တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွင့် Exo အဖွဲ့မှ အဆိုတော် Kris Wu ၏ ပေကျင်းမြို့မှ စံအိမ်

တရုတ်ပြည်တွင် မုဒိမ်းမှုဖြင့် ထောင်ဒဏ် ၁၃ နှစ်၊ဒဏ်ငွေယွမ် သန်း ၆၀၀ (ဒေါ်လာ ၈၃ သန်း ) ချမှတ်ခံရသော နာမည်ကြီး ပေါ့ပ်ကြယ်ပွင့် Exo အဖွဲ့မှ အဆိုတော် Kris Wu ၏ ပေကျင်းမြို့မှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
28 Nov 2022 10:47 am တွင် တင်ခဲ့သည်
2557 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တောင်ကိုရီးယားလူငယ် ဂီတအဖွဲ့ Exo ၏ အဖွဲ့သားဟောင်း ကနေဒါ ပေါ့ပ်ကြယ်ပွင့် Kris Wu သည် ၂၀၂၀ ပြည့်နှစ်အတွင်း အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့်ခဲ့မှုဖြင့် တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ တရားရုံးက ပြီးခဲ့သောရက်ပိုင်းက ထောင်ဒဏ် ၁၃ နှစ်ချမှတ်လိုက်သည်။

Kris Wu ၏ အမည်ရင်းမှာ ဝူယိဖန် (吴亦凡) ဖြစ်ပြီး ကနေဒါလူမျိုး ရက်ပ်အဆိုတော် ၊ အဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင်နှင့်မော်ဒယ်တစ်ဦး ဖြစ်သည်။

သူသည် တောင်ကိုရီးယား - တရုတ်လူငယ်ဂီတအဖွဲ့ Exo ၏ အဖွဲ့သားဟောင်းတစ်ဦး ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် အဖွဲ့မှ ထွက်ခဲ့ကာ တရုတ်ပြည်မကြီးတွင် တကိုယ်တော်အဆိုတော် ၊ ရုပ်ရှင်မင်းသားတစ်ဦးအဖြစ် ရပ်တည်ခဲ့သည်။

 

ယင်းနောက်ပိုင်း ဝက်ဝက်ကွဲ အောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ရာ Mr. Six နှင့် Journey to the West: The Demons Strike Back ဇာတ်ကားများ အပါအဝင်ဖြစ်သည်။

အဆိုပါ ဇာတ်ကားများသည် တရုတ်ပြည်၏ ရုပ်ရှင်သမိုင်းတလျှောက် ဝင်ငွေအရဆုံး ဇာတ်ကားများတွင် ပါဝင်သည်။

Kris Wu သည် ယင်းနောက်ပိုင်း ဟောလိဝုဒ်သို့ရောက်ရှိခဲ့ပြီး XXX: Return of Xander Cage ဇာတ်ကားဖြင့် စတင်ပွဲထွက်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၁ ရက် Kris Wu ကို မုဒိမ်းမှုစွဲချက်ဖြင့် ပေကျင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

 

(Kris Wu ၏ ပေကျင်းမြို့မှ မဟာစံအိမ်ကြီး)

 

Kris Wu ၏ ဟိုးလေးတကျော်ဖြစ်နေသော အမှုမှာ တရုတ်ပြည်သူများအား တုန်လှုပ်အမျက်ထွက်စေခဲ့သည်။

တရုတ်ပြည်၏ ထိပ်သီးအကျော်အမော်များတွင် ပါဝင်သူ Kris Wu သည် ဆယ်ကျော်သက် မိန်းကလေးများနှင့် အချစ်ရေးဇာတ်လမ်းများ ရှိသူဖြစ်သည်။ မကြာသေးမီကာလအတွင်း လူမှုကွန်ရက်တွင် Kris Wu ၏ ပေကျင်းမှ မဟာစံအ်ိမ်ကြီး၏ ဓာတ်ပုံတစ်ပုံ ပျံ့နှံ့ခဲ့သည်။

 

 

သတင်းများအရ အဆိုပါအိမ်၏ တန်ကြေးမှာ ယွမ်ငွေ သန်း ၃၀ နှင့်အထက် (ကန်ဒေါ်လာ ၅ သန်း အထက်) ရှိသည်ဟု ဆိုသည်။

သို့အတွက် ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၁၀၀၀၀၀ တန်ကြေးရှိနေသည်။ နေအိမ်ဝန်းကျင်မှ အိမ်နီးချင်းများ အားလုံးမှာလည်း နာမည်ကြီးသူဌေးကြီးများ ဖြစ်ကြသည်။

 

 

 

ထို့ကြောင့် အဆိုပါ နေရာမှာ ထိပ်တန်းသူဌေးကြီးများ နေထိုင်ရာ နေရာဖြစ်သည်ဟု ဆိုနိုင်သည်။

Kris Wu ၏ အဆောက်အအုံတွင် တစ်ကိုယ်ရေလုံခြုံမှုအတွက် ၂၄ နာရီ လုံခြုံရေးချကာ တင်းကြပ်ထားသည်။

 

(Kris Wu ၏ ပေကျင်းမြို့မှ စံအိမ်)

 

Kris Wu ၏ စံအိမ်တွင်းမှာ အိပ်ခန်းမှာ စတုရန်း ၉၀ မီတာ အကျယ်အဝန်းရှိသည်။

သို့သော် အိပ်ယာကုတင်မှာ သေးငယ်လှရာ နားလည်ရခက်နေသည်။ အဘယ်ကြောင့်ဆိုလျှင် Kris Wu ၏ အရပ်အမြင့်မှာ ၁၈၅ ဒသမ ၄ စင်တီမီတာ (၆ ပေ ၁ လက်မ) ရှိသောကြောင့် ဖြစ်သည်။

 

သတင်းများအရ Kris Wu သည် သူ၏အမည်ဖြင့် အခြားလူနေခန်း ၃ ခန်းလည်း ပိုင်ဆိုင်ထားသေးပြီး ယင်းအနက် တစ်ခန်းမှာ ယွမ်ငွေ သန်း ၁၀၀ (ကန်ဒေါ်လာ ၁၈ သန်း ခန့်) တန်ကြေးရှိကာ ပေကျင်းမြို့ အရှေ့ဘက်တွင် တည်ရှိသည်ဟု ဆိုသည်။

 

(Kris Wu နှင့် မုဒိမ်းမှု)

 

 

Kris Wu သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာမှ ဒီဇင်ဘာလအကြား အရက်မူးနေသော အမျိုးသမီး ၃ ဦးကို သူ၏ နေအိမ်တွင် အဓမ္မကျင့်ခဲ့မှုဖြင့် အပြစ်ရှိသည်ကို စစ်ဆေးတွေ့ရှိရကာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ပေကျင်းမြို့ရှိ တရားရုံးတစ်ခုက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

Kris Wu သည် ထောင်ဒဏ်ကျခံပြီးပါက တရုတ်ပြည်မှ ပြည်နှင်ဒဏ်ပေးခြင်းခံရမည် ဖြစ်သည်။

Kris Wu သည် အဆိုပါ မုဒိမ်းမှုများအတွက် ထောင်ဒဏ် ၁၁ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

 

ပေကျင်းမြို့၊ Chaoyang ခရိုင်တရားရုံး၏ မှတ်တမ်းများအရ ဝူယိဖန်သည် သူ၏နေအိမ်တွင် အရက်မူးနေသော အမျိုးသမီး ၃ ဦးကို အခွင့်အရေးယူခဲ့သည်ဟု ဖော်ပြထားသည်။ ထို့အပြင် Kris Wu သည် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း သောက်စားရမ်းကားခဲ့မှုအတွက်လည်း ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်ခံရရာ စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

 

ထို့အပြင် တရုတ်အစိုးရ အကောက်ခွန်ဦးစီးဌာနက ဖော်ထုတ်တင်ပြချက်အရ Kris Wu သည် အခွန်ငွေ ယွမ် သန်း ၁၇၀ (ကန်ဒေါ်လာ ၂၃,၇၂၂,၁၄၃ ဒသမ ၄၀) မပေးဆောင်ဘဲ အခွန်ရှောင်ခဲ့ကြောင်း တွေ့ရှိသရဖြင့် ဒဏ်ငွေ ယွမ် သန်း ၆၀၀ (ကန်ဒေါ်လာ ၈၃,၇၂၅,၂၁၂ ) ပေးဆောင်ရမည် ဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Canadian pop star Kris Wu sentenced to 13 years in jail for rape in China (lovekpop95.com, theguardian,wikipedia)

 

 

[Zawgyi]

 

တရုတ္ျပည္တြင္ မုဒိမ္းမႈျဖင့္ ေထာင္ဒဏ္ ၁၃ ႏွစ္၊ဒဏ္ေငြယြမ္ သန္း ၆၀၀ (ေဒၚလာ ၈၃ သန္း ) ခ်မွတ္ခံရေသာ နာမည္ၾကီး ေပါ့ပ္ၾကယ္ပြင့္ Exo အဖြဲ႔မွ အဆိုေတာ္ Kris Wu ၏ ေပက်င္းျမဳိ႕မွ စံအိမ္

 

ေတာင္ကိုရီးယားလူငယ္ ဂီတအဖြဲ႔ Exo ၏ အဖြဲ႔သားေဟာင္း ကေနဒါ ေပ့ါပ္ၾကယ္ပြင့္ Kris Wu သည္ ၂၀၂၀ ျပည့္ႏွစ္အတြင္း အမ်ဳိးသမီး ၃ ဦးကို မုဒိမ္းက်င့္ခဲ့မႈျဖင့္ တရုတ္ႏိုင္ငံ ေပက်င္းျမဳိ႕ေတာ္ရွိ တရားရံုးက ျပီးခဲ့ေသာရက္ပိုင္းက ေထာင္ဒဏ္ ၁၃ ႏွစ္ခ်မွတ္လိုက္သည္။

Kris Wu ၏ အမည္ရင္းမွာ ဝူယိဖန္ (吴亦凡) ျဖစ္ျပီး ကေနဒါလူမ်ိဳး ရက္ပ္အဆိုေတာ္ ၊ အဆိုေတာ္ ၊ ရုပ္ရွင္သရုပ္ေဆာင္ႏွင့္ေမာ္ဒယ္တစ္ဦး ျဖစ္သည္။

သူသည္ ေတာင္ကိုရီးယား - တရုတ္လူငယ္ဂီတအဖြဲ႔ Exo ၏ အဖြဲ႔သားေဟာင္းတစ္ဦး ျဖစ္ျပီး ၂၀၁၄ ခုႏွစ္တြင္ အဖြဲ႔မွ ထြက္ခဲ့ကာ တရုတ္ျပည္မၾကီးတြင္ တကိုယ္ေတာ္အဆိုေတာ္ ၊ ရုပ္ရွင္မင္းသားတစ္ဦးအျဖစ္ ရပ္တည္ခဲ့သည္။ ယင္းေနာက္ပုိင္း ဝက္ဝက္ကြဲ ေအာင္ျမင္သည့္ ရုပ္ရွင္ဇာတ္ကားမ်ားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ရာ Mr. Six ႏွင့္ Journey to the West: The Demons Strike Back ဇာတ္ကားမ်ား အပါအဝင္ျဖစ္သည္။

အဆိုပါ ဇာတ္ကားမ်ားသည္ တရုတ္ျပည္၏ ရုပ္ရွင္သမိုင္းတေလွ်ာက္ ဝင္ေငြအရဆံုး ဇာတ္ကားမ်ားတြင္ ပါဝင္သည္။

Kris Wu သည္ ယင္းေနာက္ပုိင္း ေဟာလိဝုဒ္သို႔ေရာက္ရွိခဲ့ျပီး XXX: Return of Xander Cage ဇာတ္ကားျဖင့္ စတင္ပြဲထြက္လာခဲ့သည္။ ၂၀၂၁ ခုႏွစ္ ဇူလိုင္လ ၃၁ ရက္ Kris Wu ကို မုဒိမ္းမႈစြဲခ်က္ျဖင့္ ေပက်င္းရဲတပ္ဖြဲ႔က ဖမ္းဆီးခဲ့သည္။

 

(Kris Wu ၏ ေပက်င္းျမဳိ႕မွ မဟာစံအိမ္ၾကီး)

Kris Wu ၏ ဟိုးေလးတေက်ာ္ျဖစ္ေနေသာ အမႈမွာ တရုတ္ျပည္သူမ်ားအား တုန္လႈပ္အမ်က္ထြက္ေစခဲ့သည္။

တရုတ္ျပည္၏ ထိပ္သီးအေက်ာ္အေမာ္မ်ားတြင္ ပါဝင္သူ Kris Wu သည္ ဆယ္ေက်ာ္သက္ မိန္းကေလးမ်ားႏွင့္ အခ်စ္ေရးဇာတ္လမ္းမ်ား ရွိသူျဖစ္သည္။ မၾကာေသးမီကာလအတြင္း လူမႈကြန္ရက္တြင္ Kris Wu ၏ ေပက်င္းမွ မဟာစံအိ္မ္ၾကီး၏ ဓာတ္ပံုတစ္ပံု ပ်ံ႕ႏွ႔ံခဲ့သည္။

သတင္းမ်ားအရ အဆိုပါအိမ္၏ တန္ေၾကးမွာ ယြမ္ေငြ သန္း ၃၀ ႏွင့္အထက္ (ကန္ေဒၚလာ ၅ သန္း အထက္) ရွိသည္ဟု ဆုိသည္။

သို႔အတြက္ ၁ စတုရန္းမီတာလွ်င္ ယြမ္ေငြ ၁၀၀၀၀၀ တန္ေၾကးရွိေနသည္။ ေနအိမ္ဝန္းက်င္မွ အိမ္နီးခ်င္းမ်ား အားလံုးမွာလည္း နာမည္ၾကီးသူေဌးၾကီးမ်ား ျဖစ္ၾကသည္။

ထို႔ေၾကာင့္ အဆိုပါ ေနရာမွာ ထိပ္တန္းသူေဌးၾကီးမ်ား ေနထိုင္ရာ ေနရာျဖစ္သည္ဟု ဆိုႏိုင္သည္။

Kris Wu ၏ အေဆာက္အအံုတြင္ တစ္ကိုယ္ေရလံုျခံဳမႈအတြက္ ၂၄ နာရီ လံုျခံဳေရးခ်ကာ တင္းၾကပ္ထားသည္။

 

(Kris Wu ၏ ေပက်င္းျမဳိ႕မွ စံအိမ္)

Kris Wu ၏ စံအိမ္တြင္းမွာ အိပ္ခန္းမွာ စတုရန္း ၉၀ မီတာ အက်ယ္အဝန္းရွိသည္။

သို႔ေသာ္ အိပ္ယာကုတင္မွာ ေသးငယ္လွရာ နားလည္ရခက္ေနသည္။ အဘယ္ေၾကာင့္ဆိုလွ်င္ Kris Wu ၏ အရပ္အျမင့္မွာ ၁၈၅ ဒသမ ၄ စင္တီမီတာ (၆ ေပ ၁ လက္မ) ရွိေသာေၾကာင့္ ျဖစ္သည္။

သတင္းမ်ားအရ Kris Wu သည္ သူ၏အမည္ျဖင့္ အျခားလူေနခန္း ၃ ခန္းလည္း ပိုင္ဆိုင္ထားေသးျပီး ယင္းအနက္ တစ္ခန္းမွာ ယြမ္ေငြ သန္း ၁၀၀ (ကန္ေဒၚလာ ၁၈ သန္း ခန္႔) တန္ေၾကးရွိကာ ေပက်င္းျမိဳ႕ အေရွ႕ဘက္တြင္ တည္ရွိသည္ဟု ဆုိသည္။

(Kris Wu ႏွင့္ မုဒိမ္းမႈ)

Kris Wu သည္ ၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာမွ ဒီဇင္ဘာလအၾကား အရက္မူးေနေသာ အမ်ဳိးသမီး ၃ ဦးကို သူ၏ ေနအိမ္တြင္ အဓမၼက်င့္ခဲ့မႈျဖင့္ အျပစ္ရွိသည္ကို စစ္ေဆးေတြ႔ရွိရကာ ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၅ ရက္တြင္ ေပက်င္းျမိဳ႕ရွိ တရားရံုးတစ္ခုက အမိန္႔ခ်မွတ္ခဲ့ျခင္း ျဖစ္သည္။

Kris Wu သည္ ေထာင္ဒဏ္က်ခံျပီးပါက တရုတ္ျပည္မွ ျပည္ႏွင္ဒဏ္ေပးျခင္းခံရမည္ ျဖစ္သည္။

Kris Wu သည္ အဆိုပါ မုဒိမ္းမႈမ်ားအတြက္ ေထာင္ဒဏ္ ၁၁ ႏွစ္ခြဲ ခ်မွတ္ခံခဲ့ရသည္။

ေပက်င္းျမိဳ႕၊ Chaoyang ခရိုင္တရားရံုး၏ မွတ္တမ္းမ်ားအရ ဝူယိဖန္သည္ သူ၏ေနအိမ္တြင္ အရက္မူးေနေသာ အမ်ဳိးသမီး ၃ ဦးကို အခြင့္အေရးယူခဲ့သည္ဟု ေဖာ္ျပထားသည္။ ထို႔အျပင္ Kris Wu သည္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လအတြင္း ေသာက္စားရမ္းကားခဲ့မႈအတြက္လည္း ေထာင္ဒဏ္ ၁ ႏွစ္ခြဲခ်မွတ္ခံရရာ စုစုေပါင္း ေထာင္ဒဏ္ ၁၃ ႏွစ္ခ်မွတ္ခံခဲ့ရျခင္း ျဖစ္သည္။

ထို႔အျပင္ တရုတ္အစိုးရ အေကာက္ခြန္ဦးစီးဌာနက ေဖာ္ထုတ္တင္ျပခ်က္အရ Kris Wu သည္ အခြန္ေငြ ယြမ္ သန္း ၁၇၀ (ကန္ေဒၚလာ ၂၃,၇၂၂,၁၄၃ ဒသမ ၄၀) မေပးေဆာင္ဘဲ အခြန္ေရွာင္ခဲ့ေၾကာင္း ေတြ႔ရွိသရျဖင့္ ဒဏ္ေငြ ယြမ္ သန္း ၆၀၀ (ကန္ေဒၚလာ ၈၃,၇၂၅,၂၁၂ ) ေပးေဆာင္ရမည္ ျဖစ္သည္ဟု ဆိုသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Canadian pop star Kris Wu sentenced to 13 years in jail for rape in China (lovekpop95.com, theguardian,wikipedia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service