အမေရိကန်၏ မြို့တော် ဝါရှင်တန်ရှိ ပြည့်တန်ဆာဂေဟာအဖြစ်သုံးခဲ့သော ကျွန်းတစ်ကျွန်းနှင့် စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းမည်

အမေရိကန်၏ မြို့တော် ဝါရှင်တန်ရှိ ပြည့်တန်ဆာဂေဟာအဖြစ်သုံးခဲ့သော ကျွန်းတစ်ကျွန်းနှင့် စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းကျော်ဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
11 Nov 2022 11:32 am တွင် တင်ခဲ့သည်
1412 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၏မြို့တော် ဝါရှင်တန်ဒီစီရှိ Chesapeake Bay မြစ်ဝမှ ကျွန်းတစ်ကျွန်းသည် တခေတ်တခါက ပြည့်တန်ဆာဂေဟာအဖြစ် အသုံးပြုခဲ့သည်။ ယခုအခါ အဆိုပါကျွန်းကို ကန်ဒေါ်လာ ၂ ဒသမ ၁ သန်းဖြင့် ရောင်းချရန် ဈေးကွက်တင်လာသည်။

Tippity Wichity ကျွန်းဟု လူသိများသော ကျွန်း၏ အကျယ်အဝန်းမှာ ၅ ဧကရှိပြီး ဝါရှင်တန် ဒီစီမှ မိနစ် ၉၀ ခရီးသာ ကွာဝေးသည်။

လက်ရှိပိုင်ရှင်များဖြစ်သော Gail နှင့် ဂျွန် ဟာမွန်တို့က Insider သတင်းဌာနသို့ ပြောသည်မှာ ယခုကျွန်းသည် အမေရိကန်ပြည်တွင်းစစ်ပြီးဆုံးချိန်တွင် ပြည့်တန်ဆာဂေဟာနေရာတစ်ခုအဖြစ် အသုံးပြုခဲ့ပြီး ဗိုလ်ကြီး Henry Howgate အမည်ရှိ စစ်သည်တစ်ဦးက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မှတ်တမ်းမှတ်ရာများအရ Howgate သည် Tippity Wichity ကျွန်းတွင် ပထမဆုံး စတင်အခြေချနေထိုင်သူ ဖြစ်ပြီး ဤကျွန်းကို ၁၈၇၉ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သည်။

The News သတင်းဌာနက ၁၈၉၅ ခုနှစ်တွင် ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်အရ Howgate သည် ပြစ်မှုရာဇဝင်များရှိပြီး လိမ်လည်မှု၊ အလွဲသုံးစားပြုလုပ်မှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရဖူးသည်ဟု ဆိုသည်။

လက်ရှိပိုင်ရှင်များက အဆိုပါကျွန်းကို အပန်းဖြေရန်အတွက် ရည်ရွယ်ကာ ၁၉၇၀ ပြည့်လွန်ကာလများအတွင်း ကန်ဒေါ်လာ ၁၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဒေသတွင်း သတင်းစာတစ်စောင်ဖြစ်သော Washingtonian ၏ အခမဲ့ကြော်ငြာကဏ္ဍတွင် လက်ရှိပိုင်ရှင်နှင့် အခြားစုံတွဲတစ်တွဲတို့က ကြော်ငြာတစ်ခု တွေ့ခဲ့ကြသည်။

လက်ရှိပိုင်ရှင်များသည် စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်ရန် ဝါရှင်တန်သို့ ပြောင်းရွှေ့လာခဲ့ကြပြီးနောက်ပိုင်း အားလပ်ရက်အပန်းဖြေရန် နေအိမ်ရှာဖွေခဲ့ကြသည်။

 

(Tippity Wichity ကျွန်း၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- Townsend Visuals)

 

(ဆိပ်ခံတံတား။ ဓာတ်ပုံ- Townsend Visuals)

 

(ကျွန်းပေါ်ရှိ စံအိမ်ကို စိမ်းလန်းသော သစ်ပင်တို့က ဝန်းပတ်ထားသည်။ ဓာတ်ပုံ- Townsend Visuals)

 

(ညစာစားနေရာ။ ဓာတ်ပုံ- Townsend Visuals)

 

(မီးဖိုဆောင်။ ဓာတ်ပုံ- Townsend Visuals)

သတင်းစာမှ ကြော်ငြာတစ်ခုက ၎င်းတို့အား ဖမ်းစားခဲ့သည်။ အဆိုပါကြော်ငြာတွင် ဝီလျံ ရှိတ်စပီးယား၏ ပြဇာတ်တစ်ခုဖြစ်သော Richard II မှ ကောက်နှုတ်ဖော်ပြထားသည့် စာကြောင်းတစ်ခုပါသည်။

“ဤသည်ကား ဧဒင်ဥယျာဉ် နောက်တစ်ခုပင်။ နိဗ္ဗာန်ဘုံ၏ တစ်စိတ်တစ်နေရာသဖွယ်ဖြစ်၏။ ဤခံတပ်ကြီးကို သဘာဝတရားကြီးက ဖန်တီးခဲ့သည်”

“ဘယ်လောက်များ ရင်သပ်ရှုမောစရာ အလှတရားလည်းဆိုပြီး ကျွန်တော်တို့ အံ့သြမင်သက်ခဲ့ကြရတယ်”ဟု ကျွန်းသို့ ပထမဆုံး စတင်ရောက်ရှိခဲ့ချိန်က ခံစားချက်ကို Gail Harmon က ပြောပြသည်။

ယင်းနောက် ထိုကျွန်းကို ကြော်ငြာဖတ်မိခဲ့ကြသည့် စုံတွဲ ၂ တွဲပေါင်းကာ ဝယ်ယူခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့်က ၎င်းတို့ စုံတွဲ ၂ တွဲသည် အားလပ်ရက်များတွင် အဆိုပါကျွန်းသို့ တစ်လှည့်စီ အလှည့်ပေးကာ အပန်းဖြေခဲ့ကြသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်ကမူ အခြားစုံတွဲက ၎င်းတို့၏ ပိုင်ဆိုင်မှုတစ်ဝက်ကို Harmon တို့စုံတွဲအား ပြန်လည်ရောင်းချသွားခဲ့သည်။

 

(ဧည့်ခန်းတွင် ထင်းသုံးမီးလင်းဖိုတစ်ခု ပါဝင်သည်။ ဓာတ်ပုံ- Townsend Visuals)

 

(အိပ်ခန်း ၃ ခန်းအနက်မှ ၁ ခန်း။ ဓာတ်ပုံ- Townsend Visuals)

 

(ရေကူးကန်။ ဓာတ်ပုံ- Townsend Visuals)

အဆိုပါ ကျွန်းသည် အမေရိကန်ပြည်ထောင်စုတွင် အရက်သေစာသောက်စားခြင်း ပိတ်ပင်ထားခဲ့သည့် ၁၉၂၀ ပြည့်လွန်ကာလများအတွင်း အရက်ပုန်းချက်သည့် နေရာအဖြစ် အသုံးပြုခဲ့ဖွယ်ရှိသည်။

လက်ရှိပိုင်ရှင်၏ သူငယ်ချင်း တစ်ဦးက ပြောသည်မှာ ၎င်း၏ဖခင်သည် ထိုခေတ်က ဤကျွန်းသို့ ဝီစကီစည်ပိုင်းများ တင်ပို့ရောင်းချပေးခဲ့ဖူးသည်ဟု ဆိုသည်။

“ဒီနေရာက အရက်ပုန်းရောင်းဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။အစိုးရက မြစ်ထဲကနေ ဖမ်းဖို့လာပြီဆိုရင် ကျွန်းနောက်ဘက်ကနေ အသာထွက်သွားရုံပဲ။”

(ဒုတိယမြောက် အိပ်ခန်း ၁ ခု။ ဓာတ်ပုံ- Townsend Visuals)

အဆိုပါ ကျွန်းသို့ သွားမည်ဆိုလျှင် လှေဖြင့် ၅ မိနစ်သာ စီးရသည်။

ကျွန်းပေါ်တွင် မီးစက်ဖြင့် လျှပ်စစ်ဓာတ်အားပေးစနစ်လည်းရှိရာ အမြဲတမ်း အခြေချ နေထိုင်နိုင်သည်။

စံအိမ်အတွင်း အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်းနှင့်ညစာစားခန်း တို့ပါဝင်ပြီး ထင်းသုံးမီးဖိုကြီးတစ်ခုလည်းရှိသည်။

ကျွန်းတွင် ဆိပ်ခံ ၁ ခု၊ ကမ်းခြေ ၁ ခု၊ kayaks နှင့် canoes လှေများ ဆိုက်ကပ်ရန် နေရာ ၁ခု နှင့် အပူပေးစနစ်ပါသော နေအိမ်ပြင်ပရေကူးကန် ၁ ခုတို့လည်းပါဝင်သည်။

ယခုအခါ Harmon တို့စုံတွဲမှာ အသက် ၈၀ ပြည့်လုနီးပါးရှိကာ အိုမင်းမစွမ်းရှိနေပြီဖြစ်သောကြောင့် သူတို့ချစ်မြတ်နိုးသော ကျွန်းကို ရောင်းချရန် ဆုံးဖြတ်လိုက်ရခြင်းလည်းဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mysterious island used as brothel outside Washington, D.C. lists for $2.1M (nypost)

 

 

 

[Zawgyi]

အေမရိကန္၏ ျမိဳ႕ေတာ္ ဝါရွင္တန္ရွိ ျပည့္တန္ဆာေဂဟာအျဖစ္သံုးခဲ့ေသာ ကၽြန္းတစ္ကၽြန္းႏွင့္ စံအိမ္ၾကီး ကန္ေဒၚလာ ၂ သန္းေက်ာ္ျဖင့္ ေရာင္းမည္

 

အေမရိကန္ျပည္ေထာင္စု၏ျမိဳ႕ေတာ္ ဝါရွင္တန္ဒီစီရွိ Chesapeake Bay ျမစ္ဝမွ ကၽြန္းတစ္ကၽြန္းသည္ တေခတ္တခါက ျပည့္တန္ဆာေဂဟာအျဖစ္ အသံုးျပဳခဲ့သည္။ ယခုအခါ အဆိုပါကၽြန္းကို ကန္ေဒၚလာ ၂ ဒသမ ၁ သန္းျဖင့္ ေရာင္းခ်ရန္ ေစ်းကြက္တင္လာသည္။

Tippity Wichity ကၽြန္းဟု လူသိမ်ားေသာ ကၽြန္း၏ အက်ယ္အဝန္းမွာ ၅ ဧကရွိျပီး ဝါရွင္တန္ ဒီစီမွ မိနစ္ ၉၀ ခရီးသာ ကြာေဝးသည္။

လက္ရွိပိုင္ရွင္မ်ားျဖစ္ေသာ Gail ႏွင့္ ဂၽြန္ ဟာမြန္တို႔က Insider သတင္းဌာနသို႔ ေျပာသည္မွာ ယခုကၽြန္းသည္ အေမရိကန္ျပည္တြင္းစစ္ျပီးဆံုးခ်ိန္တြင္ ျပည့္တန္ဆာေဂဟာေနရာတစ္ခုအျဖစ္ အသံုးျပဳခဲ့ျပီး ဗိုလ္ၾကီး Henry Howgate အမည္ရွိ စစ္သည္တစ္ဦးက ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

မွတ္တမ္းမွတ္ရာမ်ားအရ Howgate သည္ Tippity Wichity ကၽြန္းတြင္ ပထမဆံုး စတင္အေျခခ်ေနထိုင္သူ ျဖစ္ျပီး ဤကၽြန္းကို ၁၈၇၉ ခုႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္သည္။

The News သတင္းဌာနက ၁၈၉၅ ခုႏွစ္တြင္ ေဖာ္ျပခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္အရ Howgate သည္ ျပစ္မႈရာဇဝင္မ်ားရွိျပီး လိမ္လည္မႈ၊ အလြဲသံုးစားျပဳလုပ္မႈတို႔ျဖင့္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံရဖူးသည္ဟု ဆိုသည္။

လက္ရွိပိုင္ရွင္မ်ားက အဆိုပါကၽြန္းကို အပန္းေျဖရန္အတြက္ ရည္ရြယ္ကာ ၁၉၇၀ ျပည့္လြန္ကာလမ်ားအတြင္း ကန္ေဒၚလာ ၁၂၅၀၀၀ ျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ေဒသတြင္း သတင္းစာတစ္ေစာင္ျဖစ္ေသာ Washingtonian ၏ အခမဲ့ေၾကာ္ျငာက႑တြင္ လက္ရွိပိုင္ရွင္ႏွင့္ အျခားစံုတြဲတစ္တြဲတို႔က ေၾကာ္ျငာတစ္ခု ေတြ႔ခဲ့ၾကသည္။

လက္ရွိပိုင္ရွင္မ်ားသည္ စစ္ဘက္ဆိုင္ရာ တာဝန္ထမ္းေဆာင္ရန္ ဝါရွင္တန္သို႔ ေျပာင္းေရႊ႕လာခဲ့ၾကျပီးေနာက္ပိုင္း အားလပ္ရက္အပန္းေျဖရန္ ေနအိမ္ရွာေဖြခဲ့ၾကသည္။

(Tippity Wichity ကၽြန္း၏ ေကာင္းကင္ျမင္ကြင္း။ ဓာတ္ပံု- Townsend Visuals)

(ဆိပ္ခံတံတား။ ဓာတ္ပံု- Townsend Visuals)

(ကၽြန္းေပၚရွိ စံအိမ္ကို စိမ္းလန္းေသာ သစ္ပင္တို႔က ဝန္းပတ္ထားသည္။ ဓာတ္ပံု- Townsend Visuals)

(ညစာစားေနရာ။ ဓာတ္ပံု- Townsend Visuals)

(မီးဖိုေဆာင္။ ဓာတ္ပံု- Townsend Visuals)

သတင္းစာမွ ေၾကာ္ျငာတစ္ခုက ၎တို႔အား ဖမ္းစားခဲ့သည္။ အဆိုပါေၾကာ္ျငာတြင္ ဝီလ်ံ ရွိတ္စပီးယား၏ ျပဇာတ္တစ္ခုျဖစ္ေသာ Richard II မွ ေကာက္ႏႈတ္ေဖာ္ျပထားသည့္ စာေၾကာင္းတစ္ခုပါသည္။

“ဤသည္ကား ဧဒင္ဥယ်ာဥ္ ေနာက္တစ္ခုပင္။ နိဗၺာန္ဘံု၏ တစ္စိတ္တစ္ေနရာသဖြယ္ျဖစ္၏။ ဤခံတပ္ၾကီးကို သဘာဝတရားၾကီးက ဖန္တီးခဲ့သည္”

“ဘယ္ေလာက္မ်ား ရင္သပ္ရႈေမာစရာ အလွတရားလည္းဆိုျပီး ကၽြန္ေတာ္တို႔ အံ့ၾသမင္သက္ခဲ့ၾကရတယ္”ဟု ကၽြန္းသို႔ ပထမဆံုး စတင္ေရာက္ရွိခဲ့ခ်ိန္က ခံစားခ်က္ကို Gail Harmon က ေျပာျပသည္။

ယင္းေနာက္ ထိုကၽြန္းကို ေၾကာ္ျငာဖတ္မိခဲ့ၾကသည့္ စံုတြဲ ၂ တြဲေပါင္းကာ ဝယ္ယူခဲ့ၾကသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ခန္႔က ၎တို႔ စံုတြဲ ၂ တြဲသည္ အားလပ္ရက္မ်ားတြင္ အဆိုပါကၽြန္းသို႔ တစ္လွည့္စီ အလွည့္ေပးကာ အပန္းေျဖခဲ့ၾကသည္။

လြန္ခဲ့ေသာ ၁၀ ႏွစ္ခန္႔ကမူ အျခားစံုတြဲက ၎တို႔၏ ပိုင္ဆိုင္မႈတစ္ဝက္ကို Harmon တို႔စံုတြဲအား ျပန္လည္ေရာင္းခ်သြားခဲ့သည္။

(ဧည့္ခန္းတြင္ ထင္းသံုးမီးလင္းဖိုတစ္ခု ပါဝင္သည္။ ဓာတ္ပံု- Townsend Visuals)

(အိပ္ခန္း ၃ ခန္းအနက္မွ ၁ ခန္း။ ဓာတ္ပံု- Townsend Visuals)

(ေရကူးကန္။ ဓာတ္ပံု- Townsend Visuals)

အဆိုပါ ကၽြန္းသည္ အေမရိကန္ျပည္ေထာင္စုတြင္ အရက္ေသစာေသာက္စားျခင္း ပိတ္ပင္ထားခဲ့သည့္ ၁၉၂၀ ျပည့္လြန္ကာလမ်ားအတြင္း အရက္ပုန္းခ်က္သည့္ ေနရာအျဖစ္ အသံုးျပဳခဲ့ဖြယ္ရွိသည္။

လက္ရွိပိုင္ရွင္၏ သူငယ္ခ်င္း တစ္ဦးက ေျပာသည္မွာ ၎၏ဖခင္သည္ ထိုေခတ္က ဤကြၽန္းသို႔ ဝီစကီစည္ပိုင္းမ်ား တင္ပို႔ေရာင္းခ်ေပးခဲ့ဖူးသည္ဟု ဆိုသည္။

“ဒီေနရာက အရက္ပုန္းေရာင္းဖို႔ အေကာင္းဆံုးေနရာတစ္ခု ျဖစ္ခဲ့ပါတယ္။အစိုးရက ျမစ္ထဲကေန ဖမ္းဖို႔လာျပီဆိုရင္ ကၽြန္းေနာက္ဘက္ကေန အသာထြက္သြားရံုပဲ။”

(ဒုတိယေျမာက္ အိပ္ခန္း ၁ ခု။ ဓာတ္ပံု- Townsend Visuals)

အဆုိပါ ကၽြန္းသို႔ သြားမည္ဆိုလွ်င္ ေလွျဖင့္ ၅ မိနစ္သာ စီးရသည္။

ကၽြန္းေပၚတြင္ မီးစက္ျဖင့္ လွ်ပ္စစ္ဓာတ္အားေပးစနစ္လည္းရွိရာ အျမဲတမ္း အေျခခ် ေနထိုင္ႏိုင္သည္။

စံအိမ္အတြင္း အိပ္ခန္း ၃ ခန္း၊ ဧည့္ခန္းႏွင့္ညစာစားခန္း တို႔ပါဝင္ျပီး ထင္းသံုးမီးဖိုၾကီးတစ္ခုလည္းရွိသည္။

ကၽြန္းတြင္ ဆိပ္ခံ ၁ ခု၊ ကမ္းေျခ ၁ ခု၊ kayaks ႏွင့္ canoes ေလွမ်ား ဆိုက္ကပ္ရန္ ေနရာ ၁ခု ႏွင့္ အပူေပးစနစ္ပါေသာ ေနအိမ္ျပင္ပေရကူးကန္ ၁ ခုတို႔လည္းပါဝင္သည္။

ယခုအခါ Harmon တို႔စံုတြဲမွာ အသက္ ၈၀ ျပည့္လုနီးပါးရွိကာ အိုမင္းမစြမ္းရွိေနျပီျဖစ္ေသာေၾကာင့္ သူတို႔ခ်စ္ျမတ္ႏိုးေသာ ကၽြန္းကို ေရာင္းခ်ရန္ ဆံုးျဖတ္လိုက္ရျခင္းလည္းျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mysterious island used as brothel outside Washington, D.C. lists for $2.1M (nypost)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service