ရေငုပ်သင်္ဘော၊ ပန်းကန်ပြားပျံ့နှင့် လေယာဉ်ပျံတို့ပါဝင်သော နေအိမ် ပေါင် ၁ ဒသမ ၂၅ သန်းဖြင့် ရောင်းမည်

ရေငုပ်သင်္ဘော၊ ပန်းကန်ပြားပျံ့နှင့် လေယာဉ်ပျံတို့ပါဝင်သော နေအိမ် ပေါင် ၁ ဒသမ ၂၅ သန်းဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
25 Oct 2022 10:14 am တွင် တင်ခဲ့သည်
649 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အင်္ဂလန်နိုင်ငံတွင် ပေါင် ၁ ဒသမ ၂၅ သန်းဖြင့် အိပ်ခန်း ၅ ခန်းပါ နေအိမ်တစ်လုံးအပြင် လေယာဉ်ပျံ ၂ စင်း၊ ရေငုပ်သင်္ဘော ၁ စင်း၊ အက်စ်ကီးမိုးအမိုးခုံးအိမ်နှင့် ပန်းကန်ပြားပျံတို့ကို ပိုင်ဆိုင်နိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာပြီ ဖြစ်သည်။

လက်ရှိပိုင်ရှင် Tony Rhys-Davies Jones မှာ အသက် ၅၀ အရွယ်ရှိပြီဖြစ်ပြီး ပျော်ပွဲစား ခရီးထွက်ခြင်းများ စီစဉ်ပေးသည့် ကုမ္ပဏီ Apple Camping ၏ ပိုင်ရှင်လည်း ဖြစ်သည်။

နေအိမ်သို့ အလည်အပတ်လာရောက်မည့်သူများအနေဖြင့် နေအိမ်ခြံဝန်းအတွင်း ထူးခြားသော အံ့ဖွယ်နေရာများကို ရွေးချယ်တည်းခိုနိုင်ရာ ဂျက်လေယာဉ်များ၊ စပိဘုတ်တစ်စင်း၊ ပန်းကန်ပြားပျံ၊ ရေငုပ်သင်္ဘောနှင့် အက်စ်ကီးမိုးလူမျိုးတို့အိမ် အမိုးခုံးနေအိမ်ဟန်တစ်လုံးတို့ ပါဝင်သည်။

နေအိမ်တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ ဝေလပြည်နယ်အနောက်တောင်ပိုင်း Pembrokeshire ခရိုင်၊ Redberth မြို့ကလေးအနီးတွင် ဖြစ်ကာ ပေါင် ၁ ဒသမ ၂၅ သန်း ဈေးခေါ်ထားသည်။

Toby က ယခုဒေသသို့ တမူကွဲပြားသည့်အရာတစ်ခု ဆောင်ကြဉ်းပေးလိုစိတ်ဖြင့် သူ၏ လုပ်ငန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။

“Pembrokeshire တောင်ပိုင်းကို နည်းနည်းအပြောင်းအလဲဖြစ်သွားစေချင်တယ်”ဟု Toby က ပြောသည်။

(PacMan ကို အတူယူကာ igloo ကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း Toby က ပြောသည်။ ဓာတ်ပုံ : Fox_Grant_Salisbury/ WALES NEWS SERVICE)

 

(ဂျက်လေယာဉ်မှာ အံ့အားသင့်ဖွယ် သက်တောင့်သက်သာ ရှိမည့်ဟန်ပင်။ ဓာတ်ပုံ- Fox_Grant_Salisbury/ WALES NEWS SERVICE)

 

(စပိဘုတ်။ ဓာတ်ပုံ- Fox_Grant_Salisbury/ WALES NEWS SERVICE)

“လူတွေ နေထိုင်ကြချင်မယ့် အရာတွေဖြစ်တဲ့ လေယာဉ်ပျံတွေနဲ့ တခြားဟာတွေကို ပြန်သုံးဖို့ ဘာတွေကများ ကျွန်တော်တို့ကို ဟန့်တားထားသလဲလို့ ကျွန်တော်တွေးမိတယ်”ဟု Toby က ရှင်းပြသည်။

Toby က သူ့လုပ်ငန်းကို လည်ပတ်လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ် ၁ ခုကျော် ရှိခဲ့ပြီ ဖြစ်သည်။

 

(ခြံဝန်းအတွင်းမြင်ကွင်း။ဓာတ်ပုံ- Channel4/WALES NEWS SERVICE)

 

(တောထဲမှာ လေယာဉ်နဲ့တည်းခိုလိုပါသလား။ ဓာတ်ပုံ-Fox_Grant_Salisbury/WALES NEWS SERVICE)

 

(သူနှစ်သက်သည့် ရုပ်ရှင်ဇာတ်ကားများမှ နမူနာယူကာ ပန်းကန်ပြားပျံကို ဆောက်လုပ်ခဲ့ခြင်း။ဓာတ်ပုံ- Fox_Grant_Salisbury/WALES NEWS SERVICE)

“အမေ့ကိုခေါ်ပြီး Cotswold လေဆိပ်ကို ထွက်ခဲ့တယ်။ပြီးတော့ ပြန်သုံးဖို့အတွက် လေယာဉ်ပျံတစ်စီးဝယ်ဖို့ ရှာဖွေရာမှာ Jetstar လေယာဉ်ပျံကို တွေ့ခဲ့ပါတယ်။ဒီလေယာဉ်က ၁၉၇၀ ပြည့်လွန်ကာလတွေတုန်းက သုံးခဲ့တဲ့ ကိုယ်ပိုင်လေယာဉ်ပျံတစ်စီးဖြစ်ပါတယ်။ ”

“ပန်းကန်ပြားပျံအတွက်ကတော့ ရုပ်ရှင်တွေထဲကနေ စိတ်ကူးရပါတယ်။ဒါပေမဲ့ ကျွန်တော့်မှာ ဒီလိုအကြံအစည် ရှိလာချိန်မှာ ဒါကို ဆောက်လုပ်ပေးဖို့ လူရှာဖို့လိုလာတယ်။ဝေလပြည် Tenby မြို့မှာ Steve Hicks လို့အမည်ရတဲ့ လှေတည်ဆောက်သူတစ်ယောက်ရှိတယ်လို့ တစ်ချို့က ကျွန်တော့်ကို ပြောကြတယ်။”

“ဒီလိုနဲ့ သူနဲ့ကျွန်တော် ဘီယာတစ်ခွက်စီ သွားသောက်ကြတယ်။ကျွန်တော် ပန်းကန်းပြားပျံတစ်ခု ဆောက်ချင်တယ်လို့ သူ့ကိုပြောပြတယ်။သူက ဖိုက်ဘာဂလပ်နဲ့ လှေတွေ ဆောက်ခဲ့တဲ့ အတွေ့အကြုံရှိတော့ ဒါမျိုးတွေ လုပ်နိုင်ပါတယ်။သူကလည်း ပန်းကန်းပြားပျံတစ်ခု ဆောက်လုပ်ချင်နေတယ်ဆိုတာ သိရတယ်။”

 

(ရေငုပ်သင်္ဘောထဲမှာ အိပ်ချင်ပါသလား။ဓာတ်ပုံ- Fox_Grant_Salisbury/WALES NEWS SERVICE)

 

(ဤအရာအားလုံးကို ပေါင် ၁ ဒသမ ၂၅ သန်းပေးလျှင် ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ဓာတ်ပုံ- Fox_Grant_Salisbury/WALES NEWS SERVICE)

 

( Toby ရောင်းချမည့် စံအိမ်။ဓာတ်ပုံ-Fox_Grant_Salisbury/WALES NEWS SERVICE)

 

Pembrokeshire ရှိ အခြားနေရာတစ်ခုသို့ Toby က ရွှေ့ပြောင်းအခြေချနေထိုင်လိုသည်။

ယခု စံအိမ်ဝန်းကို အိမ်ခြံမြေအကျိုးဆောင် EA Fox Grant က အရောင်းဈေးကွက် တင်ပေးခဲ့ခြင်းဖြစ်ပြီး ပေါင် ၁၂၅၀၀၀၀ ဈေးခေါ်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: This house comes with a submarine, UFO spaceship and an airplane – and is on the market for £1.25million (metro)

 

 

 

[Zawgyi]

ေရငုပ္သေဘၤာ၊ ပန္းကန္ျပားပ်ံ႔ႏွင့္ ေလယာဥ္ပ်ံတို႔ပါဝင္ေသာ ေနအိမ္ ေပါင္ ၁ ဒသမ ၂၅ သန္းျဖင့္ ေရာင္းမည္

 

အဂၤလန္ႏိုင္ငံတြင္ ေပါင္ ၁ ဒသမ ၂၅ သန္းျဖင့္ အိပ္ခန္း ၅ ခန္းပါ ေနအိမ္တစ္လံုးအျပင္ ေလယာဥ္ပ်ံ ၂ စင္း၊ ေရငုပ္သေဘၤာ ၁ စင္း၊ အက္စ္ကီးမိုးအမိုးခံုးအိမ္ႏွင့္ ပန္းကန္ျပားပ်ံတို႔ကို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အလမ္း ေပၚေပါက္လာျပီ ျဖစ္သည္။

လက္ရွိပုိင္ရွင္ Tony Rhys-Davies Jones မွာ အသက္ ၅၀ အရြယ္ရွိျပီျဖစ္ျပီး ေပ်ာ္ပြဲစား ခရီးထြက္ျခင္းမ်ား စီစဥ္ေပးသည့္ ကုမၸဏီ Apple Camping ၏ ပိုင္ရွင္လည္း ျဖစ္သည္။

ေနအိမ္သို႔ အလည္အပတ္လာေရာက္မည့္သူမ်ားအေနျဖင့္ ေနအိမ္ျခံဝန္းအတြင္း ထူးျခားေသာ အံ့ဖြယ္ေနရာမ်ားကို ေရြးခ်ယ္တည္းခိုႏိုင္ရာ ဂ်က္ေလယာဥ္မ်ား၊ စပိဘုတ္တစ္စင္း၊ ပန္းကန္ျပားပ်ံ၊ ေရငုပ္သေဘၤာႏွင့္ အက္စ္ကီးမိုးလူမ်ဳိးတို႔အိမ္ အမိုးခံုးေနအိမ္ဟန္တစ္လံုးတို႔ ပါဝင္သည္။

ေနအိမ္တည္ေနရာမွာ အဂၤလန္ႏိုင္ငံ၊ ေဝလျပည္နယ္အေနာက္ေတာင္ပိုင္း Pembrokeshire ခရိုင္၊ Redberth ျမိဳ႕ကေလးအနီးတြင္ ျဖစ္ကာ ေပါင္ ၁ ဒသမ ၂၅ သန္း ေစ်းေခၚထားသည္။

Toby က ယခုေဒသသို႔ တမူကြဲျပားသည့္အရာတစ္ခု ေဆာင္ၾကဥ္းေပးလိုစိတ္ျဖင့္ သူ၏ လုပ္ငန္းကို စတင္ခဲ့ျခင္း ျဖစ္သည္။

“Pembrokeshire ေတာင္ပိုင္းကို နည္းနည္းအေျပာင္းအလဲျဖစ္သြားေစခ်င္တယ္”ဟု Toby က ေျပာသည္။

(PacMan ကို အတူယူကာ igloo ကို တည္ေဆာက္ခဲ့ျခင္းျဖစ္ေၾကာင္း Toby က ေျပာသည္။ ဓာတ္ပံု : Fox_Grant_Salisbury/ WALES NEWS SERVICE)

(ဂ်က္ေလယာဥ္မွာ အံ့အားသင့္ဖြယ္ သက္ေတာင့္သက္သာ ရွိမည့္ဟန္ပင္။ ဓာတ္ပံု- Fox_Grant_Salisbury/ WALES NEWS SERVICE)

(စပိဘုတ္။ ဓာတ္ပံု- Fox_Grant_Salisbury/ WALES NEWS SERVICE)

“လူေတြ ေနထိုင္ၾကခ်င္မယ့္ အရာေတြျဖစ္တဲ့ ေလယာဥ္ပ်ံေတြနဲ႔ တျခားဟာေတြကို ျပန္သံုးဖို႔ ဘာေတြကမ်ား ကၽြန္ေတာ္တို႔ကို ဟန္႔တားထားသလဲလို႔ ကၽြန္ေတာ္ေတြးမိတယ္”ဟု Toby က ရွင္းျပသည္။

Toby က သူ႔လုပ္ငန္းကို လည္ပတ္လုပ္ကိုင္ေနသည္မွာ ဆယ္စုႏွစ္ ၁ ခုေက်ာ္ ရွိခဲ့ျပီ ျဖစ္သည္။

(ျခံဝန္းအတြင္းျမင္ကြင္း။ဓာတ္ပံု- Channel4/WALES NEWS SERVICE)

(ေတာထဲမွာ ေလယာဥ္နဲ႔တည္းခိုလိုပါသလား။ ဓာတ္ပံု-Fox_Grant_Salisbury/WALES NEWS SERVICE)

(သူႏွစ္သက္သည့္ ရုပ္ရွင္ဇာတ္ကားမ်ားမွ နမူနာယူကာ ပန္းကန္ျပားပ်ံကို ေဆာက္လုပ္ခဲ့ျခင္း။ဓာတ္ပံု- Fox_Grant_Salisbury/WALES NEWS SERVICE)

“အေမ႔ကိုေခၚျပီး Cotswold ေလဆိပ္ကို ထြက္ခဲ့တယ္။ျပီးေတာ့ ျပန္သံုးဖို႔အတြက္ ေလယာဥ္ပ်ံတစ္စီးဝယ္ဖို႔ ရွာေဖြရာမွာ Jetstar ေလယာဥ္ပ်ံကို ေတြ႔ခဲ့ပါတယ္။ဒီေလယာဥ္က ၁၉၇၀ ျပည့္လြန္ကာလေတြတုန္းက သံုးခဲ့တဲ့ ကိုယ္ပိုင္ေလယာဥ္ပ်ံတစ္စီးျဖစ္ပါတယ္။ ”

“ပန္းကန္ျပားပ်ံအတြက္ကေတာ့ ရုပ္ရွင္ေတြထဲကေန စိတ္ကူးရပါတယ္။ဒါေပမဲ့ ကၽြန္ေတာ့္မွာ ဒီလုိအၾကံအစည္ ရွိလာခ်ိန္မွာ ဒါကို ေဆာက္လုပ္ေပးဖို႔ လူရွာဖို႔လိုလာတယ္။ေဝလျပည္ Tenby ျမဳိ႕မွာ Steve Hicks လို႔အမည္ရတဲ့ ေလွတည္ေဆာက္သူတစ္ေယာက္ရွိတယ္လို႔ တစ္ခ်ဳိ႕က ကၽြန္ေတာ့္ကို ေျပာၾကတယ္။”

“ဒီလုိနဲ႔ သူနဲ႔ကၽြန္ေတာ္ ဘီယာတစ္ခြက္စီ သြားေသာက္ၾကတယ္။ကၽြန္ေတာ္ ပန္းကန္းျပားပ်ံတစ္ခု ေဆာက္ခ်င္တယ္လို႔ သူ႔ကိုေျပာျပတယ္။သူက ဖိုက္ဘာဂလပ္နဲ႔ ေလွေတြ ေဆာက္ခဲ့တဲ့ အေတြ႔အၾကံဳရွိေတာ့ ဒါမ်ိဳးေတြ လုပ္ႏိုင္ပါတယ္။သူကလည္း ပန္းကန္းျပားပ်ံတစ္ခု ေဆာက္လုပ္ခ်င္ေနတယ္ဆိုတာ သိရတယ္။”

(ေရငုပ္သေဘၤာထဲမွာ အိပ္ခ်င္ပါသလား။ဓာတ္ပံု- Fox_Grant_Salisbury/WALES NEWS SERVICE)

(ဤအရာအားလံုးကို ေပါင္ ၁ ဒသမ ၂၅ သန္းေပးလွ်င္ ပိုင္ဆိုင္ႏိုင္မည္ျဖစ္သည္။ဓာတ္ပံု- Fox_Grant_Salisbury/WALES NEWS SERVICE)

( Toby ေရာင္းခ်မည့္ စံအိမ္။ဓာတ္ပံု-Fox_Grant_Salisbury/WALES NEWS SERVICE)

Pembrokeshire ရွိ အျခားေနရာတစ္ခုသုိ႔ Toby က ေရႊ႕ေျပာင္းအေျခခ်ေနထိုင္လုိသည္။

ယခု စံအိမ္ဝန္းကို အိမ္ျခံေျမအက်ဳိးေဆာင္ EA Fox Grant က အေရာင္းေစ်းကြက္ တင္ေပးခဲ့ျခင္းျဖစ္ျပီး ေပါင္ ၁၂၅၀၀၀၀ ေစ်းေခၚထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: This house comes with a submarine, UFO spaceship and an airplane – and is on the market for £1.25million (metro)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
‌ထောင်ထဲရောက်သွားသလို ခံစားရစေမည့် စားသောက်ဆိုင်
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
Jim Carrey က သူ၏ နေအိမ် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာ ၁ သန်း ဈေးထပ်လျှော့ပေးလာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ မိခင်ကြီး၏အိမ်တွင် ပြန်လည်နေထိုင်ခဲ့သည့်ဖြစ်ပုံ...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိတဲ့နောက် ဘာတွေဖြစ်လာခဲ့လဲ...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွား...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
အမေရိကန်တွင် သူဌေးကြီးများနှင့် သြဇာတိက္ကမရှိသူတို့အတွက် အစိုးရက ကန်ဒေါ်လာ ၂၁ ထရီလီယံအထိ သုံးစွဲကာ လျှို့ဝှက်မြေအောက်မြို့ကြီး ဆောက်လုပ်ထားကြောင်း...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်းမည်...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...
အမေရိကန်ပြည်တွင် အဘွားတစ်ဦးက အင်္ကျီဟောင်းများကို ပရဟိတအဖွဲ့ထံ လှူဒါန်းခဲ့ရာ အင်္ကျီအိတ်အတွင်း ဒေါ်လာ ၂ ဒသမ ၅ သန်း ထီပေါက်နေသည့် ထီလက်မှတ်ပါဝင်သွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service