ဘော့စ်နီးယား အမျိုးသားက ဇနီးဖြစ်သူအတွက် နေအိမ်ဝန်းကျင်ရှုခင်းအားလုံးကြည့်နိုင်မည့် ပတ်ချာလည် လှည့်နိုင်သည့်အိမ် ဆောက်လုပ်ပေး

ဘော့စ်နီးယား အမျိုးသားက ဇနီးဖြစ်သူအတွက် နေအိမ်ဝန်းကျင်ရှုခင်းအားလုံးကြည့်နိုင်မည့် ပတ်ချာလည် လှည့်နိုင်သည့်အိမ် ဆောက်လုပ်ပေး - Property News in Myanmar from iMyanmarHouse.com
15 Nov 2022 10:30 am တွင် တင်ခဲ့သည်
453 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘော့စ်နီးယားနိုင်ငံ၊ Srbac မြို့တွင် နေထိုင်သူ ဗိုဂျင် ကူးဆစ် (Vojin Kusic) အမည်ရှိ အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူအတွက် ပတ်ချာလည် လည်ပတ်နိုင်စွမ်းရှိသည့် နေအိမ်တစ်လုံး ဆောက်လုပ်ပေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

နေအိမ်ဓာတ်ပုံမျှသာ မြင်ရသူတို့အနေဖြင့် အဆိုပါနေအိမ်မှာ ပတ်ချာလည် လည်ပတ်နိုင်ကြောင်း သိနိုင်မည် မဟုတ်ချေ။

 

(ဗိုဂျင် ကူးဆစ်ကို ၎င်းဆောက်လုပ်ထားသည့်နေအိမ်ရှေ့တွင် တွေ့ရပုံ။ ဓာတ်ပုံ- Reuters/ Dado Ruvic)

အသက် ၇၂ နှစ်ရှိပြီဖြစ်သော ကူးဆစ်က အေပီသတင်းဌာနသို့ပြောသည်မှာ ၎င်း၏ ဇနီးဖြစ်သူအတွက် ပြတင်းပေါက်မှ မြင်ကွင်းအမျိုးမျိုး ပြောင်းလဲနိုင်သည့်နေအိမ်တစ်လုံး ဆောက်လုပ်ပေးခဲ့ကြောင်း ပြောကြားသည်။

 

 

(အဆိုပါနေအိမ်အား ရိုက်တာသတင်းဌာနမှ ရိုက်ကူးခဲ့သည့် ဗွီဒီယိုကို https://reut.rs/3AvlUAx လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်)

“ကျွန်တော့်ရဲ့ သားသမီးတွေက မိသားစုလုပ်ငန်းကို ဆက်ခံလုပ်ကိုင်နိုင်စွမ်းရှိခဲဲ့ပြီးတဲ့နောက်ပိုင်း ကျွန်တော့်ရဲ့ ဇနီးသည်ဆန္ဒကို ဖြည့်စွမ်းပေးဖို့ အချိန်အလုံအလောက်ရလာပါတယ်” ဟု ကူးဆစ်က အေပီသတင်းဌာနသို့ ပြောသည်။

(သူ၏ နေအိမ်တံခါးဝရှေ့တွင် ကူးဆစ် မတ်တပ်ရပ်နေပုံ။ ဓာတ်ပုံ -အေပီ/Radivoje Pavicic)

 

ကူးဆစ်နှင့် သူ၏ဇနီးလက်ထပ်ချိန်တွင် ကူးဆစ်က မိသားစုအတွက် နေအိမ်တစ်လုံးဆောက်လုပ်ခဲ့ရာ အိပ်ခန်းများမှာ နေထွက်ရာဘက်ကို မျက်နှာမူထားခဲ့ကြောင်း ကူးဆစ်က အေပီသတင်းဌာနသို့ ပြောသည်။

ဧည့်ခန်းမှာမူ လမ်းနှင့် မျက်နှာမမူဘဲ ရှိခဲ့သည်။ ဇနီးဖြစ်သူက ပြောသည်မှာ အိမ်သို့ အလည်လာသူများ အိမ်ထဲဝင်လာသည်ကို မမြင်ရကြောင်း ခင်ပွန်းအား ပြောခဲ့သည်။

ထို့ကြောင့် ကူးဆစ်က အဆိုပါအိမ်ကို ပြန်လည်ပြင်ဆင်မှုလုပ်ခဲ့ရာ အိပ်ခန်းနံရံများကို ဖြိုချပြီး ထိုနေရာကို ဧည့်ခန်းအဖြစ် ပြောင်းလဲခဲ့သည်။

နောက်ပိုင်းတွင် သားသမီး ၃ ဦးအနက်မှ ၂ ဦးသည် လွန်ခဲ့သော ၆ နှစ်က အခြားနေရာများသို့ ပြောင်းရွှေ့သွားခဲ့ပြီးနောက်ပိုင်း နေအိမ်ကို ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း ကူးဆစ်က ပြောသည်။

သားဖြစ်သူမှာ အပေါ်ထပ်တွင်နေခဲ့ပြီး မိမိမှာ အောက်ထပ်သို့ပြောင်းရွှေ့ကာ ဇနီးဖြစ်သူနှင့်အတူ နေထိုင်ခဲ့ကြောင်း ကူးဆစ်က ဆိုသည်။

ယင်းနောက်တွင် လည်ပတ်နိုင်သော နေအိမ်သစ်တစ်လုံးဆောက်ရန် ကူးဆစ်က ဆုံးဖြတ်ခဲ့သည်။

 

(သူ၏ နေအိမ်ပြတင်းပေါက်မှ အပြင်ဘက်သို့ ကူးဆစ် ကြည့်ရှုနေပုံ။ ဓာတ်ပုံ-အေပီ/Radivoje Pavicic)

ယခင်အိမ်နှင့်ပတ်သက်ပြီး ဇနီး၏ တဖျစ်တောက်တောက်ပြောကြားမှုများမှာ အလွန်နားညီးခဲ့ကြောင်း ကူးဆစ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် ကူးဆစ်က ဇနီးအား “ငါမင်းကို ပတ်ချာလည် လှည့်နိုင်တဲ့အိမ်တစ်လုံးဆောက်ပေးမယ်။ အဲ့ဒါဆိုရင် အိမ်ကို လိုသလို လှည့်ကြည့်နိုင်ပြီ”ဟု ပြောခဲ့သည်။

ယခုအိမ်ကို ၆ နှစ်ကြာ အချိန်ယူဆောက်လုပ်ခဲ့ရကြောင်း၊ ကြမ်းခင်းအောက်ရှိ ၂၃ ပေရှိသော ဝင်ရိုးပေါ်တွင် အခြေပြုလည်ပတ်စေခြင်းဖြစ်ကြောင်း ကူးဆစ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

(လည်ပတ်စေသည့်စနစ်ကို အနီးကပ်တွေ့ရပုံ။ ဓာတ်ပုံ- ရိုက်တာ/ Dado Ruvic)

နေအိမ်လည်ပတ်မည့် စက်ယန္တယားစနစ်ကို စစ်သုံး သယ်ယူပို့ဆောင်ရေးယာဉ်မှ လျှပ်စစ်မော်တာများ၊ ဘီးများဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကူးဆစ်က အေပီသတင်းဌာနသိုု့ ပြောသည်။

“ဒါက တီထွင်မှုတစ်ခု မဟုတ်ပါဘူး။ ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဗဟုသုတပဲ လိုပါတယ်။ ကျွန်တော့်မှာက လုံလောက်တဲ့အချိန်နဲ့ ဗဟုသုတရှိပါတယ်”ဟု ကူးဆစ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

 

(ကူးဆစ်က နေအိမ်ကို ထိန်းချုပ်နေပုံ။ ဓာတ်ပုံ-REUTERS/Dado Ruvic)

နေအိမ်တစ်ခုလုံးကို မိမိဘာသာဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ကူးဆစ်က ပြောသည်။

အနှေးဆုံးနှုန်းဖြင့် လည်ပတ်မည်ဆိုလျှင် နေအိမ်တစ်ပတ်ပတ်မိရန် ၂၄ နာရီကြာမြင့်မည်ဖြစ်ပြီး အမြန်ဆုံးနှုန်း ဖြင့်ဆိုလျှင် နေအိမ်တစ်ပတ်ပတ်မိရန် ၂၂ စက္ကန့်သာ ကြာမြင့်ကြောင်း ကူးဆစ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

 

(နေအိမ်လည်ပတ်နေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-REUTERS/Dado Ruvic)

 သမားရိုးကျနေအိမ်များနှင့်ယှဉ်လျှင် လည်ပတ်နိုင်သောနေအိမ်မှာ ငလျင်ဒဏ်ကို ပိုမိုခံနိုင်စွမ်းရှိကြောင်း ကူးဆစ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: A man in Bosnia built a rotating house so his wife can change the view from her window whenever she wants (insider)

 

 

 

[Zawgyi]

ေဘာ့စ္နီးယား အမ်ဳိးသားက ဇနီးျဖစ္သူအတြက္ ေနအိမ္ဝန္းက်င္ရႈခင္းအားလံုးၾကည့္ႏိုင္မည့္ ပတ္ခ်ာလည္ လွည့္ႏိုင္သည့္အိမ္ ေဆာက္လုပ္ေပး

 

ေဘာ့စ္နီးယားႏိုင္ငံ၊ Srbac ျမိဳ႕တြင္ ေနထုိင္သူ ဗိုဂ်င္ ကူးဆစ္ (Vojin Kusic) အမည္ရွိ အမ်ဳိးသားတစ္ဦးသည္ ဇနီးျဖစ္သူအတြက္ ပတ္ခ်ာလည္ လည္ပတ္ႏိုင္စြမ္းရွိသည့္ ေနအိမ္တစ္လံုး ေဆာက္လုပ္ေပးခဲ့ေၾကာင္း ေအပီသတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

ေနအိမ္ဓာတ္ပံုမွ်သာ ျမင္ရသူတို႔အေနျဖင့္ အဆိုပါေနအိမ္မွာ ပတ္ခ်ာလည္ လည္ပတ္ႏိုင္ေၾကာင္း သိႏိုင္မည္ မဟုတ္ေခ်။

(ဗိုဂ်င္ ကူးဆစ္ကို ၎ေဆာက္လုပ္ထားသည့္ေနအိမ္ေရွ႕တြင္ ေတြ႔ရပံု။ ဓာတ္ပံု- Reuters/ Dado Ruvic)

အသက္ ၇၂ ႏွစ္ရွိျပီျဖစ္ေသာ ကူးဆစ္က ေအပီသတင္းဌာနသို႔ေျပာသည္မွာ ၎၏ ဇနီးျဖစ္သူအတြက္ ျပတင္းေပါက္မွ ျမင္ကြင္းအမ်ဳိးမ်ဳိး ေျပာင္းလဲႏိုင္သည့္ေနအိမ္တစ္လံုး ေဆာက္လုပ္ေပးခဲ့ေၾကာင္း ေျပာၾကားသည္။

(အဆိုပါေနအိမ္အား ရိုက္တာသတင္းဌာနမွ ရိုက္ကူးခဲ့သည့္ ဗီြဒီယိုကို https://reut.rs/3AvlUAx လင့္ခ္တြင္ ၾကည့္ရႈႏိုင္ပါသည္)

“ကၽြန္ေတာ့္ရဲ႕ သားသမီးေတြက မိသားစုလုပ္ငန္းကို ဆက္ခံလုပ္ကိုင္ႏိုင္စြမ္းရွိခဲ့ဲျပီးတဲ့ေနာက္ပိုင္း ကၽြန္ေတာ့္ရဲ႕ ဇနီးသည္ဆႏၵကို ျဖည့္စြမ္းေပးဖုိ႔ အခ်ိန္အလံုအေလာက္ရလာပါတယ္” ဟု ကူးဆစ္က ေအပီသတင္းဌာနသို႔ ေျပာသည္။

(သူ၏ ေနအိမ္တံခါးဝေရွ႕တြင္ ကူးဆစ္ မတ္တပ္ရပ္ေနပံု။ ဓာတ္ပံု -ေအပီ/Radivoje Pavicic)

ကူးဆစ္ႏွင့္ သူ၏ဇနီးလက္ထပ္ခ်ိန္တြင္ ကူးဆစ္က မိသားစုအတြက္ ေနအိမ္တစ္လံုးေဆာက္လုပ္ခဲ့ရာ အိပ္ခန္းမ်ားမွာ ေနထြက္ရာဘက္ကို မ်က္ႏွာမူထားခဲ့ေၾကာင္း ကူးဆစ္က ေအပီသတင္းဌာနသုိ႔ ေျပာသည္။

ဧည့္ခန္းမွာမူ လမ္းႏွင့္ မ်က္ႏွာမမူဘဲ ရွိခဲ့သည္။ ဇနီးျဖစ္သူက ေျပာသည္မွာ အိမ္သို႔ အလည္လာသူမ်ား အိမ္ထဲဝင္လာသည္ကို မျမင္ရေၾကာင္း ခင္ပြန္းအား ေျပာခဲ့သည္။

ထို႔ေၾကာင့္ ကူးဆစ္က အဆိုပါအိမ္ကို ျပန္လည္ျပင္ဆင္မႈလုပ္ခဲ့ရာ အိပ္ခန္းနံရံမ်ားကို ျဖိဳခ်ျပီး ထိုေနရာကို ဧည့္ခန္းအျဖစ္ ေျပာင္းလဲခဲ့သည္။

ေနာက္ပိုင္းတြင္ သားသမီး ၃ ဦးအနက္မွ ၂ ဦးသည္ လြန္ခဲ့ေသာ ၆ ႏွစ္က အျခားေနရာမ်ားသို႔ ေျပာင္းေရႊ႕သြားခဲ့ျပီးေနာက္ပိုင္း ေနအိမ္ကို ေျပာင္းလဲဖြဲ႔စည္းခဲ့ေၾကာင္း ကူးဆစ္က ေျပာသည္။

သားျဖစ္သူမွာ အေပၚထပ္တြင္ေနခဲ့ျပီး မိမိမွာ ေအာက္ထပ္သို႔ေျပာင္းေရႊ႕ကာ ဇနီးျဖစ္သူႏွင့္အတူ ေနထုိင္ခဲ့ေၾကာင္း ကူးဆစ္က ဆိုသည္။

ယင္းေနာက္တြင္ လည္ပတ္ႏိုင္ေသာ ေနအိမ္သစ္တစ္လံုးေဆာက္ရန္ ကူးဆစ္က ဆံုးျဖတ္ခဲ့သည္။

(သူ၏ ေနအိမ္ျပတင္းေပါက္မွ အျပင္ဘက္သို႔ ကူးဆစ္ ၾကည့္ရႈေနပံု။ ဓာတ္ပံု-ေအပီ/Radivoje Pavicic)

ယခင္အိမ္ႏွင့္ပတ္သက္ျပီး ဇနီး၏ တဖ်စ္ေတာက္ေတာက္ေျပာၾကားမႈမ်ားမွာ အလြန္နားညီးခဲ့ေၾကာင္း ကူးဆစ္က ရိုက္တာသတင္းဌာနသို႔ ေျပာသည္။

ထို႔ေၾကာင့္ ကူးဆစ္က ဇနီးအား “ငါမင္းကို ပတ္ခ်ာလည္ လွည့္ႏိုင္တဲ့အိမ္တစ္လံုးေဆာက္ေပးမယ္။ အဲ့ဒါဆိုရင္ အိမ္ကို လိုသလို လွည့္ၾကည့္ႏိုင္ျပီ”ဟု ေျပာခဲ့သည္။

ယခုအိမ္ကို ၆ ႏွစ္ၾကာ အခ်ိန္ယူေဆာက္လုပ္ခဲ့ရေၾကာင္း၊ ၾကမ္းခင္းေအာက္ရွိ ၂၃ ေပရွိေသာ ဝင္ရိုးေပၚတြင္ အေျချပဳလည္ပတ္ေစျခင္းျဖစ္ေၾကာင္း ကူးဆစ္က ရိုက္တာသတင္းဌာနသို႔ ေျပာသည္။

(လည္ပတ္ေစသည့္စနစ္ကို အနီးကပ္ေတြ႔ရပံု။ ဓာတ္ပံု- ရိုက္တာ/ Dado Ruvic)

ေနအိမ္လည္ပတ္မည့္ စက္ယႏၱယားစနစ္ကို စစ္သံုး သယ္ယူပို႔ေဆာင္ေရးယာဥ္မွ လွ်ပ္စစ္ေမာ္တာမ်ား၊ ဘီးမ်ားျဖင့္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ကူးဆစ္က ေအပီသတင္းဌာနသုို႔ ေျပာသည္။

“ဒါက တီထြင္မႈတစ္ခု မဟုတ္ပါဘူး။ ျဖစ္ခ်င္တဲ့ဆႏၵနဲ႔ ဗဟုသုတပဲ လိုပါတယ္။ ကၽြန္ေတာ့္မွာက လံုေလာက္တဲ့အခ်ိန္နဲ႔ ဗဟုသုတရွိပါတယ္”ဟု ကူးဆစ္က ရိုက္တာသတင္းဌာနသုိ႔ ေျပာသည္။

(ကူးဆစ္က ေနအိမ္ကို ထိန္းခ်ဳပ္ေနပံု။ ဓာတ္ပံု-REUTERS/Dado Ruvic)

ေနအိမ္တစ္ခုလံုးကို မိမိဘာသာေဆာက္လုပ္ခဲ့ျခင္းျဖစ္ေၾကာင္း ကူးဆစ္က ေျပာသည္။

အေႏွးဆံုးႏႈန္းျဖင့္ လည္ပတ္မည္ဆိုလွ်င္ ေနအိမ္တစ္ပတ္ပတ္မိရန္ ၂၄ နာရီၾကာျမင့္မည္ျဖစ္ျပီး အျမန္ဆံုးႏႈန္း ျဖင့္ဆိုလွ်င္ ေနအိမ္တစ္ပတ္ပတ္မိရန္ ၂၂ စကၠန္႔သာ ၾကာျမင့္ေၾကာင္း ကူးဆစ္က ရိုက္တာသတင္းဌာနသို႔ ေျပာသည္။

(ေနအိမ္လည္ပတ္ေနသည္ကို ေတြ႔ရပံု။ ဓာတ္ပံု-REUTERS/Dado Ruvic)

သမားရိုးက်ေနအိမ္မ်ားႏွင့္ယွဥ္လွ်င္ လည္ပတ္ႏိုင္ေသာေနအိမ္မွာ ငလ်င္ဒဏ္ကို ပိုမိုခံႏိုင္စြမ္းရွိေၾကာင္း ကူးဆစ္က ရိုက္တာသတင္းဌာနသို႔ ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: A man in Bosnia built a rotating house so his wife can change the view from her window whenever she wants (insider)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
CarsDB
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service