အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည်

အီတလီနိုင်ငံ၊ Presicce မြို့လေးတွင် လာရောက်အခြေချနေထိုင်သူတိုင်းကို ဒေါ်လာ ၃၀၀၀၀ (မြန်မာငွေ သိန်း ၆၃၀) ပေးမည် - Property News in Myanmar from iMyanmarHouse.com
22 Nov 2022 9:47 am တွင် တင်ခဲ့သည်
1207 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

(အီတလီနိုင်ငံ၊ Lecce ပြည်နယ်၊ Presicce မြို့လေးမှ နေအိမ်ဟောင်းများကြားရှိ လမ်းကျဉ်းလေး။ ဓာတ်ပုံ -Getty Images/ iStockphoto)

(Quick Facts)

အီတလီနိုင်ငံအရှေ့တောင်ဖျားတွင် တည်ရှိ။

ကိုသြဒိနိတ်- 39°54′05″N 18°15′46″E

အကျယ်အဝန်း- ၉ ဒသမ ၄ စတုရန်းမိုင်

လူဦးရေ- ၅၂၈၉ (၂၀၁၇ ခုနှစ် အချက်အလက်)

လူဦးရေသိပ်သည်းဆ- တစ်မိုင်လျှင် ၅၆၀ ဦး

မြို့လေး၏ တရားဝင်ဝက်ဘ်ဆိုက်- https://www.comune.presicce.le.it/ အီတလီနိုင်ငံတွင် အမြဲအခြေချနေထိုင်ရန် ကြံရွယ်နေသည်ဆိုပါက အီတလီအရှေ့တောင်ဘက်ရှိ Presicce မြို့လေး၏ အုပ်ချုပ်ရေးအဖွဲ့က သင့်အား ဒေါ်လာ ၃၀၀၀၀ (မြန်မာကျပ်ငွေအားဖြင့် သိန်း ၆၃၀) ပေးအပ်သွား မည် ဖြစ်သည်။

 

(မှတ်ချက်။ သတ်မှတ်ငွေလဲနှုန်း အမေရိကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၁၀၀ နှုန်းဖြင့် တွက်ချက်ထား ခြင်းသာဖြစ်ပြီး မြေပြင်တွင် ကွာခြားမှုရှိနိုင်ပါသည်)

အမှန်ပင်။ အီတလီနိုင်ငံ တောင်ဖက်ဖျားရှိ တမူထူးသော ဤမြို့လေးသည် လာရောက်နေထိုင်မည့်သူများကို ငွေသားများ ပေးအပ်လျက် ရှိသည်။

အီတလီတွင် လူနေထိုင်မှု နည်းပါးလာသော မြို့များတွင် အခြေချနေထိုင်သူများ ရှိလာစေရန် မက်လုံးပေး ဆွဲဆောင်လျက်ရှိသည့် မြို့များ၌ Presicce မြို့ကလေးလည်း ပါဝင်လာခြင်း ဖြစ်သည်။

Presicce မြို့လေးတွင် လူမနေသည့် နေအိမ်တစ်လုံး ဝယ်ယူကာ အခြေချနေထိုင်မည်ဆိုပါက မြို့အုပ်ချုပ်ရေးအဖွဲ့က ဒေါ်လာ ၃၀၀၀၀ ပေးအပ်သွားမည့် အစီအစဉ် ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

“သမိုင်းဝင် ဒီမြို့လေးမှာ ၁၉၉၁ ခုနှစ်မတိုင်မီက ဆောက်လုပ်ခဲ့တဲ့ လူမနေတဲ့အိမ်တွေ အများကြီးရှိပါတယ်။

ဒီနေရာတွေမှာ လူသစ်တွေနဲ့ ပြန်လည်သက်ဝင်လှုပ်ရှားလာတာကို ကျွန်တော်တို့ မြင်ချင်ပါတယ်”ဟု Presicce မြို့လေး၏ အုပ်ချုပ်ရေးအဖွဲ့ဝင် Alfredo Palese က မြို့ခံသတင်းဌာနသို့ ပြောသည်။

Presicce မြို့လေးသည် အလယ်ခေတ်ကတည်းက စတင်ပေါ်ပေါက်ခဲ့သော မြို့ကလေးတစ်ခု ဖြစ်ပြီး ရင်သပ်ရှုမောဖွယ် သဲသောင်ကမ်းခြေများ၊ မှန်သားသဖွယ် ကြည်လင်သည့် ရေပြင်များ ပိုင်ဆိုင်ထားသည်။

ကျောက်ဆောင်ထူထပ်သည့် ကမ်းခြေတစ်လျှောက်တွင် လှိုဏ်ဂူများပြည့်နှက်နေသော ချောက်ကမ်းပါးများကို တွေ့ရမည် ဖြစ်သည်။

စိမ်းလန်းသော သံလွင်တောများရှိသောကြောင့် တချိန်က Presicce မြို့လေးကို အစိမ်းရောင်ရွှေမြို့တော်ဟု လူသိများခဲ့ဖူးသည်။

Presicce မြို့လေးသည် ဝိုင်၊ ကျွဲနွှားရောင်းဝယ်ရေး၊ ဒိန်ခဲထုတ်လုပ်မှုတို့ဖြင့်လည်း လူသိများသည်။

“ရှည်လျားတဲ့သမိုင်းကြောင်းရှိပြီး အံ့အားသင့်ဖွယ်ဗိသုကာနဲ့ အနုပညာလက်ရာတွေရှိတဲ့ ကျွန်တော်တို့မြို့လေး တဖြေးဖြေးချင်း လူသူကင်းမဲ့လာတာကို စိတ်နှလုံးမချမ်းမြေ့ဖွယ် ရင်ဆိုင်နေရပါတယ်”

ယခုအစီအစဉ်ကို တရားဝင်ထုတ်ပြန်ရခြင်းမရှိသေးကြောင်းနှင့် အသေးစိတ်အချက်လက်များ၊ လျှောက်လွှာ ဖောင်များကို လာမည့်ရက်သတ္တပတ်အနည်းငယ်အတွင်း Presicce မြို့လေး၏ တရားဝင်ဝက်ဘ်ဆိုက်မှတဆင့် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း Palese က ပြောသည်။

(ဒေါ်လာ ၃၀၀၀၀ ထောက်ပံ့ကြေးရဖို့ ဘာလုပ်ရမလဲ )

Presicce မြို့လေးတွင် ၁၉၉၁ ခုနှစ်မတိုင်မီက ဆောက်လုပ်ခဲ့သည့် နေအိမ်တစ်လုံး ဝယ်ယူကာ အမြဲတမ်း အခြေချနေထိုင်မည်ဟု ကတိပြုသူများကို ဒေါ်လာ ၃၀၀၀၀ ပေးအပ်မည် ဖြစ်သည်။

ထိုမြို့လေးတွင် စတုရန်းပေ ၅၀၀ ကျယ်ဝန်းသော နေအိမ်တစ်လုံး၏ ဈေးနှုန်းမှာ ဒေါ်လာ ၂၅၀၀၀ (မြန်မာကျပ်ငွေ ၅၂၅ သိန်း) ဝန်းကျင် ဖြစ်သည်။

ယခုကဲ့သို့ နေထိုင်မည့်သူများကို ဒေါ်လာ ၃၀၀၀၀ ထောက်ပံ့မှုအပြင် စီးပွားရေးလုပ်ငန်းသစ်များအတွက် အကောက်ခွန် လျှော့ပေါ့ပေးခြင်း၊ မြို့လေးတွင် နေထိုင်ရင်း သားသမီးရသည့် စုံတွဲများအတွက် ထောက်ပံ့ငွေပေးခြင်းတို့လည်း ပါဝင်မည် ဖြစ်သည်။

 

(Presicce မြို့လေး၏ အမိုက်စားမြင်ကွင်းတစ်ခု။ ဓာတ်ပုံ- Getty Images/iStockphoto)

 

 

(Presicce မြို့လေးရှိ အဆောက်အအုံများမှာ ဆေးရောင်ပြယ်လွင့်နေပြီဖြစ်သော်လည်း စွဲမက်ဖွယ် ရှိနေဆဲပင်။ ဓာတ်ပုံ- Getty Images/iStockphoto)

 

 

(Presicce မြို့လေး၏ လမ်းတစ်ခု။ ဓာတ်ပုံ- Getty Images/iStockphoto)

“ဒီမြို့လေးမှာရှိတဲ့ လူမနေတဲ့အိမ်တွေထဲက တစ်လုံးကို ဝယ်ယူပြီး ဒီမှာရွှေ့ပြောင်းအခြေချ နေထိုင်မယ့်သူတွေ ကို ကျွန်တော်တို့က ယူရိုငွေ ၃၀၀၀၀ ကျော်ပေးဖို့ ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်” ဟု Palese က ပြောသည်။ “ဒီလို ထောက်ပံ့ပေးရာမှာ ၂ ပိုင်းခွဲပြီး ထောက်ပံ့သွားမှာပါ။ တစ်ပိုင်းက နေအိမ်ဟောင်းဝယ်ယူဖို့အတွက်နဲ့ နောက်တစ်ပိုင်းက ပြန်လည်မွမ်းမံဖို့အတွက်ပဲ ဖြစ်ပါတယ်”

ယခုထောက်ပံ့ငွေများမှာ အနီးတွင်ရှိသော ကပ်လျက်မြို့တစ်ခုနှင့် ၂၀၁၉ ခုနှစ်တွင် မြို့နှစ်ခု ပေါင်းစည်းခဲ့ရာမှ ရရှိလာခဲ့ခြင်းဖြစ်သည်။

Presicce နှင့် Acquarica မြို့နှစ်ခုကို တစ်မြို့တည်းအဖြစ် ပေါင်းစည်းခဲ့ရာ ရန်ပုံငွေများ ပိုမိုများပြားလာခဲ့သည်။

ထို ၂ မြို့ပေါင်း လူဦးရေမှာ ၉၀၀၀ ခန့် ရှိသည်။

“မြို့နှစ်ခုပေါင်းစည်းလိုက်တာကြောင့် အီတလီဥပဒေအရ နယ်နိမိတ်ကျယ်သွားတဲ့အတွက် ရန်ပုံငွေလည်း ပိုရလာတယ်။ တစ်နှစ်ကို အကြမ်းဖျင်း ယူရို ၁ သန်းနဲ့ နှစ်ပေါင်းများစွာ ရရှိသွားမှာ ဖြစ်ပါတယ်။ ဒီငွေတွေကို မြို့လေး ပြန်လည်ရှင်သန်နိုးကြားလာစေဖို့အတွက် အသုံးပြုသွားဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်” ဟု Palese က ရှင်းပြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Italian town offering $30K to anyone who moves there (mirror.co.uk/ nypost)

 

 

 

 

[Zawgyi]

အီတလီႏိုင္ငံ၊ Presicce ျမိဳ႕ေလးတြင္ လာေရာက္အေျခခ်ေနထုိင္သူတိုင္းကို ေဒၚလာ ၃၀၀၀၀ (ျမန္မာေငြ သိန္း ၆၃၀) ေပးမည္

 

(အီတလီႏိုင္ငံ၊ Lecce ျပည္နယ္၊ Presicce ျမိဳ႕ေလးမွ ေနအိမ္ေဟာင္းမ်ားၾကားရွိ လမ္းက်ဥ္းေလး။ ဓာတ္ပံု -Getty Images/ iStockphoto)

(Quick Facts)

အီတလီႏိုင္ငံအေရွ႕ေတာင္ဖ်ားတြင္ တည္ရွိ။

ကိုၾသဒိနိတ္- 39°54′05″N 18°15′46″E

အက်ယ္အဝန္း- ၉ ဒသမ ၄ စတုရန္းမိုင္

လူဦးေရ- ၅၂၈၉ (၂၀၁၇ ခုႏွစ္ အခ်က္အလက္)

လူဦးေရသိပ္သည္းဆ- တစ္မိုင္လွ်င္ ၅၆၀ ဦး

ျမိဳ႕ေလး၏ တရားဝင္ဝက္ဘ္ဆိုက္- https://www.comune.presicce.le.it/ အီတလီႏိုင္ငံတြင္ အျမဲအေျခခ်ေနထုိင္ရန္ ၾကံရြယ္ေနသည္ဆိုပါက အီတလီအေရွ႕ေတာင္ဘက္ရွိ Presicce ျမိဳ႕ေလး၏ အုပ္ခ်ဳပ္ေရးအဖြဲ႔က သင့္အား ေဒၚလာ ၃၀၀၀၀ (ျမန္မာက်ပ္ေငြအားျဖင့္ သိန္း ၆၃၀) ေပးအပ္သြား မည္ ျဖစ္သည္။

(မွတ္ခ်က္။ သတ္မွတ္ေငြလဲႏႈန္း အေမရိကန္ ၁ ေဒၚလာလွ်င္ ျမန္မာက်ပ္ေငြ ၂၁၀၀ ႏႈန္းျဖင့္ တြက္ခ်က္ထား ျခင္းသာျဖစ္ျပီး ေျမျပင္တြင္ ကြာျခားမႈရွိႏိုင္ပါသည္)

အမွန္ပင္။ အီတလီႏိုင္ငံ ေတာင္ဖက္ဖ်ားရွိ တမူထူးေသာ ဤျမိဳ႕ေလးသည္ လာေရာက္ေနထိုင္မည့္သူမ်ားကို ေငြသားမ်ား ေပးအပ္လ်က္ ရွိသည္။

အီတလီတြင္ လူေနထိုင္မႈ နည္းပါးလာေသာ ျမိဳ႕မ်ားတြင္ အေျခခ်ေနထိုင္သူမ်ား ရွိလာေစရန္ မက္လံုးေပး ဆြဲေဆာင္လ်က္ရွိသည့္ ျမိဳ႕မ်ား၌ Presicce ျမိဳ႕ကေလးလည္း ပါဝင္လာျခင္း ျဖစ္သည္။

Presicce ျမိဳ႕ေလးတြင္ လူမေနသည့္ ေနအိမ္တစ္လံုး ဝယ္ယူကာ အေျခခ်ေနထုိင္မည္ဆိုပါက ျမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႔က ေဒၚလာ ၃၀၀၀၀ ေပးအပ္သြားမည့္ အစီအစဥ္ ျဖစ္ေၾကာင္း CNN သတင္းဌာနက ေဖာ္ျပသည္။

“သမိုင္းဝင္ ဒီျမိဳ႕ေလးမွာ ၁၉၉၁ ခုႏွစ္မတိုင္မီက ေဆာက္လုပ္ခဲ့တဲ့ လူမေနတဲ့အိမ္ေတြ အမ်ားၾကီးရွိပါတယ္။

ဒီေနရာေတြမွာ လူသစ္ေတြနဲ႔ ျပန္လည္သက္ဝင္လႈပ္ရွားလာတာကို ကၽြန္ေတာ္တို႔ ျမင္ခ်င္ပါတယ္”ဟု Presicce ျမိဳ႕ေလး၏ အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ Alfredo Palese က ျမိဳ႕ခံသတင္းဌာနသို႔ ေျပာသည္။

Presicce ျမိဳ႕ေလးသည္ အလယ္ေခတ္ကတည္းက စတင္ေပၚေပါက္ခဲ့ေသာ ျမိဳ႕ကေလးတစ္ခု ျဖစ္ျပီး ရင္သပ္ရႈေမာဖြယ္ သဲေသာင္ကမ္းေျခမ်ား၊ မွန္သားသဖြယ္ ၾကည္လင္သည့္ ေရျပင္မ်ား ပိုင္ဆိုင္ထားသည္။

ေက်ာက္ေဆာင္ထူထပ္သည့္ ကမ္းေျခတစ္ေလွ်ာက္တြင္ လႈိဏ္ဂူမ်ားျပည့္ႏွက္ေနေသာ ေခ်ာက္ကမ္းပါးမ်ားကို ေတြ႔ရမည္ ျဖစ္သည္။

စိမ္းလန္းေသာ သံလြင္ေတာမ်ားရွိေသာေၾကာင့္ တခ်ိန္က Presicce ျမိဳ႕ေလးကို အစိမ္းေရာင္ေရႊျမိဳ႕ေတာ္ဟု လူသိမ်ားခဲ့ဖူးသည္။

Presicce ျမိဳ႕ေလးသည္ ဝိုင္၊ ကၽြဲႏႊားေရာင္းဝယ္ေရး၊ ဒိန္ခဲထုတ္လုပ္မႈတို႔ျဖင့္လည္း လူသိမ်ားသည္။

“ရွည္လ်ားတဲ့သမိုင္းေၾကာင္းရွိျပီး အံ့အားသင့္ဖြယ္ဗိသုကာနဲ႔ အႏုပညာလက္ရာေတြရွိတဲ့ ကၽြန္ေတာ္တို႔ျမိဳ႕ေလး တေျဖးေျဖးခ်င္း လူသူကင္းမဲ့လာတာကို စိတ္ႏွလံုးမခ်မ္းေျမ႕ဖြယ္ ရင္ဆိုင္ေနရပါတယ္”

ယခုအစီအစဥ္ကို တရားဝင္ထုတ္ျပန္ရျခင္းမရွိေသးေၾကာင္းႏွင့္ အေသးစိတ္အခ်က္လက္မ်ား၊ ေလွ်ာက္လႊာ ေဖာင္မ်ားကို လာမည့္ရက္သတၱပတ္အနည္းငယ္အတြင္း Presicce ျမိဳ႕ေလး၏ တရားဝင္ဝက္ဘ္ဆိုက္မွတဆင့္ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း Palese က ေျပာသည္။

(ေဒၚလာ ၃၀၀၀၀ ေထာက္ပံ့ေၾကးရဖို႔ ဘာလုပ္ရမလဲ )

Presicce ျမိဳ႕ေလးတြင္ ၁၉၉၁ ခုႏွစ္မတိုင္မီက ေဆာက္လုပ္ခဲ့သည့္ ေနအိမ္တစ္လံုး ဝယ္ယူကာ အျမဲတမ္း အေျခခ်ေနထုိင္မည္ဟု ကတိျပဳသူမ်ားကို ေဒၚလာ ၃၀၀၀၀ ေပးအပ္မည္ ျဖစ္သည္။

ထိုျမိဳ႕ေလးတြင္ စတုရန္းေပ ၅၀၀ က်ယ္ဝန္းေသာ ေနအိမ္တစ္လံုး၏ ေစ်းႏႈန္းမွာ ေဒၚလာ ၂၅၀၀၀ (ျမန္မာက်ပ္ေငြ ၅၂၅ သိန္း) ဝန္းက်င္ ျဖစ္သည္။

ယခုကဲ့သို႔ ေနထိုင္မည့္သူမ်ားကို ေဒၚလာ ၃၀၀၀၀ ေထာက္ပံ့မႈအျပင္ စီးပြားေရးလုပ္ငန္းသစ္မ်ားအတြက္ အေကာက္ခြန္ ေလွ်ာ့ေပါ့ေပးျခင္း၊ ျမိဳ႕ေလးတြင္ ေနထုိင္ရင္း သားသမီးရသည့္ စံုတြဲမ်ားအတြက္ ေထာက္ပံ့ေငြေပးျခင္းတို႔လည္း ပါဝင္မည္ ျဖစ္သည္။

(Presicce ျမိဳ႕ေလး၏ အမိုက္စားျမင္ကြင္းတစ္ခု။ ဓာတ္ပံု- Getty Images/iStockphoto)

 

(Presicce ျမိဳ႕ေလးရွိ အေဆာက္အအံုမ်ားမွာ ေဆးေရာင္ျပယ္လြင့္ေနျပီျဖစ္ေသာ္လည္း စြဲမက္ဖြယ္ ရွိေနဆဲပင္။ ဓာတ္ပံု- Getty Images/iStockphoto)

(Presicce ျမိဳ႕ေလး၏ လမ္းတစ္ခု။ ဓာတ္ပံု- Getty Images/iStockphoto)

 

“ဒီျမိဳ႕ေလးမွာရွိတဲ့ လူမေနတဲ့အိမ္ေတြထဲက တစ္လံုးကို ဝယ္ယူျပီး ဒီမွာေရႊ႕ေျပာင္းအေျခခ် ေနထိုင္မယ့္သူေတြ ကို ကၽြန္ေတာ္တို႔က ယူရိုေငြ ၃၀၀၀၀ ေက်ာ္ေပးဖို႔ ကမ္းလွမ္းသြားမွာ ျဖစ္ပါတယ္” ဟု Palese က ေျပာသည္။ “ဒီလို ေထာက္ပံ့ေပးရာမွာ ၂ ပိုင္းခြဲျပီး ေထာက္ပံ့သြားမွာပါ။ တစ္ပိုင္းက ေနအိမ္ေဟာင္းဝယ္ယူဖို႔အတြက္နဲ႔ ေနာက္တစ္ပုိင္းက ျပန္လည္မြမ္းမံဖု႔ိအတြက္ပဲ ျဖစ္ပါတယ္”

ယခုေထာက္ပံ့ေငြမ်ားမွာ အနီးတြင္ရွိေသာ ကပ္လ်က္ျမိဳ႕တစ္ခုႏွင့္ ၂၀၁၉ ခုႏွစ္တြင္ ျမိဳ႕ႏွစ္ခု ေပါင္းစည္းခဲ့ရာမွ ရရွိလာခဲ့ျခင္းျဖစ္သည္။

Presicce ႏွင့္ Acquarica ျမိဳ႕ႏွစ္ခုကို တစ္ျမိဳ႕တည္းအျဖစ္ ေပါင္းစည္းခဲ့ရာ ရန္ပံုေငြမ်ား ပိုမိုမ်ားျပားလာခဲ့သည္။

ထို ၂ ျမိဳ႕ေပါင္း လူဦးေရမွာ ၉၀၀၀ ခန္႔ ရွိသည္။

“ျမိဳ႕ႏွစ္ခုေပါင္းစည္းလိုက္တာေၾကာင့္ အီတလီဥပေဒအရ နယ္နိမိတ္က်ယ္သြားတဲ့အတြက္ ရန္ပံုေငြလည္း ပိုရလာတယ္။ တစ္ႏွစ္ကို အၾကမ္းဖ်င္း ယူရို ၁ သန္းနဲ႔ ႏွစ္ေပါင္းမ်ားစြာ ရရွိသြားမွာ ျဖစ္ပါတယ္။ ဒီေငြေတြကို ျမိဳ႕ေလး ျပန္လည္ရွင္သန္ႏိုးၾကားလာေစဖို႔အတြက္ အသံုးျပဳသြားဖို႔ ကၽြန္ေတာ္တို႔ ရည္ရြယ္ထားပါတယ္” ဟု Palese က ရွင္းျပသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

 

Ref: Italian town offering $30K to anyone who moves there (mirror.co.uk/ nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service