အင်္ဂလန်နိုင်ငံ၊ ဟူးလ်စီးတီးမှ အိပ်ခန်း ၂ ခန်းပါနေအိမ်ကို ပေါင် ၅၀၀၀ (မြန်မာငွေ ၁၂၈ သိန်း) မျှဖြင့် ရောင်းမည်
အင်္ဂလန်နိုင်ငံ၊ ဟူးလ်စီးတီးမှ အိပ်ခန်း ၂ ခန်းပါနေအိမ်ကို ပေါင် ၅၀၀၀ (မြန်မာငွေ ၁၂၈ သိန်း) မျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
9 Dec 2022 10:32 am တွင် တင်ခဲ့သည်
1605 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံ၊ ဟူးလ်စီးတီးမှ အိပ်ခန်း ၂ ခန်းပါနေအိမ်တစ်လုံး ပေါင် ၅၀၀၀ (မြန်မာငွေ ၁၂၈ သိန်း) မျှဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
(မှတ်ချက်။ သတ်မှတ်ငွေလဲနှုန်း ဗြိတိန် ၁ ပေါင်လျှင် မြန်မာကျပ်ငွေ ၂၅၆၉ ကျပ်ဖြင့် တွက်ချက်ထားခြင်းသာ ဖြစ်ပြီး မြေပြင်တွင် ကွာခြားမှုရှိနိုင်ပါသည်)
သို့သော် သင့်အနေဖြင့် မဝယ်မီ နေအိမ်အတွင်းပိုင်းကို ဦးစွာကြည့်လိုလိမ့်မည် ဖြစ်သည်။
ဗိတိုရိယခေတ်နေအိမ်တွင်းရှိ အခန်းများမှာ ကြီးမားကျယ်ဝန်းကာ လင်းလင်းချင်းချင်းရှိရာ ဝယ်ယူမည့်သူ၊ ကံကောင်းသူအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းကောင်းတစ်ခုပင်။
(ရင်းနှီးမြှုပ်နှံရန် အခွင့်အလမ်းကောင်းတစ်ခု။ ဓာတ်ပုံ Credit: Rightmove)
(နေအိမ်၏ ပျက်စီးမှုမှာ မီးဖိုဆောင်ထဲတွင် သိသာသည်။ ဘေးနံရံနှင့် မျက်နှာကြက်တစ်လျှောက်တို့တွင် အက်ကြောင်းများ ထနေသည်။ ဓာတ်ပုံ Credit: Rightmove)
လေလံတင်ရောင်းချမည့် အဖြူရောင်နေအိမ်လေး၏ ပိုင်ရှင်သစ်ဖြစ်လာမည့်သူကို အိမ်ရှေ့ရှိ စည်းရိုးခတ်ထားသော ကြီးမားသည့် ပန်းဥယျာဉ်တစ်ခုက ဆီးကြိုလိမ့်မည် ဖြစ်သည်။
အိမ်ရှေ့တံခါးမှ ဝင်သွားလျှင် ကြီးမားသည့် အဝင်ခန်းမတစ်ခုသို့ ရောက်မည် ဖြစ်သည်။
ကြီးမားသည့် နားနေခန်းတွင် သားနားသော အဆောင်ထုတ်ပြတင်းနှင့် အခန်းအနွေးပေးစနစ်တို့ရှိရာ ခမ်းနားသည့် ဧည့်ခန်းနေရာကို ရရှိစေသည်။
ညစာစားခန်းနေရာမှာ ပိုင်ရှင်သစ်အတွက် ဧည့်သည်များကို ဧည့်ခံကာ နေအိမ်သစ်ကို ထုတ်ကြွားနိုင်မည် ဖြစ်သည်။
သို့သော် ကြီးမားသည့် အားနည်းချက်တစ်ခုကားရှိသည်။
လူမနေသော ဤနေအိမ်မှာ အဆောက်အအုံရုန်းခြင်း (structural movement) ကြောင့် အက်ကြောင်းများ ပေါ်ပေါက်နေပြီး မျက်မြင်အခြေအနေအတိုင်းသာ ရောင်းချမည် ဖြစ်သည်။
အဆောက်အအုံ၏ အလှအပမှာ အပေါ်မှ အောက်ခြေအထိ သိသိသာသာ ထိခိုက်ပျက်စီးနေကြောင်း HullLive သတင်းဌာနက ဖော်ပြသည်။
ထိခိုက်ပျက်စီးမှုမှာ မီးဖိုးဆောင်ထဲတွင် သိသာသည်။ နံရံနှင့် မျက်နှာကြက်တလျှောက်တွင် အက်ကြောင်းများ ရှိနေသည်။
အပေါ်ထပ်တွင်လည်း ပြဿနာများရှိသည်။
အပေါ်ထပ်ရေချိုးခန်းတွင် အိမ်သာနှင့် လက်ဆေးကန်တို့ ပါဝင်ပြီး နံရံ၏ အလှအပမှာ သိသိသာသာ ပျက်စီးနေသည်။
အပေါ်ထပ်တွင် အတော်အတန်ကျယ်ဝန်းသော အိပ်ခန်း ၂ ခန်းလည်း တွေ့ရသည်။
နေအိမ်နောက်ဘက်တွင် အုတ်တံတိုင်းခက်ထားသည့် ကျယ်ဝန်းသော ကွက်လပ်တစ်ခုရှိရာ မြေယာအလှဆင်ခြင်းများ ပြုလုပ်နိုင်သည်။
နေအိမ်သို့ ရေ ၊ မီးနှင့် ဓာတ်ငွေ့ပိုက်လိုင်းများ ဆက်သွယ်ထားသည်ကို တွေ့ရသော်လည်း လက်တွေ့စမ်းသပ်မကြည့်ရသေး။
နေအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံ ၊ အရှေ့ယော့ခ်ရှိုင်းယားပြည်နယ် ၊ ဟူးလ်မြို့ ၊ Lonsdale လမ်းတွင် တည်ရှိသည်။
လာမည့် ဇန်နဝါရီလ ၂၅ ရက်တွင် Hull Ionians RUFC ရပ်ဂ်ဘီကလပ်တွင် လေလံတင်ရောင်းချမည် ဖြစ်သည်။
(မြေယာအလှဆင်ခြင်းများ ပြုလုပ်နိုင်မည့် ခြံနောက်ဖက်ကွက်လပ်။ ဓာတ်ပုံ- Credit: Rightmove)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Two-bedroom house could be yours for just £5,000 – but wait until you see inside (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service