အင်္ဂလန်တွင် ရှေးခေတ် နာမည်ကြီးဓားပြကြီး၏ သရဲခြောက်လှန့်ခံနေသည့် အရက်ဆိုင်ကို ပိုင်ရှင်က ဖြိုချရာ ဒေသအုပ်ချုပ်ရေးအဖွဲ့၏ တရားစွဲခံရ

အင်္ဂလန်တွင် ရှေးခေတ် နာမည်ကြီးဓားပြကြီး၏ သရဲခြောက်လှန့်ခံနေသည့် အရက်ဆိုင်ကို ပိုင်ရှင်က ဖြိုချရာ ဒေသအုပ်ချုပ်ရေးအဖွဲ့၏ တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
8 Dec 2022 9:56 am တွင် တင်ခဲ့သည်
784 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(ဒေသခံများ နှစ်သက်မြတ်နိုးခဲ့ကြသည့် အရက်ဆိုင်။ ဓာတ်ပုံ google earth)

အင်္ဂလန်နိုင်ငံတွင် အဝေးပြေးလမ်းမ လုယက်ဓားပြတိုက်လေ့ရှိခဲ့သည့် ရှေးခေတ်က နာမည်ကြီး ဓားပြကြီး တစ်ဦး၏ သရဲက ခြောက်လှန့်နေသော ရှေးဟောင်းအရက်ဆိုင်တစ်ဆိုင်ကို ပိုင်ရှင်ဖြစ်သူက ဒေသအုပ်ချုပ်ရေး အဖွဲ့ထံ အကြောင်းမကြားဘဲ တရားမဝင်ဖြိုချခဲ့ရာ တရားစွဲခံရလျက် ရှိသည်။

အရက်ဆိုင်တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ လန်ကက်စ်ရှိုင်းယားခရိုင်တွင် တည်ရှိပြီး The Punch Bowl Inn ဟု အမည်ပေးထားသည်။

အဆိုပါအရက်ဆိုင်သို့ မကြာခဏလာရောက်လေ့ရှိသူမှာ လူဆိုးကြီး Ned King ၏ ဝိဉာဉ်ဖြစ်သည်ဟု ဆိုသည်။

အရက်ဆိုင်မှာ ၂၀၁၂ ခုနှစ်ကတည်းက ပိတ်သိမ်းထားခြင်းလည်း ဖြစ်သည်။

ဒေသခံတို့၏ ပြောကြားချက်များအရ ၁၇၂၀ ပြည့်လွန်ကာလများကတည်းက ဆောက်လုပ်ခဲ့သော အရက်ဆိုင်သို့ အဝေးပြေးလမ်းပေါ်တွင် လုယက်မှုများ ကျူးလွန်ခဲ့သော Ned King ၏ ဝိဉာဉ် မကြာခဏ လာရောက်လေ့ရှိသည်ဟု ဆိုသည်။

ဓားပြကြီး Ned King သည် ၁၇၄၁ ခုနှစ်တွင် ကွပ်မြက်ခံခဲ့ရသည်။ သမိုင်းဝင်အဆောက်အအုံအဖြစ် အစိုးရက သတ်မှတ်ခြင်းခံထားရသော အရက်ဆိုင်မှာ ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်းက ဖြိုချခံခဲ့ရသည်။

သမိုင်းဝင်အဖြစ် Grade-II သတ်မှတ်ခြင်းခံရသည့် အဆောက်အအုံများကို ဖြိုဖျက်ခွင့် မရှိချေ။

ထို့ကြောင့် Burnley ရာဇဝတ်တရားရုံးက အရက်ဆိုင်ကို တရားမဝင်ဖြိုချမှုဖြင့် လူ ၅ ဦးကို စစ်ဆေးခဲ့ရာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

 

(နှစ်ပေါင်း ၃၅၀ ကျော်သက်တမ်းရှိ အရက်ဆိုင်မှာ ယခုအခါ အုတ်ပုံဘဝသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဓာတ်ပုံ- Matthew Lofthouse / SWNS)

 

တရားမဝင် အဆောက်အအုံဖြိုချမှုဖြင့် တရားစွဲခံရသူများမှာ Andrew Donelan (၆၀ နှစ်)၊ Nicola Donelan (၅၈ နှစ်)၊ Rebecca Donelan (၂၈ နှစ်)၊ David Cotterell (၅၇ နှစ်) နှင့် Brian Ingleby (၆၉ နှစ်) တို့ ဖြစ်သည်။

တရားစွဲခံရသူ ၅ ဦးက လျှောက်လဲတင်ပြရာတွင် အဆောက်အအုံမှာ ဖွဲ့စည်းပုံအခြေအနေ ယိုယွင်းနေမှု များကြောင့် ဖြိုချရန် လိုအပ်ကြောင်း တင်ပြကြသည်။

သို့ရာတွင် အဓိက သက်သေတစ်ဦးဖြစ်သော ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်သည့် Gez Pegram က ဂျူရီအဖွဲ့အား တင်ပြရာတွင် အရက်ဆိုင်မှာ ဖြိုချရန် မလိုအပ်ကြောင်း တင်ပြခဲ့သည်။ တရားစွဲခံရသူ ၅ ဦးလုံးမှာ အဆောက်အအုံ ဖြိုချမှုအတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

Andrew Donelan, Nicola Donelan, Cotterell နှင့် Ingleby တို့ ၄ ဦးကိုမူ အဆောက်အအုံ ဖြိုချမည့် အကြောင်း ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြရန် ပျက်ကွက်မှုဖြင့်လည်း တရားစွဲထားသေးသည်။

 

(ဤအုတ်ပုံကြီးမှာ တချိန်က အထင်ကရဖြစ်ခဲ့သော အရက်ဆိုင်၏ နိဂုံးဖြစ်သည်။ ဓာတ်ပုံ - Matthew Lofthouse / SWNS)

 

အဆောက်အအုံမှာ ဆိုးရွားသည့်အခြေအနေရှိကြောင်း တရားသူကြီးက သဘောတူသော်လည်း ဖြိုဖျက်ရန် လိုအပ်သည်ဟူသောအချက် မပေါ်ပေါက်ကြောင်း သုံးသပ်သည်။

Ribble Valley ခရိုင်ကောင်စီက အရက်ဆိုင်ပိုင်ရှင်များကို ဖြိုချလိုက်သော အဆောက်အအုံအား အုတ်တစ်လုံးချင်းစီတိုင်းအသုံးပြုကာ ပြန်လည်ဆောက်လုပ်ရန် တရားဝင်သတိပေးစာပေးပို့ခဲ့သေးသည်။ ယင်းနောက်ပိုင်းမှ တရားစွဲခဲ့ခြင်းလည်း ဖြစ်သည်။

ရှေးဟောင်းအရက်ဆိုင်မှာ အုတ်ပုံဘဝရောက်သွားသည်ကို တွေ့ရသော ဒေသခံများမှာ တုန်လှုပ်ခဲ့ကြရသည်။

Katherine Turner အမည်ရှိ ဒေသခံတစ်ဦးက ပြောသည်မှာ “ဝမ်းနည်းဖို့ တော်တော်ကောင်းပါတယ်။ ဒီအဆောက်အအုံဟာ ရွာလေးရဲ့ဘဝအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်။ ဒီနေရာကို ကားဖြတ်မောင်းရလေ့ ရှိတယ်။ မယုံနိုင်အောင်ပါပဲ”ဟု ဆိုသည်။

တရားစွဲဆိုခြင်းခံရသူ ၅ ဦးကို Burnley ရာဇဝတ်တရားရုံးက ဇန်နဝါရီလ ၂၄ ရက်တွင် အမိန့်ချမှတ်မည် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Owners of pub 'haunted by ghost of bloodthirsty highwayman' illegally demolish it (dailystar)

 

 

 

[Zawgyi]

အဂၤလန္တြင္ ေရွးေခတ္ နာမည္ၾကီးဓားျပၾကီး၏ သရဲေျခာက္လွန္႔ခံေနသည့္ အရက္ဆိုင္ကို ပိုင္ရွင္က ျဖိဳခ်ရာ ေဒသအုပ္ခ်ဳပ္ေရးအဖြဲ႔၏ တရားစြဲခံရ

 

(ေဒသခံမ်ား ႏွစ္သက္ျမတ္ႏိုးခဲ့ၾကသည့္ အရက္ဆိုင္။ ဓာတ္ပံု google earth)

အဂၤလန္ႏိုင္ငံတြင္ အေဝးေျပးလမ္းမ လုယက္ဓားျပတိုက္ေလ့ရွိခဲ့သည့္ ေရွးေခတ္က နာမည္ၾကီး ဓားျပၾကီး တစ္ဦး၏ သရဲက ေျခာက္လွန္႔ေနေသာ ေရွးေဟာင္းအရက္ဆိုင္တစ္ဆိုင္ကို ပိုင္ရွင္ျဖစ္သူက ေဒသအုပ္ခ်ဳပ္ေရး အဖြဲ႔ထံ အေၾကာင္းမၾကားဘဲ တရားမဝင္ျဖိဳခ်ခဲ့ရာ တရားစြဲခံရလ်က္ ရွိသည္။

အရက္ဆိုင္တည္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ လန္ကက္စ္ရႈိင္းယားခရိုင္တြင္ တည္ရွိျပီး The Punch Bowl Inn ဟု အမည္ေပးထားသည္။

အဆိုပါအရက္ဆိုင္သို႔ မၾကာခဏလာေရာက္ေလ့ရွိသူမွာ လူဆိုးၾကီး Ned King ၏ ဝိဥာဥ္ျဖစ္သည္ဟု ဆိုသည္။

အရက္ဆိုင္မွာ ၂၀၁၂ ခုႏွစ္ကတည္းက ပိတ္သိမ္းထားျခင္းလည္း ျဖစ္သည္။

ေဒသခံတို႔၏ ေျပာၾကားခ်က္မ်ားအရ ၁၇၂၀ ျပည့္လြန္ကာလမ်ားကတည္းက ေဆာက္လုပ္ခဲ့ေသာ အရက္ဆိုင္သို႔ အေဝးေျပးလမ္းေပၚတြင္ လုယက္မႈမ်ား က်ဴးလြန္ခဲ့ေသာ Ned King ၏ ဝိဥာဥ္ မၾကာခဏ လာေရာက္ေလ့ရွိသည္ဟု ဆိုသည္။

ဓားျပၾကီး Ned King သည္ ၁၇၄၁ ခုႏွစ္တြင္ ကြပ္ျမက္ခံခဲ့ရသည္။ သမိုင္းဝင္အေဆာက္အအံုအျဖစ္ အစိုးရက သတ္မွတ္ျခင္းခံထားရေသာ အရက္ဆိုင္မွာ ျပီးခဲ့ေသာ ၂၀၂၁ ခုႏွစ္အတြင္းက ျဖိဳခ်ခံခဲ့ရသည္။

သမိုင္းဝင္အျဖစ္ Grade-II သတ္မွတ္ျခင္းခံရသည့္ အေဆာက္အအံုမ်ားကို ျဖိဳဖ်က္ခြင့္ မရွိေခ်။

ထို႔ေၾကာင့္ Burnley ရာဇဝတ္တရားရံုးက အရက္ဆိုင္ကို တရားမဝင္ျဖိဳခ်မႈျဖင့္ လူ ၅ ဦးကို စစ္ေဆးခဲ့ရာ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

(ႏွစ္ေပါင္း ၃၅၀ ေက်ာ္သက္တမ္းရွိ အရက္ဆိုင္မွာ ယခုအခါ အုတ္ပံုဘဝသို႔ ေျပာင္းလဲသြားခဲ့ျပီ ျဖစ္သည္။ ဓာတ္ပံု- Matthew Lofthouse / SWNS)

တရားမဝင္ အေဆာက္အအံုျဖိဳခ်မႈျဖင့္ တရားစြဲခံရသူမ်ားမွာ Andrew Donelan (၆၀ ႏွစ္)၊ Nicola Donelan (၅၈ ႏွစ္)၊ Rebecca Donelan (၂၈ ႏွစ္)၊ David Cotterell (၅၇ ႏွစ္) ႏွင့္ Brian Ingleby (၆၉ ႏွစ္) တို႔ ျဖစ္သည္။

တရားစြဲခံရသူ ၅ ဦးက ေလွ်ာက္လဲတင္ျပရာတြင္ အေဆာက္အအံုမွာ ဖြဲ႔စည္းပံုအေျခအေန ယိုယြင္းေနမႈ မ်ားေၾကာင့္ ျဖိဳခ်ရန္ လိုအပ္ေၾကာင္း တင္ျပၾကသည္။

သို႔ရာတြင္ အဓိက သက္ေသတစ္ဦးျဖစ္ေသာ ေဆာက္လုပ္ေရးကုမၸဏီပိုင္ရွင္တစ္ဦးျဖစ္သည့္ Gez Pegram က ဂ်ဴရီအဖြဲ႔အား တင္ျပရာတြင္ အရက္ဆိုင္မွာ ျဖိဳခ်ရန္ မလိုအပ္ေၾကာင္း တင္ျပခဲ့သည္။ တရားစြဲခံရသူ ၅ ဦးလံုးမွာ အေဆာက္အအံု ျဖိဳခ်မႈအတြက္ အျပစ္ရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့သည္။

Andrew Donelan, Nicola Donelan, Cotterell ႏွင့္ Ingleby တို႔ ၄ ဦးကိုမူ အေဆာက္အအံု ျဖိဳခ်မည့္ အေၾကာင္း ေဒသတြင္းအုပ္ခ်ဳပ္ေရးအဖြဲ႔ထံ တင္ျပရန္ ပ်က္ကြက္မႈျဖင့္လည္း တရားစြဲထားေသးသည္။

(ဤအုတ္ပံုၾကီးမွာ တခ်ိန္က အထင္ကရျဖစ္ခဲ့ေသာ အရက္ဆိုင္၏ နိဂံုးျဖစ္သည္။ ဓာတ္ပံု - Matthew Lofthouse / SWNS)

အေဆာက္အအံုမွာ ဆိုးရြားသည့္အေျခအေနရွိေၾကာင္း တရားသူၾကီးက သေဘာတူေသာ္လည္း ျဖဳိဖ်က္ရန္ လိုအပ္သည္ဟူေသာအခ်က္ မေပၚေပါက္ေၾကာင္း သံုးသပ္သည္။

Ribble Valley ခရိုင္ေကာင္စီက အရက္ဆိုင္ပိုင္ရွင္မ်ားကို ျဖိဳခ်လိုက္ေသာ အေဆာက္အအံုအား အုတ္တစ္လံုးခ်င္းစီတိုင္းအသံုးျပဳကာ ျပန္လည္ေဆာက္လုပ္ရန္ တရားဝင္သတိေပးစာေပးပို႔ခဲ့ေသးသည္။ ယင္းေနာက္ပိုင္းမွ တရားစြဲခဲ့ျခင္းလည္း ျဖစ္သည္။

ေရွးေဟာင္းအရက္ဆိုင္မွာ အုတ္ပံုဘဝေရာက္သြားသည္ကို ေတြ႔ရေသာ ေဒသခံမ်ားမွာ တုန္လႈပ္ခဲ့ၾကရသည္။

Katherine Turner အမည္ရွိ ေဒသခံတစ္ဦးက ေျပာသည္မွာ “ဝမ္းနည္းဖို႔ ေတာ္ေတာ္ေကာင္းပါတယ္။ ဒီအေဆာက္အအံုဟာ ရြာေလးရဲ႕ဘဝအစိတ္အပိုင္းတစ္ခု ျဖစ္ခဲ့တယ္။ ဒီေနရာကို ကားျဖတ္ေမာင္းရေလ့ ရွိတယ္။ မယံုႏိုင္ေအာင္ပါပဲ”ဟု ဆိုသည္။

တရားစြဲဆိုျခင္းခံရသူ ၅ ဦးကို Burnley ရာဇဝတ္တရားရံုးက ဇန္နဝါရီလ ၂၄ ရက္တြင္ အမိန္႔ခ်မွတ္မည္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Owners of pub 'haunted by ghost of bloodthirsty highwayman' illegally demolish it (dailystar)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service