ဂင်းနက်စ်စံချိန် ၂၈ ခုတင်ခဲ့သူ Whitney Houston ၏ ဂျော်ဂျီယာပြည်နယ်မှ စံအိမ်

ဂင်းနက်စ်စံချိန် ၂၈ ခုတင်ခဲ့သူ Whitney Houston ၏ ဂျော်ဂျီယာပြည်နယ်မှ စံအိမ် - Property News in Myanmar from iMyanmarHouse.com
14 Nov 2022 11:02 am တွင် တင်ခဲ့သည်
641 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Whitney Houston (မွေး ၁၉၆၃) ၏ အမည်ရင်းမှာ Whitney Elizabeth Houston ဖြစ်ပြီး အမေရိကန် အဆိုတော်နှင့် သရုပ်ဆောင်ဖြစ်သည်။

သမိုင်းတစ်လျှောက် ရောင်းအားအကောင်းဆုံး ဂီတအနုပညာရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ပေါ့ပ်ဂီတတွင် အဆိုတော်များစွာကို သြဇာလွှမ်းခဲ့ပြီး အသံပိုင်းဆိုင်ရာ တီထွင်ဖန်တီးနိုင်မှု စွမ်းရည်ဖြင့် လူသိများသည်။

Billboard Hot 100 တွင် နံပါတ် ၁ single ၇ ခုဆက်တိုက်ရခဲ့သည့် တစ်ဦးတည်းသော အဆိုတော်ဖြစ်သည်။

သူ၏ ဂီတဘဝတစ်လျှောက် Emmy ဆု ၂ ခု၊ ဂရမ်မီဆု ၆ ကြိမ်၊ Billboard Music Award ၁၆ ကြိမ်နှင့် ဂင်းနက်စ်ကမ္ဘာ့စံချိန် ၂၈ ခု ရရှိခဲ့သည်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် Houston သည် လော့စ်အိန်ဂျလိမြို့၊ ဘီဗာလီဟေးစ်မှ Beverly Hilton ဟိုတယ်ရှိ ရေစိမ်ကန်ထဲတွင် မလှုပ်မယှက်ဖြစ်နေသည်ကို တွေ့ရပြီး Beverly Hills မှ ဆေးအဖွဲ့ ညနေ ၃း၃၀ အချိန်တွင် ရောက်လာသည်။

Houston မှာ တုံ့ပြန်မှုမရှိကြောင်း တွေ့ရပြီးနောက် CPR နည်းဖြင့် ကုသမှု ပြုလုပ်ပေးခဲ့သော်လည်း ညနေ ၃း၅၅ အချိန်တွင် ကွယ်လွန်ကြောင်း ကြေညာခဲ့သည်။

ဆေးစစ်ချက်များအရ သေဆုံးရခြင်းအကြောင်းရင်းမှာ ရေနစ်ခြင်း၊ နှလုံးရောဂါနှင့် ကိုကင်းသုံးစွဲမှုတို့ကြောင့် ဖြစ်ကြောင်း သိရသည်။ သူသေဆုံးမှုသတင်းသည် ၂၀၁၂ ခုနှစ် ဂရမ်မီဆုပေးပွဲနှင့် တိုက်ဆိုင်ပြီး နိုင်ငံတကာတွင် ပျံ့နှံ့ခဲ့သည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

▶Whitney Houston နှင့် Jermaine Jackson တို့ သီဆိုထားသော Nobody Loves Me Like You Do ကို လေးဖြူနှင့်ဗစ်တာခင်ညိုတို့က နောက်ဆုံးသဘောထားဟူသောအမည်ဖြင့် ပြန်လည်သီဆိုထားသည်။

လေးလေးဝါး၏ ပြန်လည်သီဆိုမှုများ ▶ I will always love you , One moment in time , I wanna dance with somebody ▶Queen of the night - ချောစုခင် ညရဲ့ဘုရင်မ

▶I will always love you မဒီ+လေးဖြူ - အရည်ပျော်ခြင်း

▶Saving all my love for you -တင်ဇာမော် -နေဝင်သွားတဲ့နံနက်ခင်း

(whitney houston သည် ဤသီချင်းဖြင့် - Best female pop vocal performance ဂရမ်မီဆု ရရှိခဲ့ သည်။၂၀၁၃ ဖေဖော်ဝါရီလ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သော Tin Zar Maw Duet Tour 2013 တွင် တင်ဇာမော်က နီနီခင်ဇော်နှင့်တွဲဖက်ကာ ပြန်လည် ဆန်းသစ်သီဆိုခဲ့သည်။)

▶How will I know တင့်တင့်ထွန်း -စနေသမီး

(Whitney Houston ၏ စံအိမ်)

Whitney Houston နှင့် ခင်ပွန်းဖြစ်သူ အဆိုတော် Bobby Brown တို့၏ နေအိမ် အရောင်းဈေးကွက်ဝင်လာ သည်။

ဂျော်ဂျီယာပြည်နယ်၊ Alpharetta မြို့ရှိ စတုရန်းပေ ၈၀၂၂ ကျယ်ဝန်းသော စံအိမ်တွင် ၂၀၀၅ ခုနှစ်အတွင်း Bobby Brown ၏ reality show ကို ရိုက်ကူးခဲ့ဖူးသည်။

ယခုအခါ အရောင်းဈေးကွက်တွင် ကန်ဒေါ်လာ ၁ ဒသမ ၉ သန်း ဈေးခေါ်ထားသည်။

၂၀၀၁ ခုနှစ်တွင် ဆောက်လုပ်ခဲ့သော စံအိမ်ဖြစ်ပြီး စာကြည့်တိုက်၊ ဘိလိယက်နှင့် မီဒီယာခန်းမ၊ နားနေဆောင်နှင့် မဟော်ဂနီဘား၊ ကျယ်ဝန်းသော အဝတ်အစားထားခန်းများ ပါဝင်ကြောင်း Realtor တွင် ဈေးကွက်တင်ခဲ့သော မှတ်တမ်းတွင် ဖော်ပြသည်။

ကျယ်ပြောသော ခြံဝန်းအတွင်းတွင်ကား အပန်းဖြေစခန်းအသွင် ရေကူးကန်နှင့် spa တို့ရှိသည်။

Queen of Pop ဟု တင်စားခြင်းခံရသူ Whitney Houston က Alpharetta မြို့၊ Tullamore Place အမှတ် ၁၀၁၄ ရှိ အိပ်ခန်း ၅ ခန်းပါ နေအိမ်ကို ၂၀၀၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၃၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(ကျယ်ဝန်းသော ခြံနောက်ဘက်နေရာနှင့် ရေကန်။ ဓာတ်ပုံ- Peggy Connors with Keller Willii)

 

 

(ဘုရားကျောင်းသဏ္ဍာန် မျက်နှာကြက်များရှိသော အဝင်လမ်း။ ဓာတ်ပုံ- Peggy Connors with Keller Willii)

 

 

(ခမ်းနားထည်ဝါသော ရေချိုးခန်း။ ဓာတ်ပုံ- Peggy Connors with Keller Willii)

 

 

(အောက်ထပ်မှ အခန်းများ၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- Peggy Connors with Keller Willii)

 

 

(ပင်မ ခန်းမ။ ဓာတ်ပုံ- Peggy Connors with Keller Willii)

Whitney Houston သည် ခင်ပွန်းဖြစ်သူနှင့် ၂၀၀၇ ခုနှစ်၊ ဧပြီလ ၂၄ ရက်တွင် ကွာရှင်းပြတ်စဲခဲ့ပြီး ရက်ပိုင်းမျှအကြာတွင် ဤစံအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် ရောင်းချခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Whitney Houston and Bobby Brown’s former Georgia home for sale (nypost)

 

 

[Zawgyi]

ဂင္းနက္စ္စံခ်ိန္ ၂၈ ခုတင္ခဲ့သူ Whitney Houston ၏ ေဂ်ာ္ဂ်ီယာျပည္နယ္မွ စံအိမ္

Whitney Houston (ေမြး ၁၉၆၃) ၏ အမည္ရင္းမွာ Whitney Elizabeth Houston ျဖစ္ျပီး အေမရိကန္ အဆိုေတာ္ႏွင့္ သရုပ္ေဆာင္ျဖစ္သည္။

သမိုင္းတစ္ေလွ်ာက္ ေရာင္းအားအေကာင္းဆံုး ဂီတအႏုပညာရွင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ေပါ့ပ္ဂီတတြင္ အဆိုေတာ္မ်ားစြာကို ၾသဇာလႊမ္းခဲ့ျပီး အသံပိုင္းဆိုင္ရာ တီထြင္ဖန္တီးႏိုင္မႈ စြမ္းရည္ျဖင့္ လူသိမ်ားသည္။

Billboard Hot 100 တြင္ နံပါတ္ ၁ single ၇ ခုဆက္တိုက္ရခဲ့သည့္ တစ္ဦးတည္းေသာ အဆိုေတာ္ျဖစ္သည္။

သူ၏ ဂီတဘဝတစ္ေလွ်ာက္ Emmy ဆု ၂ ခု၊ ဂရမ္မီဆု ၆ ၾကိမ္၊ Billboard Music Award ၁၆ ၾကိမ္ႏွင့္ ဂင္းနက္စ္ကမၻာ့စံခ်ိန္ ၂၈ ခု ရရွိခဲ့သည္။

၂၀၁၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၁၂ ရက္တြင္ Houston သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ ဘီဗာလီေဟးစ္မွ Beverly Hilton ဟုိတယ္ရွိ ေရစိမ္ကန္ထဲတြင္ မလႈပ္မယွက္ျဖစ္ေနသည္ကို ေတြ႔ရျပီး Beverly Hills မွ ေဆးအဖြဲ႔ ညေန ၃း၃၀ အခ်ိန္တြင္ ေရာက္လာသည္။

Houston မွာ တံု႔ျပန္မႈမရွိေၾကာင္း ေတြ႔ရျပီးေနာက္ CPR နည္းျဖင့္ ကုသမႈ ျပဳလုပ္ေပးခဲ့ေသာ္လည္း ညေန ၃း၅၅ အခ်ိန္တြင္ ကြယ္လြန္ေၾကာင္း ေၾကညာခဲ့သည္။

ေဆးစစ္ခ်က္မ်ားအရ ေသဆံုးရျခင္းအေၾကာင္းရင္းမွာ ေရနစ္ျခင္း၊ ႏွလံုးေရာဂါႏွင့္ ကိုကင္းသံုးစြဲမႈတို႔ေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။ သူေသဆံုးမႈသတင္းသည္ ၂၀၁၂ ခုႏွစ္ ဂရမ္မီဆုေပးပြဲႏွင့္ တိုက္ဆိုင္ျပီး ႏိုင္ငံတကာတြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

▶Whitney Houston ႏွင့္ Jermaine Jackson တို႔ သီဆိုထားေသာ Nobody Loves Me Like You Do ကို ေလးျဖဴႏွင့္ဗစ္တာခင္ညိဳတုိ႔က ေနာက္ဆံုးသေဘာထားဟူေသာအမည္ျဖင့္ ျပန္လည္သီဆိုထားသည္။

ေလးေလးဝါး၏ ျပန္လည္သီဆိုမႈမ်ား ▶ I will always love you , One moment in time , I wanna dance with somebody ▶Queen of the night - ေခ်ာစုခင္ ညရဲ႕ဘုရင္မ

▶I will always love you မဒီ+ေလးျဖဴ - အရည္ေပ်ာ္ျခင္း

▶Saving all my love for you -တင္ဇာေမာ္ -ေနဝင္သြားတဲ့နံနက္ခင္း

(whitney houston သည္ ဤသီခ်င္းျဖင့္ - Best female pop vocal performance ဂရမ္မီဆု ရရွိခဲ့ သည္။၂၀၁၃ ေဖေဖာ္ဝါရီလ အမ်ဳိးသားကဇာတ္ရံုတြင္ က်င္းပခဲ့ေသာ Tin Zar Maw Duet Tour 2013 တြင္ တင္ဇာေမာ္က နီနီခင္ေဇာ္ႏွင့္တြဲဖက္ကာ ျပန္လည္ ဆန္းသစ္သီဆိုခဲ့သည္။)

▶How will I know တင့္တင့္ထြန္း -စေနသမီး

(Whitney Houston ၏ စံအိမ္)

Whitney Houston ႏွင့္ ခင္ပြန္းျဖစ္သူ အဆိုေတာ္ Bobby Brown တို႔၏ ေနအိမ္ အေရာင္းေစ်းကြက္ဝင္လာ သည္။

ေဂ်ာ္ဂ်ီယာျပည္နယ္၊ Alpharetta ျမိဳ႕ရွိ စတုရန္းေပ ၈၀၂၂ က်ယ္ဝန္းေသာ စံအိမ္တြင္ ၂၀၀၅ ခုႏွစ္အတြင္း Bobby Brown ၏ reality show ကို ရိုက္ကူးခဲ့ဖူးသည္။

ယခုအခါ အေရာင္းေစ်းကြက္တြင္ ကန္ေဒၚလာ ၁ ဒသမ ၉ သန္း ေစ်းေခၚထားသည္။

၂၀၀၁ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ေသာ စံအိမ္ျဖစ္ျပီး စာၾကည့္တိုက္၊ ဘိလိယက္ႏွင့္ မီဒီယာခန္းမ၊ နားေနေဆာင္ႏွင့္ မေဟာ္ဂနီဘား၊ က်ယ္ဝန္းေသာ အဝတ္အစားထားခန္းမ်ား ပါဝင္ေၾကာင္း Realtor တြင္ ေစ်းကြက္တင္ခဲ့ေသာ မွတ္တမ္းတြင္ ေဖာ္ျပသည္။

က်ယ္ေျပာေသာ ျခံဝန္းအတြင္းတြင္ကား အပန္းေျဖစခန္းအသြင္ ေရကူးကန္ႏွင့္ spa တို႔ရွိသည္။

Queen of Pop ဟု တင္စားျခင္းခံရသူ Whitney Houston က Alpharetta ျမိဳ႕၊ Tullamore Place အမွတ္ ၁၀၁၄ ရွိ အိပ္ခန္း ၅ ခန္းပါ ေနအိမ္ကို ၂၀၀၃ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁ ဒသမ ၃၈ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(က်ယ္ဝန္းေသာ ျခံေနာက္ဘက္ေနရာႏွင့္ ေရကန္။ ဓာတ္ပံု- Peggy Connors with Keller Willii)

(ဘုရားေက်ာင္းသ႑ာန္ မ်က္ႏွာၾကက္မ်ားရွိေသာ အဝင္လမ္း။ ဓာတ္ပံု- Peggy Connors with Keller Willii)

(ခမ္းနားထည္ဝါေသာ ေရခ်ဳိးခန္း။ ဓာတ္ပံု- Peggy Connors with Keller Willii)

(ေအာက္ထပ္မွ အခန္းမ်ား၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- Peggy Connors with Keller Willii)

(ပင္မ ခန္းမ။ ဓာတ္ပံု- Peggy Connors with Keller Willii) Whitney Houston သည္ ခင္ပြန္းျဖစ္သူႏွင့္ ၂၀၀၇ ခုႏွစ္၊ ဧျပီလ ၂၄ ရက္တြင္ ကြာရွင္းျပတ္စဲခဲ့ျပီး ရက္ပိုင္းမွ်အၾကာတြင္ ဤစံအိမ္ကို ကန္ေဒၚလာ ၁ ဒသမ ၂ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Whitney Houston and Bobby Brown’s former Georgia home for sale (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ်ဦးအကြောင်း...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်ရှေ့တွင် ထားခဲ့ပေးသည့်ဖြစ်ရပ် နာမည်ကြီးနေ...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှောင်ထားရာ အာဏာပိုင်တို့က ကယ်တင်ခဲ့ရသည့်အဖြစ်...
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
42 Mini Condo
Central Shop House

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service