ကမ္ဘာ့အလှဆုံးအမျိုးသမီးဟု သိပ္ပံပညာဖြင့်သတ်မှတ်ခံရသူ ဂျိုဒီ ကိုမာ၏ စံအိမ်

ကမ္ဘာ့အလှဆုံးအမျိုးသမီးဟု သိပ္ပံပညာဖြင့်သတ်မှတ်ခံရသူ ဂျိုဒီ ကိုမာ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
20 Oct 2022 10:08 am တွင် တင်ခဲ့သည်
878 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မိန်းကလေးတို့၏ အလှကို သိပ္ပံပညာဖြင့် ခွဲခြမ်းစိတ်ဖြာနေသည့်အဖွဲ့တစ်ခု၏ တွက်ချက်ရရှိမှုအရ အင်္ဂလန် ရုပ်ရှင်မင်းသမီး Killing Eve ရုပ်သံကြယ်ပွင့် ဂျိုဒီကိုမာက ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံလိုက်ရသည်။

ဂျိုဒီကိုမာ၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံမှာ အလှတရား၏ ရွှေအချိုးအစားဟုခေါ်သော စံနှုန်းနှင့် ၉၄ ဒသမ ၅၂ ရာခိုင်နှုန်းအထိ နီးစပ်မှု ရှိသည်ဟု ဆိုသည်။

ရွှေအချိုးအစားစံနှုန်းကို “ဖီ” ဟုခေါ်ပြီး မျက်နှာအချိုးအစားကို တိုင်းတာရာတွင်သုံးသော ရှေးခေတ် ဂရိတို့၏ နည်းစနစ်လည်း ဖြစ်သည်။

ဂျိုဒီကိုမာ၏ မျက်လုံးများ၊ မျက်ခုံးများ၊ နှာတံ၊ နှုတ်ခမ်းများ၊ မေးစေ့၊ မေးရိုးနှင့် မျက်နှာပုံပန်းတို့မှာ ရွှေအချိုးအစားစံနှုန်းနှင့် အနီးစပ်ဆုံးဖြစ်သည်ဟု ဆိုသည်။

ရွှေအချိုးအစားမှာ သင်္ချာညီမျှခြင်းတစ်ခုဖြစ်ပြီး အလှတရားကို တိုင်းတာရန် ဂရိလူမျိုးတို့ ပထမဆုံးဖော်ထုတ်ခဲ့ ခြင်း ဖြစ်သည်။

သီအိုရီအရ မျက်နှာ (သို့မဟုတ်) ခန္ဓာကိုယ်၏ အချိုးအစားမှာ သတ်မှတ် “ဖီ” ကိန်းညွှန်းဖြစ်သော ၁ ဒသမ ၆၁၈ (ဖီ) နှင့် အနီးစပ်ဆုံးရှိလေလေ အလှတရားပိုမိုပိုင်ဆိုင်သူဖြစ်လေလေ ဖြစ်သည်။

အမေရိကန်ရုပ်ရှင်မင်းသမီး ဇန်ဒါယာမှာ နီးစပ်မှု ၉၄ ဒသမ ၃၇ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင်လည်းကောင်း၊ မော်ဒယ်လ် ဘယ်လာ ဟာဒစ်မှာ ၉၄ ဒသမ ၃၅ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင်လည်းကောင်း ရပ်တည်နေသည်။

အဆိုတော် ဘီယွန်းစေးမှာမူ ၉၂ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင်သာ ရှိသည်။

အထက်ပါအချက်အလက်များကို Harley Street မျက်နှာအလှ ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ ဂျူလီယန် ဒီ ဆေးလ်ဗားက နောက်ဆုံးပေါ် ကွန်ပြူတာစနစ်သုံး နည်းပညာများအသုံးပြုကာ ရယူခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဒီ ဆေးလ်ဗားသည် အဆိုပါနည်းပညာကို လန်ဒန်မြို့ရှိ အဆင့်မြင့် မျက်နှာအလှကုန်နှင့် ပလတ်စတစ်ဆာဂျရီဌာနတွင် အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။

ဂျိုဒီကိုမာသည် ၉၈ ဒသမ ၇ ရာခိုင်နှုန်းအထိ အနီးစပ်ဆုံးတူညီခဲ့သူဖြစ်ပြီး ပြီးပြည့်စုံသော ပုံပန်းသွင်ပြင်ရရန် ၁ ဒသမ ၃ ရာခိုင်နှုန်းသာ လိုတော့သည်။

ဤနည်းစနစ်ဖြင့် ယခင်က ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံရဖူးသူများမှာ ဂျနီဖာလိုပက်ဇ်၊ အမ်ဘာဟာ့ထ် (ဂျော်နီဒက်ပ်၏ ဇနီးဟောင်း)နှင့် ရောဘတ် ဒေါင်းနေး ဂျူနီယာတို့ ဖြစ်သည်။

 

(ဂျိုဒီ ကိုမာ၏ စံအိမ်)

ဂျိုဒီကိုမာသည် ကလေးဘဝကတည်းက နေထိုင်ခဲ့သောနေအိမ်တွင် ယနေ့တိုင် မိဘများနှင့်အတူ နေထိုင်လျက် ရှိဆဲ ဖြစ်သည်။

ဂျိုဒီကိုမာ (မွေး ၁၉၉၃) သည် အင်္ဂလန်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်ပြီး BBC One ရုပ်သံလိုင်း၏ ဒရာမာ ဇာတ်လမ်းတွဲဖြစ်သော Doctor Foster (၂၀၁၅=၁၇)၊ BBC America ရုပ်သံလိုင်း၏ သူလျှို သည်းထိတ်ရင်ဖို ရုပ်ရှင်ဇာတ်လမ်းတွဲ Killing Eve (၂၀၁၈-၂၂)တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် အောင်မြင်မှုရရှိခဲ့ကာ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၆ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

တန်ဖိုးကြီးစံအိမ်များ မဝယ်ဘဲ လီဗာပူးမြို့တွင် မိဘများနှင့်သာ အတူနေထိုင်လျက်ရှိပြီး မည်သည့်အခါမှလည်း မခွဲလိုကြောင်း ဂျိုဒီ ကိုမာက ထုတ်ဖော်ပြောကြားဖူးသည်။

ဂျိုဒီ ကိုမာ၏ ကလေးဘဝအိမ်မှာ လီဗာပူးမြို့တောင်ပိုင်း၊ Childwall အရပ်တွင် တည်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ဂျိုဒီကိုမာသည် ကလေးဘဝနေအိမ်တွင် လော့ဒေါင်းကာလကို ဖြတ်သန်းခဲ့သည်။

အလုပ်အတွက် ခရီးကြာရှည်ထွက်ခဲ့ပြီးလျှင် လီဗာပူးမှအိမ်လေးတွင် နားနေရခြင်းကို ပျော်ရွှင်နှစ်သက်ကြောင်း ဂျိုဒီက ဝန်ခံဖူးသည်။

ဂျိုဒီနှင့် မိဘများအကြား စည်းနှောင်မှုမှာ ခိုင်မာလှသည်။ “အဖေနဲ့ အမေ မရှိဘဲ နေထိုင်ဖို့ဆိုတာ စိတ်ကူးတောင် မကြည့်ဝံ့ပါဘူး” ဟု ဂျိုဒီက ပွင့်ပွင့်လင်းလင်းဝန်ခံဖူးသည်။

“ကျွန်မ အသက်အရွယ် အိုမင်းပြီး ဆံပင်တွေဖြူသွားချိန်ထိ အဖေ၊ အမေတို့နဲ့ နေချင်ပါတယ်”ဟု ဂျိုဒီက The Sunday Times သတင်းစာသို့ ပြောဖူးသည်။

“ကျွန်မအတွက် ကိုယ်ပိုင်အိမ်နဲ့ လွတ်လပ်ခွင့်လိုတယ်ဆိုတာ ကျွန်မ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့် အဲ့လို မလုပ်ချင်ပါဘူး”

 

(ဂျိုဒီ၏ မိခင်က သမီးဖြစ်သူအတွက် တကူးတကပို့ပေးသော စားစရာ)

ဂျိုဒီသည် သူ၏မိသားစု နေအိမ်နှင့် ပတ်သက်သည့် ဓာတ်ပုံ (သို့မဟုတ်) ဗွီဒီယိုများ လူမှုကွန်ရက်တွင် လွှင့်တင်ဖူးခြင်း မရှိချေ။

၂၀၂၀ ဖေဖော်ဝါရီလအတွင်းက ရုပ်ရှင်ရိုက်ကူးရေးများဖြင့် အလုပ်များနေစဉ် မိခင်ကြီးက အိမ်လုပ်စားစရာ တကူးတက ပို့ပေးခဲ့သည်ကို ကြည့်ခြင်းအားဖြင့် မိဘအိမ်မှ အဘယ်ကြောင့် မခွာလိုသည်ကို အလွယ်တကူ သိနိုင်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Jodie Comer's modest home life will surprise you (hellomagazine)

 

 

[Zawgyi]

ကမၻာ့အလွဆံုးအမ်ဳိးသမီးဟု သိပၸံပညာျဖင့္သတ္မွတ္ခံရသူ ဂ်ဳိဒီ ကိုမာ၏ စံအိမ္

 

မိန္းကေလးတို႔၏ အလွကို သိပၸံပညာျဖင့္ ခြဲျခမ္းစိတ္ျဖာေနသည့္အဖြဲ႔တစ္ခု၏ တြက္ခ်က္ရရွိမႈအရ အဂၤလန္ ရုပ္ရွင္မင္းသမီး Killing Eve ရုပ္သံၾကယ္ပြင့္ ဂ်ဳိဒီကိုမာက ကမၻာ့အလွဆံုးအမ်ဳိးသမီးအျဖစ္ သတ္မွတ္ခံလိုက္ရသည္။

ဂ်ဳိဒီကိုမာ၏ ကိုယ္ခႏၶာဖြဲ႔စည္းပံုမွာ အလွတရား၏ ေရႊအခ်ဳိးအစားဟုေခၚေသာ စံႏႈန္းႏွင့္ ၉၄ ဒသမ ၅၂ ရာခိုင္ႏႈန္းအထိ နီးစပ္မႈ ရွိသည္ဟု ဆိုသည္။

ေရႊအခ်ဳိးအစားစံႏႈန္းကို “ဖီ” ဟုေခၚျပီး မ်က္ႏွာအခ်ဳိးအစားကို တိုင္းတာရာတြင္သံုးေသာ ေရွးေခတ္ ဂရိတို႔၏ နည္းစနစ္လည္း ျဖစ္သည္။

ဂ်ဳိဒီကိုမာ၏ မ်က္လံုးမ်ား၊ မ်က္ခံုးမ်ား၊ ႏွာတံ၊ ႏႈတ္ခမ္းမ်ား၊ ေမးေစ့၊ ေမးရိုးႏွင့္ မ်က္ႏွာပံုပန္းတို႔မွာ ေရႊအခ်ဳိးအစားစံႏႈန္းႏွင့္ အနီးစပ္ဆံုးျဖစ္သည္ဟု ဆိုသည္။

ေရႊအခ်ဳိးအစားမွာ သခၤ်ာညီမွ်ျခင္းတစ္ခုျဖစ္ျပီး အလွတရားကို တိုင္းတာရန္ ဂရိလူမ်ဳိးတို႔ ပထမဆံုးေဖာ္ထုတ္ခဲ့ ျခင္း ျဖစ္သည္။

သီအိုရီအရ မ်က္ႏွာ (သို႔မဟုတ္) ခႏၶာကိုယ္၏ အခ်ဳိးအစားမွာ သတ္မွတ္ “ဖီ” ကိန္းညႊန္းျဖစ္ေသာ ၁ ဒသမ ၆၁၈ (ဖီ) ႏွင့္ အနီးစပ္ဆံုးရွိေလေလ အလွတရားပိုမိုပိုင္ဆိုင္သူျဖစ္ေလေလ ျဖစ္သည္။

အေမရိကန္ရုပ္ရွင္မင္းသမီး ဇန္ဒါယာမွာ နီးစပ္မႈ ၉၄ ဒသမ ၃၇ ရာခုိင္ႏႈန္းျဖင့္ ဒုတိယေနရာတြင္လည္းေကာင္း၊ ေမာ္ဒယ္လ္ ဘယ္လာ ဟာဒစ္မွာ ၉၄ ဒသမ ၃၅ ရာခိုင္ႏႈန္းျဖင့္ တတိယေနရာတြင္လည္းေကာင္း ရပ္တည္ေနသည္။

အဆိုေတာ္ ဘီယြန္းေစးမွာမူ ၉၂ ဒသမ ၄၄ ရာခိုင္ႏႈန္းျဖင့္ စတုတၳေနရာတြင္သာ ရွိသည္။

အထက္ပါအခ်က္အလက္မ်ားကို Harley Street မ်က္ႏွာအလွ ခြဲစိတ္ဆရာဝန္ၾကီး ေဒါက္တာ ဂ်ဴလီယန္ ဒီ ေဆးလ္ဗားက ေနာက္ဆံုးေပၚ ကြန္ျပဴတာစနစ္သံုး နည္းပညာမ်ားအသံုးျပဳကာ ရယူခဲ့ျခင္း ျဖစ္သည္။

ေဒါက္တာ ဒီ ေဆးလ္ဗားသည္ အဆိုပါနည္းပညာကို လန္ဒန္ျမိဳ႕ရွိ အဆင့္ျမင့္ မ်က္ႏွာအလွကုန္ႏွင့္ ပလတ္စတစ္ဆာဂ်ရီဌာနတြင္ အသံုးျပဳေနခဲ့ျခင္း ျဖစ္သည္။

ဂ်ဳိဒီကိုမာသည္ ၉၈ ဒသမ ၇ ရာခိုင္ႏႈန္းအထိ အနီးစပ္ဆံုးတူညီခဲ့သူျဖစ္ျပီး ျပီးျပည့္စံုေသာ ပံုပန္းသြင္ျပင္ရရန္ ၁ ဒသမ ၃ ရာခုိင္ႏႈန္းသာ လိုေတာ့သည္။

ဤနည္းစနစ္ျဖင့္ ယခင္က ကမၻာ့အလွဆံုးအမ်ဳိးသမီးအျဖစ္ သတ္မွတ္ခံရဖူးသူမ်ားမွာ ဂ်နီဖာလိုပက္ဇ္၊ အမ္ဘာဟာ့ထ္ (ေဂ်ာ္နီဒက္ပ္၏ ဇနီးေဟာင္း)ႏွင့္ ေရာဘတ္ ေဒါင္းေနး ဂ်ဴနီယာတို႔ ျဖစ္သည္။

(ဂ်ဳိဒီ ကိုမာ၏ စံအိမ္)

ဂ်ဳိဒီကိုမာသည္ ကေလးဘဝကတည္းက ေနထိုင္ခဲ့ေသာေနအိမ္တြင္ ယေန႔တိုင္ မိဘမ်ားႏွင့္အတူ ေနထိုင္လ်က္ ရွိဆဲ ျဖစ္သည္။

ဂ်ဳိဒီကိုမာ (ေမြး ၁၉၉၃) သည္ အဂၤလန္ရုပ္ရွင္မင္းသမီးတစ္ဦးျဖစ္ျပီး BBC One ရုပ္သံလိုင္း၏ ဒရာမာ ဇာတ္လမ္းတြဲျဖစ္ေသာ Doctor Foster (၂၀၁၅=၁၇)၊ BBC America ရုပ္သံလုိင္း၏ သူလွ်ိဳ သည္းထိတ္ရင္ဖို ရုပ္ရွင္ဇာတ္လမ္းတြဲ Killing Eve (၂၀၁၈-၂၂)တို႔တြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈျဖင့္ ေအာင္ျမင္မႈရရွိခဲ့ကာ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၆ သန္းခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

တန္ဖုိးၾကီးစံအိမ္မ်ား မဝယ္ဘဲ လီဗာပူးျမိဳ႕တြင္ မိဘမ်ားႏွင့္သာ အတူေနထိုင္လ်က္ရွိျပီး မည္သည့္အခါမွလည္း မခြဲလိုေၾကာင္း ဂ်ဳိဒီ ကိုမာက ထုတ္ေဖာ္ေျပာၾကားဖူးသည္။

ဂ်ဳိဒီ ကိုမာ၏ ကေလးဘဝအိမ္မွာ လီဗာပူးျမိဳ႕ေတာင္ပိုင္း၊ Childwall အရပ္တြင္ တည္ရွိသည္။

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေဘးကာလအတြင္း ဂ်ဳိဒီကိုမာသည္ ကေလးဘဝေနအိမ္တြင္ ေလာ့ေဒါင္းကာလကို ျဖတ္သန္းခဲ့သည္။

အလုပ္အတြက္ ခရီးၾကာရွည္ထြက္ခဲ့ျပီးလွ်င္ လီဗာပူးမွအိမ္ေလးတြင္ နားေနရျခင္းကို ေပ်ာ္ရႊင္ႏွစ္သက္ေၾကာင္း ဂ်ဳိဒီက ဝန္ခံဖူးသည္။

ဂ်ဳိဒီႏွင့္ မိဘမ်ားအၾကား စည္းေႏွာင္မႈမွာ ခိုင္မာလွသည္။ “အေဖနဲ႔ အေမ မရွိဘဲ ေနထိုင္ဖို႔ဆိုတာ စိတ္ကူးေတာင္ မၾကည့္ဝံ့ပါဘူး” ဟု ဂ်ဳိဒီက ပြင့္ပြင့္လင္းလင္းဝန္ခံဖူးသည္။

“ကၽြန္မ အသက္အရြယ္ အိုမင္းျပီး ဆံပင္ေတြျဖဴသြားခ်ိန္ထိ အေဖ၊ အေမတို႔နဲ႔ ေနခ်င္ပါတယ္”ဟု ဂ်ဳိဒီက The Sunday Times သတင္းစာသို႔ ေျပာဖူးသည္။

“ကၽြန္မအတြက္ ကိုယ္ပိုင္အိမ္နဲ႔ လြတ္လပ္ခြင့္လိုတယ္ဆိုတာ ကၽြန္မ အသိအမွတ္ျပဳပါတယ္။ ဒါေပမယ့္ အဲ့လို မလုပ္ခ်င္ပါဘူး”

(ဂ်ဳိဒီ၏ မိခင္က သမီးျဖစ္သူအတြက္ တကူးတကပို႔ေပးေသာ စားစရာ)

ဂ်ဳိဒီသည္ သူ၏မိသားစု ေနအိမ္ႏွင့္ ပတ္သက္သည့္ ဓာတ္ပံု (သို႔မဟုတ္) ဗီြဒီယိုမ်ား လူမႈကြန္ရက္တြင္ လႊင့္တင္ဖူးျခင္း မရွိေခ်။

၂၀၂၀ ေဖေဖာ္ဝါရီလအတြင္းက ရုပ္ရွင္ရိုက္ကူးေရးမ်ားျဖင့္ အလုပ္မ်ားေနစဥ္ မိခင္ၾကီးက အိမ္လုပ္စားစရာ တကူးတက ပို႔ေပးခဲ့သည္ကို ၾကည့္ျခင္းအားျဖင့္ မိဘအိမ္မွ အဘယ္ေၾကာင့္ မခြာလိုသည္ကို အလြယ္တကူ သိႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Jodie Comer's modest home life will surprise you (hellomagazine)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service