ဟယ်ရီပေါ်တာသရုပ်ဆောင် ဒဲနီယယ် ရက်ကလစ်ဖ်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ရောင်းချ
ဟယ်ရီပေါ်တာသရုပ်ဆောင် ဒဲနီယယ် ရက်ကလစ်ဖ်က နယူးယောက်ကွန်ဒိုခန်းကို ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
28 Oct 2022 9:55 am တွင် တင်ခဲ့သည်
735 ကြိမ် ကြည့်ရှု့ပြီး
 [Unicode]
ဟယ်ရီပေါ်တာသရုပ်ဆောင် ဒဲနီယယ် ရက်ကလစ်ဖ်သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ မန်ဟက်တန်အရပ်ရှိ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၅ ဒသမ ၃ သန်းဖြင့် ရောင်းချလိုက်ကြောင်း နယူးယောက်အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်ဟု Newyork Post သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အိပ်ခန်း ၃ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါသော အခန်းကို ရက်ကလစ်ဖ်က ၂၀၀၈ ခုနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အလုံးစုံပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသောအခန်းဖြစ်ပြီး ၁၁ လွှာတွင် တည်ရှိသည်။
အရောင်းဈေးကွက်တင်ခဲ့စဉ်က ကန်ဒေါ်လာ ၅ ဒသမ ၆၅ သန်းဈေးခေါ်ခဲ့ခြင်းဖြစ်ပြီး လစဉ်အထွေထွေ ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၃၀၈၉ ခန့် ရှိသည်။
ယခုနှစ် ဇွန်လအတွင်း ပထမဆုံးအကြိမ်အရောင်းဈေးကွက်ဝင်လာခဲ့ခြင်းဖြစ်ပြီး ဈေးကွက်တင်ပြီး ၂ လအကြာတွင် အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုလအတွင်းကမှ အရောင်းအဝယ်အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။
အခန်းအကျယ်မှာ ၂၄၄၅ စတုရန်းပေရှိပြီး ဧည့်ခန်းတွင် ကြမ်းပြင်မှ မျက်နှာကြက်ထိ မြင့်မားသော ပြတင်းများ တပ်ဆင်ထားရာ ဟတ်ဆန်မြစ်၏မြင်ကွင်းများကို ကောင်းစွာတွေ့မြင်နေရသည်။
ကြီးမားသော ညစာစားခန်း၏ ဘေးတွင် စာကြည့်တိုက်တစ်ခု ကပ်လျက်တည်ရှိပြီး မီးဖိုဆောင်မှာ V ပုံသဏ္ဍာန် ဖြစ်သည်။
ရေချိုးခန်း ၂ ခန်းတွင် ရေနွေးငွေ့ ရေပန်းများ ထည့်သွင်းပေးထားသည်။
(အိပ်ခန်း ၃ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ- Avenue 8)
(အခန်းဖွင့် ခင်းကျင်းထားရှိပုံ။ ဓာတ်ပုံ- Avenue 8)
(ဤအဆောက်အအုံတွင် အခြားသော အကျော်အမော်များဖြစ်သည့် အမေရိကန်ရုပ်ရှင်ဒါရိုက်တာ အိုလီဗာ စတုန်း၊ ကနေဒါ ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် Mike Myers ၊ အမေရိကန်ရုပ်ရှင်မင်းသမီး လူရွှင်တော် Amy Poehler နှင့် သူ၏ခင်ပွန်း ကနေဒါ ရုပ်ရှင်သရုပ်ဆောင် Will Arnett တို့လည်း နေထိုင်လျက်ရှိသည်။ ဓာတ်ပုံ- Rich Caplan)
လက်ရှိအားဖြင့် ဒဲနီယယ် ရက်ကလစ်ဖ်သည် မကြာမီပြသမည့် အတ္ထုပ္ပတ္တိ ဟာသဇာတ်ကားဖြစ်သော “Weird: The Al Yankovic Story”ဇာတ်ကားကို ရုပ်ရှင်မင်းသမီး အီဗန် ရေချယ်ဝုဒ်နှင့်အတူ တွဲဖက်ရိုက်ကူးလျက် ရှိသည်။
(စံအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၂၄၄၅ ရှိသည်။ ဓာတ်ပုံ- Avenue 8)
(မီးဖိုဆောင်မှာ အင်္ဂလိပ်အက္ခရာ V ပုံသဏ္ဍာန် ရှိသည်။ ဓာတ်ပုံ- Avenue 8)
(ရေချိုးခန်းများအနက်မှ တစ်ခု။ ဓာတ်ပုံ- Avenue 8)
ကွန်ဒို အဆောက်အအုံမှာ ၁၄ ထပ်မြင့်မားပြီး ၂၀၀၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ရက်ကလစ်ဖ်၏ ကွန်ဒိုခန်းကို ဈေးကွက်တင်ပေးသူများမှာ Avenue 8 ကုမ္ပဏီမှ အကျိုးဆောင်များဖြစ်သော Jane Greenebrg နှင့် David Costelloe တို့ ဖြစ်ကြသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Daniel Radcliffe sells NYC condo for $5.3 million (nypost)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ပြင်သစ်အမျိုးသမီးက မိမိကို နှစ် ၂၀ လုံး အလုပ်မခိုင်းဘဲ လစာပေးထားသော အလုပ်ရှင်အား တရားစွဲ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service