အဘွားကြီးဟု အခေါ်ခံရသဖြင့် အမျက်ထွက်နေသူ မက်ဒေါနား၏ ပေါ်တူဂီမှ စံအိမ်
အဘွားကြီးဟု အခေါ်ခံရသဖြင့် အမျက်ထွက်နေသူ မက်ဒေါနား၏ ပေါ်တူဂီမှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
18 Nov 2022 10:51 am တွင် တင်ခဲ့သည်
769 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အမေရိကန် ရက်ပ်အဆိုတော် 50 Cent က သူ၏ အင်စတာဂရမ်ပို့စ်တစ်ခုတွင် ပေါ့ဂီတ၏ ဘုရင်မဟု ညွှန်းဆိုခြင်းခံရသူ မက်ဒေါနားအား အဘွားကြီးဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည့်အပေါ် မက်ဒေါနားက အမျက်ထွက်လျက်ရှိပြီး မိမိအား တိုက်ခိုက်စော်ကားခြင်းများ ရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်ဟု ဆိုသည်။
(မက်ဒေါနားက လစ္စဘွန်းက ပေါင် ၆ သန်းတန်စံအိမ်ကို စွန့်ပစ်ထားမည့် အလားအလာ)
မက်ဒေါနားသည် သားဖြစ်သူ ဒေးဗစ် ဘန်ဒါ၏ ဘောလုံးကစားမှုကို ပံ့ပိုးကူညီပေးရန်အတွက် ၂၀၁၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့သို့ ပြောင်းရွှေ့ အခြေချခဲ့သည်။
ဒေးဗစ်ဘန်ဒါသည် ပေါ်တူဂီရှိ ဘင်ဖီကာ လူငယ်အကယ်ဒမီတွင် စတင်ကစားနေချိန်လည်း ဖြစ်သည်။
ဒေးဗစ် ကစားသက်ရလာသည်နှင့်အမျှ အခြားနိုင်ငံရှိ ကလပ်အသင်းတစ်ခုခုမှ ခေါ်ယူမည့် အလားအလာများရှိနိုင်ရာ မက်ဒေါနားတို့မိသားစုအနေဖြင့် ထပ်မံရွှေ့ပြောင်းရန် လိုအပ်မည် ဖြစ်သည်။
မက်ဒေါနားသည် လန်ဒန်နှင့် လော့စ်အိန်ဂျလိမြို့များတွင်လည်း နေထိုင်ဖြတ်သန်းမှုများရှိသည်။
(မက်ဒေါနား၏ လစ္စဘွန်းမှ စံအိမ်)
မက်ဒေါနား၏ လစ္စဘွန်းမှ စံအိမ်မှာ Moorish Revival ဗိသုကာဟန်ဖြင့် ၁၈ ရာစုနှစ်အတွင်းက ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး အကျယ်အဝန်းမှာ ၁၆၁၄၆ စတုရန်းပေ ရှိသည်။
စံအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်ပြီး ဧည့်ဂေဟာအိမ်တစ်လုံးအပြင် ခြံစောင့်နေအိမ်တစ်လုံး လည်း ပါဝင်သည်။
မက်ဒေါနားသည် အဆိုပါနေအိမ်တွင် ကလေးများဖြစ်သော Lourdes, Rocco, David, Mercy နှင့် အမြွှာများဖြစ်သော Estere ၊ Stella တို့နှင့်အတူ နေထိုင်သည်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း မက်ဒေါနားသည် အဆိုပါနေအိမ်တွင် ပိုမိုနေထိုင်ဖြစ်ခဲ့ရာ နေအိမ်တွင်း ဓာတ်ပုံများကို ပရိသတ်များအား ယခင်ကထက် ပိုမိုမျှဝေဖြစ်ခဲ့သည်။
(မက်ဒေါနား၏ အိပ်ခန်း)
မက်ဒေါနားသည် သူ၏ Master Bedroom မှ ရေချိုးခန်းအတွင်း ဦးစွာ ဗွီဒီယို ရိုက်ကူးခဲ့သည်။ ရေချိုးခန်းအတွင်း အပြာရောင်နံရံများ၊ အဖြူရောင်စကျင်ကျောက်စားပွဲမျက်နှာပြင်များ၊ မှန်များတပ်ဆင်ထား သည့် ဗီရိုအံတံခါးများကို တွေ့ရသည်။
အိပ်ခန်းဆီသို့ ဝင်သည့်တံခါးများမှာ အဖြူရောင် Double door များဖြစ်ပြီး တံခါးတစ်ခုစီ၏ ကျောဘက်တွင် မှန်အပြည့်တပ်ဆင်ထားသည်။
ယင်းနောက် မက်ဒေါနားက အိပ်ခန်းဆီသို့ လျှောက်သွားကာ ပြသသည်။ အိပ်ခန်းတွင် တွေ့ရသည့်နံရံများမှာ ရေချိုးခန်းတွင် တွေ့ခဲ့ရသည့်အတိုင်း အပြာရောင်နံရံများ ဖြစ်သည်။
အိပ်ယာကုတင်မှာ မဟော်ဂနီ၊ ဝက်သစ်ချသားတို့ဖြင့် ပြုလုပ်ထားသော တိုင် ၄ ထိုင်ထူကာ အမိုးပါသည့် ကုတင်မျိုးဖြစ်သည်။
အိပ်ယာဘေးတွင် မှန်အောက်ခံများပါသည့် မီးအိမ်များထားရှိသော စားပွဲ ၂ လုံးလည်းရှိသည်။
အိပ်ယာကို အဖြူရောင် linen စခင်းထားပြီး ကြီးမားသော ခေါင်းအုံးများ များစွာထားရှိသည်ကို တွေ့ရသည်။
အိပ်ခန်းမှ ပြတင်းကို ကြီးမားသည့် အဖြူရောင်ပြတင်းကာဖြင့် ကာရံထားသည်။
နေအိမ်တွင် စုစုပေါင်း အိပ်ခန်း ၄ ခန်းပါဝင်ပြီး ဤအိပ်ခန်းမှာ ခရမ်းဖျော့ရောင်နံရံများဖြင့် မွမ်းမံထားပြီး ပိုးသားခရမ်းရောင် အုံးတားကို တွေ့ရကာ နံရံတွင် ပန်းချီကားတစ်ခု ချိတ်ဆွဲထားသည်။
အခြားအိပ်ခန်းတစ်ခန်းတွင်မူ အစိမ်းရောင်အုံးတားကို တွေ့ရပြီး အိပ်ယာကို အဖြူရောင် linen စခင်းထားသည်။
အိပ်ယာအပေါ်ဘက်တွင် မိုက်ကယ်ဂျက်ဆင်နှင့် ရုပ်ရှင်မင်းသမီး Debi Mazar တို့၏ ပုံများ ချိတ်ဆွဲထားသည်။
မက်ဒေါနား၏ အိပ်ခန်းအတွင်း သီးသန့် အဝတ်လဲနေရာ ပါဝင်ပြီး ရှေးဟောင်းသစ်သားစားပွဲတစ်လုံး ထားရှိသည်။
(မက်ဒေါနား၏ ရေချိုးခန်း)
မက်ဒေါနားက သူ၏ တန်ဖိုးကြီး ရေချိုးခန်းကိုလည်း ထုတ်ဖော်ပြသခဲ့သည်။ သူ၏ ရေချိုးခန်းတွင် ကြီးမားသော စကျင်ကျောက် ရေချိုးကန်နှင့် စကျင်ကျောက်ပြားကပ်နံရံများ တွေ့ရသည်။
မက်ဒေါနားတွင် ရေချိုးခန်းသုံးပစ္စည်းများ အလွန်များပြားရာ ရေချိုးခန်းတစ်ခုလုံး ပြည့်နှက်နေသည်။
(မက်ဒေါနား၏ မီးဖိုဆောင်)
မက်ဒေါနား၏ မီးဖိုဆောင်မှာ မျက်နှာကြက်မှ တွဲလောင်းကျနေသော ကြိုးများတွင် ချိတ်ဆွဲထားသည့် ခြင်းတောင်းများဖြင့် ပေါ်တူဂီဟန်အရိပ်အငွေ့များ တွေ့ရသည်။
အခန်းမှာ အဖြူရောင်ဖြစ်ပြီး ကွန်ကရစ် ရေဆေးကန်နှင့် စားပွဲနေရာများဖြင့် ကျေးလက်ဆန်သည့်အလှရှိသည်။
(မက်ဒေါနား၏ ဧည့်ခန်း)
မက်ဒေါနား၏ သူ၏ဧည့်ခန်းကိုလည်း ဗွီဒီယိုရိုက်ကူးပြသခဲ့ရာ ဧည့်ခန်းထောင့်တစ်နေရာတွင် ရုံးနေရာတစ်ခု ထားရှိသည်ကို တွေ့ရသည်။
ဧည့်ခန်းအတွင်း အနုစိတ် ပန်းပုလက်ရာများဖြင့် ခမ်းနားသော မီးလင်းဖိုတစ်ခုလည်း ရှိသည်။
ဧည့်ခန်းနံရံများမှာ အပြာရောင်ဖြစ်ပြီး ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်မားသော လိုက်ကာများ၊ သစ်သားကြမ်းခင်းများဖြင့် ဖြစ်သည်။
နံရံတွင် Frida Kahlo ၏ ပန်းချီကားတစ်ခု ချိတ်ဆွဲထားပြီး စုဆောင်းထားသည့် ဂစ်တာများလည်း ရှိသည်။
ကြီးမားသော အနက်ရောင်သစ်သားစားပွဲကြီးပေါ်တွင် စာအုပ်များ ထားရှိပြီး ဘေးတွင်မူ နှင်းပန်းများ ထိုးထားသည့် ပန်းအိုးတစ်ခုကို တွေ့ရသည်။
(မက်ဒေါနား၏ ပန်းခြံ)
မက်ဒေါနားသည် အင်စတာဂရမ်တွင် နားနေဆောင်နှင့် နေအိမ်ဘေးဝန်းကျင်ရှုခင်းပုံတစ်ခု မျှဝေခဲ့သည်။
နေအိမ်နောက်ဘက်တွင်ကား ကြီးမားသည့် ပန်းဥယျာဉ်တစ်ခုရှိပြီး မှန်တံခါးများ၊ များပြားလှသည့် အပင်များကို တွေ့ရသည်။
(မက်ဒေါနား၏ ကလေးများကစားခန်း)
သမီးဖြစ်သူ ကစားစရာကဒ်များဖြင့် ကစားနေသည့်ပုံမှာ အပေါ်ထပ်မှဖြစ်ပြီး ကစားခန်းဖြစ်ဟန်ရသည်။
ကစားခန်းမှာ သနပ်ခါးရောင်ကောဇောများ၊ အဖြူရောင်နံရံများဖြင့် တွေ့ရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Why Madonna might ditch £6m Lisbon mansion – see inside (hellomagazine)
[Zawgyi]
(မက်ဒေါနား၏ အိပ်ခန်း)
(မက်ဒေါနား၏ ဧည့်ခန်း)
(မက်ဒေါနား၏ ပန်းခြံ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
[အကြင်နာ အကဲစမ်းပွဲ]
[အကြင်နာ အကဲစမ်းပွဲ]
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုးဖျက်ဆီးသွားပုံ...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန်းပဲ့မှုမရှိဘဲ လူးလဲထကာ ပွတ်သပ်ဖုန်ခါပြီး ထွက်သွားသည့် အံ့ဖွယ်ဖြစ်ရပ်...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[အချစ်ဆိုသည်မှာ…] အမေရိကန်တွင် ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားသော်လည်း ချစ်သူများနေ့ရောက်တိုင်း ခင်ပွန်းပို့လိုက်သော ပန်းစည်းလက်ခံရရှိနေသောဖြစ်ပုံ...
[ထူးဆန်းသော တင်တောင်းငွေနှင့် ဥပဒေလက်တစ်လုံးခြား] အိန္ဒိယတွင် ခင်ပွန်းဖြစ်သူနှင့် အတူအိပ်ရန် ငြင်းဆန်နေသည့် အမျိုးသမီးမှာ အခြားတစ်ဦးနှင့် ကိုယ်ဝန်ရလာ၊ ရင်သွေးကို လက်မခံပါက အမှုဆင်တရားစွဲမည်ဟု ခင်ပွန်းကို ခြိမ်းခြောက်သည့်ဖြစ်ရပ် လူပ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ လမ်းဘေး၌ မုန့်ရောင်းကာ ဝင်ငွေကောင်းနေပုံ...
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
Mariah Carey တစ်လလျှင် ဒေါ်လာ ၇၅,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သောစံအိမ် အရောင်းဈေးကွက်ဝင်လာ
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
American Idol အစီအစဉ် ထုတ်လုပ်သူတို့က ကယ်လီဖိုးနီးယားရှိ ဧက ၁၆၀ ကျယ်ဝန်းသော စပျစ်စိုက်ခင်းနှင့် ဝိုင်ထုတ်လုပ်ရေးခြံကြီးကို လေလံတင်ရောင်းချရန် စီစဉ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာများ ကောက်ရ၊ နှစ်ပေါင်းရာချီ သက်တမ်းရှိ ရတနာပစ္စည်းများဖြစ်...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရော့ခ်ဂီတအဖွဲ့ကြီး KISS ၏ ဘေ့စ်ဂစ်တာသမား Gene Simmons က လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် အရောင်းဈေးကွက်တင်လာ၊ အရက်သောက်သုံးသူများအား ရောင်းချမည်မဟုတ်ဟုဆို...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
Mingalar Market
MIngalardon Garden City
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service