ဒေါ်လာ ၃၅ သန်းအကုန်ခံဆောက်လုပ်ထားသောအိမ် ဒေါ်လာ ၉ သန်းကျော်မျှဖြင့် အရောင်းအဝယ်ဖြစ်

ဒေါ်လာ ၃၅ သန်းအကုန်ခံဆောက်လုပ်ထားသောအိမ် ဒေါ်လာ ၉ သန်းကျော်မျှဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
25 Oct 2022 11:20 am တွင် တင်ခဲ့သည်
931 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်ဗေးနီးယားပြည်နယ်တွင် ကန်ဒေါ်လာ ၃၅ သန်းခန့် အကုန်အကျခံ ဆောက်လုပ်ထားသည့် စံအိမ်ကြီးကို တန်ကြေး၏ ၃ ပုံ ၁ ပုံမျှဖြင့် အရောင်းအဝယ်ဖြစ်သွားခဲ့သည်။

ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုမန်နေဂျာ အင်ဒရူး ဘာရိုဝေးက ကြီးမားလှသည့် စံအိမ်ကြီးကို ကန်ဒေါ်လာ ၃၅ သန်းခန့် အကုန်အကျခံဆောက်လုပ်ခဲ့ပြီး ကုန်ကျစရိတ်၏ ၃ ပုံ ၁ ပုံပင်မရှိသော ဈေးနှုန်းဖြစ်သည့် ကန်ဒေါ်လာ ၉ ဒသမ ၂၆ သန်းဖြင့် ပြန်လည်ရောင်းချသွားကြောင်း Wall Street Journal က ဖော်ပြသည်။

ဘာရိုဝေးသည် ဖီလာဒဲလ်ဖီးယားမြို့ပြင်ရှိ ကြီးမားသောမြေကွက်ကြီးတစ်ခုကို ၂၀၀၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂ သန်းပေးကာ ဝယ်ယူခဲ့ပြီးနောက် စတုရန်းပေ ၁၃၀၀၀ ကျယ်ဝန်းသော စံအိမ်ကြီးကို ဂေါ့သစ် ရီဗိုက်ဗယ်လ် ဗိသုကာဟန်ဖြင့် ငွေကြေးများစွာသုံးစွဲကာ ဆောက်လုပ်ခဲ့သည်။

ဘာရိုဝေးသည် Arizona Coyotes ဟော့ကီအသင်းတွင် ရှယ်ယာများလည်း ဝယ်ယူပိုင်ဆိုင်ထားသူ ဖြစ်သည်။

တောင်ကုန်းများ ပါဝင်သည့် ခြံဝန်းအကျယ် ၃၂ ဧကတွင် ပင်မစံအိမ်၌ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၉ ခန်း၊ ကား ၇ စင်းဆန့် ကားဂိုဒေါင်၊ အိမ်တွင်းရေကူးကန်၊ တင်းနစ်ကွင်း ၁ ခု၊ ရုပ်ရှင်ရုံ၊ လေးဘီးဆိုင်ကယ်လမ်းများ၊ ဝိုင်သိုလှောင်ခန်း၊ မီးလင်းဖို ၅ ခုအပြင် ဧည့်ဂေဟာဆောင်တစ်ခုလည်း ပါဝင်သည်။ ဘာရိုဝေးသည် ယခုစံအိမ်ကြီးတွင် ခေတ္တသာ နေထိုင်ခဲ့ဖူးသည်။

၂၀၁၃ ခုနှစ်တွင် ဇနီးဟောင်းနှင့် ကွာရှင်းခဲ့ပြီးနောက်ပိုင်း ခမ်းနားလှသောဤစံအိမ်ကြီးတွင် ဇနီးဟောင်းနှင့် ကလေးများသာ နေထိုင်ခဲ့သည်။

ဘာရိုဝေးမှာ အရီဇိုးနားပြည်နယ်တွင်သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

 

(ခြံဝန်းအကျယ်မှာ ၃၂ ဧကရှိသည်။ ဓာတ်ပုံ- Paramount Realty USA)

 

(စံအိမ်အတွင်းမှ ရုပ်ရှင်ရုံ။ ဓာတ်ပုံ-Paramount Realty USA)

(ရေချိုးခန်း ၉ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ-Paramount Realty USA)

 

(အိမ်တွင်းရေကူးကန်။ ဓာတ်ပုံ-Paramount Realty USA)

(နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၃၀၀၀ ရှိသည်။ ဓာတ်ပုံ-Paramount Realty USA)

(နေအိမ်ကို ဂေါ့သစ် ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ ဓာတ်ပုံ-Paramount Realty USA)

(ယခု ပိုင်ရှင်သစ်က ပြီးခဲ့သော ၁၄ လတွင် ဤစံအိမ်ကို ငှားရမ်းထားခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ-Paramount Realty USA)

(မဟာဆန်သော ဝင်ပေါက်နေရာ။ ဓာတ်ပုံ-Paramount Realty USA)

(ဤစံအိမ်ကို ယခင်က ကန်ဒေါ်လာ ၂၈ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။ ဓာတ်ပုံ-Paramount Realty USA)

၂၀၁၆ ခုနှစ်၊ ဇူလိုင်လအတွင်း ဘာရိုဝေးသည် ဤစံအိမ်ကြီးကို ကန်ဒေါ်လာ ၂၈ သန်းဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။

ရောင်းမထွက်သောကြောင့် ဈေးနှုန်းကို အကြိမ်ကြိမ်လျှော့ချပေးခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကြမ်းခင်းဈေး ကန်ဒေါ်လာ ၁၄ ဒသမ ၉ သန်းဖြင့် လေလံတင်ရောင်းချရန် ကြိုးစားခဲ့သေးသည်။

သို့သော် လေလံတင်ခြင်းမှာလည်း အလုပ်မဖြစ်။

ထို့ကြောင့် ၂၀၂၁ ခုနှစ်တွင် Zillow ဝက်ဘ်ဆိုက်၌ တစ်လလျှင် ကန်ဒေါ်လာ ၄၀၀၀၀ ဖြင့် အငှားတင်ခဲ့သည်။

ယခုအခါတွင်မူ အလွန်များပြားလှသောလျှော့ဈေးဖြင့် ဘာရိုဝေး၏လက်မှ ထွက်သွားခဲ့ပြီ ဖြစ်သည်။

အိမ်ခြံမြေမှတ်တမ်းများအရ စံအိမ်ကို ဝယ်ယူသွားသူမှာ ဒစ်ဂျစ်တယ်ကြော်ငြာအမှုဆောင် Thaddeus Bartkowski နှင့် ဆက်နွှယ်သော ကုမ္ပဏီတစ်ခုက ဝယ်ယူသွားခြင်းဖြစ်ကြောင်း ဖော်ပြသည်။

Bartkowski သည် လွန်ခဲ့သော ၁၄ လတာအတွင်း ဤစံအိမ်ကို ငှားရမ်းနေခဲ့ကြောင်း ဝေါစထရိဂျာနယ်သို့ ပြောသည်။

Bartkowski က စံအိမ်နေရာ၏ တသီးတခြားဖြစ်မှု၊ သမိုင်းဝင်အိမ်များနှင့် သဏ္ဍာန်တူညီမှု၊ ဆောက်လုပ်ထား သည့် အရည်အသွေးနှင့် ဟန်ပန်တို့ကို နှစ်သက်ကြောင်း ပြောသည်။

နေအိမ်ရောင်းချမှုမှာ ကန်ဒေါ်လာ ၉ ဒသမ ၂၆ သန်းသာရခဲ့သော်လည်း စံအိမ်တွင်းရှိ အခြားပိုင်ဆိုင်မှုများစွာ မှာ နေအိမ်ဈေးနှုန်းတွင် ပါဝင်ခြင်းမရှိရာ စုစုပေါင်းဈေးနှုန်းမှာမူ ယခုပမာဏထက် များစွာမြင့်မားမည် ဖြစ်သည်။

အမှန်တကယ်ဈေးနှုန်း မည်မျှရှိခဲ့သည်ကိုမူ Bartkowski က ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ခဲ့သည်။

ဤစံအိမ်အရောင်းအဝယ်တွင် အိမ်ခြံမြေအကျိုးဆောင်များစွာ ပါဝင်ပတ်သက်ခဲ့ရာ Keller Williams မှ အကျိုးဆောင် Harrison Todd ၊ လေလံကုမ္ပဏီဖြစ်သော Paramount Realty USA နှင့် Compass ကုမ္ပဏီမှ Lavinia Smerconish တို့ အပါအဝင် ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This Pennsylvania mansion, which cost $35M to create, sold for $9.26M (nypost)

 

 

 

[Zawgyi]

ေဒၚလာ ၃၅ သန္းအကုန္ခံေဆာက္လုပ္ထားေသာအိမ္ ေဒၚလာ ၉ သန္းေက်ာ္မွ်ျဖင့္ အေရာင္းအဝယ္ျဖစ္

 

အေမရိကန္ျပည္ေထာင္စု၊ ပန္ဆယ္ေဗးနီးယားျပည္နယ္တြင္ ကန္ေဒၚလာ ၃၅ သန္းခန္႔ အကုန္အက်ခံ ေဆာက္လုပ္ထားသည့္ စံအိမ္ၾကီးကို တန္ေၾကး၏ ၃ ပံု ၁ ပံုမွ်ျဖင့္ အေရာင္းအဝယ္ျဖစ္သြားခဲ့သည္။

ဘ႑ာေရး ရင္းႏွီးျမွဳပ္ႏွံမႈမန္ေနဂ်ာ အင္ဒရူး ဘာရိုေဝးက ၾကီးမားလွသည့္ စံအိမ္ၾကီးကို ကန္ေဒၚလာ ၃၅ သန္းခန္႔ အကုန္အက်ခံေဆာက္လုပ္ခဲ့ျပီး ကုန္က်စရိတ္၏ ၃ ပံု ၁ ပံုပင္မရွိေသာ ေစ်းႏႈန္းျဖစ္သည့္ ကန္ေဒၚလာ ၉ ဒသမ ၂၆ သန္းျဖင့္ ျပန္လည္ေရာင္းခ်သြားေၾကာင္း Wall Street Journal က ေဖာ္ျပသည္။

ဘာရိုေဝးသည္ ဖီလာဒဲလ္ဖီးယားျမိဳ႕ျပင္ရွိ ၾကီးမားေသာေျမကြက္ၾကီးတစ္ခုကို ၂၀၀၆ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၂ သန္းေပးကာ ဝယ္ယူခဲ့ျပီးေနာက္ စတုရန္းေပ ၁၃၀၀၀ က်ယ္ဝန္းေသာ စံအိမ္ၾကီးကို ေဂါ့သစ္ ရီဗိုက္ဗယ္လ္ ဗိသုကာဟန္ျဖင့္ ေငြေၾကးမ်ားစြာသံုးစြဲကာ ေဆာက္လုပ္ခဲ့သည္။

ဘာရိုေဝးသည္ Arizona Coyotes ေဟာ့ကီအသင္းတြင္ ရွယ္ယာမ်ားလည္း ဝယ္ယူပိုင္ဆိုင္ထားသူ ျဖစ္သည္။

ေတာင္ကုန္းမ်ား ပါဝင္သည့္ ျခံဝန္းအက်ယ္ ၃၂ ဧကတြင္ ပင္မစံအိမ္၌ အိပ္ခန္း ၆ ခန္း၊ ေရခ်ဳိးခန္း ၉ ခန္း၊ ကား ၇ စင္းဆန္႔ ကားဂိုေဒါင္၊ အိမ္တြင္းေရကူးကန္၊ တင္းနစ္ကြင္း ၁ ခု၊ ရုပ္ရွင္ရံု၊ ေလးဘီးဆိုင္ကယ္လမ္းမ်ား၊ ဝုိင္သိုေလွာင္ခန္း၊ မီးလင္းဖို ၅ ခုအျပင္ ဧည့္ေဂဟာေဆာင္တစ္ခုလည္း ပါဝင္သည္။ ဘာရိုေဝးသည္ ယခုစံအိမ္ၾကီးတြင္ ေခတၱသာ ေနထိုင္ခဲ့ဖူးသည္။

၂၀၁၃ ခုႏွစ္တြင္ ဇနီးေဟာင္းႏွင့္ ကြာရွင္းခဲ့ျပီးေနာက္ပိုင္း ခမ္းနားလွေသာဤစံအိမ္ၾကီးတြင္ ဇနီးေဟာင္းႏွင့္ ကေလးမ်ားသာ ေနထိုင္ခဲ့သည္။

ဘာရိုေဝးမွာ အရီဇိုးနားျပည္နယ္တြင္သာ ေနထိုင္ရန္ ဆံုးျဖတ္ခဲ့သည္။

(ျခံဝန္းအက်ယ္မွာ ၃၂ ဧကရွိသည္။ ဓာတ္ပံု- Paramount Realty USA) (စံအိမ္အတြင္းမွ ရုပ္ရွင္ရံု။ ဓာတ္ပံု-Paramount Realty USA)

(ေရခ်ဳိးခန္း ၉ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု-Paramount Realty USA)

(အိမ္တြင္းေရကူးကန္။ ဓာတ္ပံု-Paramount Realty USA)

(ေနအိမ္အက်ယ္အဝန္းမွာ စတုရန္းေပ ၁၃၀၀၀ ရွိသည္။ ဓာတ္ပံု-Paramount Realty USA)

(ေနအိမ္ကို ေဂါ့သစ္ ရီဗိုက္ဗယ္လ္ဗိသုကာဟန္ျဖင့္ ေဆာက္လုပ္ထားျခင္းျဖစ္သည္။ ဓာတ္ပံု-Paramount Realty USA)

(ယခု ပိုင္ရွင္သစ္က ျပီးခဲ့ေသာ ၁၄ လတြင္ ဤစံအိမ္ကို ငွားရမ္းထားခဲ့ျခင္းျဖစ္သည္။ ဓာတ္ပံု-Paramount Realty USA)

(မဟာဆန္ေသာ ဝင္ေပါက္ေနရာ။ ဓာတ္ပံု-Paramount Realty USA)

(ဤစံအိမ္ကို ယခင္က ကန္ေဒၚလာ ၂၈ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။ ဓာတ္ပံု-Paramount Realty USA)

၂၀၁၆ ခုႏွစ္၊ ဇူလိုင္လအတြင္း ဘာရိုေဝးသည္ ဤစံအိမ္ၾကီးကို ကန္ေဒၚလာ ၂၈ သန္းျဖင့္ ေရာင္းခ်ရန္ အေရာင္းေစ်းကြက္တင္ခဲ့ဖူးသည္။

ေရာင္းမထြက္ေသာေၾကာင့္ ေစ်းႏႈန္းကို အၾကိမ္ၾကိမ္ေလွ်ာ့ခ်ေပးခဲ့ျပီး ၂၀၁၉ ခုႏွစ္တြင္ ၾကမ္းခင္းေစ်း ကန္ေဒၚလာ ၁၄ ဒသမ ၉ သန္းျဖင့္ ေလလံတင္ေရာင္းခ်ရန္ ၾကိဳးစားခဲ့ေသးသည္။

သို႔ေသာ္ ေလလံတင္ျခင္းမွာလည္း အလုပ္မျဖစ္။

ထို႔ေၾကာင့္ ၂၀၂၁ ခုႏွစ္တြင္ Zillow ဝက္ဘ္ဆိုက္၌ တစ္လလွ်င္ ကန္ေဒၚလာ ၄၀၀၀၀ ျဖင့္ အငွားတင္ခဲ့သည္။

ယခုအခါတြင္မူ အလြန္မ်ားျပားလွေသာေလွ်ာ့ေစ်းျဖင့္ ဘာရိုေဝး၏လက္မွ ထြက္သြားခဲ့ျပီ ျဖစ္သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ စံအိမ္ကို ဝယ္ယူသြားသူမွာ ဒစ္ဂ်စ္တယ္ေၾကာ္ျငာအမႈေဆာင္ Thaddeus Bartkowski ႏွင့္ ဆက္ႏႊယ္ေသာ ကုမၸဏီတစ္ခုက ဝယ္ယူသြားျခင္းျဖစ္ေၾကာင္း ေဖာ္ျပသည္။

Bartkowski သည္ လြန္ခဲ့ေသာ ၁၄ လတာအတြင္း ဤစံအိမ္ကို ငွားရမ္းေနခဲ့ေၾကာင္း ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္။

Bartkowski က စံအိမ္ေနရာ၏ တသီးတျခားျဖစ္မႈ၊ သမိုင္းဝင္အိမ္မ်ားႏွင့္ သ႑ာန္တူညီမႈ၊ ေဆာက္လုပ္ထား သည့္ အရည္အေသြးႏွင့္ ဟန္ပန္တို႔ကို ႏွစ္သက္ေၾကာင္း ေျပာသည္။

ေနအိမ္ေရာင္းခ်မႈမွာ ကန္ေဒၚလာ ၉ ဒသမ ၂၆ သန္းသာရခဲ့ေသာ္လည္း စံအိမ္တြင္းရွိ အျခားပိုင္ဆိုင္မႈမ်ားစြာ မွာ ေနအိမ္ေစ်းႏႈန္းတြင္ ပါဝင္ျခင္းမရွိရာ စုစုေပါင္းေစ်းႏႈန္းမွာမူ ယခုပမာဏထက္ မ်ားစြာျမင့္မားမည္ ျဖစ္သည္။

အမွန္တကယ္ေစ်းႏႈန္း မည္မွ်ရွိခဲ့သည္ကိုမူ Bartkowski က ထုတ္ေဖာ္ေျပာၾကားရန္ ျငင္းဆန္ခဲ့သည္။

ဤစံအိမ္အေရာင္းအဝယ္တြင္ အိမ္ျခံေျမအက်ဳိးေဆာင္မ်ားစြာ ပါဝင္ပတ္သက္ခဲ့ရာ Keller Williams မွ အက်ဳိးေဆာင္ Harrison Todd ၊ ေလလံကုမၸဏီျဖစ္ေသာ Paramount Realty USA ႏွင့္ Compass ကုမၸဏီမွ Lavinia Smerconish တို႔ အပါအဝင္ ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This Pennsylvania mansion, which cost $35M to create, sold for $9.26M (nypost)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
imyanmarmarket
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service