မိမိသတ်ဖြတ်ခံရမည်ကို ကြိုတင်အိပ်မက်မက်ခဲ့သူ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်း၏ စပရင်းဖီးမှ စံအိမ်

မိမိသတ်ဖြတ်ခံရမည်ကို ကြိုတင်အိပ်မက်မက်ခဲ့သူ အမေရိကန်သမ္မတ အေဗရာဟမ်လင်ကွန်း၏ စပရင်းဖီးမှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
21 Nov 2022 10:59 am တွင် တင်ခဲ့သည်
704 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

(Quick Facts)

တည်နေရာ- ၈ လမ်း & ဂျက်ဆင်လမ်း၊ စပရင်းဖီးမြို့၊ အီလီနွိုက်စ်ပြည်နယ် ထင်ရှားသည့်အချက်- ဤစံအိမ်သည် အေဗရာဟမ်လင်ကွန်းနှင့် မိသားစု ၁၈၄၉ ခုနှစ်မှ ၁၈၆၁ အထိ နေထိုင်ခဲ့သည့်အိမ် ဖြစ်သည်။

အေဗရာဟမ်လင်ကွန်း (မွေး-၁၈၀၉) သည် အမေရိကန်ပြည်ထောင်စု၏ ၁၆ ဆက်မြောက် သမ္မတကြီးဖြစ်ပြီး ၁၈၆၁ ခုနှစ်မှ ၁၈၆၅ ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့ကာ ၁၈၆၅ ခုနှစ်၊ ဧပြီလ ၁၅ ရက်တွင် လုပ်ကြံသတ်ဖြတ်ခံရကာ ကွယ်လွန်ခဲ့သည်။

အေဗရာဟမ်လင်ကွန်းက ကျွန်စနစ်ကို ဖျက်သိမ်းလိုက်ချိန်တွင် အမေရိကန်တောင်ပိုင်းနှင့် မြောက်ပိုင်း ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့သည်။

 

ထိုခေတ်က John Wilkes Booth အမည်ရှိ လူသိများသော ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ရှိသည်။

သူသည် တောင်ပိုင်းသားတို့၏ သူလျှိုတစ်ဦး ဖြစ်သည်။

အေဗရာဟမ်လင်ကွန်းသည် ဗိုလ်ချုပ်ကြီး ဂရန့်နှင့်အတူ ပြဇာတ်ကြည့်ရန် အစီအစဉ်ရှိကြောင်း သိလိုက်သောအခါ John Wilkes Booth က လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့သည်။

လင်ကွန်းတို့ ဇနီးမောင်နှံသည် ဧပြီလ ၁၄ ရက်ညနေတွင် Our American Cousin အမည်ရှိ ပြဇာတ်ကို တက်ရောက် ကြည့်ရှုခဲ့သည်။

ည ၁၀ နာရီ ၁၅ မိနစ်တွင် John Wilkes Booth သည် လင်ကွန်း၏ ထိုင်ခုံနောက်သို့ လာကာ ဦးခေါင်းအား သေနတ်ဖြင့် ပစ်ခဲ့သည်။

ဧည့်သည်တော် ဗိုလ်မှူးတစ်ဦးက John Wilkes Booth အား လုံးထွေးသတ်ပုတ်ခဲ့သော်လည်း လွတ်မြောက်သွားခဲ့သည်။

လင်ကွန်းသည် ၈ နာရီခန့် မေ့မျောနေခဲ့ပြီး ဧပြီ ၁၅ ရက် နံနက် ၇း၂၂ အချိန်တွင် ကွယ်လွန်သွားခဲ့သည်။

ထိုသို့ လုပ်ကြံသတ်ဖြတ်မှု မခံရမီ ၃ ရက် အလိုတွင် လင်ကွန်းက သူအိပ်မက်ဆိုးတစ်ခု မက်ခဲ့ကြောင်း မိတ်ဆွေတစ်ဦးကို ပြောခဲ့သည်။

အိပ်မက်ထဲတွင် လင်ကွန်းက အိမ်ဖြူတော်၌ ခေါင်းတလားတစ်ခု တွေ့မြင်ခဲ့သည်ဟု ဆိုသည်။

အိပ်မက်ထဲတွင် လင်ကွန်းက အစောင့်စစ်သားအား ဘယ်သူသေတာလဲဟု မေးမြန်းရာ စစ်သားက သမ္မတကြီးလုပ်ကြံခံရတာဟု ပြန်ဖြေသည်ကို အိပ်မက်မက်ခဲ့သည်ဟု ဆိုသည်။

လင်ကွန်းသည် ပြည်တွင်းစစ်ဘေးမှ ပြည်ထောင်စုကို ထိန်းသိမ်းနိုင်မှု ၊ ကျွန်စနစ်ဖျက်သိမ်းရေး ကြိုးပမ်းခဲ့မှု တို့ကြောင့် အာဇာနည်တစ်ဦး အဖြစ်လည်းကောင်း ၊ အမျိုးသားသူရဲကောင်းတစ်ဦး အဖြစ်လည်းကောင်း အသိအမှတ်ပြုခံရသည်။

 

(လင်ကွန်း၏ စံအိမ်)

အေဗရာဟမ်လင်ကွန်း၏ စပရင်းဖီး မြို့လယ်မှ အိမ်ကလေးသည် အခြားသမ္မတများ ဖြစ်သော ဂျော့ဝါရှင်တန် နှင့် သောမတ်စ် ဂျက်ဖာဆင် တို့၏ စံအိမ်များကဲ့သို့ ကြီးကျယ်ခမ်းနားခြင်းမရှိ။

သို့သော် ပြတိုက်အဖြစ်ပြောင်းလဲကာ အများပြည်သူတို့အား ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည့် နောက်ပိုင်း လာရောက်လည်ပတ်လေ့လာသူ များပြားလှသည်။

ထိုအိမ်ကလေးကို သမ္မတလင်ကွန်းနေထိုင်ခဲ့သည့် ၁၈၆၀ ခုနှစ်က သွင်ပြင်အတိုင်း ပြန်လည်မွမ်းမံထားသည်။

 

Greek Revival ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော ဤစံအိမ်တွင် လင်ကွန်းနှင့် မေရီတို့ ဇနီးမောင်နှံ ၁၇ နှစ်ကြာ နေထိုင်ခဲ့သည်။

လင်ကွန်းတို့ စုံတွဲက ထိုနေအိမ်ကို ဒေါ်လာ ၁၂၀၀ ဖြင့် ၁၈၄၄ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ အိမ်သည် လင်ကွန်းပိုင်ဆိုင်ဖူးသည့် တစ်ခုတည်းသော နေအိမ်လည်း ဖြစ်သည်။

မူလနေအိမ်မှာ ယနေ့မြင်တွေ့နေရသည့် အိမ်အောက်များစွာ သေးငယ်သည်။

မေရီ၏ တူမက ပြောသည်မှာ “အရင်အိမ်လေးက အဖြူရောင် သုတ်ထားပြီး အစိမ်းရောင်ပြတင်းကာတွေ တပ်ထားတယ်။ အဲဒီအိမ်လေးက ချစ်စရာကောင်းတယ်။ မေရီကလည်း ချစ်တယ်”ဟု ပြောသည်။

လင်ကွန်းသည် New Salemမှ စပရင်းဖီးသို့ ပြောင်းရွှေ့ကာ ရှေနေအဖြစ် လုပ်ကိုင်ခဲ့သည်။

စပရင်းဖီးမြို့တွင် မေရီ၏ ညီမဖြစ်သူအိမ်တွင် မေရီနှင့် စတင်ဆုံစည်းခဲ့ကာ ၁၈၄၂ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

နောက်ပိုင်းတွင် မိသားစုကြီးထွားလာသောကြောင့် လင်ကွန်းက ယခုနေအိမ်ကို နှစ်ထပ်နေအိမ်အဖြစ် ၁၈၅၆ ခုနှစ်တွင် တိုးချဲ့ဆောက်လုပ်ခဲ့သည်။

လင်ကွန်း၏ သား ၄ ဦးအနက် ၃ ဦးမှာ ဤနေအိမ်တွင် မွေးဖွားကြီးပြင်းခြင်းဖြစ်ပြီး ဒုတိယမြောက်သားဖြစ်သူ အက်ဒ်ဝါ့မှာ ၁၈၅၀ ပြည့်နှစ်၊ အသက် ၄ နှစ်သားအရွယ်တွင် ဤနေအိမ်၌ပင် ကွယ်လွန်ခဲ့သည်။

၁၈၆၀ ပြည့်နှစ်တွင် လင်ကွန်းသည် ရီပတ်ဘလီကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရွေးချယ်ခံရချိန် တွင် ပါတီခေါင်းဆောင်များကို ယခုနေအိမ်တွင် လက်ခံတွေ့ဆုံခဲ့သည်။

မေရီက ပန်းများကို ချစ်မြတ်နိုးသော်လည်း သူနှင့် လင်ကွန်းတို့နှစ်ဦးလုံး စိုက်ခြင်းပျိုးခြင်း ဝါသနာပါသည်ဟု မကြားဖူးချေ။

ခြံဝန်းတွင်း အလှဆင်ခြင်းကိုလည်း အချိန်ပေးတတ်သူများမဟုတ်။

လင်ကွန်းနှင့် ကာလကြာရှည် အိမ်နီးချင်းအဖြစ် နေထိုင်ခဲ့ဖူးသူတစ်ဦးက ပြောသည်မှာ လင်ကွန်းတို့မိသားစု သည် လုံးဝသစ်ပင်မစိုက်ကြကြောင်း ပြောပြသည်။

မေရီ၏ ညီမ Frances Todd Wallace မှာမူ စိုက်ပျိုးရေးဝါသနာပါသည်။ ဤနေအိမ်သို့ မကြာခဏလာက အိမ်ရှေ့ကွက်လပ်တွင် ပန်းပင်များ စိုက်ပျိုးလေ့ရှိသည်။

လင်ကွန်း သမ္မတလောင်းဖြစ်လာပြီးနောက်ပိုင်း ဤနေအိမ်သို့ လူဝင်လူထွက်များလာသည်။

၁၈၆၁ ခုနှစ်တွင် သမ္မတအဖြစ် ရွေးကောက်ခံရသောအခါ လင်ကွန်းက ယခုအိမ်မှ ပရိဘောဂအများစုကို ရောင်းချခဲ့ကာ ခွေးကလေးကို အိမ်နီးချင်းတစ်ဦးထံ အပ်နှံထားခဲ့ပြီး နေအိမ်ကိုမူ အငှားချထားခဲ့သည်။

သမ္မတသက်တမ်းပြီးဆုံးပါက ဤအိမ်ကလေးတွင် ပြန်လည်အခြေချနေထိုင်သွားရန် လင်ကွန်းက စီစဉ်ခဲ့ သော်လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး သူချစ်သည့်အိမ်လေးသို့ မည်သည့်အခါမျှ ပြန်မလာနိုင်ရှာတော့ချေ။

(အလည်အပတ်ခရီး)

အေဗရာဟမ်လင်ကွန်းနေထိုင်ခဲ့သောအိမ်သည် သမိုင်းဝင်အထင်ကရနေရာတစ်ခုဖြစ်ရာ နှစ်စဉ်လာရောက် လည်ပတ်သူ များပြားသည်။

လင်ကွန်း၏အိမ်သို့ လေ့လာလည်ပတ်လိုပါက Visitor Center တွင် လက်မှတ်ရယူရမည် ဖြစ်သည်။ ဝင်ကြေးမှာ အခမဲ့ဖြစ်သည်။

 

The Visitor Center တွင် လင်ကွန်းအကြောင်း ရေးသားထားသည့် ရှားပါးစာအုပ်များ၊ ဗွီဒီယိုများနှင့် အမှတ်တရပစ္စည်းများ ရောင်းချသော စာအုပ်ဆိုင်တစ်ခုလည်း ရှိသည်။

(ဖွင့်လှစ်ချိန်)

လင်ကွန်း၏ နေအိမ်ပြတိုက်ကို အမျိုးသား ပန်းဥယျာဉ်ဌာန (National Park Service) က စီမံလျက်ရှိပြီး နေ့စဉ် မနက် ၈း၃၀ မှ ညနေ ၅ နာရီအထိဖွင့်သည်။

ဇန်နဝါရီလ ၁ ရက်၊ ကျေးဇူးတော်နေ့နှင့် ဒီဇင်ဘာလ ၂၅ ရက်များတွင် ပိတ်သည်။

လင်ကွန်း၏ နေအိမ်တွင် ကျင်းပသော အထူးပွဲလမ်းများနှင့် ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ် 217/492-4241 သို့ ဆက်သွယ်၍ လည်းကောင်း (သို့မဟုတ်) Superintendent, Lincoln Home National Historic Site, 413 S. 8th St., Springfield, IL 62703 သို့ စာရေးသား၍လည်းကောင်း မေးမြန်း စုံစမ်းနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Lincoln Home-National Historic Site (abrahamlincolnonline)

 

 

 

[Zawgyi]

 

မိမိသတ္ျဖတ္ခံရမည္ကို ၾကိဳတင္အိပ္မက္မက္ခဲ့သူ အေမရိကန္သမၼတ ေအဗရာဟမ္လင္ကြန္း၏ စပရင္းဖီးမွ စံအိမ္

 

(Quick Facts)

တည္ေနရာ- ၈ လမ္း & ဂ်က္ဆင္လမ္း၊ စပရင္းဖီးျမိဳ႕၊ အီလီႏြိဳက္စ္ျပည္နယ္ ထင္ရွားသည့္အခ်က္- ဤစံအိမ္သည္ ေအဗရာဟမ္လင္ကြန္းႏွင့္ မိသားစု ၁၈၄၉ ခုႏွစ္မွ ၁၈၆၁ အထိ ေနထိုင္ခဲ့သည့္အိမ္ ျဖစ္သည္။

ေအဗရာဟမ္လင္ကြန္း (ေမြး-၁၈၀၉) သည္ အေမရိကန္ျပည္ေထာင္စု၏ ၁၆ ဆက္ေျမာက္ သမၼတၾကီးျဖစ္ျပီး ၁၈၆၁ ခုႏွစ္မွ ၁၈၆၅ ခုႏွစ္အထိ သမၼတတာဝန္ထမ္းေဆာင္ခဲ့ကာ ၁၈၆၅ ခုႏွစ္၊ ဧျပီလ ၁၅ ရက္တြင္ လုပ္ၾကံသတ္ျဖတ္ခံရကာ ကြယ္လြန္ခဲ့သည္။

ေအဗရာဟမ္လင္ကြန္းက ကၽြန္စနစ္ကို ဖ်က္သိမ္းလုိက္ခ်ိန္တြင္ အေမရိကန္ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္း ျပည္တြင္းစစ္ၾကီး ျဖစ္ပြားခဲ့သည္။

ထိုေခတ္က John Wilkes Booth အမည္ရွိ လူသိမ်ားေသာ ရုပ္ရွင္သရုပ္ေဆာင္တစ္ဦး ရွိသည္။

သူသည္ ေတာင္ပိုင္းသားတို႔၏ သူလွ်ဳိတစ္ဦး ျဖစ္သည္။

ေအဗရာဟမ္လင္ကြန္းသည္ ဗိုလ္ခ်ဳပ္ၾကီး ဂရန္႔ႏွင့္အတူ ျပဇာတ္ၾကည့္ရန္ အစီအစဥ္ရွိေၾကာင္း သိလိုက္ေသာအခါ John Wilkes Booth က လုပ္ၾကံသတ္ျဖတ္ရန္ စီစဥ္ခဲ့သည္။

လင္ကြန္းတို႔ ဇနီးေမာင္ႏွံသည္ ဧျပီလ ၁၄ ရက္ညေနတြင္ Our American Cousin အမည္ရွိ ျပဇာတ္ကို တက္ေရာက္ ၾကည့္ရႈခဲ့သည္။

ည ၁၀ နာရီ ၁၅ မိနစ္တြင္ John Wilkes Booth သည္ လင္ကြန္း၏ ထိုင္ခံုေနာက္သို႔ လာကာ ဦးေခါင္းအား ေသနတ္ျဖင့္ ပစ္ခဲ့သည္။

ဧည့္သည္ေတာ္ ဗိုလ္မွဴးတစ္ဦးက John Wilkes Booth အား လံုးေထြးသတ္ပုတ္ခဲ့ေသာ္လည္း လြတ္ေျမာက္သြားခဲ့သည္။

လင္ကြန္းသည္ ၈ နာရီခန္႔ ေမ့ေမ်ာေနခဲ့ျပီး ဧျပီ ၁၅ ရက္ နံနက္ ၇း၂၂ အခ်ိန္တြင္ ကြယ္လြန္သြားခဲ့သည္။

ထိုသို႔ လုပ္ၾကံသတ္ျဖတ္မႈ မခံရမီ ၃ ရက္ အလိုတြင္ လင္ကြန္းက သူအိပ္မက္ဆိုးတစ္ခု မက္ခဲ့ေၾကာင္း မိတ္ေဆြတစ္ဦးကို ေျပာခဲ့သည္။

အိပ္မက္ထဲတြင္ လင္ကြန္းက အိမ္ျဖဴေတာ္၌ ေခါင္းတလားတစ္ခု ေတြ႔ျမင္ခဲ့သည္ဟု ဆိုသည္။

အိပ္မက္ထဲတြင္ လင္ကြန္းက အေစာင့္စစ္သားအား ဘယ္သူေသတာလဲဟု ေမးျမန္းရာ စစ္သားက သမၼတၾကီးလုပ္ၾကံခံရတာဟု ျပန္ေျဖသည္ကို အိပ္မက္မက္ခဲ့သည္ဟု ဆိုသည္။

လင္ကြန္းသည္ ျပည္တြင္းစစ္ေဘးမွ ျပည္ေထာင္စုကို ထိန္းသိမ္းႏိုင္မႈ ၊ ကၽြန္စနစ္ဖ်က္သိမ္းေရး ၾကိဳးပမ္းခဲ့မႈ တုိ႔ေၾကာင့္ အာဇာနည္တစ္ဦး အျဖစ္လည္းေကာင္း ၊ အမ်ဳိးသားသူရဲေကာင္းတစ္ဦး အျဖစ္လည္းေကာင္း အသိအမွတ္ျပဳခံရသည္။

 

(လင္ကြန္း၏ စံအိမ္)

ေအဗရာဟမ္လင္ကြန္း၏ စပရင္းဖီး ျမဳိ႕လယ္မွ အိမ္ကေလးသည္ အျခားသမၼတမ်ား ျဖစ္ေသာ ေဂ်ာ့ဝါရွင္တန္ ႏွင့္ ေသာမတ္စ္ ဂ်က္ဖာဆင္ တို႔၏ စံအိမ္မ်ားကဲ့သို႔ ၾကီးက်ယ္ခမ္းနားျခင္းမရွိ။

သို႔ေသာ္ ျပတိုက္အျဖစ္ေျပာင္းလဲကာ အမ်ားျပည္သူတို႔အား ဝင္ေရာက္ၾကည့္ရႈခြင့္ေပးခဲ့သည့္ ေနာက္ပိုင္း လာေရာက္လည္ပတ္ေလ့လာသူ မ်ားျပားလွသည္။

ထိုအိမ္ကေလးကို သမၼတလင္ကြန္းေနထိုင္ခဲ့သည့္ ၁၈၆၀ ခုႏွစ္က သြင္ျပင္အတိုင္း ျပန္လည္မြမ္းမံထားသည္။

Greek Revival ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားေသာ ဤစံအိမ္တြင္ လင္ကြန္းႏွင့္ ေမရီတို႔ ဇနီးေမာင္ႏွံ ၁၇ ႏွစ္ၾကာ ေနထိုင္ခဲ့သည္။

လင္ကြန္းတို႔ စံုတြဲက ထိုေနအိမ္ကို ေဒၚလာ ၁၂၀၀ ျဖင့္ ၁၈၄၄ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

အဆိုပါ အိမ္သည္ လင္ကြန္းပိုင္ဆိုင္ဖူးသည့္ တစ္ခုတည္းေသာ ေနအိမ္လည္း ျဖစ္သည္။

မူလေနအိမ္မွာ ယေန႔ျမင္ေတြ႔ေနရသည့္ အိမ္ေအာက္မ်ားစြာ ေသးငယ္သည္။

ေမရီ၏ တူမက ေျပာသည္မွာ “အရင္အိမ္ေလးက အျဖဴေရာင္ သုတ္ထားျပီး အစိမ္းေရာင္ျပတင္းကာေတြ တပ္ထားတယ္။ အဲဒီအိမ္ေလးက ခ်စ္စရာေကာင္းတယ္။ ေမရီကလည္း ခ်စ္တယ္”ဟု ေျပာသည္။

လင္ကြန္းသည္ New Salemမွ စပရင္းဖီးသို႔ ေျပာင္းေရႊ႕ကာ ေရွေနအျဖစ္ လုပ္ကိုင္ခဲ့သည္။

စပရင္းဖီးျမဳိ႕တြင္ ေမရီ၏ ညီမျဖစ္သူအိမ္တြင္ ေမရီႏွင့္ စတင္ဆံုစည္းခဲ့ကာ ၁၈၄၂ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကသည္။

ေနာက္ပိုင္းတြင္ မိသားစုၾကီးထြားလာေသာေၾကာင့္ လင္ကြန္းက ယခုေနအိမ္ကို ႏွစ္ထပ္ေနအိမ္အျဖစ္ ၁၈၅၆ ခုႏွစ္တြင္ တိုးခ်ဲ႕ေဆာက္လုပ္ခဲ့သည္။

လင္ကြန္း၏ သား ၄ ဦးအနက္ ၃ ဦးမွာ ဤေနအိမ္တြင္ ေမြးဖြားၾကီးျပင္းျခင္းျဖစ္ျပီး ဒုတိယေျမာက္သားျဖစ္သူ အက္ဒ္ဝါ့မွာ ၁၈၅၀ ျပည့္ႏွစ္၊ အသက္ ၄ ႏွစ္သားအရြယ္တြင္ ဤေနအိမ္၌ပင္ ကြယ္လြန္ခဲ့သည္။

၁၈၆၀ ျပည့္ႏွစ္တြင္ လင္ကြန္းသည္ ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳ သမၼတေလာင္းအျဖစ္ ေရြးခ်ယ္ခံရခ်ိန္ တြင္ ပါတီေခါင္းေဆာင္မ်ားကို ယခုေနအိမ္တြင္ လက္ခံေတြ႔ဆံုခဲ့သည္။

ေမရီက ပန္းမ်ားကို ခ်စ္ျမတ္ႏိုးေသာ္လည္း သူႏွင့္ လင္ကြန္းတို႔ႏွစ္ဦးလံုး စိုက္ျခင္းပ်ဳိးျခင္း ဝါသနာပါသည္ဟု မၾကားဖူးေခ်။

ျခံဝန္းတြင္း အလွဆင္ျခင္းကိုလည္း အခ်ိန္ေပးတတ္သူမ်ားမဟုတ္။

လင္ကြန္းႏွင့္ ကာလၾကာရွည္ အိမ္နီးခ်င္းအျဖစ္ ေနထိုင္ခဲ့ဖူးသူတစ္ဦးက ေျပာသည္မွာ လင္ကြန္းတို႔မိသားစု သည္ လံုးဝသစ္ပင္မစိုက္ၾကေၾကာင္း ေျပာျပသည္။

ေမရီ၏ ညီမ Frances Todd Wallace မွာမူ စိုက္ပ်ဳိးေရးဝါသနာပါသည္။ ဤေနအိမ္သို႔ မၾကာခဏလာက အိမ္ေရွ႕ကြက္လပ္တြင္ ပန္းပင္မ်ား စိုက္ပ်ဳိးေလ့ရွိသည္။

လင္ကြန္း သမၼတေလာင္းျဖစ္လာျပီးေနာက္ပိုင္း ဤေနအိမ္သို႔ လူဝင္လူထြက္မ်ားလာသည္။

၁၈၆၁ ခုႏွစ္တြင္ သမၼတအျဖစ္ ေရြးေကာက္ခံရေသာအခါ လင္ကြန္းက ယခုအိမ္မွ ပရိေဘာဂအမ်ားစုကို ေရာင္းခ်ခဲ့ကာ ေခြးကေလးကို အိမ္နီးခ်င္းတစ္ဦးထံ အပ္ႏွံထားခဲ့ျပီး ေနအိမ္ကိုမူ အငွားခ်ထားခဲ့သည္။

သမၼတသက္တမ္းျပီးဆံုးပါက ဤအိမ္ကေလးတြင္ ျပန္လည္အေျခခ်ေနထိုင္သြားရန္ လင္ကြန္းက စီစဥ္ခဲ့ ေသာ္လည္း လုပ္ၾကံသတ္ျဖတ္ခံခဲ့ရျပီး သူခ်စ္သည့္အိမ္ေလးသို႔ မည္သည့္အခါမွ် ျပန္မလာႏိုင္ရွာေတာ့ေခ်။

(အလည္အပတ္ခရီး)

ေအဗရာဟမ္လင္ကြန္းေနထိုင္ခဲ့ေသာအိမ္သည္ သမိုင္းဝင္အထင္ကရေနရာတစ္ခုျဖစ္ရာ ႏွစ္စဥ္လာေရာက္ လည္ပတ္သူ မ်ားျပားသည္။

လင္ကြန္း၏အိမ္သို႔ ေလ့လာလည္ပတ္လုိပါက Visitor Center တြင္ လက္မွတ္ရယူရမည္ ျဖစ္သည္။ ဝင္ေၾကးမွာ အခမဲ့ျဖစ္သည္။

The Visitor Center တြင္ လင္ကြန္းအေၾကာင္း ေရးသားထားသည့္ ရွားပါးစာအုပ္မ်ား၊ ဗြီဒီယိုမ်ားႏွင့္ အမွတ္တရပစၥည္းမ်ား ေရာင္းခ်ေသာ စာအုပ္ဆိုင္တစ္ခုလည္း ရွိသည္။

(ဖြင့္လွစ္ခ်ိန္)

လင္ကြန္း၏ ေနအိမ္ျပတိုက္ကို အမ်ဳိးသား ပန္းဥယ်ာဥ္ဌာန (National Park Service) က စီမံလ်က္ရွိျပီး ေန႔စဥ္ မနက္ ၈း၃၀ မွ ညေန ၅ နာရီအထိဖြင့္သည္။

ဇန္နဝါရီလ ၁ ရက္၊ ေက်းဇူးေတာ္ေန႔ႏွင့္ ဒီဇင္ဘာလ ၂၅ ရက္မ်ားတြင္ ပိတ္သည္။

လင္ကြန္း၏ ေနအိမ္တြင္ က်င္းပေသာ အထူးပြဲလမ္းမ်ားႏွင့္ ပတ္သက္သည့္အေသးစိတ္အခ်က္အလက္မ်ားကို ဖုန္းနံပါတ္ 217/492-4241 သို႔ ဆက္သြယ္၍ လည္းေကာင္း (သို႔မဟုတ္) Superintendent, Lincoln Home National Historic Site, 413 S. 8th St., Springfield, IL 62703 သို႔ စာေရးသား၍လည္းေကာင္း ေမးျမန္း စံုစမ္းႏိုင္ပါသည္။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Lincoln Home-National Historic Site (abrahamlincolnonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service