ဘီကုလိ ဘီယာ (သို့မဟုတ်) ဖားတွေကို မင်္ဂလာဆောင်ပေးတဲ့ အာသံပြည်နယ်က ကျေးရွာ

ဘီကုလိ ဘီယာ (သို့မဟုတ်) ဖားတွေကို မင်္ဂလာဆောင်ပေးတဲ့ အာသံပြည်နယ်က ကျေးရွာ - Property News in Myanmar from iMyanmarHouse.com
4 Nov 2022 11:45 am တွင် တင်ခဲ့သည်
1185 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

 

(ဖားသတို့သားနှင့် ဖားသတို့သမီးကို အာသံရိုးရာဝတ်စုံငယ်များဖြင့် အလှပြင်ပေးထားပုံ။ ဓာတ်ပုံ-Credit: EastMojo image )

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်တွင် အပူချိန်ပြင်းထန်လွန်ကဲလာပြီဆိုပါက Charaideo ခရိုင်၊ ဒမ်ဒူလီရွာမှ ရွာသူရွာသားများသည် ကောက်ပဲသီးနှံများအတွက် မိုးခေါ်ရန် ကြိုးပမ်းသည့်အနေဖြင့် တမူထူးသော ပွဲလမ်းတစ်ခုကို ကျင်းပလေ့ရှိကြသည်။

ဖား ၂ ကောင်ကို လက်ထပ်ပေးသည့် ဖားမင်္ဂလာဆောင်ကျင်းပခြင်းဖြစ်ပြီး ဖားမင်္ဂလာဆောင်များသည် အိန္ဒိယတွင် မိုးခေါ်သည့်ရိုးရာပွဲတော်တစ်ခုအဖြစ် ကျင်းပခဲ့ကြသည်မှာ ရာစုနှစ်နှင့်ချီကာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရွာသူရွာသား အားလုံးတက်ရောက်ကြသည့် ပွဲတော်ဖြစ်သည်။

သင့်အတွက် ထူးဆန်းကောင်းထူးဆန်းနေနိုင်သည်။ သို့သော် အိန္ဒိယတွင် အမှန်တကယ်ကျင်းပသည့် ပွဲတော်တစ်ခု ဖြစ်၏။

ဖားလက်ထပ်ပွဲများကို အိန္ဒိယနိုင်ငံ၏ နေရာအများအပြားတွင် ကျင်းပကြသည်။

အပူချိန်အလွန်ပြင်းထန်ပြီး မိုးရွာမည့်အရိပ်အငွေ့မရှိပါက အင်ဒရာ နတ်မင်းကို ပူဇော်ပသရန် ရည်ရွယ်ကာ ဖားမင်္ဂလာဆောင်ကို ကျင်းပခြင်းဖြစ်သည်ဟု ဆိုသည်။

ဟိန္ဒူရိုးရာအရဆိုလျှင် အင်ဒရာနတ်ဘုရားမှာ မိုးနတ်မင်းဖြစ်၏။ ဖားမင်္ဂလာဆောင်တွင် ဖားမ၏ နဖူးတွင် ဟင်္သာပြဒါးသုတ်ပေးကြ၏။ ဖားထီး၏ ဘဝကြင်ဖော်အဖြစ် သတ်မှတ်ပေးသည့် အထိမ်းအမှတ်တစ်ခုဖြစ်သည်။

ဖားများကို မင်္ဂလာဆောင်ပေးလျှင် မိုးနတ်မင်း အင်ဒရာက စိတ်ကျေနပ်မှုရကာ မုတ်သုန်လေရောက်လာမည်ဟု အိန္ဒိယတွင် ရှေးယခင်ကတည်းက ယုံကြည်ခဲ့ကြသည်။

အာသံပြည်နယ်သည် တခါတရံတွင်မူ ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ်လေ့ရှိသော ပြည်နယ်ဖြစ်၏။

သို့သော် ပြည်နယ်တစ်လွှားတွင် မိုးခေါင်ရေရှားမှုသာ အမြဲလိုလိုရင်ဆိုင်ရသည့်ပြည်နယ်ဖြစ်ရာ ပြည်နယ်တစ်ဝန်းရှိ ကျေးရွာများမှာ မိုးနတ်မင်းကျေနပ်စေရန်အတွက် ဖားမင်္ဂလာဆောင်များ ကျင်းပလာကြရသည်။

မိမိတို့ တစ်နှစ်လုံး ခက်ခက်ခဲခဲစိုက်ပျိုးပြုစုထားသော စပါးခင်းများ မိုးခေါင်ကာမပျက်စီးစေရန်အတွက် မိုးနတ်မင်းကို စိတ်ကျေနပ်စေရန် ရာနှင့်ချီသော ဒမ်ဒူလီရွာသူရွာသားသည် ဖားမင်္ဂလာဆောင်ကို စုရုံးကျင်းပကြသည်။

အာသံရိုးရာ ဓလေ့ထုံးတမ်းများအတိုင်းကျင်းပသော ဖားမင်္ဂလာပွဲသို့ ကလေးများပါမကျန် တစ်ရွာလုံးလာကြသည်။

(မင်္ဂလာပွဲ ကျင်းပပုံ)

လူသားတို့၏ ရိုးရာမင်္ဂလာဆောင်များအတိုင်း ဖားသတို့သားနှင့် ဖားသတို့သမီးကို နေအိမ် ၂ လုံးတွင် သီးခြားခွဲကာ ထားရှိပြီး လှပစွာမွမ်းမံအလှဆင်မှုများ ပြုလုပ်ပေးကြသည်။

ဖားသတို့သားကို လှပစွာအလှဆင်ထားသော လှည်းတစ်စီးပေါ်တင်ကာ ရာနှင့်ချီသော ရွာသားများ လိုက်ပါလျက် ဖားသတို့သမီးရှိရာနေအိမ်ဆီသို့ ခေါ်ဆောင်လာကြသည်။

ယင်းနောက် ဖားသတို့သမီး၏နေအိမ်တွင် ဗေဒင်ကိန်းခန်းအစီအစဉ်များအတိုင်း မင်္ဂလာပွဲကို ကျင်းပကြသည်။

မင်္ဂလာပွဲပြီးဆုံးသောအခါ ဖား ဇနီးမောင်နှံ ၂ ကောင်ကို အလှဆင်ထားသော လှည်းပေါ်တင်ဆောင်ကာ ဖားသတို့သား၏ နေအိမ်ဆီသို့ ခေါ်ဆောင်ကြသည်။

ထို့နောက် လက်ထပ်ပြီးစ ကြင်စဦး ဖား ၂ ကောင်ကို အနီးရှိ ရေကန်တစ်ခုတွင် လွှတ်လိုက်ကြသည်။

 

 

(အာသံပြည်နယ်၏ အချို့နေရာများတွင် ဖားမင်္ဂလာဆောင်များကို ဟိန္ဒူဝေဒအစီအစဉ်များအတိုင်း ကျင်းပလေ့ရှိကြသည်)

ဖားမင်္ဂလာအခမ်းအနားတွင် အရသာရှိသော စားသောက်ဖွယ်ဟင်းလျာများ တည်ခင်းဧည့်ခံလေ့ရှိပြီး ရိုးရာဂီတ၊ ဘီဟူအက (အာသံပြည်နယ်တွင်သာရှိသော ရိုးရာအက) တို့ဖြင့် ဖျော်ဖြေကြသည်။

ရွာသားအများစု၏ ပြောကြားချက်အရ ဖားမင်္ဂလာပွဲကျင်းပပြီးချိန်တွင် ကောင်းကင်တွင် မိုးသားတိမ်မည်းများ မည်းမှောင်လာပြီး မကြာမီတွင်ပင် သည်းထန်စွာ မိုးရွာသွန်းသည်မှာ ရက်ပေါင်းအတန်ကြာ မိုးမစဲကြောင်း ပြောသည်။

ဖားမင်္ဂလာဆောင်ကျင်းပရန်အတွက် တောထဲသို့သွားကာ ဖား ၆ ကောင်ခန့် ရှာဖွေဖမ်းဆီးကြရသည်။

ထို့နောက် အတွေ့အကြုံရှိသော လူကြီးသူမများက မင်္ဂလာပွဲဆင်နွှဲရမည့် ဖားသတို့သားနှင့် ဖားသတို့သမီးကို ရွေးချယ်ကြသည်။

ဖားမင်္ဂလာဆောင်ကို အာသံဘာသာစကားအရ ဘီကုလိ ဘီယာ ဟုခေါ်ကြသည်။

ဘီကုလိမှာ ဖားဖြစ်ပြီး ဘီယာမှာ မင်္ဂလာဆောင် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Heat’s on: Assam villagers hold ‘frog wedding’ to appease rain god (eastmojo)

 

 

 

 

[Zawgyi]

ဘီကုလိ ဘီယာ (သုိ႔မဟုတ္) ဖားေတြကို မဂၤလာေဆာင္ေပးတဲ့ အာသံျပည္နယ္က ေက်းရြာ

 

(ဖားသတို႔သားႏွင့္ ဖားသတို႔သမီးကို အာသံရိုးရာဝတ္စံုငယ္မ်ားျဖင့္ အလွျပင္ေပးထားပံု။ ဓာတ္ပံု-Credit: EastMojo image )

အိႏိၵယႏိုင္ငံ၊ အာသံျပည္နယ္တြင္ အပူခ်ိန္ျပင္းထန္လြန္ကဲလာျပီဆိုပါက Charaideo ခရိုင္၊ ဒမ္ဒူလီရြာမွ ရြာသူရြာသားမ်ားသည္ ေကာက္ပဲသီးႏွံမ်ားအတြက္ မိုးေခၚရန္ ၾကိဳးပမ္းသည့္အေနျဖင့္ တမူထူးေသာ ပြဲလမ္းတစ္ခုကို က်င္းပေလ့ရွိၾကသည္။

ဖား ၂ ေကာင္ကို လက္ထပ္ေပးသည့္ ဖားမဂၤလာေဆာင္က်င္းပျခင္းျဖစ္ျပီး ဖားမဂၤလာေဆာင္မ်ားသည္ အိႏိၵယတြင္ မိုးေခၚသည့္ရိုးရာပြဲေတာ္တစ္ခုအျဖစ္ က်င္းပခဲ့ၾကသည္မွာ ရာစုႏွစ္ႏွင့္ခ်ီကာ ၾကာျမင့္ခဲ့ျပီျဖစ္ျပီး ရြာသူရြာသား အားလံုးတက္ေရာက္ၾကသည့္ ပြဲေတာ္ျဖစ္သည္။

သင့္အတြက္ ထူးဆန္းေကာင္းထူးဆန္းေနႏိုင္သည္။ သို႔ေသာ္ အိႏိၵယတြင္ အမွန္တကယ္က်င္းပသည့္ ပြဲေတာ္တစ္ခု ျဖစ္၏။

ဖားလက္ထပ္ပြဲမ်ားကို အိႏိၵယႏိုင္ငံ၏ ေနရာအမ်ားအျပားတြင္ က်င္းပၾကသည္။

အပူခ်ိန္အလြန္ျပင္းထန္ျပီး မိုးရြာမည့္အရိပ္အေငြ႔မရွိပါက အင္ဒရာ နတ္မင္းကို ပူေဇာ္ပသရန္ ရည္ရြယ္ကာ ဖားမဂၤလာေဆာင္ကို က်င္းပျခင္းျဖစ္သည္ဟု ဆိုသည္။

ဟိႏၵဴရိုးရာအရဆိုလွ်င္ အင္ဒရာနတ္ဘုရားမွာ မိုးနတ္မင္းျဖစ္၏။ ဖားမဂၤလာေဆာင္တြင္ ဖားမ၏ နဖူးတြင္ ဟသၤာျပဒါးသုတ္ေပးၾက၏။ ဖားထီး၏ ဘဝၾကင္ေဖာ္အျဖစ္ သတ္မွတ္ေပးသည့္ အထိမ္းအမွတ္တစ္ခုျဖစ္သည္။

ဖားမ်ားကို မဂၤလာေဆာင္ေပးလွ်င္ မိုးနတ္မင္း အင္ဒရာက စိတ္ေက်နပ္မႈရကာ မုတ္သုန္ေလေရာက္လာမည္ဟု အိႏိၵယတြင္ ေရွးယခင္ကတည္းက ယံုၾကည္ခဲ့ၾကသည္။

အာသံျပည္နယ္သည္ တခါတရံတြင္မူ ေရၾကီးေရလွ်ံမႈမ်ားလည္း ျဖစ္ေပၚေလ့ရွိေသာ ျပည္နယ္ျဖစ္၏။

သို႔ေသာ္ ျပည္နယ္တစ္လႊားတြင္ မိုးေခါင္ေရရွားမႈသာ အျမဲလိုလိုရင္ဆိုင္ရသည့္ျပည္နယ္ျဖစ္ရာ ျပည္နယ္တစ္ဝန္းရွိ ေက်းရြာမ်ားမွာ မိုးနတ္မင္းေက်နပ္ေစရန္အတြက္ ဖားမဂၤလာေဆာင္မ်ား က်င္းပလာၾကရသည္။

မိမိတို႔ တစ္ႏွစ္လံုး ခက္ခက္ခဲခဲစိုက္ပ်ဳိးျပဳစုထားေသာ စပါးခင္းမ်ား မိုးေခါင္ကာမပ်က္စီးေစရန္အတြက္ မိုးနတ္မင္းကို စိတ္ေက်နပ္ေစရန္ ရာႏွင့္ခ်ီေသာ ဒမ္ဒူလီရြာသူရြာသားသည္ ဖားမဂၤလာေဆာင္ကို စုရံုးက်င္းပၾကသည္။

အာသံရိုးရာ ဓေလ့ထံုးတမ္းမ်ားအတိုင္းက်င္းပေသာ ဖားမဂၤလာပြဲသို႔ ကေလးမ်ားပါမက်န္ တစ္ရြာလံုးလာၾကသည္။

(မဂၤလာပြဲ က်င္းပပံု)

လူသားတို႔၏ ရိုးရာမဂၤလာေဆာင္မ်ားအတိုင္း ဖားသတို႔သားႏွင့္ ဖားသတို႔သမီးကို ေနအိမ္ ၂ လံုးတြင္ သီးျခားခြဲကာ ထားရွိျပီး လွပစြာမြမ္းမံအလွဆင္မႈမ်ား ျပဳလုပ္ေပးၾကသည္။

ဖားသတို႔သားကို လွပစြာအလွဆင္ထားေသာ လွည္းတစ္စီးေပၚတင္ကာ ရာႏွင့္ခ်ီေသာ ရြာသားမ်ား လိုက္ပါလ်က္ ဖားသတို႔သမီးရွိရာေနအိမ္ဆီသို႔ ေခၚေဆာင္လာၾကသည္။

ယင္းေနာက္ ဖားသတို႔သမီး၏ေနအိမ္တြင္ ေဗဒင္ကိန္းခန္းအစီအစဥ္မ်ားအတိုင္း မဂၤလာပြဲကို က်င္းပၾကသည္။

မဂၤလာပြဲျပီးဆံုးေသာအခါ ဖား ဇနီးေမာင္ႏွံ ၂ ေကာင္ကို အလွဆင္ထားေသာ လွည္းေပၚတင္ေဆာင္ကာ ဖားသတို႔သား၏ ေနအိမ္ဆီသို႔ ေခၚေဆာင္ၾကသည္။

ထို႔ေနာက္ လက္ထပ္ျပီးစ ၾကင္စဦး ဖား ၂ ေကာင္ကို အနီးရွိ ေရကန္တစ္ခုတြင္ လႊတ္လိုက္ၾကသည္။

(အာသံျပည္နယ္၏ အခ်ဳိ႕ေနရာမ်ားတြင္ ဖားမဂၤလာေဆာင္မ်ားကို ဟိႏၵဴေဝဒအစီအစဥ္မ်ားအတိုင္း က်င္းပေလ့ရွိၾကသည္)

ဖားမဂၤလာအခမ္းအနားတြင္ အရသာရွိေသာ စားေသာက္ဖြယ္ဟင္းလ်ာမ်ား တည္ခင္းဧည့္ခံေလ့ရွိျပီး ရိုးရာဂီတ၊ ဘီဟူအက (အာသံျပည္နယ္တြင္သာရွိေသာ ရိုးရာအက) တို႔ျဖင့္ ေဖ်ာ္ေျဖၾကသည္။

ရြာသားအမ်ားစု၏ ေျပာၾကားခ်က္အရ ဖားမဂၤလာပြဲက်င္းပျပီးခ်ိန္တြင္ ေကာင္းကင္တြင္ မိုးသားတိမ္မည္းမ်ား မည္းေမွာင္လာျပီး မၾကာမီတြင္ပင္ သည္းထန္စြာ မိုးရြာသြန္းသည္မွာ ရက္ေပါင္းအတန္ၾကာ မိုးမစဲေၾကာင္း ေျပာသည္။ ဖားမဂၤလာေဆာင္က်င္းပရန္အတြက္ ေတာထဲသို႔သြားကာ ဖား ၆ ေကာင္ခန္႔ ရွာေဖြဖမ္းဆီးၾကရသည္။

ထို႔ေနာက္ အေတြ႔အၾကံဳရွိေသာ လူၾကီးသူမမ်ားက မဂၤလာပြဲဆင္ႏႊဲရမည့္ ဖားသတို႔သားႏွင့္ ဖားသတို႔သမီးကို ေရြးခ်ယ္ၾကသည္။

ဖားမဂၤလာေဆာင္ကို အာသံဘာသာစကားအရ ဘီကုလိ ဘီယာ ဟုေခၚၾကသည္။

ဘီကုလိမွာ ဖားျဖစ္ျပီး ဘီယာမွာ မဂၤလာေဆာင္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Heat’s on: Assam villagers hold ‘frog wedding’ to appease rain god (eastmojo)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
ဘားရက်အိုဘားမားက တစ်ပတ်လျှင် ဒေါ်လာ ၅၀၀၀၀ ဖြင့် ငှားရမ်းကာ အပန်းဖြေခဲ့သော ဧက ၃၀ ကျယ်ဝန်းသည့် ခြံဝန်းကြီးနှင့် စံအိမ် ကန်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service