အဲလ်ဗစ် ပရက်စလေ၏ လေထဲကအိမ် (သို့မဟုတ်) ပရက်စလေ ၁၉၇၆ ခုနှစ်က ဝယ်ယူခဲ့သည့် ကတ္တီပါရောင် ကိုယ်ပိုင်ဂျက်လေယာဉ် လေလံတင်ရောင်းချမည်

အဲလ်ဗစ် ပရက်စလေ၏ လေထဲကအိမ် (သို့မဟုတ်) ပရက်စလေ ၁၉၇၆ ခုနှစ်က ဝယ်ယူခဲ့သည့် ကတ္တီပါရောင် ကိုယ်ပိုင်ဂျက်လေယာဉ် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
5 Dec 2022 9:34 am တွင် တင်ခဲ့သည်
1090 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

(အဲလ်ဗစ် ပရက်စလေ၏ ကိုယ်ပိုင်ဂျက်လေယာဉ်ကြီး လာမည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် လေလံပွဲ သို့ ရောက်ရှိလာမည် ဖြစ်သည်။ ဓာတ်ပုံ- Mecum Auctions)

အဲလ်ဗစ် ပရက်စလေ ပိုင်ဆိုင်ခဲ့သော ကိုယ်ပိုင်ဂျက်လေယာဉ်များအနက်တစ်စင်းမှာ လေလံပွဲသို့ ရောက်ရှိလာရန် ရှိနေသည်။

ရော့ခ်အင်ရိုးဂီတ၏ ဘုရင်ဟု တင်စားခြင်းခံရသူ ပရက်စလေသည် ယခုရောင်းချမည့်လေယာဉ်ကို ၁၉၇၆ ခုနှစ်၊  ဒီဇင်ဘာလ ၂၂ ရက်တွင် ကန်ဒေါ်လာ ၈၄၀၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း လေလံတင်ရောင်းချပေး မည့် Mecum Auctions ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အမြင့်ဆုံးဈေးပေးကာ လေလံအောင်နိုင်သူသည် ပရက်စလေ လက်မှတ်ထိုးထားသော လေယာဉ်လုံခြုံရေး သဘောတူညီချက်စာချုပ်နှင့် လေယာဉ်အရောင်းစာချုပ် စာရွက်စာတမ်းများ ရရှိမည် ဖြစ်သည်။

လေယာဉ်အတွင်းပိုင်းတွင် ကတ္တီပါအနီရောင်နှင့် ရွှေရောင်ကူရှင်ဖုံးများဖြင့် မွမ်းမံထားသည်။

လေယာဉ်ပေါ်တွင် Kenmore မိုက္ကရိုဝေ့ဖ်၊ VCR စက်ပါသော ရုပ်မြင်သံကြားတစ်ခုနှင့် ကက်ဆက်တစ်လုံးတို့ လည်း ပါဝင်သည်။

လေယာဉ်မှာ ခရီးသည် ၉ ဦးကျော် လိုက်ပါစီးနင်းနိုင်သည့်လေယာဉ်ဖြစ်သည်။

 

(အဲလ်ဗစ် ပရက်စလေသည် ယခုဂျက်လေယာဉ်ကို ၁၉၇၆ ခုနှစ်တွင် ဒေါ်လာ ၈၄၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ဓာတ်ပုံ- Mecum Auctions)

 

 

(လေယာဉ်မှူးအခန်း- ဓာတ်ပုံ- Mecum Auctions)

 

(လေယာဉ်ပေါ်တွင် ခရီးသည် ၆ ဦးနှင့်အထက် လိုက်ပါနိုင်သည်။ ဓာတ်ပုံ- Mecum Auctions)

 

(လေယာဉ်ပေါ်မှ ရှေးဟောင်း ရုပ်မြင်သံကြားစက်။ ဓာတ်ပုံ- Mecum Auctions)

 

ခရီးသည်ထိုင်ခုံ ၆ လုံးပါဝင်ပြီး ဆုံလည်နှင့် လှန်ချစနစ်ရှိသည့် ခုံများဖြစ်သည်။

ထို့အပြင် လက်ဆေးသန့်စင်နေရာပါသည့် အိမ်သာ ၁ လုံးလဲရှိသည်။ လေလံကုမ္ပဏီ၏ ဖော်ပြချက်အရ လေလံအောင်သူအား သင်္ဘောဖြင့် ပို့ဆောင်ပေးရမည်ဆိုလျှင် လေယာဉ်ကို ဖြုတ်သိမ်းကာ ပို့ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

“လော့ဟိမာတင် ကုမ္ပဏီထုတ် JetStar လေယာဉ်တွေကို မရေမတွက်နိုင်တဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေ ၊ လူသိများ တဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေနဲ့ နာမည်ကျော်ကြယ်ပွင့်တွေ ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။”ဟု လေလံတင် မှတ်တမ်းတွင် ဖော်ပြသည်။

 

(Kenmore မိုက္ကရိုဝေ့ဖ် ။ ဓာတ်ပုံ- Mecum Auctions)

 

(လေယာဉ်ပေါ်မှ ကက်စက် ။ ဓာတ်ပုံ- Mecum Auctions)

 

(အိမ်သာ။ ဓာတ်ပုံ- Mecum Auctions)

 

(ဆုံလည်နှင့် လှန်ချစနစ်ပါသော ခရီးသည် ထိုင်ခုံ ၆ လုံး။ ဓာတ်ပုံ- Mecum Auctions)

 

ယခုလေလံတင်မည့် ဂျက်လေယာဉ်သည် ပရက်စလေ ပိုင်ဆိုင်ခဲ့သော ကိုယ်ပိုင်ဂျက်လေယာဉ်များစွာအနက် တစ်ခုဖြစ်သည်။

ပရက်စလေ၏ ဂျက်လေယာဉ်များအနက် ၂ စင်း ကို လက်ရှိအားဖြင့် အမေရိကန်ပြည် ၊ တင်နက်ဆီပြည်နယ် ၊ မန်းဖစ်မြို့ရှိ ပရက်စလေ၏ Graceland စံအိမ်ကြီးတွင် ပြသထားသည်။

လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် လော့ဟိမာတင် ကုမ္ပဏီကြီးက JetStar လေယာဉ် ပေါင်း ၂၀၂ စင်း ထုတ်လုပ်ခဲ့ရာ ယခုလေလံတင်မည့် လေယာဉ်လည်း ပါဝင်သည်။

ပရက်စလေ မကွယ်လွန်မီ လပေါင်းအတန်ကြာအလိုတွင် ပရက်စလေက ဤလေယာဉ်ကို ရောင်းချခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင် ဤလေယာဉ်ကို ဆော်ဒီအာရေးဘီးယား ကုမ္ပဏီ ၁ ခုက ပိုင်ဆိုင်ခဲ့သည်။

“အဲဒီနောက်ပိုင်းမှာ ဒီလေယာဉ်ဟာ အမေရိကန်ပြည်ထောင်စု ၊ နယူးမက္ကဆီကိုပြည်နယ် ၊ ရော့စ်ဝဲလ်မြို့မှာ ရှိတဲ့ Roswell International Air Center (ROW) ကို ရောက်သွားပါတယ်။ အဲဒီမှာပဲဆယ်စုနှစ်များစွာ သိမ်းထားခဲ့တာ ယနေ့တိုင်အောင်ပါပဲ။”ဟု လေလံတင်မှတ်တမ်းတွင် ဖော်ပြသည်။

လေယာဉ်အား လေလံတင်ရောင်းချမည့်ရက်မှာ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ ၈ ရက်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elvis Presley’s $840K plush, red velvet private jet up for auction (nypost)

 

 

[Zawgyi]

အဲလ္ဗစ္ ပရက္စေလ၏ ေလထဲကအိမ္ (သို႔မဟုတ္) ပရက္စေလ ၁၉၇၆ ခုႏွစ္က ဝယ္ယူခဲ့သည့္ ကတၱီပါေရာင္ ကိုယ္ပိုင္ဂ်က္ေလယာဥ္ ေလလံတင္ေရာင္းခ်မည္

 

 

(အဲလ္ဗစ္ ပရက္စေလ၏ ကိုယ္ပိုင္ဂ်က္ေလယာဥ္ၾကီး လာမည့္ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၈ ရက္တြင္ ေလလံပြဲ သို႔ ေရာက္ရွိလာမည္ ျဖစ္သည္။ ဓာတ္ပံု- Mecum Auctions)

အဲလ္ဗစ္ ပရက္စေလ ပိုင္ဆိုင္ခဲ့ေသာ ကိုယ္ပိုင္ဂ်က္ေလယာဥ္မ်ားအနက္တစ္စင္းမွာ ေလလံပြဲသို႔ ေရာက္ရွိလာရန္ ရွိေနသည္။

ေရာ့ခ္အင္ရိုးဂီတ၏ ဘုရင္ဟု တင္စားျခင္းခံရသူ ပရက္စေလသည္ ယခုေရာင္းခ်မည့္ေလယာဥ္ကို ၁၉၇၆ ခု ႏွစ္၊ ဒီဇင္ဘာလ ၂၂ ရက္တြင္ ကန္ေဒၚလာ ၈၄၀၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေလလံတင္ေရာင္းခ်ေပး မည့္ Mecum Auctions ၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

အျမင့္ဆံုးေစ်းေပးကာ ေလလံေအာင္ႏိုင္သူသည္ ပရက္စေလ လက္မွတ္ထုိးထားေသာ ေလယာဥ္လံုျခံဳေရး သေဘာတူညီခ်က္စာခ်ဳပ္ႏွင့္ ေလယာဥ္အေရာင္းစာခ်ဳပ္ စာရြက္စာတမ္းမ်ား ရရွိမည္ ျဖစ္သည္။

ေလယာဥ္အတြင္းပိုင္းတြင္ ကတၱီပါအနီေရာင္ႏွင့္ ေရႊေရာင္ကူရွင္ဖံုးမ်ားျဖင့္ မြမ္းမံထားသည္။

ေလယာဥ္ေပၚတြင္ Kenmore မိုကၠရိုေဝ့ဖ္၊ VCR စက္ပါေသာ ရုပ္ျမင္သံၾကားတစ္ခုႏွင့္ ကက္ဆက္တစ္လံုးတို႔ လည္း ပါဝင္သည္။

ေလယာဥ္မွာ ခရီးသည္ ၉ ဦးေက်ာ္ လိုက္ပါစီးနင္းႏိုင္သည့္ေလယာဥ္ျဖစ္သည္။

(အဲလ္ဗစ္ ပရက္စေလသည္ ယခုဂ်က္ေလယာဥ္ကို ၁၉၇၆ ခုႏွစ္တြင္ ေဒၚလာ ၈၄၀၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။ ဓာတ္ပံု- Mecum Auctions)

(ေလယာဥ္မွဴးအခန္း- ဓာတ္ပံု- Mecum Auctions)

(ေလယာဥ္ေပၚတြင္ ခရီးသည္ ၆ ဦးႏွင့္အထက္ လုိက္ပါႏိုင္သည္။ ဓာတ္ပံု- Mecum Auctions)

(ေလယာဥ္ေပၚမွ ေရွးေဟာင္း ရုပ္ျမင္သံၾကားစက္။ ဓာတ္ပံု- Mecum Auctions)

ခရီးသည္ထိုင္ခံု ၆ လံုးပါဝင္ျပီး ဆံုလည္ႏွင့္ လွန္ခ်စနစ္ရွိသည့္ ခံုမ်ားျဖစ္သည္။

ထို႔အျပင္ လက္ေဆးသန္႔စင္ေနရာပါသည့္ အိမ္သာ ၁ လံုးလဲရွိသည္။ ေလလံကုမၸဏီ၏ ေဖာ္ျပခ်က္အရ ေလလံေအာင္သူအား သေဘၤာျဖင့္ ပို႔ေဆာင္ေပးရမည္ဆိုလွ်င္ ေလယာဥ္ကို ျဖဳတ္သိမ္းကာ ပို႔ေဆာင္ရမည္ျဖစ္ေၾကာင္း ေဖာ္ျပသည္။

“ေလာ့ဟိမာတင္ ကုမၸဏီထုတ္ JetStar ေလယာဥ္ေတြကို မေရမတြက္ႏိုင္တဲ့ ထိပ္တန္းပုဂၢိဳလ္ေတြ ၊ လူသိမ်ား တဲ့ ဂုဏ္သေရရွိပုဂၢိဳလ္ေတြနဲ႔ နာမည္ေက်ာ္ၾကယ္ပြင့္ေတြ ဝယ္ယူအသံုုးျပဳခဲ့ၾကပါတယ္။”ဟု ေလလံတင္ မွတ္တမ္းတြင္ ေဖာ္ျပသည္။

(Kenmore မိုကၠရိုေဝ့ဖ္ ။ ဓာတ္ပံု- Mecum Auctions)

(ေလယာဥ္ေပၚမွ ကက္စက္ ။ ဓာတ္ပံု- Mecum Auctions)

(အိမ္သာ။ ဓာတ္ပံု- Mecum Auctions)

(ဆံုလည္ႏွင့္ လွန္ခ်စနစ္ပါေသာ ခရီးသည္ ထိုင္ခံု ၆ လံုး။ ဓာတ္ပံု- Mecum Auctions)

ယခုေလလံတင္မည့္ ဂ်က္ေလယာဥ္သည္ ပရက္စေလ ပိုင္ဆိုင္ခဲ့ေသာ ကိုယ္ပုိင္ဂ်က္ေလယာဥ္မ်ားစြာအနက္ တစ္ခုျဖစ္သည္။

ပရက္စေလ၏ ဂ်က္ေလယာဥ္မ်ားအနက္ ၂ စင္း ကို လက္ရွိအားျဖင့္ အေမရိကန္ျပည္ ၊ တင္နက္ဆီျပည္နယ္ ၊ မန္းဖစ္ျမဳိ႕ရွိ ပရက္စေလ၏ Graceland စံအိမ္ၾကီးတြင္ ျပသထားသည္။

ေလယာဥ္ႏွင့္ စစ္လက္နက္ပစၥည္းမ်ား ထုတ္လုပ္သည့္ ေလာ့ဟိမာတင္ ကုမၸဏီၾကီးက JetStar ေလယာဥ္ ေပါင္း ၂၀၂ စင္း ထုတ္လုပ္ခဲ့ရာ ယခုေလလံတင္မည့္ ေလယာဥ္လည္း ပါဝင္သည္။

ပရက္စေလ မကြယ္လြန္မီ လေပါင္းအတန္ၾကာအလုိတြင္ ပရက္စေလက ဤေလယာဥ္ကုိ ေရာင္းခ်ခဲ့ျခင္းျဖစ္သည္။

ေနာက္ပုိင္းတြင္ ဤေလယာဥ္ကို ေဆာ္ဒီအာေရးဘီးယား ကုမၸဏီ ၁ ခုက ပိုင္ဆုိင္ခဲ့သည္။

“အဲဒီေနာက္ပိုင္းမွာ ဒီေလယာဥ္ဟာ အေမရိကန္ျပည္ေထာင္စု ၊ နယူးမကၠဆီကိုျပည္နယ္ ၊ ေရာ့စ္ဝဲလ္ျမိဳ႕မွာ ရွိတဲ့ Roswell International Air Center (ROW) ကို ေရာက္သြားပါတယ္။ အဲဒီမွာပဲဆယ္စုႏွစ္မ်ားစြာ သိမ္းထားခဲ့တာ ယေန႔တုိင္ေအာင္ပါပဲ။”ဟု ေလလံတင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

ေလယာဥ္အား ေလလံတင္ေရာင္းခ်မည့္ရက္မွာ ၂၀၂၃ ခုႏွစ္ ၊ ဇန္နဝါရီလ ၈ ရက္ျဖစ္သည္။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elvis Presley’s $840K plush, red velvet private jet up for auction (nypost)

အဲလ်ဗစ် ပရက်စလေ၏ လေထဲကအိမ် (သို့မဟုတ်) ပရက်စလေ ၁၉၇၆ ခုနှစ်က ဝယ်ယူခဲ့သည့် ကတ္တီပါရောင် ကိုယ်ပိုင်ဂျက်လေယာဉ် လေလံတင်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service