ခြေသုံးချောင်းခွေး၊ ဘူးသီးခြောက်ခွက်နှင့် ဂန္ဓမာပန်းတို့ဒဏ္ဍာရီ (သို့မဟုတ်) ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဟိုဆေးမူဂျီကာ၏ နေအိမ်

ခြေသုံးချောင်းခွေး၊ ဘူးသီးခြောက်ခွက်နှင့် ဂန္ဓမာပန်းတို့ဒဏ္ဍာရီ (သို့မဟုတ်) ကမ္ဘာ့အဆင်းရဲဆုံးသမ္မတ ဟိုဆေးမူဂျီကာ၏ နေအိမ် - Property News in Myanmar from iMyanmarHouse.com
17 Oct 2022 9:56 am တွင် တင်ခဲ့သည်
1622 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟိုဆေးမူဂျီကာသည် လက်တင်အမေရိကမှ နိုင်ငံငယ်လေးဖြစ်သော ဥရုဂွေးနိုင်ငံ၏ သမ္မတအဖြစ် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဟိုဆေး မူဂျီကာသည် သမ္မတ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ခမ်းနားလှသော သမ္မတအိမ်တော်တွင် မနေထိုင်ဘဲ သူ၏ ယာတောအိမ်လေးတွင်သာ နေထိုင်ခဲ့သည်။

သမ္မတနေထိုင်ရာ ဝန်းကျင်သို့ ရောက်ဖူးသူများဆိုလျှင် တဲအိမ်ကလေး၏ အပြင်ဘက်တွင် အဝတ်များကို နေလှန်းနေသော သမ္မတကို တခါတရံတွေ့နိုင်သည်။

အိမ်ကလေးဘေးတွင် ခြုံနွယ်ပိတ်ပေါင်းများနှင့် သစ်ပင်များ ဝန်းပတ်လျက်ရှိ၏။ ခြံဝန်းအတွင်း ဟိုဆေး မူဂျီကာက ပန်းစိုက်ပျိုးခြင်းလုပ်ကိုင်ရာ ထရပ်ကားဖြင့် သူကိုယ်တိုင်ထွန်ယက်၏။

သူ့ထံသို့ မဖိတ်ကြားဘဲ လာရောက်လည်ပတ်သည့်ဧည့်သည်များကိုလည်း ဟိုဆေး မူဂျီကာက ဘူးသီးခြောက်ဖြင့် ပြုလုပ်ထားသောခွက်ဖြင့် ဥရုဂွေးရိုးရာ မိတ်ဟုခေါ်သော လဘက်ရည် တိုက်လေ့ရှိသည်။

မူဂျီကာသည် ဟင်းသီးဟင်းရွက်သာ စားသုံးသူဖြစ်ပြီး မည်သည့်အခါမှ နက္ကတိုင်လည်စီး တပ်လေ့မရှိ။

သူ၏ သာမာန်အိမ်ကလေးဆီသို့ ဦးတည်သည့်လမ်းမှာ လမ်းပင်ခင်းထားခြင်းမရှိ။

သူ၏ ကြွယ်ဝမှုမှာ ဒေါ်လာ ၁၈၀၀ ခန့် (မြန်မာကျပ်ငွေအားဖြင့် ၃၇ သိန်းကျော်) သာရှိပြီး ကိုယ်တိုင်မောင်းသည့် ကားအိုကြီးတစ်စီးမျှသာ ပိုင်သည်။

သူနေထိုင်ရာ မြေ၊ အိမ်နှင့် ထရပ်ကားတို့မှာ ဇနီးဖြစ်သူ ပိုင်ဆိုင်သည့်အရာများ ဖြစ်သည်။ သူ၏ဇနီးမှာ အထက်လွှတ်တော်အမတ်တစ်ဦး ဖြစ်သည်။

ဟိုဆေး မူဂျီကာသည် လစဉ် သူရရှိသော သမ္မတလစာ ဒေါ်လာ ၁၂၀၀၀ ၏ ၉၀ ရာခိုင်နှုန်းကို မရှိဆင်းရဲသားများနှင့် လုပ်ငန်းငယ်လေးများအား လှူဒါန်းနေသည့် ပရဟိတအဖွဲ့များကို လှူဒါန်းခဲ့သူ ဖြစ်သည်။

သူ၏ လုံခြုံရေးအတွက် နေအိမ်ရှေ့တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးသာ ချထားသည်။ မူဂျီကာသည် သွားစရာရှိလျှင် သာမန်နိုင်ငံသားတစ်ဦးအတိုင်းသာ သွားလာလေ့ရှိသည်။

တခါတွင် ဟိုဆေးမူဂျီကာသည် သာမည စားသောက်ဆိုင်ကလေးတစ်ခုတွင် မိသားစုနှင့်အတူ စားသောက်နေစဉ် လူငယ်တစ်ဦးက တွေ့ရှိကာ နိုင်ငံ၏ သမ္မတကြီးဖြစ်ကြောင်း မှတ်မိသွားသည်။

ထိုလူငယ်ကလည်း သူမြင်တွေ့ခဲ့ရသည့်မြင်ကွင်းအကြောင်း ဖေ့စ်ဘုတ်တွင် ရေးသားလိုက်၏။

 

ဖေ့စ်ဘုတ်တွင် သူ၏ရေးသားမှုကို ဖတ်ရှုကြရသော ဥရုဂွေးနိုင်ငံသား ထောင်ပေါင်းများစွာမှာ များစွာအံ့အားသင့်သွားကြသည်။

ဥရုဂွေးနိုင်ငံသားတစ်ဦးက မှတ်ချက်ပြုသည်မှာ “သာမညစားသောက်ဆိုင်လေးတစ်ခုမှာ လုံခြုံရေး တစ်ယောက်မှ မပါဘဲ ဇနီးနဲ့အတူ စားသောက်နေတဲ့ သမ္မတတစ်ယောက်ကို ကျွန်တော်တို့တိုင်းပြည်မှာပဲ တွေ့နိုင်ပါတယ်”ဟု မှတ်ချက်ပြုသည်။

ဟိုဆေးမူဂျီကာသည် ကျူးဘားတော်လှန်ရေးကို များစွာအားကျသူတစ်ဦးဖြစ်ပြီး သမ္မတမဖြစ်မီက ထောင်ထဲတွင် ၁၄ နှစ် အကျဉ်းကျခံရဖူးသည်။ အစိုးရသစ် တက်လာပြီးနောက် ၁၉၈၅ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

သူ၏ ရိုးစင်းသော ဘဝနေထိုင်မှုကြောင့် ကမ္ဘာတစ်ဝန်း သူ့အကြောင်းမှာ လူပြောများခဲ့သည်။

ထိုအကြောင်းနှင့်စပ်လျဉ်းပြီး ဟိုဆေးမူဂျီကာက မှတ်ချက်ပြုသည်မှာ ဆင်းရဲမှုဆိုသည်မှာ ပစ္စည်းဥစ္စာမကြွယ်ဝသူမှာ ဆင်းရဲသူမဟုတ်ကြောင်း၊ မဆုံးနိုင်သည့် လိုအင်ဆန္ဒများဖြင့် လောဘရမ္မက် ငမ်းငမ်းတက်နေသူများသာ ဆင်းရဲသူဖြစ်ကြောင်း မှတ်ချက်ပြုသည်။

ဟိုဆေး မူဂျီကာသည် ရိုးစင်းသောဘဝကို သူကိုယ်တိုင် စံပြနေထိုင်ပြရုံမျှမက ကမ္ဘာပေါ်ရှိ အခြားသူများကိုလည်း ရိုးစင်းသည့်ဘဝကိုသာ ဖြတ်သန်းကြရန် တိုက်တွန်းလေ့ရှိသည်။

ဟိုဆေး မူဂျီကာ၏ အမည်ရင်းမှာ ဟိုဆေး အယ်လ်ဘတ်တို ပီပီ မူဂျီကာ ကော်ဒါနိုဖြစ်ပြီး ၁၉၃၅ ခုနှစ်၊ မေလ ၂၀ ရက်တွင် မွေးဖွားသည်။

သူသည် ဥရုဂွေးနိုင်ငံရေးသမား၊ တော်လှန်ရေးသမားဟောင်း၊ လယ်သမားတစ်ဦးဖြစ်ကာ ဥရုဂွေးနိုင်ငံ၏ ၄၀ ဆက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Broad Front ပါတီ၏ သမ္မတလောင်းအဖြစ် ၂၀၀၉ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ မတ်လ ၁ ရက်တွင် သမ္မတတာဝန် စတင်ထမ်းဆောင်ခဲ့သည်။

သူ၏ ခြိုးခြံရောင့်ရဲသော ဘဝနေထိုင်မှုနှင့် လစာအားလုံးနီးပါးကို လှူဒါန်းမှုတို့ကြောင့် ကမ္ဘာ့အနှိမ့်ချဆုံးသမ္မတအဖြစ် သတ်မှတ်ခံရသည်။

ဟိုဆေးမူဂျီကာသည် အရင်းရှင်ဝါဒအား အမြဲဝေဖန်လေ့ရှိသူဖြစ်ပြီး လူသားတို့ပျော်ရွှင်မှုအတွက် အကျိုးမပြုသော ပစ္စည်းဥစ္စာအများအပြားပိုင်ဆိုင်မှုများကို ရှုတ်ချလေ့ရှိသည်။

နှစ်ပေါင်း ၆၀ ခန့် သက်တမ်းရှိနေပြီဖြစ်သော စက်ဘီးဟောင်းကြီးကို စီးနင်းနေသည့် ဟိုဆေးမူဂျီကာကို အနီးဝန်းကျင်မှ ဒေသခံများ မကြာခဏတွေ့ကြရသည်။

ဟိုဆေးမူဂျီကာ၏ ဖခင်မှာ လယ်သမားတစ်ဦးဖြစ်ပြီး မကွယ်လွန်မီတွင် စီးပွားပျက်သွားခဲ့ပြီး ၁၉၄၀ ပြည့်နှစ်တွင် ကွယ်လွန်သွားခဲ့သည်။ ဖခင်ကွယ်လွန်ချိန်တွင် ဟိုဆေးမူဂျီကာမှာ ၅ နှစ်သားအရွယ်သာ ရှိသေးသည်။

မိခင်ဘက်မှ မိဘများမှာ အလွန်ဆင်းရဲကာ အီတလီမှ ပြောင်းရွှေ့အခြေချသူများ ဖြစ်ကြသည်။

ဟိုဆေးမူဂျီကာသည် Tupamaros အဖွဲ့ဝင်တစ်ဦးဖြစ်သူ လူစီယာ တိုပိုလန်စကီးနှင့် နှစ်ပေါင်းများစွာ အတူနေခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် လက်ထပ်ခဲ့သည်။

၎င်းတို့တွင် သားသမီး မထွန်းကား။

(ဟိုဆေးမူဂျီကာ နေအိမ်)

ဟိုဆေးမူဂျီကာသည် ဇနီးဖြစ်သူ လူစီယာပိုင်သော လယ်တောတစ်ခုတွင် နေထိုင်၏။ မွန်တီဗီဒီယိုမြို့ပြင်တွင် တည်ရှိသော လယ်တောအိမ်လေးတွင် ဂန္ဓမာပန်းများကို ဟိုဆေးမူဂျီကာ က်ိုယ်တိုင်စိုက်ကာ ရောင်းချသည်။

ဆင်းရဲသားသမ္မတကြီး၏ ယာတောခြံတွင် မန်ညူလာအမည်ရှိ ခြေ ၃ ချောင်းခွေးကလေးတစ်ကောင်လည်း နေထိုင်သည်။

ဟိုဆေးမူဂျီကာက စပိန်နိုင်ငံသို့ စီးပွားရေးကိစ္စသွားရောက်နေပြီး ဒုတိယသမ္မတ Astori က အန္တာတိကတိုက် သို့ တရားဝင်ခရီးစဉ်တစ်ခုသွားရောက်နေချိန် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဟိုဆေးမူဂျီကာ၏ ဇနီးဖြစ်သူ လူစီယာက ယာယီသမ္မတအဖြစ် ခေတ္တတာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

လူစီယာသည် အထက်လွှတ်တော်အမတ်တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။

ဟိုဆေးမူဂျီကာသည် သွားရေးလာရေးအတွက် အလွန်ဟောင်းနွမ်းအိုမင်းနေပြီဖြစ်သော ၁၉၈၇ ခုနှစ်ထုတ် Volkswagen Beetle ကားဟောင်းကလေးကိုသာသုံးသည်။

၂၀၁၀ ပြည့်နှစ်က အဆိုပါကား၏ တန်ဖိုးမှာ ဒေါ်လာ ၁၈၀၀ သာရှိ၏။ ဟိုဆေးမူဂျီကာက သမ္မတ၏ ပ်ိုင်ဆိုင်မှုအရပ်ရပ်ကို စာရင်းတင်ပြခဲ့ရာတွင် ထိုကားတစ်စီးသာ သူ့ပိုင်ဆိုင်မှုအားလုံးဖြစ်သည်။

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဥရုဂွေးသတင်းစာတစ်စောင်ဖြစ်သော Búsqueda က ရေးသားဖော်ပြခဲ့သည့် သတင်းတစ်ပုဒ်တွင် သမ္မတ၏ ကားဟောင်းလေးကို ဒေါ်လာ ၁ သန်းပေးကာ ဝယ်ယူရန် ကမ်းလှမ်းမှုရှိကြောင်း ရေးသားဖော်ပြခဲ့သည်။

ဟိုဆေးမူဂျီကာက ပြောသည်မှာ ထိုကားအတွက် ဒေါ်လာ ၁ သန်းသာ ရမည်ဆိုပါက မိမိဆောင်ရွက်နေသည့် အစီအစဉ်တစ်ခုမှတဆင့် ထိုဒေါ်လာ ၁ သန်းကို အိမ်ရာမဲ့များအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟိုဆေးမူဂျီကာသည် သမ္မတတာဝန်မှ အနားယူချိန်တွင်လည်း ပင်စင်လစာယူရန် ငြင်းပယ်ခဲ့သည်။

ဟိုဆေးမူဂျီကာသည် ဘာသာမဲ့တစ်ဦး ဖြစ်ပါသည်။

https://en.wikipedia.org/wiki/Jos%C3%A9_Mujica

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Credit: Jose Mujica-The world's poorest president (bbc)

 

 

[Zawgyi]

ေျခသံုးေခ်ာင္းေခြး၊ ဘူးသီးေျခာက္ခြက္ႏွင့္ ဂႏၶမာပန္းတို႔ဒ႑ာရီ (သို႔မဟုတ္) ကမၻာ့အဆင္းရဲဆံုးသမၼတ ဟိုေဆးမူဂ်ီကာ၏ ေနအိမ္

 

ဟိုေဆးမူဂ်ီကာသည္ လက္တင္အေမရိကမွ ႏိုင္ငံငယ္ေလးျဖစ္ေသာ ဥရုေဂြးႏိုင္ငံ၏ သမၼတအျဖစ္ ၂၀၁၀ မွ ၂၀၁၅ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့သူ ျဖစ္သည္။

ဟိုေဆး မူဂ်ီကာသည္ သမၼတ တာဝန္ထမ္းေဆာင္စဥ္ကာလအတြင္း ခမ္းနားလွေသာ သမၼတအိမ္ေတာ္တြင္ မေနထိုင္ဘဲ သူ၏ ယာေတာအိမ္ေလးတြင္သာ ေနထုိင္ခဲ့သည္။

သမၼတေနထိုင္ရာ ဝန္းက်င္သို႔ ေရာက္ဖူးသူမ်ားဆိုလွ်င္ တဲအိမ္ကေလး၏ အျပင္ဘက္တြင္ အဝတ္မ်ားကို ေနလွန္းေနေသာ သမၼတကို တခါတရံေတြ႔ႏိုင္သည္။

အိမ္ကေလးေဘးတြင္ ျခံဳႏြယ္ပိတ္ေပါင္းမ်ားႏွင့္ သစ္ပင္မ်ား ဝန္းပတ္လ်က္ရွိ၏။ ျခံဝန္းအတြင္း ဟိုေဆး မူဂ်ီကာက ပန္းစိုက္ပ်ဳိးျခင္းလုပ္ကိုင္ရာ ထရပ္ကားျဖင့္ သူကိုယ္တိုင္ထြန္ယက္၏။

သူ႔ထံသို႔ မဖိတ္ၾကားဘဲ လာေရာက္လည္ပတ္သည့္ဧည့္သည္မ်ားကိုလည္း ဟိုေဆး မူဂ်ီကာက ဘူးသီးေျခာက္ျဖင့္ ျပဳလုပ္ထားေသာခြက္ျဖင့္ ဥရုေဂြးရိုးရာ မိတ္ဟုေခၚေသာ လဘက္ရည္ တိုက္ေလ့ရွိသည္။

မူဂ်ီကာသည္ ဟင္းသီးဟင္းရြက္သာ စားသံုးသူျဖစ္ျပီး မည္သည့္အခါမွ နကၠတိုင္လည္စီး တပ္ေလ့မရွိ။

သူ၏ သာမာန္အိမ္ကေလးဆီသို႔ ဦးတည္သည့္လမ္းမွာ လမ္းပင္ခင္းထားျခင္းမရွိ။

သူ၏ ၾကြယ္ဝမႈမွာ ေဒၚလာ ၁၈၀၀ ခန္႔ (ျမန္မာက်ပ္ေငြအားျဖင့္ ၃၇ သိန္းေက်ာ္) သာရွိျပီး ကိုယ္တိုင္ေမာင္းသည့္ ကားအိုၾကီးတစ္စီးမွ်သာ ပိုင္သည္။ သူေနထိုင္ရာ ေျမ၊ အိမ္ႏွင့္ ထရပ္ကားတို႔မွာ ဇနီးျဖစ္သူ ပိုင္ဆုိင္သည့္အရာမ်ား ျဖစ္သည္။ သူ၏ဇနီးမွာ အထက္လႊတ္ေတာ္အမတ္တစ္ဦး ျဖစ္သည္။

ဟိုေဆး မူဂ်ီကာသည္ လစဥ္ သူရရွိေသာ သမၼတလစာ ေဒၚလာ ၁၂၀၀၀ ၏ ၉၀ ရာခိုင္ႏႈန္းကို မရွိဆင္းရဲသားမ်ားႏွင့္ လုပ္ငန္းငယ္ေလးမ်ားအား လွဴဒါန္းေနသည့္ ပရဟိတအဖြဲ႔မ်ားကို လွဴဒါန္းခဲ့သူ ျဖစ္သည္။

သူ၏ လံုျခံဳေရးအတြက္ ေနအိမ္ေရွ႕တြင္ ရဲတပ္ဖြဲ႔ဝင္ ၂ ဦးသာ ခ်ထားသည္။ မူဂ်ီကာသည္ သြားစရာရွိလွ်င္ သာမန္ႏိုင္ငံသားတစ္ဦးအတိုင္းသာ သြားလာေလ့ရွိသည္။

တခါတြင္ ဟိုေဆးမူဂ်ီကာသည္ သာမည စားေသာက္ဆိုင္ကေလးတစ္ခုတြင္ မိသားစုႏွင့္အတူ စားေသာက္ေနစဥ္ လူငယ္တစ္ဦးက ေတြ႔ရွိကာ ႏိုင္ငံ၏ သမၼတၾကီးျဖစ္ေၾကာင္း မွတ္မိသြားသည္။

ထိုလူငယ္ကလည္း သူျမင္ေတြ႔ခဲ့ရသည့္ျမင္ကြင္းအေၾကာင္း ေဖ့စ္ဘုတ္တြင္ ေရးသားလိုက္၏။

ေဖ့စ္ဘုတ္တြင္ သူ၏ေရးသားမႈကို ဖတ္ရႈၾကရေသာ ဥရုေဂြးႏိုင္ငံသား ေထာင္ေပါင္းမ်ားစြာမွာ မ်ားစြာအံ့အားသင့္သြားၾကသည္။

ဥရုေဂြးႏိုင္ငံသားတစ္ဦးက မွတ္ခ်က္ျပဳသည္မွာ “သာမညစားေသာက္ဆိုင္ေလးတစ္ခုမွာ လံုျခံဳေရး တစ္ေယာက္မွ မပါဘဲ ဇနီးနဲ႔အတူ စားေသာက္ေနတဲ့ သမၼတတစ္ေယာက္ကို ကၽြန္ေတာ္တို႔တိုင္းျပည္မွာပဲ ေတြ႔ႏိုင္ပါတယ္”ဟု မွတ္ခ်က္ျပဳသည္။

ဟိုေဆးမူဂ်ီကာသည္ က်ဴးဘားေတာ္လွန္ေရးကို မ်ားစြာအားက်သူတစ္ဦးျဖစ္ျပီး သမၼတမျဖစ္မီက ေထာင္ထဲတြင္ ၁၄ ႏွစ္ အက်ဥ္းက်ခံရဖူးသည္။ အစိုးရသစ္ တက္လာျပီးေနာက္ ၁၉၈၅ ခုႏွစ္တြင္ အက်ဥ္းေထာင္မွ ျပန္လည္လြတ္ေျမာက္ခဲ့သည္။

သူ၏ ရုိးစင္းေသာ ဘဝေနထုိင္မႈေၾကာင့္ ကမၻာတစ္ဝန္း သူ႔အေၾကာင္းမွာ လူေျပာမ်ားခဲ့သည္။

ထိုအေၾကာင္းႏွင့္စပ္လ်ဥ္းျပီး ဟိုေဆးမူဂ်ီကာက မွတ္ခ်က္ျပဳသည္မွာ ဆင္းရဲမႈဆိုသည္မွာ ပစၥည္းဥစၥာမၾကြယ္ဝသူမွာ ဆင္းရဲသူမဟုတ္ေၾကာင္း၊ မဆံုးႏိုင္သည့္ လိုအင္ဆႏၵမ်ားျဖင့္ ေလာဘရမၼက္ ငမ္းငမ္းတက္ေနသူမ်ားသာ ဆင္းရဲသူျဖစ္ေၾကာင္း မွတ္ခ်က္ျပဳသည္။

ဟိုေဆး မူဂ်ီကာသည္ ရိုးစင္းေသာဘဝကို သူကိုယ္တိုင္ စံျပေနထုိင္ျပရံုမွ်မက ကမၻာေပၚရွိ အျခားသူမ်ားကိုလည္း ရိုးစင္းသည့္ဘဝကိုသာ ျဖတ္သန္းၾကရန္ တိုက္တြန္းေလ့ရွိသည္။

ဟိုေဆး မူဂ်ီကာ၏ အမည္ရင္းမွာ ဟိုေဆး အယ္လ္ဘတ္တို ပီပီ မူဂ်ီကာ ေကာ္ဒါႏိုျဖစ္ျပီး ၁၉၃၅ ခုႏွစ္၊ ေမလ ၂၀ ရက္တြင္ ေမြးဖြားသည္။

သူသည္ ဥရုေဂြးႏိုင္ငံေရးသမား၊ ေတာ္လွန္ေရးသမားေဟာင္း၊ လယ္သမားတစ္ဦးျဖစ္ကာ ဥရုေဂြးႏိုင္ငံ၏ ၄၀ ဆက္ေျမာက္ သမၼတအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။

Broad Front ပါတီ၏ သမၼတေလာင္းအျဖစ္ ၂၀၀၉ ခုႏွစ္ သမၼတေရြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ျပိဳင္ရာ အႏိုင္ရရွိခဲ့ျပီး ၂၀၁၀ ျပည့္ႏွစ္၊ မတ္လ ၁ ရက္တြင္ သမၼတတာဝန္ စတင္ထမ္းေဆာင္ခဲ့သည္။

သူ၏ ျခိဳးျခံေရာင့္ရဲေသာ ဘဝေနထိုင္မႈႏွင့္ လစာအားလံုးနီးပါးကို လွဴဒါန္းမႈတို႔ေၾကာင့္ ကမၻာ့အႏွိမ့္ခ်ဆံုးသမၼတအျဖစ္ သတ္မွတ္ခံရသည္။

ဟိုေဆးမူဂ်ီကာသည္ အရင္းရွင္ဝါဒအား အျမဲေဝဖန္ေလ့ရွိသူျဖစ္ျပီး လူသားတို႔ေပ်ာ္ရႊင္မႈအတြက္ အက်ဳိးမျပဳေသာ ပစၥည္းဥစၥာအမ်ားအျပားပိုင္ဆိုင္မႈမ်ားကို ရႈတ္ခ်ေလ့ရွိသည္။

ႏွစ္ေပါင္း ၆၀ ခန္႔ သက္တမ္းရွိေနျပီျဖစ္ေသာ စက္ဘီးေဟာင္းၾကီးကို စီးနင္းေနသည့္ ဟိုေဆးမူဂ်ီကာကို အနီးဝန္းက်င္မွ ေဒသခံမ်ား မၾကာခဏေတြ႔ၾကရသည္။

ဟိုေဆးမူဂ်ီကာ၏ ဖခင္မွာ လယ္သမားတစ္ဦးျဖစ္ျပီး မကြယ္လြန္မီတြင္ စီးပြားပ်က္သြားခဲ့ျပီး ၁၉၄၀ ျပည့္ႏွစ္တြင္ ကြယ္လြန္သြားခဲ့သည္။ ဖခင္ကြယ္လြန္ခ်ိန္တြင္ ဟိုေဆးမူဂ်ီကာမွာ ၅ ႏွစ္သားအရြယ္သာ ရွိေသးသည္။

မိခင္ဘက္မွ မိဘမ်ားမွာ အလြန္ဆင္းရဲကာ အီတလီမွ ေျပာင္းေရႊ႕အေျခခ်သူမ်ား ျဖစ္ၾကသည္။

ဟိုေဆးမူဂ်ီကာသည္ Tupamaros အဖြဲ႔ဝင္တစ္ဦးျဖစ္သူ လူစီယာ တိုပိုလန္စကီးႏွင့္ ႏွစ္ေပါင္းမ်ားစြာ အတူေနခဲ့ျပီးေနာက္ ၂၀၀၅ ခုႏွစ္တြင္ လက္ထပ္ခဲ့သည္။

၎တို႔တြင္ သားသမီး မထြန္းကား။

(ဟိုေဆးမူဂ်ီကာ ေနအိမ္)

ဟိုေဆးမူဂ်ီကာသည္ ဇနီးျဖစ္သူ လူစီယာပိုင္ေသာ လယ္ေတာတစ္ခုတြင္ ေနထိုင္၏။ မြန္တီဗီဒီယိုျမိဳ႕ျပင္တြင္ တည္ရွိေသာ လယ္ေတာအိမ္ေလးတြင္ ဂႏၶမာပန္းမ်ားကို ဟိုေဆးမူဂ်ီကာ ကို္ယ္တိုင္စိုက္ကာ ေရာင္းခ်သည္။

ဆင္းရဲသားသမၼတၾကီး၏ ယာေတာျခံတြင္ မန္ညဴလာအမည္ရွိ ေျခ ၃ ေခ်ာင္းေခြးကေလးတစ္ေကာင္လည္း ေနထိုင္သည္။

ဟိုေဆးမူဂ်ီကာက စပိန္ႏိုင္ငံသုိ႔ စီးပြားေရးကိစၥသြားေရာက္ေနျပီး ဒုတိယသမၼတ Astori က အႏၱာတိကတိုက္ သို႔ တရားဝင္ခရီးစဥ္တစ္ခုသြားေရာက္ေနခ်ိန္ ၂၀၁၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလတြင္ ဟိုေဆးမူဂ်ီကာ၏ ဇနီးျဖစ္သူ လူစီယာက ယာယီသမၼတအျဖစ္ ေခတၱတာဝန္ထမ္းေဆာင္ခဲ့ဖူးသည္။

လူစီယာသည္ အထက္လႊတ္ေတာ္အမတ္တစ္ဦးအျဖစ္လည္း တာဝန္ထမ္းေဆာင္ဖူးသူ ျဖစ္သည္။

ဟိုေဆးမူဂ်ီကာသည္ သြားေရးလာေရးအတြက္ အလြန္ေဟာင္းႏြမ္းအိုမင္းေနျပီျဖစ္ေသာ ၁၉၈၇ ခုႏွစ္ထုတ္ Volkswagen Beetle ကားေဟာင္းကေလးကိုသာသံုးသည္။

၂၀၁၀ ျပည့္ႏွစ္က အဆိုပါကား၏ တန္ဖိုးမွာ ေဒၚလာ ၁၈၀၀ သာရွိ၏။ ဟိုေဆးမူဂ်ီကာက သမၼတ၏ ပို္င္ဆိုင္မႈအရပ္ရပ္ကို စာရင္းတင္ျပခဲ့ရာတြင္ ထိုကားတစ္စီးသာ သူ႔ပိုင္ဆိုင္မႈအားလံုးျဖစ္သည္။

၂၀၁၄ ခုႏွစ္၊ ႏိုဝင္ဘာလတြင္ ဥရုေဂြးသတင္းစာတစ္ေစာင္ျဖစ္ေသာ Búsqueda က ေရးသားေဖာ္ျပခဲ့သည့္ သတင္းတစ္ပုဒ္တြင္ သမၼတ၏ ကားေဟာင္းေလးကို ေဒၚလာ ၁ သန္းေပးကာ ဝယ္ယူရန္ ကမ္းလွမ္းမႈရွိေၾကာင္း ေရးသားေဖာ္ျပခဲ့သည္။

ဟိုေဆးမူဂ်ီကာက ေျပာသည္မွာ ထိုကားအတြက္ ေဒၚလာ ၁ သန္းသာ ရမည္ဆိုပါက မိမိေဆာင္ရြက္ေနသည့္ အစီအစဥ္တစ္ခုမွတဆင့္ ထိုေဒၚလာ ၁ သန္းကို အိမ္ရာမဲ့မ်ားအတြက္ လွဴဒါန္းသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ဟိုေဆးမူဂ်ီကာသည္ သမၼတတာဝန္မွ အနားယူခ်ိန္တြင္လည္း ပင္စင္လစာယူရန္ ျငင္းပယ္ခဲ့သည္။

ဟိုေဆးမူဂ်ီကာသည္ ဘာသာမဲ့တစ္ဦး ျဖစ္ပါသည္။

https://en.wikipedia.org/wiki/Jos%C3%A9_Mujica

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Credit: Jose Mujica-The world's poorest president (bbc)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
လန်ဒန်တွင် ကြွက်ခုတ်ရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သောကြောင်လေးမှာ ယခုအခါ ဘာမြူဒါကျွန်းတွင် ကြောင်ဆက်ဆံရေး အတိုင်ပင်
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service