အပျော်စီးသင်္ဘောကြီးပေါ်မှ စတုရန်းပေ ၂၃၇ ကျယ်ဝန်းသည့်အခန်းများကို ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူကာ ပင်လယ်ပြင်တွင် အမြဲနေထိုင်နိုင်မည့် အခွင့်အရေး

အပျော်စီးသင်္ဘောကြီးပေါ်မှ စတုရန်းပေ ၂၃၇ ကျယ်ဝန်းသည့်အခန်းများကို ဒေါ်လာ ၁ သန်းဖြင့် ဝယ်ယူကာ ပင်လယ်ပြင်တွင် အမြဲနေထိုင်နိုင်မည့် အခွင့်အရေး - Property News in Myanmar from iMyanmarHouse.com
9 Dec 2022 9:54 am တွင် တင်ခဲ့သည်
810 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အကယ်၍ သင်သည် ပင်လယ်ပြင်တွင် ကာလကြာရှည်နေထိုင်ကာ ကမ္ဘာပတ်လိုသည့် စိတ်ကူးအိပ်မက်ရှိသူ ဆိုပါက ယခုအခါ ဒေါ်လာ ၁ သန်းဖြင့် သင့်အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည့် အခွင့်အရေးတစ်ခု ပေါ်လာပြီ ဖြစ်သည်။

Storylines အမည်ရှိ ကုမ္ပဏီက အထပ်ပေါင်း ၁၈ ထပ်ပါဝင်သည့် MV Narrative အမည်ရှိသော အပျော်စီးလူနေသင်္ဘောကြီးတစ်စင်း တည်ဆောက်လျက်ရှိသည်။

 

ယင်းကုမ္ပဏီ၏ ပထမဆုံး လူနေသင်္ဘောကြီးလည်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း အဆုံးစမဲ့ ရွက်လွှင့်မည် ဖြစ်သည်။

အဆိုပါသင်္ဘောကြီးနှင့် နေထိုင်မည့်သူပေါင်း ၁၀၀၀ ခန့်၏ တမူထူးသော တသက်တာ ခရီးရှည်ကြီးမှာ ၂၀၂၅ ခုနှစ်အထိ ထွက်နိုင်ဦးမည်ကား မဟုတ်သေး။

 

သို့သော် သင်္ဘောကြီးပေါ်ရှိ ကွန်ဒိုခန်းပေါင်း ၅၄၇ ခန်းမှာ စိတ်ဝင်စားနေကြသော ဝယ်လက်တို့၏ နှလုံးသားများနှင့် ပိုက်ဆံအိတ်များကို ဖမ်းစားထားလျက်ရှိသည်။

Narrative သင်္ဘောကြီး၏ အချို့အထပ်များမှာ အခန်းအားလုံးနီးပါး ရောင်းထွက်သွားပြီဖြစ်ကြောင်း Storylines ၏ ဈေးကွက်ရှာဖွေရေးဒုတိယဥက္ကဌ Katie Drew-Jensen က Insider သတင်းဌာနသို့ ပြောသည်။

 

အလျား ၇၄၁ ပေရှိသော အပျော်စီးသင်္ဘောကြီးတွင် ၂၃၇ စတုရန်းပေ ကျယ်ဝန်းသော ဒေါ်လာ ၁ သန်းတန် စတူဒီယိုခန်းမှသည် ၁၉၇၀ စတုရန်းပေကျယ်ဝန်းကာ အိပ်ခန်း ၄ ခန်းပါဝင်ပြီး အထပ် ၂ ထပ်တွင် ဖြန့်ကျက်တည်ရှိသည့် ဒေါ်လာ ၈ သန်းတန် ခမ်းနားသောအခန်းမျိုးအထိ ဖွဲ့စည်းထားသည်။

 

စတုရန်းပေ ၂၃၇ ကျယ်ဝန်းသောအခန်းတွင် ပစ္စည်းထားသိုရန်နေရာများ၊ အဝတ်ဗီရိုတစ်ခု၊ နံရံကပ် ရုပ်မြင်သံကြားစက်တစ်လုံးတို့ ပါဝင်ကြောင်း Storyline ၏ ကြော်ငြာတွင် ဖော်ပြသည်။

အဆိုပါအခန်းတွင် အိပ်ခန်းအတွက် queen-size အရွယ်အစားရှိ Murphy အိပ်ယာကို ထည့်သွင်းပေးထားသည်။

 

အသုံးမပြုချိန်တွင် အိပ်ယာကို နံရံထဲတွင် ထည့်သွင်းထားနိုင်သည်။

သင်္ဘောပေါ်မှ WiFi ဖြင့် Work from home အလုပ်လုပ်မည့်သူများအနေဖြင့် သင်္ဘောပေါ်မှ workspace ကို အသုံးပြုနိုင်သကဲ့သို့ သီးသန့်ရုံးခန်းလည်း ငှားရမ်းနိုင်သည်။

 

မိမိအခန်းမှသာ အလုပ်လုပ်လိုသူများအနေဖြင့်လည်း အိပ်ယာဘေးတွင် ထားရှိပေးထားသော စားပွဲ၊ ကုလားထိုင် ၂ လုံးတို့ကို အသုံးပြုကာ အလုပ်လုပ်နိုင်သည်။

အခန်းအတွင်း အရက်ဘားငယ်တစ်ခု ပါဝင်ပြီး လူနေနေရာနှင့် ရေချိုးခန်းကြားတွင် တည်ရှိသည်။

 

ရေစိမ်ကန်မပါဝင်သော်လည်း ရေချိုးခန်းအတွင်း ထည့်သွင်းပေးထားသည့် ခေတ်မီပရိဘောဂများမှာ ကုန်းပေါ် မှ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိ ကွန်ဒိုခန်း၏ ရေချိုးခန်းနှင့် ကောင်းစွာယှဉ်နိုင်စွမ်းရှိသည်။

သေးငယ်သော စတူဒီယိုခန်းကလေးတစ်ခုအတွက် ဒေါ်လာ ၁ သန်းဟူသော ဈေးနှုန်းကို များပြားသည်ဟု ထင်သူများ ရှိနိုင်ပါသည်။

 

အမေရိကန်ပြည်ထောင်စုတွင် ဒေါ်လာ ၁ သန်းပေးလျှင် စတုရန်းပေ ၂၆၂၄ ကျယ်ဝန်းသော အိမ်တစ်လုံး ရနိုင်ကြောင်း Zillow အိမ်ခြံမြေဝက်ဘ်ဆိုက်မှ အချက်အလက်များအရ သိနိုင်သည်။

 

စတူဒီယိုခန်း၏ ဈေးနှုန်းအပြင် လစဉ်နေထိုင်စရိတ်အဖြစ် လူတစ်ဦးလျှင် ဒေါ်လာ ၂၆၀၀ ခန့် ပေးရဦးမည်ဟု ဆိုသည်။

အထက်ပါ အခန်းဈေးနှုန်း ဒေါ်လာ ၁ သန်းနှင့် လစဉ်ကြေးတို့ပေးခြင်းအတွက် ပင်လယ်ပြင်တွင် အိမ်တစ်လုံး ရှိရုံသာသာမျှကား မဟုတ်ချေ။

 

Narrative သင်္ဘောကြီးပေါ်တွင် နေထိုင်မည့်သူအတွက် သင်္ဘော၏ စားသောက်ဆိုင်နှင့် အရက်ဘားပေါင်း ၂၀ ခန့်တွင် နေ့စဉ်စားစရိတ် သောက်စရိတ်များအားလုံး ပါဝင်ပြီးဖြစ်သည်။

 

ထို့အပြင် သင်္ဘောပေါ်ရှိ ကျန်းမာရေးဝန်ထမ်း၊ ရေကူးကန်၊ ရေကစားရန်နေရာ အစရှိသည်များအပြင် ဘိုးလင်း ကစားရန်နေရာတစ်ခု၊ စတုရန်းပေ ၁၀၀၀၀ ရှိ အားကစားလေ့ကျင့်ရေးနေရာ အစရှိသည်တို့မှာ Narrative သင်္ဘောကြီးပေါ်ရှိ များစွာသော Facility များအနက် အချို့ကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။

Storyline ၏ ထုတ်ပြန်ချက်အရ ပင်လယ်ပြင်တွင် အကြီးမားဆုံးသော အားကစားလေ့ကျင့်ရေးခန်းမ ဖြစ်သည် ဟု ဆိုသည်။

 

သင်္ဘောကြီးပေါ်တွင် အခန်းဝယ်ကာနေထိုင်မည့်သူများသည် ကမ္ဘာ့မြို့ကြီးများဖြစ်သော တူရကီနိုင်ငံ အစ္စတန်ဘူလ်၊ မွန်တီနီဂရိုးမှ Kotor နှင့် အီတလီမှ Palermo မြို့ကြီးများအပါအဝင်အခြား ကမ္ဘာ့မြို့ကြီးများသို့ ရောက်ရှိမည် ဖြစ်သည်။

အခန်းကျဉ်းလေးတစ်ခုအတွက် ဒေါ်လာ တစ်သန်းပေးရသည်မှာ များသည်ဟု ထင်ရနိုင်ပါသည်။

 

သို့သော် ကမ္ဘာ့နိုင်ငံများစွာသို့ အမြဲခရီးထွက်နေလိုသူများအတွက်မူ ဇိမ်ခံအပျော်စီးသင်္ဘောကြီးပေါ်တွင် နေထိုင်ရင်း ကမ္ဘာပတ်ရသည်မှာ ပေးရသည့် တစ်ဒေါ်လာချင်းစီအတွက် ထိုက်တန်ပါသည်။

 

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A luxury cruise ship will allow residents to permanently live at sea. See inside its 237-square-foot studios selling for $1 million. (businessinsider)

 

 

[Zawgyi]

အေပ်ာ္စီးသေဘၤာၾကီးေပၚမွ စတုရန္းေပ ၂၃၇ က်ယ္ဝန္းသည့္အခန္းမ်ားကို ေဒၚလာ ၁ သန္းျဖင့္ ဝယ္ယူကာ ပင္လယ္ျပင္တြင္ အျမဲေနထိုင္ႏိုင္မည့္ အခြင့္အေရး

 

အကယ္၍ သင္သည္ ပင္လယ္ျပင္တြင္ ကာလၾကာရွည္ေနထုိင္ကာ ကမၻာပတ္လိုသည့္ စိတ္ကူးအိပ္မက္ရွိသူ ဆိုပါက ယခုအခါ ေဒၚလာ ၁ သန္းျဖင့္ သင့္အိပ္မက္ကို အေကာင္အထည္ေဖာ္ႏိုင္မည့္ အခြင့္အေရးတစ္ခု ေပၚလာျပီ ျဖစ္သည္။

Storylines အမည္ရွိ ကုမၸဏီက အထပ္ေပါင္း ၁၈ ထပ္ပါဝင္သည့္ MV Narrative အမည္ရွိေသာ အေပ်ာ္စီးလူေနသေဘၤာၾကီးတစ္စင္း တည္ေဆာက္လ်က္ရွိသည္။

ယင္းကုမၸဏီ၏ ပထမဆံုး လူေနသေဘၤာၾကီးလည္းျဖစ္ျပီး ကမၻာတစ္ဝန္း အဆံုးစမဲ့ ရြက္လႊင့္မည္ ျဖစ္သည္။

အဆိုပါသေဘၤာၾကီးႏွင့္ ေနထိုင္မည့္သူေပါင္း ၁၀၀၀ ခန္႔၏ တမူထူးေသာ တသက္တာ ခရီးရွည္ၾကီးမွာ ၂၀၂၅ ခုႏွစ္အထိ ထြက္ႏိုင္ဦးမည္ကား မဟုတ္ေသး။

သို႔ေသာ္ သေဘၤာၾကီးေပၚရွိ ကြန္ဒိုခန္းေပါင္း ၅၄၇ ခန္းမွာ စိတ္ဝင္စားေနၾကေသာ ဝယ္လက္တို႔၏ ႏွလံုးသားမ်ားႏွင့္ ပိုက္ဆံအိတ္မ်ားကို ဖမ္းစားထားလ်က္ရွိသည္။

Narrative သေဘၤာၾကီး၏ အခ်ဳိ႕အထပ္မ်ားမွာ အခန္းအားလံုးနီးပါး ေရာင္းထြက္သြားျပီျဖစ္ေၾကာင္း Storylines ၏ ေစ်းကြက္ရွာေဖြေရးဒုတိယဥကၠဌ Katie Drew-Jensen က Insider သတင္းဌာနသို႔ ေျပာသည္။

အလ်ား ၇၄၁ ေပရွိေသာ အေပ်ာ္စီးသေဘၤာၾကီးတြင္ ၂၃၇ စတုရန္းေပ က်ယ္ဝန္းေသာ ေဒၚလာ ၁ သန္းတန္ စတူဒီယိုခန္းမွသည္ ၁၉၇၀ စတုရန္းေပက်ယ္ဝန္းကာ အိပ္ခန္း ၄ ခန္းပါဝင္ျပီး အထပ္ ၂ ထပ္တြင္ ျဖန္႔က်က္တည္ရွိသည့္ ေဒၚလာ ၈ သန္းတန္ ခမ္းနားေသာအခန္းမ်ဳိးအထိ ဖြဲ႔စည္းထားသည္။

စတုရန္းေပ ၂၃၇ က်ယ္ဝန္းေသာအခန္းတြင္ ပစၥည္းထားသိုရန္ေနရာမ်ား၊ အဝတ္ဗီရိုတစ္ခု၊ နံရံကပ္ ရုပ္ျမင္သံၾကားစက္တစ္လံုးတို႔ ပါဝင္ေၾကာင္း Storyline ၏ ေၾကာ္ျငာတြင္ ေဖာ္ျပသည္။

အဆိုပါအခန္းတြင္ အိပ္ခန္းအတြက္ queen-size အရြယ္အစားရွိ Murphy အိပ္ယာကို ထည့္သြင္းေပးထားသည္။

အသံုးမျပဳခ်ိန္တြင္ အိပ္ယာကို နံရံထဲတြင္ ထည့္သြင္းထားႏိုင္သည္။

သေဘၤာေပၚမွ WiFi ျဖင့္ Work from home အလုပ္လုပ္မည့္သူမ်ားအေနျဖင့္ သေဘၤာေပၚမွ workspace ကို အသံုးျပဳႏိုင္သကဲ့သို႔ သီးသန္႔ရံုးခန္းလည္း ငွားရမ္းႏိုင္သည္။

မိမိအခန္းမွသာ အလုပ္လုပ္လိုသူမ်ားအေနျဖင့္လည္း အိပ္ယာေဘးတြင္ ထားရွိေပးထားေသာ စားပြဲ၊ ကုလားထိုင္ ၂ လံုးတို႔ကို အသံုးျပဳကာ အလုပ္လုပ္ႏိုင္သည္။

အခန္းအတြင္း အရက္ဘားငယ္တစ္ခု ပါဝင္ျပီး လူေနေနရာႏွင့္ ေရခ်ဳိးခန္းၾကားတြင္ တည္ရွိသည္။

ေရစိမ္ကန္မပါဝင္ေသာ္လည္း ေရခ်ဳိးခန္းအတြင္း ထည့္သြင္းေပးထားသည့္ ေခတ္မီပရိေဘာဂမ်ားမွာ ကုန္းေပၚ မွ ေဒၚလာသန္းေပါင္းမ်ားစြာတန္ေၾကးရွိ ကြန္ဒိုခန္း၏ ေရခ်ဳိးခန္းႏွင့္ ေကာင္းစြာယွဥ္ႏိုင္စြမ္းရွိသည္။

ေသးငယ္ေသာ စတူဒီယိုခန္းကေလးတစ္ခုအတြက္ ေဒၚလာ ၁ သန္းဟူေသာ ေစ်းႏႈန္းကို မ်ားျပားသည္ဟု ထင္သူမ်ား ရွိႏိုင္ပါသည္။ အေမရိကန္ျပည္ေထာင္စုတြင္ ေဒၚလာ ၁ သန္းေပးလွ်င္ စတုရန္းေပ ၂၆၂၄ က်ယ္ဝန္းေသာ အိမ္တစ္လံုး ရႏိုင္ေၾကာင္း Zillow အိမ္ျခံေျမဝက္ဘ္ဆိုက္မွ အခ်က္အလက္မ်ားအရ သိႏိုင္သည္။

စတူဒီယိုခန္း၏ ေစ်းႏႈန္းအျပင္ လစဥ္ေနထိုင္စရိတ္အျဖစ္ လူတစ္ဦးလွ်င္ ေဒၚလာ ၂၆၀၀ ခန္႔ ေပးရဦးမည္ဟု ဆိုသည္။ အထက္ပါ အခန္းေစ်းႏႈန္း ေဒၚလာ ၁ သန္းႏွင့္ လစဥ္ေၾကးတို႔ေပးျခင္းအတြက္ ပင္လယ္ျပင္တြင္ အိမ္တစ္လံုး ရွိရံုသာသာမွ်ကား မဟုတ္ေခ်။

Narrative သေဘၤာၾကီးေပၚတြင္ ေနထုိင္မည့္သူအတြက္ သေဘၤာ၏ စားေသာက္ဆိုင္ႏွင့္ အရက္ဘားေပါင္း ၂၀ ခန္႔တြင္ ေန႔စဥ္စားစရိတ္ ေသာက္စရိတ္မ်ားအားလံုး ပါဝင္ျပီးျဖစ္သည္။ ထို႔အျပင္ သေဘၤာေပၚရွိ က်န္းမာေရးဝန္ထမ္း၊ ေရကူးကန္၊ ေရကစားရန္ေနရာ အစရွိသည္မ်ားအျပင္ ဘိုးလင္း ကစားရန္ေနရာတစ္ခု၊ စတုရန္းေပ ၁၀၀၀၀ ရွိ အားကစားေလ့က်င့္ေရးေနရာ အစရွိသည္တို႔မွာ Narrative သေဘၤာၾကီးေပၚရွိ မ်ားစြာေသာ Facility မ်ားအနက္ အခ်ဳိ႕ကိုသာ ေဖာ္ျပျခင္းျဖစ္ပါသည္။

Storyline ၏ ထုတ္ျပန္ခ်က္အရ ပင္လယ္ျပင္တြင္ အၾကီးမားဆံုးေသာ အားကစားေလ့က်င့္ေရးခန္းမ ျဖစ္သည္ ဟု ဆိုသည္။

သေဘၤာၾကီးေပၚတြင္ အခန္းဝယ္ကာေနထိုင္မည့္သူမ်ားသည္ ကမၻာ့ျမိဳ႕ၾကီးမ်ားျဖစ္ေသာ တူရကီႏိုင္ငံ အစၥတန္ဘူလ္၊ မြန္တီနီဂရိုးမွ Kotor ႏွင့္ အီတလီမွ Palermo ျမိဳ႕ၾကီးမ်ားအပါအဝင္အျခား ကမၻာ့ျမိဳ႕ၾကီးမ်ားသို႔ ေရာက္ရွိမည္ ျဖစ္သည္။

အခန္းက်ဥ္းေလးတစ္ခုအတြက္ ေဒၚလာ တစ္သန္းေပးရသည္မွာ မ်ားသည္ဟု ထင္ရႏိုင္ပါသည္။

သို႔ေသာ္ ကမၻာ့ႏိုင္ငံမ်ားစြာသို႔ အျမဲခရီးထြက္ေနလိုသူမ်ားအတြက္မူ ဇိမ္ခံအေပ်ာ္စီးသေဘၤာၾကီးေပၚတြင္ ေနထိုင္ရင္း ကမၻာပတ္ရသည္မွာ ေပးရသည့္ တစ္ေဒၚလာခ်င္းစီအတြက္ ထိုက္တန္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A luxury cruise ship will allow residents to permanently live at sea. See inside its 237-square-foot studios selling for $1 million. (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
Central Shop House
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service