ဒီဇင်ဘာလတွင် မွေးဖွားသူများမှာ လက်ဆောင်ရမှုနည်းပါးကြောင်း သုတေသနတစ်ရပ်တွင် တွေ့ရှိ

ဒီဇင်ဘာလတွင် မွေးဖွားသူများမှာ လက်ဆောင်ရမှုနည်းပါးကြောင်း သုတေသနတစ်ရပ်တွင် တွေ့ရှိ - Property News in Myanmar from iMyanmarHouse.com
8 Dec 2022 10:51 am တွင် တင်ခဲ့သည်
1085 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဒီဇင်ဘာလတွင် မွေးဖွားလာရခြင်း၌ အားနည်းချက်များ ရှိနေသည်။

သင်၏မွေးနေ့မှာ ခရစ္စမတ်ကာလ ပွဲလမ်းသဘင်များ၏ အငွေ့အသက်များက အုပ်မိုးခြင်းခံထားရပြီး အပြင်တွင်လည်း အေးခဲလျက်ရှိနေမည် ဖြစ်သည်။

သုတေသနပြုချက်တစ်ရပ်အရ တွေ့ရှိလာသည်မှာ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်ကြား မွေးဖွားသည့် ဓနုရာသီဖွားများနှင့် ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်ကြား မွေးဖွားသော မကာရ ရာသီဖွားများမှာ အခြားရာသီဖွားများနှင့်ယှဉ်လျှင် ၎င်းတို့၏ တစ်သက်တာ၌ လက်ဆောင်ရရှိမှု နည်းပါးကြောင်း တွေ့ရသည်။

Not On The High Street အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်မှ စုဆောင်းရရှိထားသော အချက်အလက်များအရ ဒီဇင်ဘာလတွင် မွေးဖွားသူများသည် ၎င်းတို့၏တစ်သက်တာတွင် အခြား ၁၁ လ ၌ မွေးဖွားသူများနှင့်ယှဉ်လျှင် လက်ဆောင်ရရှိမှု အကြိမ်ရေ ၁၆၀ နည်းပါးကြောင်း တွေ့ရသည်ဟု ဆိုသည်။

Not On The High Street သည် ဗြိတိန်အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခုဖြစ်ပြီး ဗြိတိန်မှ လက်မှုလုပ်ငန်း ငယ်လေးများနှင့် အခြားလုပ်ငန်းငယ်များ၏ ထုတ်ကုန်များကို ရောင်းချပေးသည်။

ဘဝအမှတ်တရနေ့များ၊ မွေးနေ့များ၊ ခွေးစတင်မွေးသည့်နေ့ အစရှိသည့် အမှတ်တရနေ့လေးများ ကျင်းပရေး တွင် အကူအညီပေးနိုင်ရန် ရည်ရွယ်သည်ဟု ကုမ္ပဏီ၏ profile တွင် ဖော်ပြသည်။

ဒီဇင်ဘာလတွင် မွေးဖွားသူတို့၏ တစ်သက်တာတွင် ပျှမ်းမျှအားဖြင့် တစ်နှစ်လျှင် လက်ဆောင် ၄ ခုရလေ့ရှိပြီး အခြားလများတွင် မွေးဖွားသူများမှာ တစ်နှစ်လျှင် ပျှမ်းမျှ လက်ဆောင် ၆ ခု ရလေ့ရှိသည်။

 

(ဒီဇင်ဘာလမွေးသူတို့မှာ လက်ဆောင်ရရှိမှု ပျှမ်းမျှ အကြိမ်ရေ ၁၆၀ နည်းပါးသည်။ ဓာတ်ပုံ- Getty Images)

ခရစ္စမတ်နေ့တွင် မွေးဖွားသူများ၏ ၈၀ ရာခိုင်နှုန်းမှာလည်း ပျှမ်းမျှအားဖြင့် နှစ်စဉ် လက်ဆောင်ရရှိမှု နည်းပါး ကြောင်း ပြောကြသည်။

ဒီဇင်ဘာလ မွေးဖွားသူများ၏ ၃ ပုံ ၂ ပုံ (၆၇ ရာခိုင်နှုန်း) က ပြောသည်မှာ မွေးနေ့တစ်ခုကျင်းပရန် အဆိုးဆုံးလ ဖြစ်ကြောင်း ပြောကြပြီး ၇၅ ရာခိုင်နှုန်းမှာ မွေးနေ့လက်ဆောင်နှင့် ခရစ္စမတ်လက်ဆောင်ကို တစ်ခုတည်း သတ်မှတ်ပေးခြင်းခံရသည်ဟု ဆိုသည်။ မွေးနေ့လက်ဆောင်နှင့်ပတ်သက်ပြီး ဘဝတွင် စိတ်ပျက်မိကြောင်း၊ အထူးသဖြင့် အခြားလများတွင် မွေးဖွား သည့် သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် နှိုင်းယှဉ်ကြည့်မိလျှင် စိတ်ပျက်မိကြောင်း ဒီဇင်ဘာလ မွေးဖွားသူ ၅၅ ရာခိုင်နှုန်းက ပြောသည်။

ကံကောင်းထောက်မကာ မွေးနေ့လက်ဆောင်ရခဲ့လျှင်လည်း ခရစ္စမတ်ကာလ၏ အရိပ်အငွေ့များ လွှမ်းမိုးခြင်း ခံရကြောင်း၊ ဒီဇင်ဘာ မွေးသူ ၃ ပုံ ၁ ပုံက ပြောသည်မှာ မွေးနေ့လက်ဆောင်ကို ခရစ္စမတ် လက်ဆောင်ထုပ်ပိုး စက္ကူများနှင့် ထုတ်ပိုးကာ ပေးခြင်းခံရကြောင်း ပြောသည်။

 

(မွေးနေ့လက်ဆောင်ကို ခရစ္စမတ်အထိမ်းအမှတ် စက္ကူများဖြင့် ထုပ်ပိုးပေးခြင်းခံရလေ့ရှိသည်။ ဓာတ်ပုံ Getty Images/iStockphoto)

ဒီဇင်ဘာမွေးသူ ၄ ဦးလျှင် ၁ ဦး (၂၄ ရာခိုင်နှုန်း) က ဝန်ခံပြောကြားသည်မှာ လက်ဆောင်ထုပ်ကို ဖောက်လိုက်ချိန်တွင် ခရစ္စမတ်ကာလပေးလေ့ရှိသည့် လက်ဆောင်မျိုးကို တွေ့ရရာ ဝမ်းနည်းစိတ်ပျက်မှု ခံစားကြရကြောင်း ပြောသည်။

ဒီဇင်ဘာလမွေးဖွားသူများ အများဆုံးရလေ့ရှိသည့် စိတ်ပျက်ဖွယ်အကောင်းဆုံး လက်ဆောင်များမှာ ခရစ္စမတ်ကာလပေးလေ့ရှိသည့် ချောကလက်များ (၃၈ ရာခိုင်နှုန်း)၊ ခရစ္စမတ်ကာလ လက်ဆောင်ပေးလေ့ ရှိသည့် အလှကုန်ပစ္စည်းများ (၂၈ ရာခိုင်နှုန်း)နှင့် ရေချိုးခန်းသုံးပစ္စည်းများ (၁၉ ရာခိုင်နှုန်း) တို့ ဖြစ်သည်။

ထို့အပြင် ခရစ္စမတ်ကာလလျှော့ဈေးရောင်းချသည့် ကာလအထိ လက်ဆောင်ရရန် စောင့်ဆိုင်းရလေ့ရှိကြောင်း၊ မိသားစုဝင်များနှင့် သူငယ်ချင်းများမှာ လက်ဆောင်ပေးရန်အတွက် လျှော့ဈေးချမည့် ကာလကို စောင့်နေလေ့ရှိကြောင်း ပြောကြားသူမှာ ဒီဇင်ဘာမွေးသူများ၏ ၄ ပုံ ၁ ပုံရှိသည်။

စိတ်ပျက်စရာများကား ဤမျှနှင့် မပြီးသေး။ ဗြိတိန်ရှိ ဒီဇင်ဘာမွေးသူ ၃ ပုံ ၁ ပုံက ပြောသည်မှာ မိတ်ဆွေ သူငယ်ချင်းများမှာ မွေးနေ့ပွဲကျင်းပရန် နီးကပ်နေချိန်မှ အခြားပွဲလမ်းများသွားရန် အစီအစဉ်များ ရှိသောကြောင့်ဟုဆိုကာ မလာတော့သောကြောင့် မွေးနေ့ပွဲကျင်းပရန် စီစဉ်ထားမှုကို ဖျက်သိမ်းကြရသည်ဟု ဆိုသည်။

(မွေးနေ့ပွဲများကို မကျင်းပဖြစ်ဘဲ ဖျက်သိမ်းရလေ့ရှိသည်။ ဓာတ်ပုံ Getty Images)

Not On The High Street ကုမ္ပဏီမှ ယခုသုတေသနကို ပြုလုပ်ခဲ့သော Creative and Brand ဒါရိုက်တာ Lorna Brown က ပြောသည်မှာ “ခရစ္စမတ်ကာလ ဝရုန်းသုန်းကား အခြေအနေတွေကြားမှာ ဒီဇင်ဘာ မွေးနေ့တွေဟာ မေ့လျော့ခံကြရလေ့ရှိပါတယ်”ဟု ပြောသည်။

“ဒီနှစ်မှာတော့ ဒီဇင်ဘာမွေးသူတွေကို ဂရုစိုက်ကြဖို့ ကျွန်မတို့ တိုက်တွန်းနေပါတယ်။ သေးငယ်တဲ့ ဂရုစိုက်မှု လေးတစ်ခုက အများကြီးတာသွားနိုင်ပါတယ်”

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: People born in December get '160 fewer presents in their lifetime' (dailystar)

 

 

 

[Zawgyi]

ဒီဇင္ဘာလတြင္ ေမြးဖြားသူမ်ားမွာ လက္ေဆာင္ရမႈနည္းပါးေၾကာင္း သုေတသနတစ္ရပ္တြင္ ေတြ႔ရွိ

 

ဒီဇင္ဘာလတြင္ ေမြးဖြားလာရျခင္း၌ အားနည္းခ်က္မ်ား ရွိေနသည္။

သင္၏ေမြးေန႔မွာ ခရစၥမတ္ကာလ ပြဲလမ္းသဘင္မ်ား၏ အေငြ႔အသက္မ်ားက အုပ္မိုးျခင္းခံထားရျပီး အျပင္တြင္လည္း ေအးခဲလ်က္ရွိေနမည္ ျဖစ္သည္။

သုေတသနျပဳခ်က္တစ္ရပ္အရ ေတြ႔ရွိလာသည္မွာ ႏိုဝင္ဘာ ၂၂ ရက္မွ ဒီဇင္ဘာ ၂၁ ရက္ၾကား ေမြးဖြားသည့္ ဓႏုရာသီဖြားမ်ားႏွင့္ ဒီဇင္ဘာ ၂၂ ရက္မွ ဇန္နဝါရီ ၁၉ ရက္ၾကား ေမြးဖြားေသာ မကာရ ရာသီဖြားမ်ားမွာ အျခားရာသီဖြားမ်ားႏွင့္ယွဥ္လွ်င္ ၎တို႔၏ တစ္သက္တာ၌ လက္ေဆာင္ရရွိမႈ နည္းပါးေၾကာင္း ေတြ႔ရသည္။

Not On The High Street အြန္လိုင္းေစ်းဝယ္ဝက္ဘ္ဆိုက္မွ စုေဆာင္းရရွိထားေသာ အခ်က္အလက္မ်ားအရ ဒီဇင္ဘာလတြင္ ေမြးဖြားသူမ်ားသည္ ၎တို႔၏တစ္သက္တာတြင္ အျခား ၁၁ လ ၌ ေမြးဖြားသူမ်ားႏွင့္ယွဥ္လွ်င္ လက္ေဆာင္ရရွိမႈ အၾကိမ္ေရ ၁၆၀ နည္းပါးေၾကာင္း ေတြ႔ရသည္ဟု ဆုိသည္။

Not On The High Street သည္ ျဗိတိန္အြန္လိုင္းေစ်းဝယ္ဝက္ဘ္ဆိုက္တစ္ခုျဖစ္ျပီး ျဗိတိန္မွ လက္မႈလုပ္ငန္း ငယ္ေလးမ်ားႏွင့္ အျခားလုပ္ငန္းငယ္မ်ား၏ ထုတ္ကုန္မ်ားကို ေရာင္းခ်ေပးသည္။

ဘဝအမွတ္တရေန႔မ်ား၊ ေမြးေန႔မ်ား၊ ေခြးစတင္ေမြးသည့္ေန႔ အစရွိသည့္ အမွတ္တရေန႔ေလးမ်ား က်င္းပေရး တြင္ အကူအညီေပးႏိုင္ရန္ ရည္ရြယ္သည္ဟု ကုမၸဏီ၏ profile တြင္ ေဖာ္ျပသည္။

ဒီဇင္ဘာလတြင္ ေမြးဖြားသူတို႔၏ တစ္သက္တာတြင္ ပွ်မ္းမွ်အားျဖင့္ တစ္ႏွစ္လွ်င္ လက္ေဆာင္ ၄ ခုရေလ့ရွိျပီး အျခားလမ်ားတြင္ ေမြးဖြားသူမ်ားမွာ တစ္ႏွစ္လွ်င္ ပွ်မ္းမွ် လက္ေဆာင္ ၆ ခု ရေလ့ရွိသည္။

(ဒီဇင္ဘာလေမြးသူတုိ႔မွာ လက္ေဆာင္ရရွိမႈ ပွ်မ္းမွ် အၾကိမ္ေရ ၁၆၀ နည္းပါးသည္။ ဓာတ္ပံု- Getty Images)

ခရစၥမတ္ေန႔တြင္ ေမြးဖြားသူမ်ား၏ ၈၀ ရာခိုင္ႏႈန္းမွာလည္း ပွ်မ္းမွ်အားျဖင့္ ႏွစ္စဥ္ လက္ေဆာင္ရရွိမႈ နည္းပါး ေၾကာင္း ေျပာၾကသည္။

ဒီဇင္ဘာလ ေမြးဖြားသူမ်ား၏ ၃ ပံု ၂ ပံု (၆၇ ရာခိုင္ႏႈန္း) က ေျပာသည္မွာ ေမြးေန႔တစ္ခုက်င္းပရန္ အဆိုးဆံုးလ ျဖစ္ေၾကာင္း ေျပာၾကျပီး ၇၅ ရာခိုင္ႏႈန္းမွာ ေမြးေန႔လက္ေဆာင္ႏွင့္ ခရစၥမတ္လက္ေဆာင္ကို တစ္ခုတည္း သတ္မွတ္ေပးျခင္းခံရသည္ဟု ဆိုသည္။ ေမြးေန႔လက္ေဆာင္ႏွင့္ပတ္သက္ျပီး ဘဝတြင္ စိတ္ပ်က္မိေၾကာင္း၊ အထူးသျဖင့္ အျခားလမ်ားတြင္ ေမြးဖြား သည့္ သူငယ္ခ်င္းမ်ား၊ မိသားစုဝင္မ်ားႏွင့္ ႏႈိင္းယွဥ္ၾကည့္မိလွ်င္ စိတ္ပ်က္မိေၾကာင္း ဒီဇင္ဘာလ ေမြးဖြားသူ ၅၅ ရာခိုင္ႏႈန္းက ေျပာသည္။

ကံေကာင္းေထာက္မကာ ေမြးေန႔လက္ေဆာင္ရခဲ့လွ်င္လည္း ခရစၥမတ္ကာလ၏ အရိပ္အေငြ႔မ်ား လႊမ္းမိုးျခင္း ခံရေၾကာင္း၊ ဒီဇင္ဘာ ေမြးသူ ၃ ပံု ၁ ပံုက ေျပာသည္မွာ ေမြးေန႔လက္ေဆာင္ကို ခရစၥမတ္ လက္ေဆာင္ထုပ္ပိုး စကၠဴမ်ားႏွင့္ ထုတ္ပိုးကာ ေပးျခင္းခံရေၾကာင္း ေျပာသည္။

(ေမြးေန႔လက္ေဆာင္ကို ခရစၥမတ္အထိမ္းအမွတ္ စကၠဴမ်ားျဖင့္ ထုပ္ပိုးေပးျခင္းခံရေလ့ရွိသည္။ ဓာတ္ပံု Getty Images/iStockphoto)

ဒီဇင္ဘာေမြးသူ ၄ ဦးလွ်င္ ၁ ဦး (၂၄ ရာခိုင္ႏႈန္း) က ဝန္ခံေျပာၾကားသည္မွာ လက္ေဆာင္ထုပ္ကို ေဖာက္လိုက္ခ်ိန္တြင္ ခရစၥမတ္ကာလေပးေလ့ရွိသည့္ လက္ေဆာင္မ်ဳိးကို ေတြ႔ရရာ ဝမ္းနည္းစိတ္ပ်က္မႈ ခံစားၾကရေၾကာင္း ေျပာသည္။

ဒီဇင္ဘာလေမြးဖြားသူမ်ား အမ်ားဆံုးရေလ့ရွိသည့္ စိတ္ပ်က္ဖြယ္အေကာင္းဆံုး လက္ေဆာင္မ်ားမွာ ခရစၥမတ္ကာလေပးေလ့ရွိသည့္ ေခ်ာကလက္မ်ား (၃၈ ရာခိုင္ႏႈန္း)၊ ခရစၥမတ္ကာလ လက္ေဆာင္ေပးေလ့ ရွိသည့္ အလွကုန္ပစၥည္းမ်ား (၂၈ ရာခိုင္ႏႈန္း)ႏွင့္ ေရခ်ဳိးခန္းသံုးပစၥည္းမ်ား (၁၉ ရာခိုင္ႏႈန္း) တို႔ ျဖစ္သည္။

ထို႔အျပင္ ခရစၥမတ္ကာလေလွ်ာ့ေစ်းေရာင္းခ်သည့္ ကာလအထိ လက္ေဆာင္ရရန္ ေစာင့္ဆိုင္းရေလ့ရွိေၾကာင္း၊ မိသားစုဝင္မ်ားႏွင့္ သူငယ္ခ်င္းမ်ားမွာ လက္ေဆာင္ေပးရန္အတြက္ ေလွ်ာ့ေစ်းခ်မည့္ ကာလကို ေစာင့္ေနေလ့ရွိေၾကာင္း ေျပာၾကားသူမွာ ဒီဇင္ဘာေမြးသူမ်ား၏ ၄ ပံု ၁ ပံုရွိသည္။

စိတ္ပ်က္စရာမ်ားကား ဤမွ်ႏွင့္ မျပီးေသး။ ျဗိတိန္ရွိ ဒီဇင္ဘာေမြးသူ ၃ ပံု ၁ ပံုက ေျပာသည္မွာ မိတ္ေဆြ သူငယ္ခ်င္းမ်ားမွာ ေမြးေန႔ပြဲက်င္းပရန္ နီးကပ္ေနခ်ိန္မွ အျခားပြဲလမ္းမ်ားသြားရန္ အစီအစဥ္မ်ား ရွိေသာေၾကာင့္ဟုဆိုကာ မလာေတာ့ေသာေၾကာင့္ ေမြးေန႔ပြဲက်င္းပရန္ စီစဥ္ထားမႈကို ဖ်က္သိမ္းၾကရသည္ဟု ဆိုသည္။

(ေမြးေန႔ပြဲမ်ားကို မက်င္းပျဖစ္ဘဲ ဖ်က္သိမ္းရေလ့ရွိသည္။ ဓာတ္ပံု Getty Images)

Not On The High Street ကုမၸဏီမွ ယခုသုေတသနကို ျပဳလုပ္ခဲ့ေသာ Creative and Brand ဒါရိုက္တာ Lorna Brown က ေျပာသည္မွာ “ခရစၥမတ္ကာလ ဝရုန္းသုန္းကား အေျခအေနေတြၾကားမွာ ဒီဇင္ဘာ ေမြးေန႔ေတြဟာ ေမ့ေလ်ာ့ခံၾကရေလ့ရွိပါတယ္”ဟု ေျပာသည္။

“ဒီႏွစ္မွာေတာ့ ဒီဇင္ဘာေမြးသူေတြကို ဂရုစိုက္ၾကဖို႔ ကၽြန္မတို႔ တိုက္တြန္းေနပါတယ္။ ေသးငယ္တဲ့ ဂရုစိုက္မႈ ေလးတစ္ခုက အမ်ားၾကီးတာသြားႏိုင္ပါတယ္”

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: People born in December get '160 fewer presents in their lifetime' (dailystar)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service