ခရိုအေးရှားနိုင်ငံက အသည်းကွဲ ပြတိုက်

ခရိုအေးရှားနိုင်ငံက အသည်းကွဲ ပြတိုက် - Property News in Myanmar from iMyanmarHouse.com
25 Nov 2022 11:45 am တွင် တင်ခဲ့သည်
802 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့တွင် အသည်းကွဲသူတိုင်းနှင့် ပတ်သက်သည့် ပြတိုက်တစ်ခုရှိနေသည်။

အချစ်တစ်ခု ဆုံးရှုံးခဲ့ရသည့်အခါမျိုးတွင် ကျန်ရစ်ခဲ့သည့် အမှတ်တရပစ္စည်းများအား ကိုင်တွယ်ဆောင်ရွက်ပုံနှင့် စပ်လျဉ်းပြီး ကျွန်ုပ်တို့တစ်ဦးစီတိုင်းတွင် ကွဲပြားသောနည်းလမ်းအမျိုးမျိုး ရှိကြသည်။

အချို့သော မိန်းကလေးများက ချစ်သူပေးခဲ့သော ဆံညှပ်များ၊ ကလစ်ကလေးများကို လွှင့်မပစ်ရက်ဘဲ အိပ်ယာအောက်တွင် ဘူးကလေးတစ်ခုဖြင့် သိမ်းထားတတ်ကြသည်။

 

အချို့သော ကောင်လေးများကမူ ချစ်သူကောင်မလေး၏ ဓာတ်ပုံများကို မီးရှို့ပစ်တတ်ကြ၏။

ချစ်သူတို့အကြားမှ အဆိုပါသာမန်ပစ္စည်းကလေးများသည် လမ်းခွဲပြီးနောက်ပိုင်းတွင်ကား ချစ်ခြင်းမေတ္တာ အတွက် အရာရာ ဖြစ်လာသည်။

 

ခရိုအေးရှားနိုင်ငံမှ အနုပညာရှင်များဖြစ်သော Olinka Vistina နှင့် Drazen Grubisic တို့ လမ်းခွဲခဲ့ကြချိန်တွင် သူတို့၏ ပျက်သုဉ်းသွားသော အချစ်ရေးမှ အမှတ်ရဖွယ် အမှတ်တရပစ္စည်းလေးများကို မစွန့်ပစ်ရက် သောကြောင့် နှစ်ဦးသား၏ အမှတ်တရပစ္စည်းကလေးများ အတူတကွထားရှိရန်အတွက် လမ်းခွဲခဲ့ကြသည့် အချစ်ရေးများပြတိုက် (သို့မဟုတ်) အသည်းကွဲပြတိုက်ကို ဖွင့်လှစ်ရန် စိတ်ကူးရခဲ့ကြသည်။

 

ရုတ်တရက်သုံးသပ်မည်ဆိုလျှင် အသည်းကွဲပြတိုက်ဖွင့်ခြင်းမှာ ကောင်းမွန်မှန်ကန်သည့် ကုစားမှုလမ်းကြောင်း နှင့် ဆန့်ကျင်နေသည်ဟု ထင်ရသည်။

 

 

သို့သော် အဆိုပါစိတ်ကူး အကောင်အထည်ပေါ်လာပြီးနောက် ပြတိုက်ကို လာရောက်လည်ပတ်ကြည့်ရှုသူများ ရှိလာခဲ့ပြီးနောက်ပိုင်း ကမ္ဘာတစ်ဝန်းမှ များစွာသောသူတို့က ၎င်းတို့၏ အသည်းကွဲခဲ့ရသော အချစ်ရေးမှ အမှတ်တရပစ္စည်းလေးများကို ပြတိုက်သို့ ပေးပို့လှူဒါန်းလာကြသည်။

 

ယနေ့အခါတွင် အချစ်၏ စိတ်ဝင်စားဖွယ်ရာ အမှတ်တရဟောင်းကလေးများစွာကို ပြတိုက်တွင် ပြသထားသည်။

Teddy bear ဝက်ဝံရုပ်များ၊ ပေးစာများပါဝင်လေ့ရှိပြီး အချို့သောအရာများမှာ အလွန်သနားဂရုဏာသက်ဖွယ် ဖြစ်ပြီး အချို့သောပစ္စည်းများမှာမူ အဓိပ္ပာယ်မှန်းဆ၍ မရနိုင်ချေ။

 

မိန်းကလေးတစ်ဦး၏ မျက်ရည်များ အပြည့်ထည့်ထားသော ပုလင်းငယ်တစ်လုံး၊ ပုဆိန်တစ်လက်၊ ကျင်စက် ငယ်တစ်ခုအစရှိသည်တို့ ပါဝင်ပြီး ခြေတုတစ်ခုကိုလည်း တွေ့ရသည်။

နာမည်ကြီးလှသော အသည်းကွဲပြတိုက်သည် ဝမ်းနည်းကြေကွဲဖွယ်၊ စိတ်နှလုံးမချမ်းမြေ့ဖွယ်အကြောင်းရပ်ဟု ယူဆဖွယ်ရာရှိသည်။

 

ဤပြတိုက်သည် လိင်ကိစ္စအပါအဝင် သူတပါး၏ အတွင်းကျကျကိစ္စများကို သိလိုခြင်းမျိုးဟု ဆိုနိုင်သကဲ့သို့ အထီးကျန်စွာ အသည်းကြေကွဲရမှု ခံစားချက်သည် အားလုံးနှင့် စပ်ဆိုင်ကြောင်း အသိအမှတ်ပြုခြင်း သဘောလည်း ဖြစ်နိုင်သည်။

 

အသည်းကွဲပြတိုက်ကို တစ်ပတ်လျှင် လာရောက်လည်ပတ်လေ့လာသူ ၁၀၀၀ ကျော်ရှိသည်။

ထိုသို့အောင်မြင်မှုကြောင့် လော့စ်အိန်ဂျလိမြို့တွင်လည်း ၂၀၁၆ ခုနှစ်အတွင်း ဒုတိယမြောက် အသည်းကွဲပြတိုက်တစ်ခု ထပ်မံဖွင့်လှစ်ခဲ့သည်။

 

 

 

 

(ပြတိုက်နှင့် ပတ်သက်၍ ထင်မြင်ချက်ပေးကြသူများ)

 

 

(အိုင်ဗန်နာ - ခရိုအေးရှားနိုင်ငံမှ)

 

 

 

ပြတိုက်က နေရာမကျယ်ပေမယ့် ခင်းကျင်းပြသထားတဲ့ ပစ္စည်းလေးတွေ အများကြီးပါပဲ။

ပြသထားတဲ့ ပစ္စည်းတစ်ခုစီတိုင်းမှာ ဇာတ်လမ်းလေးတွေရှိပြီး လာရောက်လည်ပတ်သူတွေ ဖတ်ကြည့်နိုင် ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မကတော့ ခပ်တိုတိုရေးထားတာလေးတွေပဲ ဖတ်ကြည့်ဖြစ်တယ်။ တချို့ဇာတ်လမ်းလေးတွေက ကျွန်မကို မျက်ရည်ကျအောင် ဝမ်းနည်းကြေကွဲစေတယ်။ တချို့ဇာတ်လမ်းလေး တွေကျတော့ ကျွန်မကို ရယ်မောမိစေပါတယ်။ ခြုံပြောရရင် ပြတိုက်လေးက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မက ဒီထက်ပိုပြီး မျှော်လင့်မိတယ်။

 

အသည်းကွဲပြတိုက်၏ တည်နေရာ ကိုသြဒိနိတ်- 45.8158, 15.9736

(အသည်းကွဲပြတိုက် အနီးဝန်းကျင်မှာ ဘာတွေရှိလဲ)

Naïve Art အနုပညာပြတိုက်- ၀ ဒသမ ၀၄ မိုင်

Gric ဥမင်- ၀ ဒသမ ၁၄ မိုင်

မှိုပြတိုက်- ၀ ဒသမ ၂၁ မိုင်

 

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Museum of Broken Relationships (atlasobscura)

 

 

 

[Zawgyi]

ခရိုေအးရွားႏိုင္ငံက အသည္းကြဲ ျပတိုက္

 

ခရိုေအးရွားႏိုင္ငံ၊ ဇာဂရက္ျမိဳ႕တြင္ အသည္းကြဲသူတိုင္းႏွင့္ ပတ္သက္သည့္ ျပတိုက္တစ္ခုရွိေနသည္။

အခ်စ္တစ္ခု ဆံုးရံႈးခဲ့ရသည့္အခါမ်ဳိးတြင္ က်န္ရစ္ခဲ့သည့္ အမွတ္တရပစၥည္းမ်ားအား ကိုင္တြယ္ေဆာင္ရြက္ပံုႏွင့္ စပ္လ်ဥ္းျပီး ကၽြႏု္ပ္တို႔တစ္ဦးစီတိုင္းတြင္ ကြဲျပားေသာနည္းလမ္းအမ်ဳိးမ်ဳိး ရွိၾကသည္။

အခ်ဳိ႕ေသာ မိန္းကေလးမ်ားက ခ်စ္သူေပးခဲ့ေသာ ဆံညွပ္မ်ား၊ ကလစ္ကေလးမ်ားကို လႊင့္မပစ္ရက္ဘဲ အိပ္ယာေအာက္တြင္ ဘူးကေလးတစ္ခုျဖင့္ သိမ္းထားတတ္ၾကသည္။

အခ်ဳိ႕ေသာ ေကာင္ေလးမ်ားကမူ ခ်စ္သူေကာင္မေလး၏ ဓာတ္ပံုမ်ားကို မီးရိႈ႕ပစ္တတ္ၾက၏။

ခ်စ္သူတို႔အၾကားမွ အဆိုပါသာမန္ပစၥည္းကေလးမ်ားသည္ လမ္းခြဲျပီးေနာက္ပိုင္းတြင္ကား ခ်စ္ျခင္းေမတၱာ အတြက္ အရာရာ ျဖစ္လာသည္။

ခရိုေအးရွားႏိုင္ငံမွ အႏုပညာရွင္မ်ားျဖစ္ေသာ Olinka Vistina ႏွင့္ Drazen Grubisic တို႔ လမ္းခြဲခဲ့ၾကခ်ိန္တြင္ သူတို႔၏ ပ်က္သုဥ္းသြားေသာ အခ်စ္ေရးမွ အမွတ္ရဖြယ္ အမွတ္တရပစၥည္းေလးမ်ားကို မစြန္႔ပစ္ရက္ ေသာေၾကာင့္ ႏွစ္ဦးသား၏ အမွတ္တရပစၥည္းကေလးမ်ား အတူတကြထားရွိရန္အတြက္ လမ္းခြဲခဲ့ၾကသည့္ အခ်စ္ေရးမ်ားျပတိုက္ (သို႔မဟုတ္) အသည္းကြဲျပတိုက္ကို ဖြင့္လွစ္ရန္ စိတ္ကူးရခဲ့ၾကသည္။

ရုတ္တရက္သံုးသပ္မည္ဆိုလွ်င္ အသည္းကြဲျပတိုက္ဖြင့္ျခင္းမွာ ေကာင္းမြန္မွန္ကန္သည့္ ကုစားမႈလမ္းေၾကာင္း ႏွင့္ ဆန္႔က်င္ေနသည္ဟု ထင္ရသည္။

သို႔ေသာ္ အဆိုပါစိတ္ကူး အေကာင္အထည္ေပၚလာျပီးေနာက္ ျပတိုက္ကို လာေရာက္လည္ပတ္ၾကည့္ရႈသူမ်ား ရွိလာခဲ့ျပီးေနာက္ပိုင္း ကမၻာတစ္ဝန္းမွ မ်ားစြာေသာသူတို႔က ၎တို႔၏ အသည္းကြဲခဲ့ရေသာ အခ်စ္ေရးမွ အမွတ္တရပစၥည္းေလးမ်ားကို ျပတိုက္သို႔ ေပးပို႔လွဴဒါန္းလာၾကသည္။

ယေန႔အခါတြင္ အခ်စ္၏ စိတ္ဝင္စားဖြယ္ရာ အမွတ္တရေဟာင္းကေလးမ်ားစြာကို ျပတိုက္တြင္ ျပသထားသည္။

Teddy bear ဝက္ဝံရုပ္မ်ား၊ ေပးစာမ်ားပါဝင္ေလ့ရွိျပီး အခ်ဳိ႕ေသာအရာမ်ားမွာ အလြန္သနားဂရုဏာသက္ဖြယ္ ျဖစ္ျပီး အခ်ဳိ႕ေသာပစၥည္းမ်ားမွာမူ အဓိပၸာယ္မွန္းဆ၍ မရႏိုင္ေခ်။

မိန္းကေလးတစ္ဦး၏ မ်က္ရည္မ်ား အျပည့္ထည့္ထားေသာ ပုလင္းငယ္တစ္လံုး၊ ပုဆိန္တစ္လက္၊ က်င္စက္ ငယ္တစ္ခုအစရွိသည္တို႔ ပါဝင္ျပီး ေျခတုတစ္ခုကိုလည္း ေတြ႔ရသည္။

နာမည္ၾကီးလွေသာ အသည္းကြဲျပတိုက္သည္ ဝမ္းနည္းေၾကကြဲဖြယ္၊ စိတ္ႏွလံုးမခ်မ္းေျမ႕ဖြယ္အေၾကာင္းရပ္ဟု ယူဆဖြယ္ရာရွိသည္။

ဤျပတိုက္သည္ လိင္ကိစၥအပါအဝင္ သူတပါး၏ အတြင္းက်က်ကိစၥမ်ားကို သိလိုျခင္းမ်ဳိးဟု ဆိုႏိုင္သကဲ့သို႔ အထီးက်န္စြာ အသည္းေၾကကြဲရမႈ ခံစားခ်က္သည္ အားလံုးႏွင့္ စပ္ဆိုင္ေၾကာင္း အသိအမွတ္ျပဳျခင္း သေဘာ လည္း ျဖစ္ႏိုင္သည္။

အသည္းကြဲျပတိုက္ကို တစ္ပတ္လွ်င္ လာေရာက္လည္ပတ္ေလ့လာသူ ၁၀၀၀ ေက်ာ္ရွိသည္။

ထိုသို႔ေအာင္ျမင္မႈေၾကာင့္ ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္လည္း ၂၀၁၆ ခုႏွစ္အတြင္း ဒုတိယေျမာက္ အသည္းကြဲျပတိုက္တစ္ခု ထပ္မံဖြင့္လွစ္ခဲ့သည္။

(ျပတိုက္ႏွင့္ ပတ္သက္၍ ထင္ျမင္ခ်က္ေပးၾကသူမ်ား)

(အိုင္ဗန္နာ - ခရိုေအးရွားႏိုင္ငံမွ)

ျပတိုက္က ေနရာမက်ယ္ေပမယ့္ ခင္းက်င္းျပသထားတဲ့ ပစၥည္းေလးေတြ အမ်ားၾကီးပါပဲ။

ျပသထားတဲ့ ပစၥည္းတစ္ခုစီတိုင္းမွာ ဇာတ္လမ္းေလးေတြရွိျပီး လာေရာက္လည္ပတ္သူေတြ ဖတ္ၾကည့္ႏိုင္ ပါတယ္။ ပြင့္ပြင့္လင္းလင္းေျပာရရင္ ကၽြန္မကေတာ့ ခပ္တိုတိုေရးထားတာေလးေတြပဲ ဖတ္ၾကည့္ျဖစ္တယ္။ တခ်ဳိ႕ဇာတ္လမ္းေလးေတြက ကၽြန္မကို မ်က္ရည္က်ေအာင္ ဝမ္းနည္းေၾကကြဲေစတယ္။ တခ်ဳိ႕ဇာတ္လမ္းေလး ေတြက်ေတာ့ ကၽြန္မကို ရယ္ေမာမိေစပါတယ္။ ျခံဳေျပာရရင္ ျပတိုက္ေလးက ေကာင္းပါတယ္။ ဒါေပမယ့္ ကၽြန္မက ဒီထက္ပိုျပီး ေမွ်ာ္လင့္မိတယ္။

အသည္းကြဲျပတိုက္၏ တည္ေနရာ ကိုၾသဒိနိတ္- 45.8158, 15.9736

(အသည္းကြဲျပတိုက္ အနီးဝန္းက်င္မွာ ဘာေတြရွိလဲ)

Naïve Art အႏုပညာျပတိုက္- ၀ ဒသမ ၀၄ မိုင္

Gric ဥမင္- ၀ ဒသမ ၁၄ မိုင္

မိႈျပတိုက္- ၀ ဒသမ ၂၁ မိုင္

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Museum of Broken Relationships (atlasobscura)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service