Grab ၏ CEO အန်သိုနီတန် စင်္ကာပူတွင် ဒေါ်လာ သန်း ၄၀ တန် စံအိမ်ဝယ်ယူ.....

Grab ၏ CEO အန်သိုနီတန် စင်္ကာပူတွင် ဒေါ်လာ သန်း ၄၀ တန် စံအိမ်ဝယ်ယူ..... - Property News in Myanmar from iMyanmarHouse.com
4 Nov 2022 10:49 am တွင် တင်ခဲ့သည်
2566 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အန်သိုနီ တန် (Anthony Tan) သည် အရှေ့တောင်အာရှ၏ ထိပ်တန်း ကားငှား app တစ်ခုဖြစ်သော Grab ၏ ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ အရှေ့တောင်အာရှ၏ ပထမဆုံး တီထွင်မှုလည်း ဖြစ်သည်။

အန်သိုနီတန်၏ ဖခင် Tan Heng Chew သည် မော်တော်ကားလုပ်ငန်းလုပ်ကိုင်သူဖြစ်ရာ အန်သိုနီတန်၏ လွယ်ကူသော ဘဝလျှောက်လမ်းရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ကိုယ်ပိုင်လမ်းသစ် ဖောက်ခဲ့သည်။

Grab သည် ယခုအခါ အရှေ့တောင်အာရှ ၈ နိုင်ငံတွင် ဝန်ဆောင်မှုပေးနေပြီး မော်တော်ဆိုင်ကယ် တက္ကစီ၊ delivery ဝန်ဆောင်မှု၊ ဆော့ဖ်ဝဲသုတေသနနှင့် ထုတ်လုပ်ရေးနယ်ပယ်များ ချဲ့ထွင်ထားသည်။

(အန်သိုနီတန်၏ အချက်အလက်များ)

 

ကြွယ်ဝမှု- ကန်ဒေါ်လာ သန်း ၇၉၀ (စင်္ကာပူ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ ၊ မလေးရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ စာရင်းများတွင်ပါဝင်)

အသက် -၄၀

နေထိုင်သည့်နေရာ- စင်္ကာပူ

အိမ်ထောင်ရေး- အိမ်ထောင်ရှိ (ဇနီးဖြစ်သူ Chloe Tong မှာ Phileo Allied ဘဏ်တည်ထောင်သူ၊ Edge မီဒီယာ ပိုင်ရှင် Tong Kooi Ong ၏ သမီးဖြစ်သည်)

သားသမီး- ၂ ဦး

ပညာရေး- MBA (ဟားဘတ်တက္ကသိုလ်)၊ BA (ချီကာဂိုတက္ကသိုလ်) Grab ၏ အမှုဆောင်အရာရှိချုပ် အန်သိုနီ တန်သည် စင်္ကာပူတွင် ဒေါ်လာ သန်း ၄၀ တန် GCB ဟုခေါ်သော (Good Class Bungalow)စံအိမ် ၁ လုံး ဝယ်ယူလိုက်သည်။

Good Class Bungalow စံအိမ်များသည် စင်္ကာပူတွင် အခမ်းနားဆုံးစံအိမ်များဖြစ်ပြီး လူတိုင်းမက်မောကြသည့် လူနေအိမ်ရာ ၁ ခုလည်းဖြစ်သည်။

အန်သိုနီ တန်၏ဇနီးဖြစ်သူ Chloe Tong သည် စင်္ကာပူ၏ လူကုံထံရပ်ကွက် Bin Tong Park ရှိ ဒေါ်လာ သန်း ၄၀ တန် GCB စံအိမ် ၁လုံးဝယ်ယူလိုက်ရာ စင်္ကာပူတွင် ထိပ်တန်းသတင်း ၁ ပုဒ် ဖြစ်ခဲ့သည်။

စံအိမ်တည်ရှိရာ District 10 အရပ်သည် စင်္ကာပူ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ နေထိုင်ရာနေရာများအနက် ၁ ခုအပါအဝင်ဖြစ်ပြီး Holland Village နှင့် Leedon Park တို့နှင့် နီးကပ်စွာတည်ရှိသည်။

စံအိမ်ကြီးမှာ အံ့မခန်းခမ်းနားလှသည်။

GCB စံအိမ်များသည် စင်္ကာပူ၏ အခမ်းနားဆုံး လုံးချင်းအိမ်များဖြစ်သည်ဟု သတ်မှတ်ထားကြသည်။

 

အန်သိုနီ တန်ဝယ်ယူလိုက်သော GCB စံအိမ်မှာ ၁၉၉၀ ပြည့်လွန်ကာလများတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ဆရာဝန်တစ်ယောက် နေထိုင်ခဲ့သည်။

စံအိမ်အရောင်းအဝယ်ကို လွန်ခဲ့သောလအနည်းငယ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မကြာသေးမီကမှ အရောင်းအဝယ် အပြီးသတ်ခဲ့ခြင်းဖြစ်သည်။

အန်သိုနီ တန်တို့ စုံတွဲသည် စတုရန်းပေ ၂၁၆၃၇ ကျယ်ဝန်းသော စံအိမ်ကို မကြာမီတွင် ပြန်လည်ဆောက်လုပ်မှုများ ပြုလုပ်မည်ဟု ခန့်မှန်းရသည်။

(ဓာတ်ပုံ- Google Maps)

Grab သည် Special Purpose Acquisition Company (SPAC) ကို ကန်ဒေါ်လာ ၄၀ ဘီလီယံဖြင့် ဝယ်ယူရန် လုပ်ဆောင်နေချိန်အတွင်း အန်သိုနီ တန်တို့ မိသားစုက စင်္ကာပူမှစံအိမ်ကို ဝယ်ယူလိုက်ခြင်းလည်းဖြစ်သည်။

(SPAC) ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်း တဖြည်းဖြည်းကြီးထွားလာခဲ့ပြီး လက်ရှိတွင် ဝန်ထမ်းအင်အား ၆၀၀၀ ကျော်ရှိသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Grab CEO Anthony Tan’s Family Acquires $40 Million Good Class Bungalow in Bin Tong Park (tatlerasia)

 

 

 

[Zawgyi]

Grab ၏ CEO အန္သိုနီတန္ စကၤာပူတြင္ ေဒၚလာ သန္း ၄၀ တန္ စံအိမ္ဝယ္ယူ.....

 

အန္သိုနီ တန္ (Anthony Tan) သည္ အေရွ႕ေတာင္အာရွ၏ ထိပ္တန္း ကားငွား app တစ္ခုျဖစ္ေသာ Grab ၏ ပူးတြဲတည္ေထာင္သူ၊ အမႈေဆာင္အရာရွိခ်ဳပ္ ျဖစ္သည္။ အေရွ႕ေတာင္အာရွ၏ ပထမဆံုး တီထြင္မႈလည္း ျဖစ္သည္။

အန္သိုနီတန္၏ ဖခင္ Tan Heng Chew သည္ ေမာ္ေတာ္ကားလုပ္ငန္းလုပ္ကိုင္သူျဖစ္ရာ အန္သိုနီတန္၏ လြယ္ကူေသာ ဘဝေလွ်ာက္လမ္းရွိခဲ့ေသာ္လည္း ၂၀၁၂ ခုႏွစ္တြင္ ကိုယ္ပိုင္လမ္းသစ္ ေဖာက္ခဲ့သည္။

Grab သည္ ယခုအခါ အေရွ႕ေတာင္အာရွ ၈ ႏိုင္ငံတြင္ ဝန္ေဆာင္မႈေပးေနျပီး ေမာ္ေတာ္ဆိုင္ကယ္ တကၠစီ၊ delivery ဝန္ေဆာင္မႈ၊ ေဆာ့ဖ္ဝဲသုေတသနႏွင့္ ထုတ္လုပ္ေရးနယ္ပယ္မ်ား ခ်ဲ႕ထြင္ထားသည္။

(အန္သိုနီတန္၏ အခ်က္အလက္မ်ား)

ၾကြယ္ဝမႈ- ကန္ေဒၚလာ သန္း ၇၉၀ (စကၤာပူ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ ၅၀ ၊ မေလးရွားႏိုင္ငံ၏ အခ်မ္းသာဆံုးပုဂၢိဳလ္ ၅၀ စာရင္းမ်ားတြင္ပါဝင္)

အသက္ -၄၀

ေနထုိင္သည့္ေနရာ- စကၤာပူ

အိမ္ေထာင္ေရး- အိမ္ေထာင္ရွိ (ဇနီးျဖစ္သူ Chloe Tong မွာ Phileo Allied ဘဏ္တည္ေထာင္သူ၊ Edge မီဒီယာ ပိုင္ရွင္ Tong Kooi Ong ၏ သမီးျဖစ္သည္)

သားသမီး- ၂ ဦး

ပညာေရး- MBA (ဟားဘတ္တကၠသိုလ္)၊ BA (ခ်ီကာဂိုတကၠသိုလ္) Grab ၏ အမႈေဆာင္အရာရွိခ်ဳပ္ အန္သိုနီ တန္သည္ စကၤာပူတြင္ ေဒၚလာ သန္း ၄၀ တန္ GCB ဟုေခၚေသာ (Good Class Bungalow)စံအိမ္ ၁ လံုး ဝယ္ယူလိုက္သည္။

Good Class Bungalow စံအိမ္မ်ားသည္ စကၤာပူတြင္ အခမ္းနားဆံုးစံအိမ္မ်ားျဖစ္ျပီး လူတိုင္းမက္ေမာၾကသည့္ လူေနအိမ္ရာ ၁ ခုလည္းျဖစ္သည္။ အန္သိုနီ တန္၏ဇနီးျဖစ္သူ Chloe Tong သည္ စကၤာပူ၏ လူကံုထံရပ္ကြက္ Bin Tong Park ရွိ ေဒၚလာ သန္း ၄၀ တန္ GCB စံအိမ္ ၁လံုးဝယ္ယူလုိက္ရာ စကၤာပူတြင္ ထိပ္တန္းသတင္း ၁ ပုဒ္ ျဖစ္ခဲ့့သည္။

စံအိမ္တည္ရွိရာ District 10 အရပ္သည္ စကၤာပူ၏ အခ်မ္းသာဆံုး ပုဂၢိဳလ္မ်ား ေနထိုင္ရာေနရာမ်ားအနက္ ၁ ခုအပါအဝင္ျဖစ္ျပီး Holland Village ႏွင့္ Leedon Park တို႔ႏွင့္ နီးကပ္စြာတည္ရွိသည္။

စံအိမ္ၾကီးမွာ အံ့မခန္းခမ္းနားလွသည္။

GCB စံအိမ္မ်ားသည္ စကၤာပူ၏ အခမ္းနားဆံုး လံုးခ်င္းအိမ္မ်ားျဖစ္သည္ဟု သတ္မွတ္ထားၾကသည္။

အန္သိုနီ တန္ဝယ္ယူလုိက္ေသာ GCB စံအိမ္မွာ ၁၉၉၀ ျပည့္လြန္ကာလမ်ားတြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ျပီး ယခင္က ဆရာဝန္တစ္ေယာက္ ေနထိုင္ခဲ့သည္။

စံအိမ္အေရာင္းအဝယ္ကုိ လြန္ခဲ့ေသာလအနည္းငယ္က ျပဳလုပ္ခဲ့ျခင္းျဖစ္ျပီး မၾကာေသးမီကမွ အေရာင္းအဝယ္ အျပီးသတ္ခဲ့ျခင္းျဖစ္သည္။

အန္သိုနီ တန္တို႔ စံုတြဲသည္ စတုရန္းေပ ၂၁၆၃၇ က်ယ္ဝန္းေသာ စံအိမ္ကို မၾကာမီတြင္ ျပန္လည္ေဆာက္လုပ္မႈမ်ား ျပဳလုပ္မည္ဟု ခန္႔မွန္းရသည္။

(ဓာတ္ပံု- Google Maps)

Grab သည္ Special Purpose Acquisition Company (SPAC) ကို ကန္ေဒၚလာ ၄၀ ဘီလီယံျဖင့္ ဝယ္ယူရန္ လုပ္ေဆာင္ေနခ်ိန္အတြင္း အန္သိုနီ တန္တို႔ မိသားစုက စကၤာပူမွစံအိမ္ကို ဝယ္ယူလုိက္ျခင္းလည္းျဖစ္သည္။

(SPAC) ကုမၸဏီသည္ ၂၀၁၂ ခုႏွစ္တြင္စတင္တည္ေထာင္ခဲ့ျပီး ေနာက္ပုိင္း တျဖည္းျဖည္းၾကီးထြားလာခဲ့ျပီး လက္ရွိတြင္ ဝန္ထမ္းအင္အား ၆၀၀၀ ေက်ာ္ရွိသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Grab CEO Anthony Tan’s Family Acquires $40 Million Good Class Bungalow in Bin Tong Park (tatlerasia)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
ထိုင်းတွင် အိမ်စပေါ် ပြန်ပေးရေးကိစ္စ အငြင်းပွားကာ ယူကရိန်းအမျိုးသမီးတစ်ဦးက ငှားရမ်းနေထိုင်သော ကွန်ဒိုခန်းကို အမျိုးမျိုး
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service