Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ့

Ghost ရုပ်ရှင်ကားဖြင့်ကမ္ဘာကျော်သူ ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီး ပရိသတ်များ တောင်းပန်သည့်ကြားမှ ဇနီးဖြစ်သူက ရောင်းချခဲ့ - Property News in Myanmar from iMyanmarHouse.com
2 Nov 2022 11:09 am တွင် တင်ခဲ့သည်
1067 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ပက်ထရစ်ဆွေဇီ (မွေး-၁၉၅၂) ၏ အမည်အပြည့်အစုံမှာ ပက်ထရစ် ဝိန်း ဆွေဇီဖြစ်သည်။ သူသည် အမေရိကန် ရုပ်ရှင်မင်းသား၊ အကပညာရှင်၊ အဆိုတော်တစ်ဦးဖြစ်ပြီး ချစ်ခြင်းမေတ္တာဖွဲ့ဇာတ်ကားများ၊ ဟာသဇာတ်ရုပ်များ ဖြင့် ထင်ရှားသည်။

People မဂ္ဂဇင်းကြီးက ၁၉၉၁ ခုနှစ်တွင် ပက်ထရစ်ဆွေဇီကို လိင်ဆွဲအားအကောင်းဆုံး အမျိုးသားအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်။

ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် Ghost (၁၉၉၀) ဇာတ်ကားမှာ သူ၏အကျော်ကြားဆုံး ဖြစ်သည်။

 

၁၉၉၇ ခုနှစ်တွင် ဟောလိဝုဒ်၏ Walk of Fame တွင် ကြယ်တစ်ပွင့်ဖြင့် ဂုဏ်ပြုခြင်းခံရသည်။

နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်သော "She's Like the Wind" ကို ပူးတွဲရေးသား သီဆိုခဲ့သည်။

In 2009, Swayze died of pancreatic cancer at the age of 57. ပက်ထရစ်ဆွေဇီသည် Lisa Niemi နှင့် ၁၉၇၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်တွင် လက်ထပ်ခဲ့ပြီး သူကွယ်လွန်ချိန်အထိ လက်တွဲခဲ့ကြရာ အိမ်ထောင်သက် ၃၄ နှစ်ဖြစ်သည်။

သူတို့ဇနီးမောင်နှံတွင် သားသမီးမထွန်းကား။ သို့သော် Lisa သည် ကလေးပျက်ကျမှု တစ်ကြိမ်ဖြစ်ခဲ့ဖူးသည်။

သူတို့နှစ်ဦးသည် ၁၉၇၀ ပြည့်နှစ်တွင် စတင်တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ထိုအချိန်က ပက်ထရစ်ဆွေဇီမှာ ၁၈ နှစ်သား အရွယ်သာ ရှိသေးသည်။

ထိုအချိန်က Lisa Niemi မှာ ၁၄ နှစ်သမီးအရွယ်သာရှိသေးပြီး ပက်ထရစ်ဆွေဇီ၏ မိခင်ထံတွင် အကလာသင်ရင်း ပက်ထရစ်ဆွေဇီနှင့် စတင်ဆုံစည်းခဲ့ခြင်း ဖြစ်သည်။

၂၀၀၈ ခုနှစ်အတွင်းက တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပက်ထရစ်ဆွေဇီ ပြောခဲ့ဖူးသည်မှာ She’s like the wind သီချင်း (၁၉၈၇) မှာ Lisa အတွက် ရည်စူးရေးသားခဲ့ခြင်းဖြစ်ကြောင်း ပြောဖူးသည်။

ပက်ထရစ်ဆွေဇီသည် အသက် ၅၇ နှစ်အရွယ် ၂၀၀၉ ခုနှစ်တွင် ပန်ကရိယကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။

(ပက်ထရစ်ဆွေဇီ၏ မွေးမြူရေးခြံကြီးကို ပရိသတ်များက ပြတိုက်ပြုလုပ်ရန် တောင်းဆိုကြသော်လည်း ကျန်ရစ်သူဇနီးက ရောင်းချ)

ပက်ထရစ်ဆွေဇီသည် သူချစ်သော မွေးမြူရေးခြံကြီး Rancho Bizarro တွင် သူ၏ အမှတ်တရများ ရှင်သန်တော့မည် မဟုတ်ချေ။

ပက်ထရစ်ဆွေဇီ၏ မိဘအသိုင်းအဝိုင်းမိသားစုနှင့် သူ၏ပရိသတ်များက မွေးမြူရေးခြံကြီးကို ပက်ထရစ်ဆွေဇီ ပြတိုက်အဖြစ် ပြောင်းလဲရန် တောင်းဆိုကြသော်လည်း ဇနီးဖြစ်သူက ရောင်းချလိုက်ခြင်းလည်း ဖြစ်သည်။

ပက်ထရစ်ဆွေဇီ၏ ဇနီးဖြစ်သူ Niemi က ကယ်လီဖိုးနီးယားပြည်နယ်၊ Sylmar မြို့ရှိ မွေးမြူရေးခြံကြီးကို Aileen Getty ဆိုသူထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။

ပက်ထရစ်ဆွေဇီ၏ မိသားစုဝင်တစ်ဦးက နေအိမ်မရောင်းမီ နောက်ဆုံးအချိန်တွင် Niemi အားဆက်သွယ်ကာ အဆိုပါအိမ်ကို ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း Niemi က ကမ်းလှမ်းမှုကို လစ်လျူရှုခဲ့သည်။

ထိုခြံကို ပြတိုက်လုပ်ရန် ရည်ရွယ်ကာ ဝယ်ယူရန် ကမ်းလှမ်းခဲ့သော်လည်း မအောင်မြင်ခဲ့။

“လီဆာက အကုန်လုံးကို ရောင်းထုတ်ပစ်ပါတယ်။ Road House ကနေ ရတဲ့ပိုက်ဆံနဲ့ ဝယ်ပေးထားတဲ့ မာစီးဒီးကားကိုလည်း ရောင်းပစ်တယ်” ဟု ပက်ထရစ်ဆွေဇီ၏ တူမ Danielle Swayze က RadarOnline သတင်းဌာနသို့ ပြောသည်။

ပန်ကရိယကင်ဆာဝေဒနာခံစားနေရသူ ပက်ထရစ်ဆွေဇီကို ပြုစုစောင့်ရှောက်ရန်အတွက် ဤမွေးမြူရေးခြံတွင် Danielle Swayze သည် သူမ၏ဖခင် Don နှင့်အတူ လာရောက်နေထိုင်ခဲ့ဖူးသည်။

ပက်ထရစ်ဆွေဇီ၏ အခြားမိသားစုဝင်တစ်ဦးက ပြောသည်မှာ “ဒီလုပ်ရပ်က ပက်ထရစ်ဆွေဇီရဲ့ ပရိသတ်တွေမျက်နှာကို ဖြတ်ရိုက်လိုက်သလိုပါပဲ။ ဆွေဇီရဲ့ မိသားစုကိုတောင် အခွင့်အရေးမပေးခဲ့တာက နှလုံးသား အေးစက်မာကျောလွန်းပါတယ်”ဟု ပြောသည်။

“သူ ပိုက်ဆံတွေ ဘယ်လောက်တောင်လိုနေလဲ ကျွန်မ မသိပါဘူး”ဟု Danielle Swayze က ပြောသည်။

Niemi သည် ပက်ထရစ်ဆွေဇီကွယ်လွန်ပြီးနောက်ပိုင်း ကျောက်မျက်လုပ်ငန်းရှင် Albert De Prisco နှင့် ၂၀၁၄ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်းဖြစ်ပြီး De Prisco မှာ ဘီလျံနာသူဌေးကြီးတစ်ဦး ဖြစ်သည်။

ပက်ထရစ်ဆွေဇီ ကွယ်လွန်ချိန်တွင် သူ၏ မိသားစုမှာ မည်သည့်အရာမျှ အမွေမရခဲ့။ ပက်ထရစ်ဆွေဇီ ရေးသားခဲ့သည်ဟုဆိုသော သေတမ်းစာတွင် သူ၏ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၄၀ လုံးကို Niemi အတွက် ပေးခဲ့သည်ဟု ရေးသားထားသည်။ ယင်းသေတမ်းစာမှာ အတုဖြစ်သည်ဟု ဆိုကာ ပက်ထရစ်ဆွေဇီ၏ မိသားစုနှင့် Niemi တို့အကြား အပြင်းအထန် အငြင်းပွားလျက်ရှိကြသည်။

Niemi ထံမှ မွေးမြူရေးခြံကြီးကို ဝယ်ယူခဲ့သူ Aileen Getty ၏ ရှေ့နေ John Ladner က ပြောသည်မှာ ဤမွေးမြူရေးခြံကြီးမှာ ပက်ထရစ်ဆွေဇီ၏ ခြံကြီးဖြစ်သည်ကို သိရှိကြောင်း၊ သို့သော် ပက်ထရစ်ဆွေဇီ မိသားစုက ပြတိုက်အဖြစ် ပြောင်းလဲလိုသည့်ဆန္ဒရှိသည်ကိုမူ မသိခဲ့ကြောင်း ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

Ref: ‘Slap In The Face!’ Patrick Swayze’s Widow Lisa Niemi Sells His Beloved Ranch To Stranger — Ignores Pleas From Family & Fans To Make It A Museum (radaronline)

 

 

 

[Zawgyi]

Ghost ရုပ္ရွင္ကားျဖင့္ကမၻာေက်ာ္သူ ပက္ထရစ္ေဆြဇီ၏ ေမြးျမဴေရးျခံၾကီး ပရိသတ္မ်ား ေတာင္းပန္သည့္ၾကားမွ ဇနီးျဖစ္သူက ေရာင္းခ်ခဲ့

 

ပက္ထရစ္ေဆြဇီ (ေမြး-၁၉၅၂) ၏ အမည္အျပည့္အစံုမွာ ပက္ထရစ္ ဝိန္း ေဆြဇီျဖစ္သည္။ သူသည္ အေမရိကန္ ရုပ္ရွင္မင္းသား၊ အကပညာရွင္၊ အဆိုေတာ္တစ္ဦးျဖစ္ျပီး ခ်စ္ျခင္းေမတၱာဖြဲ႔ဇာတ္ကားမ်ား၊ ဟာသဇာတ္ရုပ္မ်ား ျဖင့္ ထင္ရွားသည္။

People မဂၢဇင္းၾကီးက ၁၉၉၁ ခုႏွစ္တြင္ ပက္ထရစ္ေဆြဇီကို လိင္ဆြဲအားအေကာင္းဆံုး အမ်ဳိးသားအျဖစ္ သတ္မွတ္ေဖာ္ျပခဲ့သည္။

ရုပ္ရွင္ဇာတ္ကားမ်ားစြာတြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည့္အနက္ Ghost (၁၉၉၀) ဇာတ္ကားမွာ သူ၏အေက်ာ္ၾကားဆံုး ျဖစ္သည္။

၁၉၉၇ ခုႏွစ္တြင္ ေဟာလိဝုဒ္၏ Walk of Fame တြင္ ၾကယ္တစ္ပြင့္ျဖင့္ ဂုဏ္ျပဳျခင္းခံရသည္။

နာမည္ၾကီး သီခ်င္းတစ္ပုဒ္ျဖစ္ေသာ "She's Like the Wind" ကို ပူးတြဲေရးသား သီဆိုခဲ့သည္။

In 2009, Swayze died of pancreatic cancer at the age of 57. ပက္ထရစ္ေဆြဇီသည္ Lisa Niemi ႏွင့္ ၁၉၇၅ ခုႏွစ္၊ ဇြန္လ ၁၂ ရက္တြင္ လက္ထပ္ခဲ့ျပီး သူကြယ္လြန္ခ်ိန္အထိ လက္တြဲခဲ့ၾကရာ အိမ္ေထာင္သက္ ၃၄ ႏွစ္ျဖစ္သည္။

သူတုိ႔ဇနီးေမာင္ႏွံတြင္ သားသမီးမထြန္းကား။ သို႔ေသာ္ Lisa သည္ ကေလးပ်က္က်မႈ တစ္ၾကိမ္ျဖစ္ခဲ့ဖူးသည္။

သူတို႔ႏွစ္ဦးသည္ ၁၉၇၀ ျပည့္ႏွစ္တြင္ စတင္ေတြ႔ဆံုခဲ့ၾကျခင္းျဖစ္ျပီး ထိုအခ်ိန္က ပက္ထရစ္ေဆြဇီမွာ ၁၈ ႏွစ္သား အရြယ္သာ ရွိေသးသည္။

ထိုအခ်ိန္က Lisa Niemi မွာ ၁၄ ႏွစ္သမီးအရြယ္သာရွိေသးျပီး ပက္ထရစ္ေဆြဇီ၏ မိခင္ထံတြင္ အကလာသင္ရင္း ပက္ထရစ္ေဆြဇီႏွင့္ စတင္ဆံုစည္းခဲ့ျခင္း ျဖစ္သည္။

၂၀၀၈ ခုႏွစ္အတြင္းက ေတြ႔ဆံုေမးျမန္းခန္းတစ္ခုတြင္ ပက္ထရစ္ေဆြဇီ ေျပာခဲ့ဖူးသည္မွာ She’s like the wind သီခ်င္း (၁၉၈၇) မွာ Lisa အတြက္ ရည္စူးေရးသားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာဖူးသည္။

ပက္ထရစ္ေဆြဇီသည္ အသက္ ၅၇ ႏွစ္အရြယ္ ၂၀၀၉ ခုႏွစ္တြင္ ပန္ကရိယကင္ဆာျဖင့္ ကြယ္လြန္ခဲ့သည္။

(ပက္ထရစ္ေဆြဇီ၏ ေမြးျမဴေရးျခံၾကီးကို ပရိသတ္မ်ားက ျပတိုက္ျပဳလုပ္ရန္ ေတာင္းဆိုၾကေသာ္လည္း က်န္ရစ္သူဇနီးက ေရာင္းခ်)

ပက္ထရစ္ေဆြဇီသည္ သူခ်စ္ေသာ ေမြးျမဴေရးျခံၾကီး Rancho Bizarro တြင္ သူ၏ အမွတ္တရမ်ား ရွင္သန္ေတာ့မည္ မဟုတ္ေခ်။

ပက္ထရစ္ေဆြဇီ၏ မိဘအသိုင္းအဝိုင္းမိသားစုႏွင့္ သူ၏ပရိသတ္မ်ားက ေမြးျမဴေရးျခံၾကီးကို ပက္ထရစ္ေဆြဇီ ျပတိုက္အျဖစ္ ေျပာင္းလဲရန္ ေတာင္းဆိုၾကေသာ္လည္း ဇနီးျဖစ္သူက ေရာင္းခ်လိုက္ျခင္းလည္း ျဖစ္သည္။

ပက္ထရစ္ေဆြဇီ၏ ဇနီးျဖစ္သူ Niemi က ကယ္လီဖိုးနီးယားျပည္နယ္၊ Sylmar ျမိဳ႕ရွိ ေမြးျမဴေရးျခံၾကီးကို Aileen Getty ဆိုသူထံ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

ပက္ထရစ္ေဆြဇီ၏ မိသားစုဝင္တစ္ဦးက ေနအိမ္မေရာင္းမီ ေနာက္ဆံုးအခ်ိန္တြင္ Niemi အားဆက္သြယ္ကာ အဆိုပါအိမ္ကို ဝယ္ယူရန္ ကမ္းလွမ္းခဲ့ေသာ္လည္း Niemi က ကမ္းလွမ္းမႈကို လစ္လ်ဴရႈခဲ့သည္။

ထိုျခံကို ျပတိုက္လုပ္ရန္ ရည္ရြယ္ကာ ဝယ္ယူရန္ ကမ္းလွမ္းခဲ့ေသာ္လည္း မေအာင္ျမင္ခဲ့။

“လီဆာက အကုန္လံုးကို ေရာင္းထုတ္ပစ္ပါတယ္။ Road House ကေန ရတဲ့ပိုက္ဆံနဲ႔ ဝယ္ေပးထားတဲ့ မာစီးဒီးကားကိုလည္း ေရာင္းပစ္တယ္” ဟု ပက္ထရစ္ေဆြဇီ၏ တူမ Danielle Swayze က RadarOnline သတင္းဌာနသို႔ ေျပာသည္။

ပန္ကရိယကင္ဆာေဝဒနာခံစားေနရသူ ပက္ထရစ္ေဆြဇီကို ျပဳစုေစာင့္ေရွာက္ရန္အတြက္ ဤေမြးျမဴေရးျခံတြင္ Danielle Swayze သည္ သူမ၏ဖခင္ Don ႏွင့္အတူ လာေရာက္ေနထိုင္ခဲ့ဖူးသည္။

ပက္ထရစ္ေဆြဇီ၏ အျခားမိသားစုဝင္တစ္ဦးက ေျပာသည္မွာ “ဒီလုပ္ရပ္က ပက္ထရစ္ေဆြဇီရဲ႕ ပရိသတ္ေတြမ်က္ႏွာကို ျဖတ္ရိုက္လိုက္သလိုပါပဲ။ ေဆြဇီရဲ႕ မိသားစုကိုေတာင္ အခြင့္အေရးမေပးခဲ့တာက ႏွလံုးသား ေအးစက္မာေက်ာလြန္းပါတယ္”ဟု ေျပာသည္။

“သူ ပိုက္ဆံေတြ ဘယ္ေလာက္ေတာင္လိုေနလဲ ကၽြန္မ မသိပါဘူး”ဟု Danielle Swayze က ေျပာသည္။

Niemi သည္ ပက္ထရစ္ေဆြဇီကြယ္လြန္ျပီးေနာက္ပိုင္း ေက်ာက္မ်က္လုပ္ငန္းရွင္ Albert De Prisco ႏွင့္ ၂၀၁၄ ခုႏွစ္တြင္ လက္ထပ္ခဲ့ျခင္းျဖစ္ျပီး De Prisco မွာ ဘီလ်ံနာသူေဌးၾကီးတစ္ဦး ျဖစ္သည္။

ပက္ထရစ္ေဆြဇီ ကြယ္လြန္ခ်ိန္တြင္ သူ၏ မိသားစုမွာ မည္သည့္အရာမွ် အေမြမရခဲ့။ ပက္ထရစ္ေဆြဇီ ေရးသားခဲ့သည္ဟုဆိုေသာ ေသတမ္းစာတြင္ သူ၏ ပိုင္ဆိုင္မႈ ေဒၚလာ သန္း ၄၀ လံုးကို Niemi အတြက္ ေပးခဲ့သည္ဟု ေရးသားထားသည္။ ယင္းေသတမ္းစာမွာ အတုျဖစ္သည္ဟု ဆိုကာ ပက္ထရစ္ေဆြဇီ၏ မိသားစုႏွင့္ Niemi တုိ႔အၾကား အျပင္းအထန္ အျငင္းပြားလ်က္ရွိၾကသည္။

Niemi ထံမွ ေမြးျမဴေရးျခံၾကီးကို ဝယ္ယူခဲ့သူ Aileen Getty ၏ ေရွ႕ေန John Ladner က ေျပာသည္မွာ ဤေမြးျမဴေရးျခံၾကီးမွာ ပက္ထရစ္ေဆြဇီ၏ ျခံၾကီးျဖစ္သည္ကို သိရွိေၾကာင္း၊ သို႔ေသာ္ ပက္ထရစ္ေဆြဇီ မိသားစုက ျပတိုက္အျဖစ္ ေျပာင္းလဲလိုသည့္ဆႏၵရွိသည္ကိုမူ မသိခဲ့ေၾကာင္း ေျပာၾကားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: ‘Slap In The Face!’ Patrick Swayze’s Widow Lisa Niemi Sells His Beloved Ranch To Stranger — Ignores Pleas From Family & Fans To Make It A Museum (radaronline)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service