ကမ္ဘာ့ဖလား အားလပ်ချိန်တွင် စပိန်အသင်းနည်းပြ၏ သမီးနှင့် ချိန်းတွေ့လည်ပတ်ခဲ့သော စပိန်အသင်း တိုက်စစ်မှူး တောရက်စ်၏ နေအိမ်

ကမ္ဘာ့ဖလား အားလပ်ချိန်တွင် စပိန်အသင်းနည်းပြ၏ သမီးနှင့် ချိန်းတွေ့လည်ပတ်ခဲ့သော စပိန်အသင်း တိုက်စစ်မှူး တောရက်စ်၏ နေအိမ် - Property News in Myanmar from iMyanmarHouse.com
6 Dec 2022 10:12 am တွင် တင်ခဲ့သည်
1327 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် စပိန်အသင်း၏ တိုက်စစ်မှူး ဖာရန်တောရက်စ်သည် စပိန်အသင်းနည်းပြ လူးဝစ် အင်းနရစ်၏ သမီးဖြစ်သူနှင့် ချစ်ကြိုက်နေရာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း အားလပ်ချိန်များတွင် ချိန်းတွေ့ကာ လည်ပတ်လျှက်ရှိကြသည်။

အသက် ၂၂ နှစ်အရွယ်ရှိ စပိန်တိုက်စစ်မှူးသည် စပိန်လက်ရွေးစင်အသင်းနည်းပြ၏ သမီးဖြစ်သူ စီရာ မာတီနက်ဇ် (Sira Martinez) နှင့်ချစ်ကြိုက်နေခြင်းဖြစ်သည်။

 

 

(တောရက်စ်နှင့် စီရာတို့ ကာတာမှ Al Maha Island တွင် ကျင်းပသော ပွဲတော်တစ်ခုသို့ လည်ပတ်ခဲ့ကြပုံ)

 

 

(တောရက်စ်တို့စုံတွဲ ကြီးမားသည့် ငှက်ပျောသီးကြီးတစ်လုံး ဆုရခဲ့ကြသည်။)

 

 

(ဒိုဟာမြို့တွင် နှစ်ဦးသား လည်ပတ်ခဲ့ပုံများကို စီရာက လူမှုကွန်ရက်၌ ဓာတ်ပုံများတင်ခဲ့သည်။)

 

တောရက်စ်တို့စုံတွဲ ကာတာတွင် ပျော်ရွှင်ကြည်နူးဖွယ် ညတစ်ညပိုင်ဆိုင်ခဲ့ကြသည်။

၎င်းတို့နှစ်ဦး လည်ပတ်ခဲ့သည့် ပွဲတော်မှာ Lusail မြို့ ၊ Al Maha Island တွင် ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ထိုဒေသရှိ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်သည်။

ဓာတ်ပုံတစ်ခုတွင် တောရက်စ်က အလွန်ကြီးမားသော ရွှေရောင်ငှက်ပျောသီးကြီးတစ်လုံး ကိုင်ထားသည်ကို တွေ့ရသည်။

တောရက်စ်က ပိတ်ရက် ၂ ခါထပ်ရကာ ဗိုလ်လုပွဲထိ သွားနိုင်ရန် မျှော်လင့်နေသည်။

အချစ်နှင့်စစ်တွင် မတရားသည်မရှိဟု ဆိုကြသည်။

သို့သော် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ရန် လူရွေးချယ်ရခြင်းနှင့် သမက်လောင်းကိုရွေးရခြင်းတို့တွင်မူ ချွင်းချက်ရှိနေသည်။

စပိန်အသင်းနည်းပြ အင်းနရစ်က အရွှန်းဖောက်ပြောသည်မှာ စပိန်လက်ရွေးစင်အသင်းအတွက် မိမိအနေဖြင့် တောရက်စ်ကို မရွေးလျှင် သမီးက ခေါင်းဖြတ်လိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

 

 

ကမ္ဘာ့ဖလားကာလအတွင်း ကစားသမားများ လိင်ဆက်ဆံခြင်းမှာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုသာဖြစ်ကြောင်း အင်းနရစ်က ပြီးခဲ့သော နိုဝင်ဘာလကုန်ပိုင်းတွင် ပြောကြားခဲ့သည်။

“ကစားပွဲမတိုင်မီညမှာ ကစားသမားတွေ လိင်ဆက်ဆံတာကို ကျွန်တော်အပြစ်မယူပါဘူး။”ဟု အင်းနရစ်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တောရက်စ်နှင့်စီရာတို့သည် ၂၀၂၁ ခုနှစ်တွင် စတင်ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်သည်။

ထိုအချိန်က တောရက်စ်သည် မန်ချက်စတာ စီးတီး အသင်းတွင် ကစားနေချိန်ဖြစ်ရာ သူတို့နှစ်ဦး၏ အချစ်ရေး မှာ အနေဝေးအချစ်ရေး (LDRS)ဖြစ်သည်။

ယင်းနောက်ပိုင်း ယခုနှစ် ဇန်နဝါရီလတွင် တောရက်စ်သည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။

ဘာစီလိုနာသည် စီရာမွေးဖွားသည့် မြို့ဖြစ်သည်။

စီရာသည် မြင်းစီးကစားသမားတစ်ဦး ဖြစ်ပြီး နာမည်ကြီး Barcelona Royal Polo Club မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

စီရာသည် အွန်လိုင်းတွင် နာမည်ကြီးသူတစ်ဦးလဲ ဖြစ်ပြီး အင်စတာဂရမ်တွင် follower ၂၁၀၀၀၀ ကျော်ရှိသည်။

 

 

(တောရက်စ်တို့စုံတွဲ ၂၀၂၁ တွင် စတင်ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်သည်။ ဓာတ်ပုံ Credit -စီရာ၏ အင်စတာဂရမ်အကောင့်မှ- https://www.instagram.com/siramartinezc)

 

(စီရာသည် အင်စတာဂရမ်တွင် ဖော်လိုဝါ ၂၀၀၀၀၀ ကျော်ရှိသည်။ ဓာတ်ပုံ Credit -စီရာ၏ အင်စတာဂရမ်အကောင့်မှ- https://www.instagram.com/siramartinezc)

 

(ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ရန် အီတလီနိုင်ငံ တူရင်မြို့တွင် တောရက်စ်အိမ်ရှာခဲ့။)

ဖာရန်တောရက်စ်၏ အေးဂျင့်က ဝန်ခံပြောကြားသည်မှာ တောရက်စ်သည် ၂၀၂၀ ပြည့်နှစ်တွင် ဂျူဗင်တပ် အသင်းသို့ ပြောင်းရွှေ့ရန် အလွန်နီးစပ်ခဲ့ပြီး ဂျူဗင်တပ်အသင်း အခြေစိုက်ရာ အီတလီနိုင်ငံ တူရင်မြို့တွင် နေအိမ်တစ်လုံးပင် ရှာဖွေခဲ့ကြောင်း ပြောကြားသည်။

ဂျူဗင်တပ်အသင်းနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

သို့သော် ဂျူဗင်တပ်က ပေးသည့် ဈေးနှုန်းကို ဗလန်စီယာအသင်းက စိတ်ကျေနပ်မှုမရှိသောကြောင့် တောရက်စ်မှာ မန်စီးတီးအသင်းသို့ ရောက်ရှိသွားပြီး နောက်ပိုင်းတွင် ဘာစီလိုနာသို့ ပြန်သွားခဲ့ခြင်းဖြစ်ကြောင်း တောရက်စ်၏ အေးဂျင့်က ပြောသည်။

(ဖာရန်တောရက်စ်၏ ဘာစီလိုနာမှ စံအိမ် )

ဘာစီလိုနာတွင် ကနဦးကာလများမှာ ဖာရန်တောရက်စ်အတွက် မလွယ်ကူခဲ့ချေ။

ဘာစီလိုနာရှိ ဟိုတယ်တစ်ခုသို့ စတင်ရောက်ရှိလာချိန်တွင် ကိုဗစ်-၁၉ စစ်ဆေးရာ ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကွာရန်တင်းဝင်ခဲ့ရသည်။

အသင်းနှင့် စတင်ထိတွေ့ချိန်တွင် အဆင်ပြေချောမွေ့ရန်ဆိုကာ ဆာဂျီယို ဘက်စကွက်က တောရက်စ်အား စောင့်ကြပ်ကြည့်ရှုမှု ပြုလုပ်၏။

သို့သော် လေ့ကျင့်ရေးသို့ ကားတစ်စီးတည်းဖြင့် အတူသွားကြရာ နှစ်ဦးအကြား အေးစက်မှု ပျယ်လွင့်စေရန် အထောက်အကူဖြစ်ခဲ့သည်။

 

အသင်းတွင် စပိန်လက်ရွေးစင်အသင်းမှ အသင်းဖော်များဖြစ်သော Eric, Pedri, Gavi နှင့် Jordi Alba တို့နှင့်မူ များစွာရင်းနှီးသည်။

ဖာရန်တောရက်စ်၏ စံအိမ်မှာ ကမ်းခြေအနီးတွင် တည်ရှိပြီး အခြားအသင်းဖော် အများအပြားနှင့် နီးကပ်စွာ တည်ရှိသည်။

မြေထဲပင်လယ်သွေးပါလာသောကြောင့် တောရက်စ်က ထိုနေရာကို နှစ်သက်၏။

လက်ရှီအားဖြင့် အဆိုပါအိမ်တွင် တစ်ဦးတည်းနေထိုင်ခြင်းဖြစ်ပြီး နေအိမ်အတွင်း အားကစား လေ့ကျင့်ခန်းမ တစ်ခုလည်း ဖြည့်သွင်းဆောက်လုပ်နေသည်ဟူသော သတင်းများရှိသည်။

Gym ကစားခြင်းမှာလည်း သူ၏ ဝါသနာတစ်ခုဖြစ်ပြီး သီးသန့်ဆရာတစ်ဦးဖြင့် အိမ်တွင်လေ့ကျင့်နိုင်မည် ဖြစ်သည်။

ဖာရန်တောရက်စ်၏ နေအိမ်ဓာတ်ပုံများကိုမူ မရရှိနိုင်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ferran Torres takes Spain manager Luis Enrique’s daughter out for date to the fair as he enjoys World Cup break (thesun,sport)

 

 

 

[Zawgyi]

ကမၻာ့ဖလား အားလပ္ခ်ိန္တြင္ စပိန္အသင္းနည္းျပ၏ သမီးႏွင့္ ခ်ိန္းေတြ႔လည္ပတ္ခဲ့ေသာ စပိန္အသင္း တုိက္စစ္မွဴး ေတာရက္စ္၏ ေနအိမ္

 

ကမၻာ့ဖလားျပိဳင္ပြဲဝင္ စပိန္အသင္း၏ တိုက္စစ္မွဴး ဖာရန္ေတာရက္စ္သည္ စပိန္အသင္းနည္းျပ လူးဝစ္ အင္းနရစ္၏ သမီးျဖစ္သူႏွင့္ ခ်စ္ၾကိဳက္ေနရာ ကာတာကမၻာ့ဖလားျပိဳင္ပြဲကာလအတြင္း အားလပ္ခ်ိန္မ်ားတြင္ ခ်ိန္းေတြ႔ကာ လည္ပတ္လွ်က္ရွိၾကသည္။

အသက္ ၂၂ ႏွစ္အရြယ္ရွိ စပိန္တိုက္စစ္မွဴးသည္ စပိန္လက္ေရြးစင္အသင္းနည္းျပ၏ သမီးျဖစ္သူ စီရာ မာတီနက္ဇ္ (Sira Martinez) ႏွင့္ခ်စ္ၾကိဳက္ေနျခင္းျဖစ္သည္။

(ေတာရက္စ္ႏွင့္ စီရာတို႔ ကာတာမွ Al Maha Island တြင္ က်င္းပေသာ ပြဲေတာ္တစ္ခုသို႔ လည္ပတ္ခဲ့ၾကပံု)

(ေတာရက္စ္တို႔စံုတြဲ ၾကီးမားသည့္ ငွက္ေပ်ာသီးၾကီးတစ္လံုး ဆုရခဲ့ၾကသည္။)

(ဒိုဟာျမိဳ႕တြင္ ႏွစ္ဦးသား လည္ပတ္ခဲ့ပံုမ်ားကို စီရာက လူမႈကြန္ရက္၌ ဓာတ္ပံုမ်ားတင္ခဲ့သည္။)

ေတာရက္စ္တို႔စုံတြဲ ကာတာတြင္ ေပ်ာ္ရႊင္ၾကည္ႏူးဖြယ္ ညတစ္ညပိုင္ဆိုင္ခဲ့ၾကသည္။

၎တို႔ႏွစ္ဦး လည္ပတ္ခဲ့သည့္ ပြဲေတာ္မွာ Lusail ျမိဳ႕ ၊ Al Maha Island တြင္ က်င္းပျခင္းျဖစ္ျပီး ကမၻာ့ဖလားဗိုလ္လုပြဲကို ထိုေဒသရွိ အားကစားကြင္းတြင္ က်င္းပမည္ျဖစ္သည္။

ဓာတ္ပံုတစ္ခုတြင္ ေတာရက္စ္က အလြန္ၾကီးမားေသာ ေရႊေရာင္ငွက္ေပ်ာသီးၾကီးတစ္လံုး ကိုင္ထားသည္ကို ေတြ႔ရသည္။

ေတာရက္စ္က ပိတ္ရက္ ၂ ခါထပ္ရကာ ဗိုလ္လုပြဲထိ သြားႏိုင္ရန္ ေမွ်ာ္လင့္ေနသည္။

အခ်စ္ႏွင့္စစ္တြင္ မတရားသည္မရွိဟု ဆိုၾကသည္။

သုိ႔ေသာ္ ကမၻာ့ဖလားျပိဳင္ပြဲဝင္ရန္ လူေရြးခ်ယ္ရျခင္းႏွင့္ သမက္ေလာင္းကိုေရြးရျခင္းတို႔တြင္မူ ခၽြင္းခ်က္ရွိေနသည္။

စပိန္အသင္းနည္းျပ အင္းနရစ္က အရႊန္းေဖာက္ေျပာသည္မွာ စပိန္လက္ေရြးစင္အသင္းအတြက္ မိမိအေနျဖင့္ ေတာရက္စ္ကို မေရြးလွ်င္ သမီးက ေခါင္းျဖတ္လိမ့္မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။

ကမ႓ာ့ဖလားကာလအတြင္း ကစားသမားမ်ား လိင္ဆက္ဆံျခင္းမွာ ျဖစ္႐ိုးျဖစ္စဥ္ ကိစၥတစ္ခုသာျဖစ္ေၾကာင္း အင္းနရစ္က ၿပီးခဲ့ေသာ ႏိုဝင္ဘာလကုန္ပိုင္းတြင္ ေျပာၾကားခဲ့သည္။

“ကစားပြဲမတိုင္မီညမွာ ကစားသမားေတြ လိင္ဆက္ဆံတာကို ကၽြန္ေတာ္အျပစ္မယူပါဘူး။”ဟု အင္းနရစ္က ႏိုဝင္ဘာ ၂၅ ရက္တြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေတာရက္စ္ႏွင့္စီရာတို႔သည္ ၂၀၂၁ ခုႏွစ္တြင္ စတင္ခ်စ္ၾကိဳက္ခဲ့ၾကျခင္းျဖစ္သည္။

ထိုအခ်ိန္က ေတာရက္စ္သည္ မန္ခ်က္စတာ စီးတီး အသင္းတြင္ ကစားေနခ်ိန္ျဖစ္ရာ သူတို႔ႏွစ္ဦး၏ အခ်စ္ေရး မွာ အေနေဝးအခ်စ္ေရး (LDRS)ျဖစ္သည္။ ယင္းေနာက္ပိုင္း ယခုႏွစ္ ဇန္နဝါရီလတြင္ ေတာရက္စ္သည္ ဘာစီလုိနာအသင္းသို႔ ေျပာင္းေရႊ႕ခဲ့သည္။

ဘာစီလိုနာသည္ စီရာေမြးဖြားသည့္ ျမိဳ႕ျဖစ္သည္။

စီရာသည္ ျမင္းစီးကစားသမားတစ္ဦး ျဖစ္ျပီး နာမည္ၾကီး Barcelona Royal Polo Club မွ အဖြဲ႔ဝင္တစ္ဦး ျဖစ္သည္။

စီရာသည္ အြန္လိုင္းတြင္ နာမည္ၾကီးသူတစ္ဦးလဲ ျဖစ္ျပီး အင္စတာဂရမ္တြင္ follower ၂၁၀၀၀၀ ေက်ာ္ရွိသည္။

(ေတာရက္စ္တို႔စံုတြဲ ၂၀၂၁ တြင္ စတင္ခ်စ္ၾကိဳက္ခဲ့ၾကျခင္းျဖစ္သည္။ ဓာတ္ပံု Credit -စီရာ၏ အင္စတာဂရမ္အေကာင့္မွ- https://www.instagram.com/siramartinezc)

(စီရာသည္ အင္စတာဂရမ္တြင္ ေဖာ္လိုဝါ ၂၀၀၀၀၀ ေက်ာ္ရွိသည္။ ဓာတ္ပံု Credit -စီရာ၏ အင္စတာဂရမ္အေကာင့္မွ- https://www.instagram.com/siramartinezc)

(ဂ်ဴဗင္တပ္အသင္းသို႔ ေျပာင္းေရႊ႔ရန္ အီတလီႏိုင္ငံ တူရင္ျမိဳ႕တြင္ ေတာရက္စ္အိမ္ရွာခဲ့။)

ဖာရန္ေတာရက္စ္၏ ေအးဂ်င့္က ဝန္ခံေျပာၾကားသည္မွာ ေတာရက္စ္သည္ ၂၀၂၀ ျပည့္ႏွစ္တြင္ ဂ်ဴဗင္တပ္ အသင္းသို႔ ေျပာင္းေရႊ႕ရန္ အလြန္နီးစပ္ခဲ့ျပီး ဂ်ဴဗင္တပ္အသင္း အေျခစုိက္ရာ အီတလီႏိုင္ငံ တူရင္ျမိဳ႕တြင္ ေနအိမ္တစ္လံုးပင္ ရွာေဖြခဲ့ေၾကာင္း ေျပာၾကားသည္။

ဂ်ဴဗင္တပ္အသင္းႏွင့္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့သည္။

သို႔ေသာ္ ဂ်ဴဗင္တပ္က ေပးသည့္ ေစ်းႏႈန္းကို ဗလန္စီယာအသင္းက စိတ္ေက်နပ္မႈမရွိေသာေၾကာင့္ ေတာရက္စ္မွာ မန္စီးတီးအသင္းသို႔ ေရာက္ရွိသြားျပီး ေနာက္ပိုင္းတြင္ ဘာစီလုိနာသုိ႔ ျပန္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေတာရက္စ္၏ ေအးဂ်င့္က ေျပာသည္။

(ဖာရန္ေတာရက္စ္၏ ဘာစီလုိနာမွ စံအိမ္ )

ဘာစီလိုနာတြင္ ကနဦးကာလမ်ားမွာ ဖာရန္ေတာရက္စ္အတြက္ မလြယ္ကူခဲ့ေခ်။

ဘာစီလုိနာရွိ ဟိုတယ္တစ္ခုသို႔ စတင္ေရာက္ရွိလာခ်ိန္တြင္ ကိုဗစ္-၁၉ စစ္ေဆးရာ ေရာဂါရွိေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ျပီး ကြာရန္တင္းဝင္ခဲ့ရသည္။ အသင္းႏွင့္ စတင္ထိေတြ႔ခ်ိန္တြင္ အဆင္ေျပေခ်ာေမြ႔ရန္ဆိုကာ ဆာဂ်ီယို ဘက္စကြက္က ေတာရက္စ္အား ေစာင့္ၾကပ္ၾကည့္ရႈမႈ ျပဳလုပ္၏။

သို႔ေသာ္ ေလ့က်င့္ေရးသို႔ ကားတစ္စီးတည္းျဖင့္ အတူသြားၾကရာ ႏွစ္ဦးအၾကား ေအးစက္မႈ ပ်ယ္လြင့္ေစရန္ အေထာက္အကူျဖစ္ခဲ့သည္။

အသင္းတြင္ စပိန္လက္ေရြးစင္အသင္းမွ အသင္းေဖာ္မ်ားျဖစ္ေသာ Eric, Pedri, Gavi ႏွင့္ Jordi Alba တို႔ႏွင့္မူ မ်ားစြာရင္းႏွီးသည္။

ဖာရန္ေတာရက္စ္၏ စံအိမ္မွာ ကမ္းေျခအနီးတြင္ တည္ရွိျပီး အျခားအသင္းေဖာ္ အမ်ားအျပားႏွင့္ နီးကပ္စြာ တည္ရွိသည္။

ေျမထဲပင္လယ္ေသြးပါလာေသာေၾကာင့္ ေတာရက္စ္က ထိုေနရာကို ႏွစ္သက္၏။

လက္ရွီအားျဖင့္ အဆိုပါအိမ္တြင္ တစ္ဦးတည္းေနထိုင္ျခင္းျဖစ္ျပီး ေနအိမ္အတြင္း အားကစား ေလ့က်င့္ခန္းမ တစ္ခုလည္း ျဖည့္သြင္းေဆာက္လုပ္ေနသည္ဟူေသာ သတင္းမ်ားရွိသည္။

Gym ကစားျခင္းမွာလည္း သူ၏ ဝါသနာတစ္ခုျဖစ္ျပီး သီးသန္႔ဆရာတစ္ဦးျဖင့္ အိမ္တြင္ေလ့က်င့္ႏိုင္မည္ ျဖစ္သည္။

ဖာရန္ေတာရက္စ္၏ ေနအိမ္ဓာတ္ပံုမ်ားကိုမူ မရရွိႏိုင္ပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ferran Torres takes Spain manager Luis Enrique’s daughter out for date to the fair as he enjoys World Cup break (thesun,sport)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service