ရောင်စုံပန်းများ၊ ပျားပိတုန်းများနှင့် ရောင်စုံလိပ်ပြာ‌လေးများရဲ့ကမ္ဘာ၊ တန်ကွီဇောင် ပန်းရွာ

ရောင်စုံပန်းများ၊ ပျားပိတုန်းများနှင့် ရောင်စုံလိပ်ပြာ‌လေးများရဲ့ကမ္ဘာ၊ တန်ကွီဇောင် ပန်းရွာ - Property News in Myanmar from iMyanmarHouse.com
8 Dec 2022 11:24 am တွင် တင်ခဲ့သည်
961 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဗီယက်နမ်နိုင်ငံတောင်ပိုင်း ကမ္ဘောဒီးယားနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မဲခေါင်မြစ်ဝှမ်းဒေသ Dong Thap ပြည်နယ်၊ Sa Dec မြို့တွင် ကမ္ဘာကျော် တန်ကွီဇောင် ပန်းရွာလေး တည်ရှိသည်။

မြေသြဇာကောင်းမွန်သော နုန်းမြေတို့ ပို့ချသည့် Tien မြစ်ကမ်းဘေးတွင် ပန်းရွာလေး တည်ရှိခြင်းဖြစ်သည်။

မကြာသေးမီနှစ်များအတွင်း မဲခေါင်မြစ်ကြောင်းခရီးစဉ်ဖြင့် ခရီးထွက်ကြသည့် ကမ္ဘာလှည့်ခရီးသည်များအတွက် တန်ကွီဇောင်ရွာလေးမှာ ကမ္ဘာလှည့်ခရီးသည်များ အထူးနှစ်သက်သဘောကျသည့်နေရာတစ်ခု ဖြစ်လာသည်။

အထူးသဖြင့် ပန်းများရောင်စုံဖူးပွင့်ဝေဆာလေ့ရှိသည့် နှစ်ကုန်ပိုင်းလများတွင် တန်ကွီဇောင်ရွာလေးသည် ကမ္ဘာလှည့်ခရီးသည်များကို ညှို့ယူဖမ်းစားလေ့ရှိသည်။

 

 

(ဗီယက်နမ်နိုင်ငံ၊ မဲခေါင်မြစ်အတွင်း ခရီးထွက်မည်ဆိုလျှင် မဖြစ်မနေလည်ပတ်သင့်သည့် တန်ကွီဇောင် ရွာလေး)

 

တန်ကွီဇောင်ပန်းရွာလေး၏ စုစုပေါင်းအကျယ်အဝန်းမှာ ဟက်တာ ၆၀ ခန့်ရှိပြီး အိမ်ထောင်စု ၆၀၀ ခန့် နေထိုင်ကြကာ အလှပန်းပင်များနှင့် ပန်းများစိုက်ပျိုးကြသည်။

မကြာသေးမီနှစ်များအတွင်း တန်ကွီဇောင်၏ နယ်နိမိတ်သည် ဝန်းကျင်ဒေသများအထိ ဖြန့်ကျက်သွားပြီး ပန်းစိုက်သူပမာဏမှာ ၁၅၀၀ ကျော်အထိ တိုးမြင့်လာခဲ့သည်။

တန်ကွီဇောင်ရွာလေးတွင် မရေမတွက်နိုင်အောင် အမျိုးအစားစုံလင်လှသော ပန်းများကို တွေ့ရမည် ဖြစ်သည်။

 

 

အခြားဒေသများမှ ပန်းဥယျာဉ်များနှင့် ကွဲပြားသည့်အချက်မှာ ပန်းပင်များကို တူးမြောင်းများဘေးရှိ ကုန်းမြင့်ဘောင်များတွင် စိုက်ပျိုးထားရှိခြင်းဖြစ်သည်။

ပန်းစိုက်သမားများအနေဖြင့် ပန်းများကို ပြုစုရန် လှေများဖြင့်သွားလာကြရသည်။

လှပစွာဝေဆာဖူးပွင့်သော ပန်းကလေးများရရှိလာရန် ဒေသခံပန်းစိုက်သမားတို့ မည်မျှ ခက်ခဲစွာ အလုပ်လုပ်ကြရသည်ကို သင်လာရောက်လည်ပတ်ချိန်တွင် တွေ့မြင်လာရမည် ဖြစ်သည်။

 

 

(ပန်းများပြုစုပျိုးထောင်ရန် ပန်းစိုက်သမားတို့မှာ ခက်ခဲစွာကြိုးကြိုးစားစားလုပ်ကိုင်ကြရသည်)

 

တန်ကွီဇောင်သည် ဗီယက်နမ်နိုင်ငံအနောက်တောင်ပိုင်းတွင် အကျော်ကြားဆုံး ပန်းရွာများ၌ တစ်ခုအပါအဝင် ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း တန်ကွီဇောင် ပန်းရွာကလေးမှ ပန်းမျိုးစုံကို မဲခေါင်မြစ်ဝှမ်းရှိ ဝန်းကျင်နယ်ပယ်များသို့ ဖြန့်ဖြူးပေးသည့်အပြင် တခါတရံတွင် ပြည်ပသို့ပါ တင်ပို့ ရောင်းချသည်။

ဤပန်းရွာလေးသို့ သွားရောက်လည်ပတ်မည်ဆိုပါက သင်သည် ရောင်စုံပန်းများ၊ ပျားပိတုန်းများ၊ လှပသော လိပ်ပြာလေးများကြားထဲတွင် နစ်မြောယစ်မူးပျောက်ဆုံးသွားရသကဲ့သို့ ခံစားရစေမည် ဖြစ်သည်။

 

ဘဝင်ခိုက်ဖွယ် ပန်းရနံ့တို့ကလည်း သင်၏စိတ်နှလုံးကို သိမ်းကျုံးထားလိမ့်မည် ဖြစ်သည်။

တစ်နှစ်တာ၏ မည်သည့်အချိန်တွင်မဆို လာရောက်လည်ပတ်နိုင်ပါသည်။ အံ့အားသင့်ဖွယ် ရောင်စုံဖူးပွင့် နေသော ပန်းများကို တွေ့ရနိုင်သည့် အခွင့်အလမ်းအမြဲရှိပါသည်။

 

မဲခေါင်မြစ်ကြောင်းခရီးစဉ်

 

 

(ပန်းများ၊ ပျားပိတုန်းများ၊ လှပသော လိပ်ပြာလေးများ၏ကမ္ဘာထဲတွင် မိမိကိုယ်ကို ပျောက်ဆုံးသွားရသကဲ့သို့ ခံစားရစေမည်ဖြစ်သည်)

နံနက်ခင်းတွင် စက်ဘီးစီးရန် နှစ်သက်သူများအနေဖြင့် စက်ဘီးတစ်စီးငှားရမ်းနိုင်ပါသည်။ အကယ်၍ သင်သည် စကားပြောကောင်းသူတစ်ဦးဖြစ်ပါက ရွာခံတစ်ဦးထံမှ အခကြေးငွေ မပေးရဘဲပင်လျှင် စက်ဘီးငှားရမ်း ရရှိနိုင်သည်။

 

သစ်ရွက်ကြွေများ ဖုံးလွှမ်းသော လမ်းငယ်လေးများကို စက်ဘီးဖြေးဖြေးနင်းရင်း ရောင်စုံပန်းများ၏နောက်တွင် ဆောက်လုပ်ထားသည့် ချစ်စဖွယ်အိမ်ငယ်လေးများကို တစေ့တစောင်း အကဲခတ်နိုင်ပါသည်။

၁၀ မိနစ်ခန့် စက်ဘီးစီးလိုက်လျှင် ချောင်းငယ်လေးတစ်ခုသို့ ရောက်ရှိမည် ဖြစ်သည်။

ချောင်းငယ်လေးသည် အပြောကျယ်သော စပါးခင်းများအကြား တသွင်သွင်စီးဆင်းနေရာ ရင်သပ်ရှုမောဖွယ် သဘာဝပန်းချီကားကြီးတစ်ခုအလား ဖြစ်ပါသည်။

 

 

(ရွာထဲသို့ စက်ဘီးဖြင့် လှည့်ပတ်ကြည့်ရှုပါ။ မဲခေါင်မြစ်ကြောင်းခရီးစဉ်မှ စိတ်ဝင်စားဖွယ် အတွေ့အကြုံတစ်ခုဟု ဆိုနိုင်သည်)

ရုံးပိတ်ရက်ရှည်ကာလများတွင် တန်ကွီဇောင်ရွာလေးသို့ ကမ္ဘာလှည့်ခရီးသည်များနှင့် ဓာတ်ပုံသမားများ လာရောက်လည်ပတ်လေ့ရှိကြသည်။

မဲခေါင်မြစ်ကြောင်း အပျော်စီးသင်္ဘောအချို့၏ ခရီးစဉ်တွင် တန်ကွီဇောင်ကို ထည့်သွင်းထားရာ သင့်အနေဖြင့် မဲခေါင်မြစ်ဝှမ်းရှိ အခြားထင်ရှားသော နေရာများအပြင် နာမည်ကြီး ပန်းရွာကလေးများကိုပါ လည်ပတ်နိုင်မည် ဖြစ်သည်။

 

 

 

 

 

 

 

 

 

 

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mekong River trip – visit Tan Quy Dong flower village(luxurycruisemekong)

 

 

 

[Zawgyi]

ေရာင္စံုပန္းမ်ား၊ ပ်ားပိတုန္းမ်ားႏွင့္ ေရာင္စံုလိပ္ျပာ‌ေလးမ်ားရဲ႕ကမၻာ၊ တန္ကြီေဇာင္ ပန္းရြာ

 

ဗီယက္နမ္ႏိုင္ငံေတာင္ပိုင္း ကေမၻာဒီးယားႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ မဲေခါင္ျမစ္ဝွမ္းေဒသ Dong Thap ျပည္နယ္၊ Sa Dec ျမိဳ႕တြင္ ကမၻာေက်ာ္ တန္ကြီေဇာင္ ပန္းရြာေလး တည္ရွိသည္။

ေျမၾသဇာေကာင္းမြန္ေသာ ႏုန္းေျမတို႔ ပို႔ခ်သည့္ Tien ျမစ္ကမ္းေဘးတြင္ ပန္းရြာေလး တည္ရွိျခင္းျဖစ္သည္။

မၾကာေသးမီႏွစ္မ်ားအတြင္း မဲေခါင္ျမစ္ေၾကာင္းခရီးစဥ္ျဖင့္ ခရီးထြက္ၾကသည့္ ကမၻာလွည့္ခရီးသည္မ်ားအတြက္ တန္ကြီေဇာင္ရြာေလးမွာ ကမၻာလွည့္ခရီးသည္မ်ား အထူးႏွစ္သက္သေဘာက်သည့္ေနရာတစ္ခု ျဖစ္လာသည္။

အထူးသျဖင့္ ပန္းမ်ားေရာင္စံုဖူးပြင့္ေဝဆာေလ့ရွိသည့္ ႏွစ္ကုန္ပိုင္းလမ်ားတြင္ တန္ကြီေဇာင္ရြာေလးသည္ ကမၻာလွည့္ခရီးသည္မ်ားကို ညွိဳ႕ယူဖမ္းစားေလ့ရွိသည္။

 

(ဗီယက္နမ္ႏိုင္ငံ၊ မဲေခါင္ျမစ္အတြင္း ခရီးထြက္မည္ဆိုလွ်င္ မျဖစ္မေနလည္ပတ္သင့္သည့္ တန္ကီြေဇာင္ ရြာေလး)

 

တန္ကီြေဇာင္ပန္းရြာေလး၏ စုစုေပါင္းအက်ယ္အဝန္းမွာ ဟက္တာ ၆၀ ခန္႔ရွိျပီး အိမ္ေထာင္စု ၆၀၀ ခန္႔ ေနထုိင္ၾကကာ အလွပန္းပင္မ်ားႏွင့္ ပန္းမ်ားစိုက္ပ်ဳိးၾကသည္။

မၾကာေသးမီႏွစ္မ်ားအတြင္း တန္ကီြေဇာင္၏ နယ္နိမိတ္သည္ ဝန္းက်င္ေဒသမ်ားအထိ ျဖန္႔က်က္သြားျပီး ပန္းစိုက္သူပမာဏမွာ ၁၅၀၀ ေက်ာ္အထိ တိုးျမင့္လာခဲ့သည္။

တန္ကြီေဇာင္ရြာေလးတြင္ မေရမတြက္ႏိုင္ေအာင္ အမ်ဳိးအစားစံုလင္လွေသာ ပန္းမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

အျခားေဒသမ်ားမွ ပန္းဥယ်ာဥ္မ်ားႏွင့္ ကြဲျပားသည့္အခ်က္မွာ ပန္းပင္မ်ားကို တူးေျမာင္းမ်ားေဘးရွိ ကုန္းျမင့္ေဘာင္မ်ားတြင္ စိုက္ပ်ဳိးထားရွိျခင္းျဖစ္သည္။

ပန္းစိုက္သမားမ်ားအေနျဖင့္ ပန္းမ်ားကို ျပဳစုရန္ ေလွမ်ားျဖင့္သြားလာၾကရသည္။

လွပစြာေဝဆာဖူးပြင့္ေသာ ပန္းကေလးမ်ားရရွိလာရန္ ေဒသခံပန္းစိုက္သမားတို႔ မည္မွ် ခက္ခဲစြာ အလုပ္လုပ္ၾကရသည္ကို သင္လာေရာက္လည္ပတ္ခ်ိန္တြင္ ေတြ႔ျမင္လာရမည္ ျဖစ္သည္။

 

(ပန္းမ်ားျပဳစုပ်ဳိးေထာင္ရန္ ပန္းစိုက္သမားတို႔မွာ ခက္ခဲစြာၾကိဳးၾကိဳးစားစားလုပ္ကိုင္ၾကရသည္)

တန္ကြီေဇာင္သည္ ဗီယက္နမ္ႏိုင္ငံအေနာက္ေတာင္ပိုင္းတြင္ အေက်ာ္ၾကားဆံုး ပန္းရြာမ်ား၌ တစ္ခုအပါအဝင္ ျဖစ္သည္။

ႏွစ္စဥ္ႏွစ္တိုင္း တန္ကြီေဇာင္ ပန္းရြာကေလးမွ ပန္းမ်ဳိးစံုကို မဲေခါင္ျမစ္ဝွမ္းရွိ ဝန္းက်င္နယ္ပယ္မ်ားသို႔ ျဖန္႔ျဖဴးေပးသည့္အျပင္ တခါတရံတြင္ ျပည္ပသို႔ပါ တင္ပို႔ ေရာင္းခ်သည္။

ဤပန္းရြာေလးသို႔ သြားေရာက္လည္ပတ္မည္ဆိုပါက သင္သည္ ေရာင္စံုပန္းမ်ား၊ ပ်ားပိတုန္းမ်ား၊ လွပေသာ လိပ္ျပာေလးမ်ားၾကားထဲတြင္ နစ္ေျမာယစ္မူးေပ်ာက္ဆံုးသြားရသကဲ့သုိ႔ ခံစားရေစမည္ ျဖစ္သည္။

ဘဝင္ခိုက္ဖြယ္ ပန္းရနံ႔တို႔ကလည္း သင္၏စိတ္ႏွလံုးကို သိမ္းက်ံဳးထားလိမ့္မည္ ျဖစ္သည္။

တစ္ႏွစ္တာ၏ မည္သည့္အခ်ိန္တြင္မဆို လာေရာက္လည္ပတ္ႏိုင္ပါသည္။ အံ့အားသင့္ဖြယ္ ေရာင္စံုဖူးပြင့္ ေနေသာ ပန္းမ်ားကို ေတြ႔ရႏိုင္သည့္ အခြင့္အလမ္းအျမဲရွိပါသည္။

 

မဲေခါင္ျမစ္ေၾကာင္းခရီးစဥ္

 

(ပန္းမ်ား၊ ပ်ားပိတုန္းမ်ား၊ လွပေသာ လိပ္ျပာေလးမ်ား၏ကမၻာထဲတြင္ မိမိကိုယ္ကို ေပ်ာက္ဆံုးသြားရသကဲ့သို႔ ခံစားရေစမည္ျဖစ္သည္)

နံနက္ခင္းတြင္ စက္ဘီးစီးရန္ ႏွစ္သက္သူမ်ားအေနျဖင့္ စက္ဘီးတစ္စီးငွားရမ္းႏိုင္ပါသည္။ အကယ္၍ သင္သည္ စကားေျပာေကာင္းသူတစ္ဦးျဖစ္ပါက ရြာခံတစ္ဦးထံမွ အခေၾကးေငြ မေပးရဘဲပင္လွ်င္ စက္ဘီးငွားရမ္း ရရွိႏိုင္သည္။

သစ္ရြက္ေၾကြမ်ား ဖံုးလႊမ္းေသာ လမ္းငယ္ေလးမ်ားကို စက္ဘီးေျဖးေျဖးနင္းရင္း ေရာင္စံုပန္းမ်ား၏ေနာက္တြင္ ေဆာက္လုပ္ထားသည့္ ခ်စ္စဖြယ္အိမ္ငယ္ေလးမ်ားကို တေစ့တေစာင္း အကဲခတ္ႏိုင္ပါသည္။

၁၀ မိနစ္ခန္႔ စက္ဘီးစီးလုိက္လွ်င္ ေခ်ာင္းငယ္ေလးတစ္ခုသို႔ ေရာက္ရွိမည္ ျဖစ္သည္။

ေခ်ာင္းငယ္ေလးသည္ အေျပာက်ယ္ေသာ စပါးခင္းမ်ားအၾကား တသြင္သြင္စီးဆင္းေနရာ ရင္သပ္ရႈေမာဖြယ္ သဘာဝပန္းခ်ီကားၾကီးတစ္ခုအလား ျဖစ္ပါသည္။

 

(ရြာထဲသုိ႔ စက္ဘီးျဖင့္ လွည့္ပတ္ၾကည့္ရႈပါ။ မဲေခါင္ျမစ္ေၾကာင္းခရီးစဥ္မွ စိတ္ဝင္စားဖြယ္ အေတြ႔အၾကံဳတစ္ခုဟု ဆိုႏိုင္သည္)

ရံုးပိတ္ရက္ရွည္ကာလမ်ားတြင္ တန္ကြီေဇာင္ရြာေလးသို႔ ကမၻာလွည့္ခရီးသည္မ်ားႏွင့္ ဓာတ္ပံုသမားမ်ား လာေရာက္လည္ပတ္ေလ့ရွိၾကသည္။

မဲေခါင္ျမစ္ေၾကာင္း အေပ်ာ္စီးသေဘၤာအခ်ဳိ႕၏ ခရီးစဥ္တြင္ တန္ကီြေဇာင္ကို ထည့္သြင္းထားရာ သင့္အေနျဖင့္ မဲေခါင္ျမစ္ဝွမ္းရွိ အျခားထင္ရွားေသာ ေနရာမ်ားအျပင္ နာမည္ၾကီး ပန္းရြာကေလးမ်ားကိုပါ လည္ပတ္ႏိုင္မည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mekong River trip – visit Tan Quy Dong flower village(luxurycruisemekong)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service