အော်စကာဆုရှင် ကီဗင်ကော့စ်နာ နေထိုင်ရာ ဧက ၁၆၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး

အော်စကာဆုရှင် ကီဗင်ကော့စ်နာ နေထိုင်ရာ ဧက ၁၆၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီး - Property News in Myanmar from iMyanmarHouse.com
13 Oct 2022 10:02 am တွင် တင်ခဲ့သည်
516 ကြိမ် ကြည့်ရှု့ပြီး

[Zawgyi]

ကီဗင် မိုက်ကယ် ကော့စ်နာ (မွေး ၁၉၅၅) သည် အမေရိကန်ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဂီတပညာရှင်တစ်ဦး ဖြစ်သည်။

ရုပ်ရှင်လောကဖြတ်သန်းမှုတစ်လျှောက် ဆုပေါင်းများစွာရရှိခဲ့ရာ အော်စကာဆု ၂ ကြိမ်၊ ရွှေကမ္ဘာလုံးဆု ၂ ကြိမ်၊ Primetime Emmy ဆု ၁ ကြိမ်နှင့် Screen Actors Guild ဆု ၂ ကြိမ်တို့ အပါအဝင် ဖြစ်သည်။

The Untouchables နှင့် No Way Out (၁၉၈၇) ဇာတ်ကားများဖြင့် လူသိများထင်ရှားလာသည်။

ကီဗင်ကော့စ်နာ၏ ထင်ရှားသော ဇာတ်ကားများမှာ Bull Durham (၁၉၈၈)၊ Field of Dreams (၁၉၈၉)၊ Dances with Wolves (၁၉၉၀)(အဆိုပါဇာတ်ကားဖြင့် အော်စကာဆု ၂ ခုရရှိခဲ့)၊JFK (၁၉၉၁)၊ Robin Hood: Prince of Thieves (၁၉၉၁)၊ The Bodyguard (၁၉၉၂)၊ A Perfect World (၁၉၉၃) နှင့် Wyatt Earp (၁၉၉၄) ဇာတ်ကားများ ပါဝင်သည်။ ၁၉၉၅ ခုနှစ်တွင် ကီဗင်ကော့စ်နာသည် Waterworld အမည်ရှိ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်ကားကို ပူးတွဲထုတ်လုပ်သူလည်း ဖြစ်သည်။

ကီဗင်ကော့စ်နာသည် နှစ်ကြိမ် လက်ထပ်ခဲ့ပြီး အချစ်ရေး ၃ ခုမှ သားသမီး ၇ ဦး ထွန်းကားသည်။

၁၉၇၅ ခုနှစ်တွင် ကောလိပ်တက်ရောက်နေစဉ် ကီဗင်ကော့စ်နာသည် အတန်းဖော်ကျောင်းသူ စင်ဒီ ဆေးလ်ဗားနှင့်ချစ်ကြိုက်ခဲ့ပြီး နောက် ၃ နှစ်အကြာတွင် လက်ထပ်ခဲ့ကြသည်။

စင်ဒီနှင့် သားသမီး ၃ ဦးထွန်းကားခဲ့ပြီး အိမ်ထောင်သက် ၁၆ နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် ကွာရှင်းခဲ့ကြသည်။

၁၉၉၆ ခုနှစ်တွင် ကီဗင်ကော့စ်နာသည် စူပါမော်ဒယ် Elle Macpherson နှင့် အတူနေထိုင်ခဲ့သည်။

၂၀၀၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်တွင် ကီဗင်ကော့စ်နာသည် ချစ်သူမိန်းကလေး Christine Baumgartner နှင့် သူ၏ ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့ရှိ မွေးမြူရေးခြံကြီးတွင် လက်ထပ်ခဲ့ပြီး သားသမီး ၃ ဦး ထွန်းကားသည်။

ကီဗင်ကော့စ်နာသည် Paramount Network ရုပ်သံလိုင်း၏ Yellowstone အစီအစဉ်တွင် မွေးမြူရေးခြံကြီး၌ နေထိုင်ပုံဖြင့် ပါဝင်သရုပ်ဆောင်ခဲ့သည့်နည်းတူ ပြင်ပဘဝတွင်လည်း မွေးမြူရေးခြံကြီးတစ်ခု၌ နေထိုင်ရသည့်ဘဝကို နှစ်သက်သူဖြစ်သည်။

အော်စကာဆုရှင် ကီဗင်ကော့စ်နာသည် မွန်တားနားပြည်နယ်တွင် ရုပ်ရှင်ရိုက်မရှိချိန်မျိုး၌ ကော်လိုရာဒိုပြည်နယ်ရှိ ဧက ၁၆၀ ကျယ်သော သူ၏မွေးမြူရေးခြံကြီးတွင် ကျေးလက်ဘဝကို ဇိမ်ကျကျဖြင့် ဖြတ်သန်းလေ့ရှိသည်။

ကီဗင်ကော့စ်နာသည် ကော်လိုရာဒိုပြည်နယ်၊ အက်စ်ပန်မြို့ရှိ မွေးမြူရေးခြံကြီးကို ၂၀၀၀ ပြည့်နှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သာယာလှပသောနိဗ္ဗာန်ဘုံဖြစ်အောင် ပြောင်းလဲမွမ်းမံခဲ့သည်။

မွေးမြူရေးခြံကြီးကို Dunbar Ranch ဟု အမည်ပေးထားသည်။ Dances with Wolves ရုပ်ရှင်ဇာတ်ကားထဲမှ ကီဗင်ကော့စ်နာ၏ ဇာတ်ကောင်အမည်ကို အစွဲပြုကာ အမည်ပေးထားခြင်း ဖြစ်သည်။

မွေးမြူရေးခြံကြီးတွင် ခမ်းနားထည်ဝါသော ပင်မစံအိမ်၊ ရေကန်ဘေးအိမ်၊ မြစ်ဘေးအိမ်တစ်လုံး၊ စွတ်ဖားစီးတောင်ကုန်းနှင့် ရေခဲစကိတ်စီးကွင်းတို့အပြင် Fields of Dreams ရုပ်ရှင်ထဲမှ ဘေ့စ်ဘောကွင်းပုံစံမျိုးဆောက်လုပ်ထားသော ကွင်းတစ်ခုလည်း ပါသည်။

အမြင့်ပေ ၁၂၀၀၀ ကျော်တွင် ဖောက်လုပ်ထားသည့် Independence Pass တောင်ပေါ်လမ်း၏ အောက်ဘက်၊ Elk တောင်တန်းပေါ်တွင် တည်ရှိရာ တစ်နေကုန်နေသာပြီး ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

ကီဗင်ကော့စ်နာ ဤခြံကြီးတွင် မနေထိုင်သောကာလများ၌ တစ်ညလျှင် ကန်ဒေါ်လာ ၃၆၀၀၀ ဖြင့် ငှားရမ်းနေထိုင်နိုင်သည်။ အဆိုပါဈေးနှုန်းမှာ မွေးမြူရေးခြံကြီးတစ်ခုလုံးအတွက်ဈေးနှုန်းဖြစ်သည်။

မွေးမြူရေးခြံကြီး၏ ဝက်ဘ်ဆိုက်တွင်ဖော်ပြထားချက်အရ အခြားရွေးချယ်မှုများလည်း ပေးထားရာ ခြံကြီးအတွင်းမှ စံအိမ် ၁ လုံး (သို့မဟုတ်) ၂ လုံးကို ငှားရမ်းခြင်းမျိုးလည်း ပြုလုပ်နိုင်သည်။

ထိမ်းမြားမင်္ဂလာနှင့် အခြားသောပွဲလမ်းအခမ်းအနားများအတွက်လည်း ဤခြံကြီးကို ငှားရမ်းကျင်းပနိုင်သည်။

ဝန်ဆောင်မှုများ ရယူနိုင်သည်။

Dunbar Ranch ခြံကြီးတွင် တည်းခိုနေထိုင်စဉ်ကာလအတွင်း ကိုယ်ရေးလက်ထောက်၊ ယာဉ်မောင်း၊ ဘဏ္ဍာထိန်း၊ နှင်းလျှောစီးနည်းပြ၊ ယောဂနည်းပြ၊ စားဖိုမှူး၊ အနှိပ်ဆရာ၊ ဆံပင်နှင့် လက်သည်းခြေသည်း ပညာရှင်အပြင် အခြားသူများစွာ၏ ဝန်ဆောင်မှုများ ရယူနိုင်သည်။

မွေးမြူရေးခြံကြီးတစ်ခုလုံးတွင် လူ ၂၇ ဦး သက်တောင့်သက်သာ တည်းခိုနိုင်သည်။

အသေးစိတ်အချက်အလက်များကို Dunbar Ranch မွေးမြူရေးခြံကြီး၏ ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: See Inside ‘Yellowstone’ Star Kevin Costner’s Spectacular Real-Life Ranch [Pictures] (tasteofcountry)

 

 

 

[Unicode]

ေအာ္စကာဆုရွင္ ကီဗင္ေကာ့စ္နာ ေနထုိင္ရာ ဧက ၁၆၀ က်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး

 

ကီဗင္ မိုက္ကယ္ ေကာ့စ္နာ (ေမြး ၁၉၅၅) သည္ အေမရိကန္ရုပ္ရွင္မင္းသား၊ ရုပ္ရွင္ထုတ္လုပ္သူ၊ ရုပ္ရွင္ဒါရိုက္တာ၊ ဂီတပညာရွင္တစ္ဦး ျဖစ္သည္။

ရုပ္ရွင္ေလာကျဖတ္သန္းမႈတစ္ေလွ်ာက္ ဆုေပါင္းမ်ားစြာရရွိခဲ့ရာ ေအာ္စကာဆု ၂ ၾကိမ္၊ ေရႊကမၻာလံုးဆု ၂ ၾကိမ္၊ Primetime Emmy ဆု ၁ ၾကိမ္ႏွင့္ Screen Actors Guild ဆု ၂ ၾကိမ္တို႔ အပါအဝင္ ျဖစ္သည္။

The Untouchables ႏွင့္ No Way Out (၁၉၈၇) ဇာတ္ကားမ်ားျဖင့္ လူသိမ်ားထင္ရွားလာသည္။

ကီဗင္ေကာ့စ္နာ၏ ထင္ရွားေသာ ဇာတ္ကားမ်ားမွာ Bull Durham (၁၉၈၈)၊ Field of Dreams (၁၉၈၉)၊ Dances with Wolves (၁၉၉၀)(အဆိုပါဇာတ္ကားျဖင့္ ေအာ္စကာဆု ၂ ခုရရွိခဲ့)၊JFK (၁၉၉၁)၊ Robin Hood: Prince of Thieves (၁၉၉၁)၊ The Bodyguard (၁၉၉၂)၊ A Perfect World (၁၉၉၃) ႏွင့္ Wyatt Earp (၁၉၉၄) ဇာတ္ကားမ်ား ပါဝင္သည္။ ၁၉၉၅ ခုႏွစ္တြင္ ကီဗင္ေကာ့စ္နာသည္ Waterworld အမည္ရွိ ရုပ္ရွင္ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ျပီး ထိုဇာတ္ကားကို ပူးတြဲထုတ္လုပ္သူလည္း ျဖစ္သည္။

ကီဗင္ေကာ့စ္နာသည္ ႏွစ္ၾကိမ္ လက္ထပ္ခဲ့ျပီး အခ်စ္ေရး ၃ ခုမွ သားသမီး ၇ ဦး ထြန္းကားသည္။

၁၉၇၅ ခုႏွစ္တြင္ ေကာလိပ္တက္ေရာက္ေနစဥ္ ကီဗင္ေကာ့စ္နာသည္ အတန္းေဖာ္ေက်ာင္းသူ စင္ဒီ ေဆးလ္ဗားႏွင့္ခ်စ္ၾကိဳက္ခဲ့ျပီး ေနာက္ ၃ ႏွစ္အၾကာတြင္ လက္ထပ္ခဲ့ၾကသည္။

စင္ဒီႏွင့္ သားသမီး ၃ ဦးထြန္းကားခဲ့ျပီး အိမ္ေထာင္သက္ ၁၆ ႏွစ္အၾကာ ၁၉၉၄ ခုႏွစ္တြင္ ကြာရွင္းခဲ့ၾကသည္။

၁၉၉၆ ခုႏွစ္တြင္ ကီဗင္ေကာ့စ္နာသည္ စူပါေမာ္ဒယ္ Elle Macpherson ႏွင့္ အတူေနထိုင္ခဲ့သည္။

၂၀၀၄ ခုႏွစ္၊ စက္တင္ဘာလ ၂၅ ရက္တြင္ ကီဗင္ေကာ့စ္နာသည္ ခ်စ္သူမိန္းကေလး Christine Baumgartner ႏွင့္ သူ၏ ေကာ္လိုရာဒိုျပည္နယ္၊ အက္စ္ပန္ျမိဳ႕ရွိ ေမြးျမဴေရးျခံၾကီးတြင္ လက္ထပ္ခဲ့ျပီး သားသမီး ၃ ဦး ထြန္းကားသည္။

ကီဗင္ေကာ့စ္နာသည္ Paramount Network ရုပ္သံလိုင္း၏ Yellowstone အစီအစဥ္တြင္ ေမြးျမဴေရးျခံၾကီး၌ ေနထိုင္ပံုျဖင့္ ပါဝင္သရုပ္ေဆာင္ခဲ့သည့္နည္းတူ ျပင္ပဘဝတြင္လည္း ေမြးျမဴေရးျခံၾကီးတစ္ခု၌ ေနထိုင္ရသည့္ဘဝကို ႏွစ္သက္သူျဖစ္သည္။

ေအာ္စကာဆုရွင္ ကီဗင္ေကာ့စ္နာသည္ မြန္တားနားျပည္နယ္တြင္ ရုပ္ရွင္ရိုက္မရွိခ်ိန္မ်ဳိး၌ ေကာ္လိုရာဒိုျပည္နယ္ရွိ ဧက ၁၆၀ က်ယ္ေသာ သူ၏ေမြးျမဴေရးျခံၾကီးတြင္ ေက်းလက္ဘဝကို ဇိမ္က်က်ျဖင့္ ျဖတ္သန္းေလ့ရွိသည္။

ကီဗင္ေကာ့စ္နာသည္ ေကာ္လိုရာဒိုျပည္နယ္၊ အက္စ္ပန္ျမိဳ႕ရွိ ေမြးျမဴေရးျခံၾကီးကို ၂၀၀၀ ျပည့္ႏွစ္တြင္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး သာယာလွပေသာနိဗၺာန္ဘံုျဖစ္ေအာင္ ေျပာင္းလဲမြမ္းမံခဲ့သည္။

ေမြးျမဴေရးျခံၾကီးကို Dunbar Ranch ဟု အမည္ေပးထားသည္။ Dances with Wolves ရုပ္ရွင္ဇာတ္ကားထဲမွ ကီဗင္ေကာ့စ္နာ၏ ဇာတ္ေကာင္အမည္ကို အစြဲျပဳကာ အမည္ေပးထားျခင္း ျဖစ္သည္။

ေမြးျမဴေရးျခံၾကီးတြင္ ခမ္းနားထည္ဝါေသာ ပင္မစံအိမ္၊ ေရကန္ေဘးအိမ္၊ ျမစ္ေဘးအိမ္တစ္လံုး၊ စြတ္ဖားစီးေတာင္ကုန္းႏွင့္ ေရခဲစကိတ္စီးကြင္းတို႔အျပင္ Fields of Dreams ရုပ္ရွင္ထဲမွ ေဘ့စ္ေဘာကြင္းပံုစံမ်ဳိးေဆာက္လုပ္ထားေသာ ကြင္းတစ္ခုလည္း ပါသည္။

အျမင့္ေပ ၁၂၀၀၀ ေက်ာ္တြင္ ေဖာက္လုပ္ထားသည့္ Independence Pass ေတာင္ေပၚလမ္း၏ ေအာက္ဘက္၊ Elk ေတာင္တန္းေပၚတြင္ တည္ရွိရာ တစ္ေနကုန္ေနသာျပီး ရင္သပ္ရႈေမာဖြယ္ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

ကီဗင္ေကာ့စ္နာ ဤျခံၾကီးတြင္ မေနထုိင္ေသာကာလမ်ား၌ တစ္ညလွ်င္ ကန္ေဒၚလာ ၃၆၀၀၀ ျဖင့္ ငွားရမ္းေနထုိင္ႏိုင္သည္။ အဆိုပါေစ်းႏႈန္းမွာ ေမြးျမဴေရးျခံၾကီးတစ္ခုလံုးအတြက္ေစ်းႏႈန္းျဖစ္သည္။

ေမြးျမဴေရးျခံၾကီး၏ ဝက္ဘ္ဆိုက္တြင္ေဖာ္ျပထားခ်က္အရ အျခားေရြးခ်ယ္မႈမ်ားလည္း ေပးထားရာ ျခံၾကီးအတြင္းမွ စံအိမ္ ၁ လံုး (သို႔မဟုတ္) ၂ လံုးကို ငွားရမ္းျခင္းမ်ဳိးလည္း ျပဳလုပ္ႏိုင္သည္။

ထိမ္းျမားမဂၤလာႏွင့္ အျခားေသာပြဲလမ္းအခမ္းအနားမ်ားအတြက္လည္း ဤျခံၾကီးကို ငွားရမ္းက်င္းပႏိုင္သည္။

ဝန္ေဆာင္မႈမ်ား ရယူႏိုင္သည္။ Dunbar Ranch ျခံၾကီးတြင္ တည္းခိုေနထုိင္စဥ္ကာလအတြင္း ကိုယ္ေရးလက္ေထာက္၊ ယာဥ္ေမာင္း၊ ဘ႑ာထိန္း၊ ႏွင္းေလွ်ာစီးနည္းျပ၊ ေယာဂနည္းျပ၊ စားဖိုမွဴး၊ အႏွိပ္ဆရာ၊ ဆံပင္ႏွင့္ လက္သည္းေျခသည္း ပညာရွင္အျပင္ အျခားသူမ်ားစြာ၏ ဝန္ေဆာင္မႈမ်ား ရယူႏိုင္သည္။

ေမြးျမဴေရးျခံၾကီးတစ္ခုလံုးတြင္ လူ ၂၇ ဦး သက္ေတာင့္သက္သာ တည္းခိုႏိုင္သည္။

အေသးစိတ္အခ်က္အလက္မ်ားကို Dunbar Ranch ေမြးျမဴေရးျခံၾကီး၏ ဝက္ဘ္ဆိုက္တြင္ ေလ့လာႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: See Inside ‘Yellowstone’ Star Kevin Costner’s Spectacular Real-Life Ranch [Pictures] (tasteofcountry)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
အော်စကာဆုရှင် အင်ဂျလီနာ ဂျိုလီက လော့စ်အိန်ဂျလိစံအိမ်ကြီးကို ရောင်းချရန် စီစဉ်နေပြီး အမေရိကကို ကျောခိုင်းတော့မည်၊ ကမ္ဘောဒီးယားတွင် နေထိုင်မည်ဟူသော သတင်းများထွက်ပေါ်...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
သေဆုံး အိမ်မွေးတိရ စ္ဆာန်လေးများ၏ ဝိဉာဉ်ကို ခေါ်ယူပေးနိုင်သော နတ်ဝင်သည်များ တရုတ်ပြည်တွင် နာမည်ကြီးနေ...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်...
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
တွမ်ခရုစ်ရဲ့ သမီးချောလေး ဆူရီ ဘာကြောင့် ရထားတိုးစီးနေရတာလဲ
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
မက်မွန်မြေမှ ချစ်တေးတစ်ပုဒ်တွင် ကောကျင့်အဖြစ် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက်ခဲ့သူ ရုပ်ရှင်မင်းသား ဟူကဲ ရသမျှငွေ မိခင်ကြီးကို အပ်ထားပုံနှင့် ၎င်းဖွင့်ထားသော စားသောက်ဆိုင်အကြောင်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
ထိုင်းတွင် မိန်းကလေးတို့က ဖူးစာဖက်ရှာတွေ့ရန် လက်ရှ်မီးမယ်တော်ထံ ဆုတောင်းခြင်းများ ခေတ်စားနေခြင်း (သို့မဟုတ်) ဖူးစာဖက်ကောင်းရရန် အစွမ်းထက်သော ဆုတောင်း ဝတ်ပြုနည်း...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
အမေဇုန်တောနက်ကြီးထဲမှာ တချိန်က ပုံပြင်လို့ ထင်ခဲ့ကြတဲ့ ပွက်ပွက်ဆူ မြစ်ကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့တဲ့ သိပ္ပံပညာရှင်...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
ဘရုစ်လီ သေဆုံးခဲ့သော တိုက်ခန်း၊ ရှေ့ဖြစ်ဟောဆရာ၏ သွေးထွက်အောင်မှန်ကန်သော ဟောကိန်းများနှင့် ကျိန်စာသင့် လီမိသားစု ကံကြမ္မာ...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလမ်း...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်း
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်း
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service