝင်ရောက်လုပ်ကိုင်ကာ ကမ္ဘာ့ကုန်သွယ်မှုလောကသို့ စတင်ဝင်ရောက်ခဲ့သည်။

အိန္ဒိယသို့ polyvinyl chloride (သို့မဟုတ်) PVC များ စတင်တင်သွင်းခဲ့သည်။ ဤသည်ကား အဒါနီကို ဘီလျံနာဖြစ်လာစေမည့် ပထမဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်သည်။

(ကြွယ်ဝမှု)

ဂေါသမ်း အဒါနီသည် လက်ရှိအားဖြင့် အိန္ဒိယနှင့် အာရှ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ Adani Group ၏ ဥက္ကဌ ဂေါသမ်း အဒါနီ၏ ကြွယ်ဝမှုမှာ ၂၀၂၂ ခုနှစ်အတွင်း Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ကန်ဒေါ်လာ ၁၅၄ ဒသမ ၆ ဘီလီယံရှိသည်။

အဒါနီသည် တန်ဖိုးကြီးမော်တော်

ကားများနှင့် ကိုယ်ပိုင်ဂျက်လေယာဉ်များလည်း ပိုင်ဆိုင်ထားသည်။

BMW 7 Series မှ မော်တော်ကားတစ်စီး၊ limousine၊ Rolls-Royce Ghost မော်တော်ကား၊ အနီရောင် Ferrari California အစရှိသည်တို့အပြင် အခြားသော မော်တော်ကားများစွာ ရှိသည်။

အဒါနီသည် ဂျက်လေယာဉ်များလည်း ပိုင်ဆိုင်ထားရာ ၂၀၀၉ ခုနှစ်ထုတ် Bombardier Challenger 605၊ ၂၀၁၃ ခုနှစ်ထုတ် Embraer Legacy 650၊ Hawker 850XP ၊ Agusta Westland AW139 ရဟတ်ယာဉ်တို့ အပါအဝင် ဖြစ်သည်။

 

(ဂေါသမ်း အဒါနီပိုင်ဆိုင်သော ဂျက်လေယာဉ်တစ်စင်း။ ဓာတ်ပုံ Source: JetPhotos)

၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ဂေါသမ်း အဒါနီသည် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၃ ဦးစာရင်းတွင် ပါဝင်လာခဲ့သည်။

ဂေါသမ်းအဒါနီသည် ထိုစာရင်းတွင် ပါဝင်နိုင်ခဲ့သည့် ပထမဆုံး အိန္ဒိယနိုင်ငံသား ဖြစ်ရုံမျှမက အဆိုပါစာရင်းတွင် ပါဝင်လာသည့် ပထမဆုံး အာရှတိုက်သားလည်း ဖြစ်သည်။ ဂေါသမ်း အဒါနီသည် ယခုအခါ ကမ္ဘာပေါ်တွင် တတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီ ဖြစ်သည်။

ထိုသို့ တတိယနေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ သူ၏ ကုမ္ပဏီများမှာ ရှယ်ယာဈေးများ တက်သွားသောကြောင့် အဒါနီ၏ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဒသမ ၂၉ ဘီလီယံ မြင့်တက်လာခြင်းကြောင့်လည်း ဖြစ်သည်။

ဂေါသမ်း အဒါနီနှင့် Jeff Bezos တို့နှစ်ဦးအကြား ချမ်းသာမှု ကွာဟချက်မှာ ဒေါ်လာ ၉ သန်းမျှသာ ရှိတော့သည်။

ဂေါသမ်း အဒါနီသည် Louis Vitton ကုမ္ပဏီ၏ ဥက္ကဌ Bernar Arnault ကို ဖြတ်ကျော်ကာ ကမ္ဘာ့တတိယ မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်နေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

Bloomberg ဘီလျံနာညွှန်းကိန်းတွင် ဖော်ပြချက်အရ ဂေါသမ်းအဒါနီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၄၃ ဘီလီယံရှိသည်ဟု ဆိုသည်။

၂၀၂၂ ခုနှစ်အတွင်း အဒါနီ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၆၆ ဒသမ ၂ ဘီလီယံမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဂေါသမ်းအဒါနီသည် အိန္ဒိယဘီလျံနာ မူကက်ရှ် အမ်ဘာနီကို ဖြတ်ကျော်ကာ အိန္ဒိယ၏ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်။

၂၀၂၂ ခုနှစ်၊ ဧပြီလတွင် အဒါနီ၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁၀၀ ဘီလီယံ ကျော်သွားခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Gautam Adani House - Address, Price, Net Worth and More on India’s Richest Man (magicbricks)

 

[Zawgyi]

ကိုယ့္ထူးကိုယ္ခၽြန္ ၾကိဳးစားမႈျဖင့္ ကမၻာ့အခ်မ္းသာဆုံး ၃ ဦးတြင္ ပါဝင္လာသူ အိႏိၵယ သူေဌးၾကီးေဂါသမ္း အဒါနီ၏ စံအိမ္

ရဲဝံ့သူမ်ားထံ ေအာင္ျမင္မႈ ဆိုက္ေရာက္လာသည္ ဟူေသာ စကားရွိသည္။ ေဂါသမ္း အဒါနီ၏ ဘဝကို ေလ့လာပါကလည္း ထိုစကားမွန္ေနသည္။

အိႏိၵယ သူေဌးၾကီး ေဂါသမ္း အဒါနီ၏ ၾကြယ္ဝမႈမွာ မၾကာေသးမီကာလမ်ားက ကန္ေဒၚလာ ၁၀၀ ဘီလီယံ ေက်ာ္သြားခဲ့ရာ ၁၀၀ ဘီလီယံအထက္ ခ်မ္းသာသူမ်ား စာရင္းတြင္ Elon Musk, Jeff Bezos တို႔ႏွင့္အတူ ပါဝင္သြားသည္။

Forbes မဂၢဇင္းၾကီးမွ ေဖာ္ျပေသာ အခ်ိန္ႏွင့္တေျပးညီ ဘီလ်ံနာစာရင္းတြင္ ေဂါသမ္း အဒါနီသည္ ကမၻာ့ဒုတိယေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္ ရပ္တည္ႏိုင္ခဲ့သည့္ ကာလမ်ားရွိခဲ့သည္။

၂၀၂၂ ခုႏွစ္ ၊ စက္တင္ဘာလ ၁၆ ရက္တြင္ အဒါနီ၏ ၾကြယ္ဝမႈမွာ ၁၅၅ ဒသမ ၇ ဘီလီယံေဒၚလာအထိ ေရာက္ရွိခဲ့ကာ ကမၻာ့ဒုတိယေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္အျဖစ္ ရပ္တည္ႏိုင္ခဲ့ျခင္း ျဖစ္သည္။

သို႔ေသာ္ အဒါနီ၏ ကုမၸဏီအုပ္စု၏ ရွယ္ယာေစ်းမ်ား က်ဆင္းသြားျပီးေနာက္ သူ၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၁၅၂ ဒသမ ၆ ဘီလီယံသို႔ က်ဆင္းသြားခဲ့ရာ အဒါနီမွာ ကမၻာ့တတိယေျမာက္ အခ်မ္းသာဆံုး ပုဂၢိဳလ္ ေနရာသို႔ ေရာက္ရွိသြားသည္။

(ေဂါသမ္း အဒါနီ ။ ေသးေသးဖြဲဖြဲ မေတြးသူတစ္ဦး)

ေအာက္တြင္ ဆက္လက္ေဖာ္ျပမည္မွာ ေဂါသမ္း အဒါနီ၏ ေနအိမ္လိပ္စာ ေစ်းႏႈန္း ႏွင့္ ၾကြယ္ဝမႈမ်ားအေၾကာင္းအျပင္ သူ၏ ဘဝခရီးတို႔ကို ေဖာ္ျပသြားပါမည္။

(ေဂါသမ္း အဒါနီ၏ ေနအိမ္လိပ္စာ)

ဘီလ်ံနာၾကီး အဒါနီသည္ ေနအိမ္ေပါင္းမ်ားစြာ ပိုင္ဆိုင္ထားျပီး ေနအိမ္မည္မွ် ပိုင္ဆိုင္ထားသည္ကိုမူ အေရအတြက္ အတိအက် မသိရေခ်။

အဒါနီသည္ အမီတာဘတ္ျမိဳ႕တြင္ လူေနႏွင့္ ေစ်းေရာင္း complex တစ္ခုပိုင္ဆုိင္ ထားသည္။

လိပ္စာမွာ

Adani House, Near Mithakhali Crossing, Navrangpura, Ahmedabad-380009, Gujarat, India

(အဒါနီ၏ ေနအိမ္အျပင္ဘက္ ျမင္ကြင္း။ ဓာတ္ပံု- Source: India Times)

ေဂါသမ္း အဒါနီ၏ ေဒလီျမိဳ႕ ေနအိမ္လိပ္စာ -

Lutyens, Near Bhagwan Das Road, New Delhi, 110030, Delhi, India (အဒါနီ၏ ေဒလီျမိဳ႕မွ ခမ္းနားေသာ စံအိမ္။ ဓာတ္ပံု- Source: Magicbricks)

အဒါနီသည္ ေဒလီျမိဳ႕တြင္ပင္ အျခားအိမ္ျခံေျမ တစ္ခု ပိုင္ဆိုင္ထားေသးရာ လိပ္စာအတိအက်မွာ Plot No. 83, Sector 32, Gurgaon ျဖစ္သည္။

လိပ္စာအတိအက်သိရေသာ အဆိုပါ အိမ္ျခံေျမ ၃ ခုအျပင္ ၾသစေတးလ်ႏိုင္ငံရွိ Abbot Point ဆိပ္ကမ္းအနီးရွိ ေနအိမ္အပါအဝင္ ကမၻာတစ္ဝန္းတြင္လည္း အိမ္ျခံေျမမ်ား ပိုင္ဆုိင္ထားသည္။

(ၾသစေတးလ်ႏိုင္ငံမွ Abbot Point ဆိပ္ကမ္း။ ေဂါသမ္း အဒါနီက ထိုေနရာတြင္ အိမ္တစ္လံုး ပိုင္ဆုိင္ထားသည္။ ဓာတ္ပံု- Source: Wikipedia)

ေဂါသမ္း အဒါနီ၏ ေဒလီျမိဳ႕ စံအိမ္မွာ ရာစုႏွစ္တစ္ခုခန္႔ သက္တမ္းရွိေသာ ဘန္ဂလိုအိမ္ျဖစ္ျပီး ေဒလီျမိဳ႕ Lutyens အရပ္တြင္ တည္ရွိသည္။

စံအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၂၅၀၀၀ ေက်ာ္ရွိျပီး ေဂါသမ္း အဒါနီ၏ Adani group က ရူပီး သန္း ၄၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(ဂူဂ်ာရတ္ျပည္နယ္၊ အမီဒါဘက္ျမိဳ႕ရွိ အဒါနီ၏ ရံုးအေဆာက္အအံု။ ဓာတ္ပံု- Source: Pkdas.com)

(ေဂါသမ္း အဒါနီ၏ ဘဝျဖတ္သန္းမႈ။ ေကာလိပ္ေက်ာင္းမွ ႏႈတ္ထြက္လိုက္ျပီး အိႏိၵယ၏ အခ်မ္းသာဆံုးျဖစ္လာျခင္း)

ေဂါသမ္းအဒါနီသည္ ေကာလိပ္ေက်ာင္းကို ေက်ာခိုင္းလိုက္ျပီးေနာက္ အိႏိၵယ၏ အခ်မ္းသာဆံုးပုဂၢိဳလ္၊ အာရွတိုက္၏ အခ်မ္းသာဆံုး၊ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ ၃ ဦးစာရင္းတြင္ ပါဝင္လာသည္အထိ အဆင့္ဆင့္ တိုးတက္ျမင့္မားလာခဲ့သည္။

ေဂါသမ္းအဒါနီသည္ ကိုယ့္ထူးကိုယ္ခၽြန္ခ်မ္းသာလာသူတစ္ဦး ျဖစ္သည္။

ေဂါသမ္းအဒါနီကို မိဘမ်ားျဖစ္ေသာ ရွန္တိလာ အဒါနီႏွင့္ ရွန္တာ အဒါနီတို႔မွ အိႏိၵယႏုိင္ငံ၊ ဂူဂ်ာရတ္ျပည္နယ္၊ အမီဒါဘက္ျမိဳ႕တြင္ ေမြးဖြားသည္။

ဖခင္မွာ အထည္အလိပ္ကုန္သည္တစ္ဦးျဖစ္သည္။ သို႔ေသာ္ မိဘ ၂ ပါးအျပင္ သားသမီး ၇ ဦးရွိျပီး မိသားစုဝင္ ၉ ဦးတြင္ ဝင္ေငြရွာႏိုင္သူမွာ ဖခင္တစ္ဦးတည္းသာရွိရာ အဒါနီတို႔မိသားစုမွာ အျမဲေငြေၾကးက်ပ္တည္းေနေလ့ ရွိသည္။

အဒါနီသည္ ငယ္ရြယ္စဥ္ကတည္းက စီးပြားေရးေလာကႏွင့္ စတင္ထိေတြ႔ခဲ့သူ ျဖစ္သည္။ အဒါနီသည္ ဒုတိယႏွစ္ေက်ာင္းသားဘဝတြင္ ေကာလိပ္မွ ႏႈတ္ထြက္လိုက္ျပီး မြန္ဘိုင္းတြင္ စိန္အရည္အေသြး ခြဲသူတစ္ဦးအျဖစ္ စတင္လုပ္ကိုင္ခဲ့သည္။

ေနာင္ ၂ ႏွစ္ေက်ာ္ၾကာသည့္အခါ အဒါနီသည္ ကိုယ္ပိုင္ စိန္ပြဲစားလုပ္ငန္း တည္ေထာင္ခဲ့သည္။

ယင္းေနာက္ ႏွစ္အနည္းငယ္အၾကာတြင္ အစ္ကိုျဖစ္သူ Mahasukh Adani ၏ ပလတ္စတစ္စက္ရံုတြင္ ဝင္ေရာက္လုပ္ကိုင္ကာ ကမၻာ့ကုန္သြယ္မႈေလာကသို႔ စတင္ဝင္ေရာက္ခဲ့သည္။

အိႏိၵယသို႔ polyvinyl chloride (သို႔မဟုတ္) PVC မ်ား စတင္တင္သြင္းခဲ့သည္။ ဤသည္ကား အဒါနီကို ဘီလ်ံနာျဖစ္လာေစမည့္ ပထမဆံုးေျခလွမ္းတစ္ခုလည္း ျဖစ္သည္။

(ၾကြယ္ဝမႈ)

ေဂါသမ္း အဒါနီသည္ လက္ရွိအားျဖင့္ အိႏိၵယႏွင့္ အာရွ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္သည္။ Adani Group ၏ ဥကၠဌ ေဂါသမ္း အဒါနီ၏ ၾကြယ္ဝမႈမွာ ၂၀၂၂ ခုႏွစ္အတြင္း Forbes မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ ကန္ေဒၚလာ ၁၅၄ ဒသမ ၆ ဘီလီယံရွိသည္။

အဒါနီသည္ တန္ဖိုးၾကီးေမာ္ေတာ္ကားမ်ားႏွင့္ ကိုယ္ပိုင္ဂ်က္ေလယာဥ္မ်ားလည္း ပိုင္ဆိုင္ထားသည္။

BMW 7 Series မွ ေမာ္ေတာ္ကားတစ္စီး၊ limousine၊ Rolls-Royce Ghost ေမာ္ေတာ္ကား၊ အနီေရာင္ Ferrari California အစရွိသည္တို႔အျပင္ အျခားေသာ ေမာ္ေတာ္ကားမ်ားစြာ ရွိသည္။

အဒါနီသည္ ဂ်က္ေလယာဥ္မ်ားလည္း ပိုင္ဆိုင္ထားရာ ၂၀၀၉ ခုႏွစ္ထုတ္ Bombardier Challenger 605၊ ၂၀၁၃ ခုႏွစ္ထုတ္ Embraer Legacy 650၊ Hawker 850XP ၊ Agusta Westland AW139 ရဟတ္ယာဥ္တို႔ အပါအဝင္ ျဖစ္သည္။

(ေဂါသမ္း အဒါနီပိုင္ဆိုင္ေသာ ဂ်က္ေလယာဥ္တစ္စင္း။ ဓာတ္ပံု Source: JetPhotos) ၂၀၂၂ ခုႏွစ္၊ ၾသဂုတ္လတြင္ ေဂါသမ္း အဒါနီသည္ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္ ၃ ဦးစာရင္းတြင္ ပါဝင္လာခဲ့သည္။

ေဂါသမ္းအဒါနီသည္ ထိုစာရင္းတြင္ ပါဝင္ႏိုင္ခဲ့သည့္ ပထမဆံုး အိႏိၵယႏိုင္ငံသား ျဖစ္ရံုမွ်မက အဆိုပါစာရင္းတြင္ ပါဝင္လာသည့္ ပထမဆံုး အာရွတိုက္သားလည္း ျဖစ္သည္။ ေဂါသမ္း အဒါနီသည္ ယခုအခါ ကမၻာေပၚတြင္ တတိယေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္ေနျပီ ျဖစ္သည္။

ထိုသို႔ တတိယေနရာသို႔ ေရာက္ရွိလာခဲ့ျခင္းမွာ သူ၏ ကုမၸဏီမ်ားမွာ ရွယ္ယာေစ်းမ်ား တက္သြားေသာေၾကာင့္ အဒါနီ၏ ၾကြယ္ဝမႈ ကန္ေဒၚလာ ၅ ဒသမ ၂၉ ဘီလီယံ ျမင့္တက္လာျခင္းေၾကာင့္လည္း ျဖစ္သည္။

ေဂါသမ္း အဒါနီႏွင့္ Jeff Bezos တို႔ႏွစ္ဦးအၾကား ခ်မ္းသာမႈ ကြာဟခ်က္မွာ ေဒၚလာ ၉ သန္းမွ်သာ ရွိေတာ့သည္။

ေဂါသမ္း အဒါနီသည္ Louis Vitton ကုမၸဏီ၏ ဥကၠဌ Bernar Arnault ကို ျဖတ္ေက်ာ္ကာ ကမၻာ့တတိယ ေျမာက္ အခ်မ္းသာဆံုးပုဂၢိဳလ္ေနရာသို႔ ေရာက္ရွိခဲ့ျခင္း ျဖစ္သည္။

Bloomberg ဘီလ်ံနာညႊန္းကိန္းတြင္ ေဖာ္ျပခ်က္အရ ေဂါသမ္းအဒါနီ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၄၃ ဘီလီယံရွိသည္ဟု ဆိုသည္။

၂၀၂၂ ခုႏွစ္အတြင္း အဒါနီ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၆၆ ဒသမ ၂ ဘီလီယံျမင့္တက္လာခဲ့ျခင္း ျဖစ္သည္။

၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ ေဂါသမ္းအဒါနီသည္ အိႏိၵယဘီလ်ံနာ မူကက္ရွ္ အမ္ဘာနီကို ျဖတ္ေက်ာ္ကာ အိႏိၵယ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ျဖစ္လာသည္။

၂၀၂၂ ခုႏွစ္၊ ဧျပီလတြင္ အဒါနီ၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၁၀၀ ဘီလီယံ ေက်ာ္သြားခဲ့သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Gautam Adani House - Address, Price, Net Worth and More on India’s Richest Man (magicbricks)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service